Mon LayAugust 26, 20193min33880
Traditional things လေးတွေဆို မွန်လေးက အရမ်းကြိုက်တာပါ…  Review Stay Tuned!!#ချစ်ခြင်းအားဖြင့်ဖန်တီးသည်#yk#collections#myanmar#traditional#things#innovativecraftproducts#Jewellery#RedLuckySeed#Eco_Friendly#ykcollections#TropicalSeeds#craftedinmyanmar#rings#earrings#bracelet#accessories#Myanmar#Ladies#Smart#SocENT


Mon LayAugust 20, 20191min1970
ခုနောက်ပိုင်း မြန်မာလူမျိုးတွေက နိုင်ငံရပ်ခြားကိုခရီးသွားတာအရမ်းများလာတယ်။ ပိတ်ရက်ရှိပြီဆိုတာနဲ့ oversea oversea ပဲသွားမယ်ဆိုတာချည်းပဲ။ ဒီတော့ တိုးလုပ်ငန်းတွေလည်း outbound ကိုပိုလုပ်လာကြတယ်။ အဲ့မှာ မြန်မာလူမျိုးတွေကို နို်င်ငံခြားထိဦးဆောင်ခေါ်သွားပေးမယ့် မြန်မာကတိုးလီဒါရဲ ့တာဝန်က အရမ်းကိုအရေးကြီးပါတယ်။ ဟိုဘက်ကဂိုက်ကဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ..ဒီဘက်ကမြန်မာဂိုက်ကကောင်းကောင်း handle လုပ်နိုင်ရင် ခရီးစဉ်အစအဆုံး အဆင်ပြေနိုင်ပါတယ်။ အဲ့လောက်ထိသူ့တာဝန်ကအရေးပါလို့ သူမှာရှိသင့်တဲ့ တာဝန်တွေကို ဖေ်ာပြပေးလိုက်ပါတယ်။ ၁။ နိုင်ငံခြား ​ဘာသာစကား ကျွမ်​းကျင်​စွာ တတ်​ကျွမ်​းရမည်​။ အထူးသဖြင့် အင်္ဂလိပ်စာပေါ့နော်။ အင်္ဂလိပ်စာကတော့ ကမ္ဘာသုံးကိုး။ ၂။ ကို်ယ်သွားမယ့်နေရာတွေအကုန်လုံးရဲ ့အကြောင်းကိုသိထားရပါမယ်။ ဒါကလည်း google မှာရိုက်ရှာရင်အကုန်ရပါတယ်။ facebook တစ်ခုလုံးကို ဝင်မွှေလည်းရတယ်။ ၃။ ဟိုရောက်ရင်လည်း အလျဉ်းသင့်သလို ဒါကတော့ ဘာ၊ ဟိုဟာကတော့ ဘာဆိုပြီး ပြောပြတတ်ရပါမယ်။ ၄။ ဟာသဉာဏ်ကလေးရွှင်ရင် […]


Mon LayAugust 15, 20191min1570
ခရီးချည်းပဲသွားချင်နေတဲ့စော်လေးများ သင်တို့ဆီမှာရှိပါလား။ ပြီးတော့ ခရီးပဲသွားနေလို့ ကိုယ်နဲ့ တွေ့ချိန်နည်းတာမျိုးတို့ ဒါမှမဟုတ် ခရီးသွားဖေ်ာအဖြစ်နဲ့ လိုက်ပေးရတာတို့ဆို ငွေခဏခဏကုန်တာပဲဆိုပြီး တွေးနေတယ်မှတ်လား။ အဲလိုအဆိုးမြင်တဲ့အပိုင်းက မတွေးဘဲ..အကောင်းဘက်ကဖြစ်လာတယ်လို့တွေးလိုက်ရင် ကိုယ့်ချစ်သူကို ပိုလို့တောင်ချစ်သွားနိုင်တယ်နော်။ ဒီတော့ မွန်လေးက ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးမယ်နော် ✔️ သူအလုပ်ကိုကြိုးစားလုပ်၊ငွေစုပြီး ခရီးသွားတဲ့အတွက်ကြောင့် အလုပ်ကြိုးစားချင်စိတ်ရှိတယ်ဆိုပြီး ပီတဖြစ်နိုင်ပါတယ်။ ✔️ ခရီးသွားလို့ ဒေသန္တယ ဗဟုသုတ ကြွယ်ဝတယ်ဆိုပြီးလည်း အထင်ကြီးနိုင်ပါတယ်။✔️ ပြန်ရှယ်ပေးတတ်တဲ့ စိတ်ကလေးကြောင့်လည်း စိတ်ထားကောင်းတဲ့ကောင်မလေးအဖြစ်အသိအမှတ်ပြုနိုင်ပါတယ်။✔️ ခရီးသွားတဲ့မိန်းကလေးတွေဟာ အများအားဖြင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့အတွက်ကြောင့် ပျော့ညံ့တဲ့သူမဟုတ်ကြောင်းကို ဂုဏ်ယူနိုင်ပါတယ်။✔️ သူမကို မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ ဝယ်ပေးရတာထက် သူကြိုက်တဲ့၊ သူ့ဆန္ဒကိုဖြည့်ဆည်းပေးရတာလောက် စိတ်ချမ်းသာစရာကောင်းတာ မရှိပါဘူး။✔️ သူမဘာလိုချင်တယ်ဆိုတာကို သူမဖာသာသိတဲ့အတွက်ကြောင့် ရည်မှန်းချက်ကြီးတဲ့ကောင်မလေးအဖြစ်လည်း လေးစားနိုင်ပါတယ်။ ✔️ စာဖတ်အားသန်တဲ့အတွက်ကြောင့်လည်း စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ကောင်မေးလလို့ မှတ်ယူနိုင်ပါတယ်။ အကယ်လို့များ သင်ကိုယ်တိုင်လည်းကောင်မလေးနဲ့အတူခရီးသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက်လည်းပိုနားလည်လာနိုင်ပါတယ်။ ကဲ ဒီလိုဆို ခရီးသွားမက်တဲ့ကောင်မလေးကိုရထားတာ […]


Mon LayAugust 14, 20191min1540
ငယ်တုန်းရွယ်တုန်းမှာ ခရီးပိုသွားပါ။ သန်တန်းမြန်တုန်းမှာ ခရီးပိုသွားပါ။ လူတွေအကြောင်းသိချင်ရင် ခရီးပိုသွားပါ။ အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲသိချင်ရင် ခရီးပိုသွားပါ။ လူတွေနဲ့ကင်းချင်ရင် ခရီးပိုသွားပါ။ စိတ်ညစ်နေရင် ခရီးပိုသွားပါ။ အပေါင်းအသင်းတိုးချင်ရင် ခရီးပိုသွားပါ။ ပျော်ချင်ရင် ခရီးပိုသွားပါ။ အသုံးအဖြုန်းလျှော့ပြီး ခရီးပိုသွားပါ။ ကမ္ဘာလောကကြီးကို ချစ်တတ်အောင် ခရီးပိုသွားပါ။ အပင်လေးတွေကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သဘာဝကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သူများကို စေတနာနဲ့ မျှဝေတတ်အောင်လည်း ကြိုးစားပါ။


Mon LayAugust 13, 20192min2300
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄၉/၂၀၁၉)အားထုတ်ပြန်ထား “၂၀၁၉ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်းရှိအများပြည်သူတို့၏ အလုပ်ပိတ်ရက် (သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ရုံးပိတ်ရက်များ) 🤩သီတင်းကျွတ်ရုံးပိတ်ရက်- ၁၁.၁၀.၂၀၁၉ မှ ၁၅.၁၀.၂၀၁၉(၅ ရက်) (သောကြာ,စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ) 😍တန်ဆောင်မုန်းရုံးပိတ်ရက်- ၉.၁၁.၂၀၁၉ မှ ၁၂.၁၁.၂၀၁၉(၄ ရက်) (စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ)တို့ကိုပြင်ဆင်သတ်မှတ်ခဲ့ကြောင်းပါတဲ့… ချစ်တို့ရေ… ပိုက်ပိုက်လေးတွေစုထားကြမယ်နော်….ခုကတည်းက.. အဲကျရင်အမုန်းခရီးထွက်ကြမယ်… #breakingnews #holidays


Mon LayAugust 13, 20195min3510
အို.. ကိုရွှေမိုးရယ်.. ဘယ်လောက်တောင်ဝမ်းနည်းနေလို့ မရပ်နိုင်မစဲနိုင်..ဒီလောက်တောင်ရွာနေရတာလဲ🌧🌧🌧 နေရာလှလှလေးတွေတွေ့ရင် ဓါတ်ဖမ်းချင်စိတ်ကိုထိန်းမရတာဆောရီးပါ။ ထပ်ပြီးတင်ဖို့ ရှယ်ဖို့ စာတွေရှိပါသေးတယ်လို့..ဖတ်ပြီးဝေဖန်ပေးပါလို့.. Comment တစ်ခုက အသက်ပါပဲလို့။ #rainyday #raining #outside #yangon #international #airport #travelemperor


Mon LayAugust 9, 20191min3252
မနေ့က ညဘက်သယ်ရင်းက ရှော့ပင် ထွက်ကြရအောင်ဆိုပြီး ခေါ်တော့ အိမ်နဲ့နီးတဲ့ မြန်မာပလာဇာကို မွန်လေးတို့သွားဖြစ်ခဲ့ပါတယ်။ ပစ္စည်းတွေဝယ်သင့်တာဝယ်ပြီး https://www.facebook.com/innwabooks/ စာအုပ်ဆိုင်လည်းတွေ့ရော..ဝင်ကြမယ်ကွာဆိုပြီး ဝင်ကြရော။ ဖွင့်ထားတာတော့ကြာပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ အဆင့်မီတဲ့ စာအုပ်ဆိုင်လေးလို့ မြင်မိတယ်။ အထဲမှာ သုတ၊ရသ၊စီးပွားရေး၊ပညာရေးစတဲ့ စာအုပ်အမျိုးပေါင်း (၅၀)ကျော်လောက်ရှိပါတယ်။ ကို်ယ်လိုချင်တဲ့စာအုပ်တွေရွေးချယ်ပြီး အေးအေးဖတ်လို့ရတဲ့ထိုင်ခုံလေးတွေရှိတယ်။ ကော်ဖီသောက်ချင်လည်း ရတယ်။ ရှော့ပင်းစင်တာမှာဖွင့်ထားတာဖြစ်ပေမဲ့ တိတ်ဆိတ်တယ်။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ တနင်္လာနေ့ဆိုရင် drinks အားလုံး 15% discount နဲ့ပေးတဲ့အစီအစဉ်ရှိပါတယ်။ စာအုပ်ဆိုင်ဆိုတာထက် စာကြည့်တိုက်လေးနဲ့လည်း တူတယ်လို့ခံစားမိတယ်။ ပြီးတော့ စာအုပ်တွေကိုစာရေးဆရာတွေကိုယ်တိုင်လက်မှတ်ရေးထိုးရောင်းချပေးတဲ့ပွဲတွေကိုလည်းမကြာခဏလုပ်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဖွင့်ချိန်ကလည်း မနက် (၉)၊ ည(၉)ပါ။ ဒီတော့ ရှော့ပင်ထွက်ရင်း ဗဟုသုတတိုးအောင် သွးာစေချင်ပါတယ်။ နေရာလေးကတော့ အမှတ် 206D၊ ဒုတိယထပ် Myanmar Plaza၊ ကမာ္ဘအေးဘုရားလမ်းပါ။


Mon LayJuly 31, 20192min2782
Korea သွားစရာမလိုဘဲ Korea အကင်စားချင်ရင် Ko’s Food ကိုသွားပါ။ တကယ်ကိုရီးယားစားကိုကြိုက်တယ်..ခုံမင်တယ်.စမ်းပြီးစားကြည့်ချင်တယ်ဆို…Ko’s Food ဆိုတဲ့ဆိုင်လေးကိုသွားလိုက်ပါ။ ဆိုင်ပိုင်ရှင်ကိုယ်တိုင်က ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့သူဖြစ်နေခဲ့တာရော.. အရသာကလည်း သူများဆိုင်တွေနဲ့ မတူ..တမူထူးခြားကောင်းလွန်းတာရောကြောင့်မို့ပါ။ ဆိုင်လေးက တိုးချဲ့ဆို်င်ခန်းလေးမှာဖြစ်ပေမဲ့ စားလို့သောက်လို့အရမ်းကောင်းတာကြောင့် နေရာအနေအထားလေးတောင် စားနေရင်း မေ့သွားနိုင်ပါတယ်။ ခရီးသွးတာလေး ခဏနားထားတော့ အစားအသောက်ဘက်ကို review ရေးချင်စိတ်ဖြစ်လာလို့၊ တကယ်လည်း စားကောင်းလို့..ပြန်ရှယ်ပေးတာပါ။ #တည်နေရာ တောင်ဥက္ကလာ၊ တကောင်းလမ်းမကြီး၊ တကောင်း (၈) လမ်းထိပ် မှာပါ။ ရှာမတွေ့ရင် ဖုန်း 09950789022၊ 09799802286 ကိုဆက်ပေးနော် #ဆိုင်ဖွင့်ချိန် Tue to Sun 02:00 pm – 09:30 pm ⏰ Closed on Monday !! […]


Mon LayJuly 30, 20191min1540
ချစ်တို့ ရေ..ဒီစာလေးမ ရေးခင်မှာ မေးစရာလေးရှိလို့ပါ။ ခရီးကတော့ ပြည်တွင်းကော ပြည်ပပါသွားဖူးကြမယ်ထင်ပါတယ်နော်။ အဲတော့ အဲလိုသွားရင်းနဲ့ ပစ္စည်းပျောက်တာမျိုးကြုံဖူးပါလား။ သေချာပြန်စဥ်းစားပေးပါနော်။ ပြီးတော့ အဲလိုပျောက်တဲ့အခါဘယ်လိုမျိုးဖြေရှင်းခဲ့ပါလဲ။ မွန်လေးတို့စင်ကာပူကအပြန် ပစ္စည်းပျောက်လို့ ပြန်ရအောင်လုပ်ခဲ့ပုံလေးကိုဒီပို့စ်နဲ့ပြန်ရှယ်ပေးချင်ပါတယ်။ တကယ်တန်း ပျောက်တဲ့အခါ ဒီပို့စ်လေးဖတ်ထားမိရင် အသုံးဝင်ကောင်းဝင်နိုင်အောင်လို့ပါ။ မွန်လေးတို့စပျောက်တယ်လို့သိလိုက်တဲ့အချိန်က ရန်ကုန်ပြန်ရောက်တဲ့အချိန် လေယာဉ်ပျံပေါ်မှာပေါ့။ လေယာဉ်ကကွင်းထဲကိုဆိုက်နေပြီ။ ထိုင်ခုံပေါ်က အထုပ်ကိုယူမယ်အလုပ်မှာ အိတ်ကမရှိတော့ဘူး။ဒီတော့ ပစ္စည်းပျောက်တယ်လို့စသိလိုက်တာနဲ့ လေယာဉ်ထဲကထွက်ဖို့ပြင်ပါ။ ဧည့်သည်တွေ ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ တစ်ယောက်ချင်းကိုလိုက်စစ်နိုင်ဖို့ တာဝန်ရှိသူတွေကိုအ ကြောင်းကြားပါ။ Immigration officer ကိုအကျိုးအကြောင်းပြောပြီး passport ထားခဲ့ပြီး baggage claim နေရာမှာ ဧည့်သည်တွေကို တစ်ယောက်ချင်းစီစစ်ပါ။ ပစ္စည်းပျောက် lost & found ဌာနဘယ်မှာလဲမေးပြီး တိုင်ပါ။ အဲ့မှာ ကိုယ်ပျောက်တဲ့အိတ်ပုံစံရယ်၊ ဓါတ်ပုံရိုက်ထားရင်လည်းပုံ၊ အထဲမှာပါတဲ့ပစ္စည်းတွေ..စတဲ့ […]


Mon LayJuly 29, 20191min2775
ပထမအကြိမ်အနေနဲ့ စိမ်းလဲ့တင်ကိုရောက်ခဲ့ပြီးသကာလမှာတော့ ဒုတိယအကြိမ်အနေနဲ့ စိမ်းလဲ့တင်ကိုရောက်လို့လာခဲ့ပါတယ်။ ပထမအကြိမ်က သစ်ပင်တွေအုံ ့အုံ့ဆိုင်းဆိုင်းရှိတဲ့နေရာရယ်၊ King Kong ရုပ်ထုကြီးရှိတဲ့နေရာရယ် အဲ့ဘက်ခြမ်းကိုရောက်ခဲ့တယ်ပေါ့။ ဒီလင့်မှာကြည့်ပေးပါ။ https://www.facebook.com/travelemperor1/posts/2358358674447140 ခုဒုတိယအကြိမ်ပြန်ရောက်ခဲ့တော့ ရှားပါးတိရိစာ္ဆန်နဲ့ သားရဲတိရိစာ္ဆန်လေးတွေသွားကြည့်ဖြစ်ခဲ့ပါတယ်။ အရင်ဦးဆုံးတွေခဲ့တာ ဆင်လေးတွေပါ။ အစာကျွေးလို့ရတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ဝက်ဝံလေးတွေလည်းရှိတယ်။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းသလဲဆို..မွန်လေးကိုယ့်ဖာသာ selfie ဆွဲတာကို သူတို့၂ကောင်ကပါ ပါချင်လို့ အတင်းပြူးတူးပြဲတဲနဲ့ မတ်တပ်ထရပ်လိုရပ်။ ပြီးတော့ ဖျံလေးတွေလည်းချစ်ဖို့ကောင်းတယ်။ နောက်ကျားသစ်ကြီးကချစ်ဖို့ကောင်း ကို်ယ်ဓါတ်ပုံရိုက်တော့ သူကမျက်လုံးမှိတ်ပြလေရဲ ့..တကယ်တကယ်သိလား..video ထဲမှာကြည့်ပေးနော်..ကိုယ်တကယ်အဲ့ပုံကိုအမိအရဖမ်းရိုက်မိခဲ့တာ။ ယုန်လေးတွေလည်းရှိတယ်။ မျောက်ကလေးတွေရော။ တစ်ခေါက်လောက်တော့ အဲ့မှာညအိပ်ဖို့သွားပါဦးမယ်။ #စိမ်းလဲ့တင် #sanelettinresort #nature #adventureland #sanelettinhotel&naturalresort #sanelettinnaturalresort #review


Mon LayJuly 26, 20192min29800
ဓါတ်ပုံရိုက်ရတာ အရမ်းကြိုက်တဲ့ သယ်ရင်းတစ်ယောက်မွန်လေးမှာရှိပါတယ်။ သူကဘယ်သွားသွးရိုက်မယ်ဆိုတာချည်းပဲ၊ စားမယ်ဆိုလည်းရိုက်တာပဲ။ တစ်လတစ်ခါ တွေ့မိရင်လည်း လှတဲ့၊ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာပဲ သွးစားတတ်ကြတော့ ခုတစ်ခေါက်လည်း လှသထက်လှတဲ့ ရူခင်းအမိုက်စားလေးရှိရာ Esperado Lake View Hotel က Rooftop Barကိုရောက်ခဲ့တာပေါ့ကွ်ယ။ #တည်နေရာ အမှတ် 23, ကန်ရိပ်သာလမ်း, မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိပါတယ်။ ကန်တော်ကြီး ကရိတ်ဝိတ်အေပေါက်နဲ့နီးပါတယ်။ ဖုန်း 09969933399, 09969905963 . #ဆိုင်ဖွင့်ချိန် 6:30AM – 11:00AM ( breakfast)11 Am to 11 pm ( Lunch & Dinner ) မနက်ပိုင်း 6နာရီခွဲကနေ ၁၁နာရီအထိကို ဘူဖေးမနက်စာ (၇၀၀၀)ကျပ်တည်းနဲ့စားနိုင်ပါတယ်။ ကိုယ်တွေသွးခဲ့တဲ့အချိန်က နေ့လည်၁ခွဲဆိုတော့ နေ့လည်စာကို view လှလှငေးရင်း […]


Mon LayJuly 24, 20191min2270
ခရီးသွားတဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ style ချင်းမတူကြပါဘူး။ အဲဒါကို ဟာသပုံလေးနဲ့ တင်ပြထားခြင်းဖြစ်ပါတယ်။ ရယ်မောခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ။ https://www.facebook.com/travelemperor1/?tn=kF&tn-str=kF