“မိတ်ဆွေကောင်း” မိတ်ဆွေကောင်းဆိုတာ လမ်းပျောက်လျှင် အလင်းပြ လမ်းဘေးကျလျှင် တွဲခေါ် လမ်းချော်လျှင်ပြန်ဆွဲ လမ်းမှားလျှင် ပြန်တည့် လဲကျလျှင် မထူ အားငယ်နေရင် ဖေးမ တတ်နိုင်သလောက် ကူရပါမယ်။ “ဖြစ်ချင်ရာဖြစ် နင့်အပြစ်နင်ခံ” ဆိုသဟာမှန်သလိုလို ဆိုပေမယ့် မိတ်ဆွေကောင်းမှန်ရင် ဘာဖြစ်ဖြစ် ပစ်မထားသင့်ပါဘူး။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၁၀၁၆  


”  လိုအပ်ချက် များ’   လွန်လေပြီးသော အတိတ် ဖြစ်တည်နေဆဲ ပစ္စုပ္ပန် ရောက်မလာသေးသော အနာဂါတ် ကဏ္ဍသုံးရပ်စလုံးမှာ မင်း ရှိနေဘို့လိုအပ်တယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ ၁၆၁၀၁၆


”  ပြန်ချိန်”   ဆည်းဆာ မှောင်ရီ မပီ့တပီ။   လှသောရောင်စုံ ပန်းချီ ရုပ်သိမ်းပြီ။   ကျနော်လည်း ပြန်ခဲ့ပြန်ခဲ့ပြီ။   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ ၁၅၁၀၂၀၁၆


“အကြည့်များ”   ရပ်တည်တဲ့နေရာခြင်း အတူတူဆိုပေမယ့်       ကြည့်ကြတဲ့ ဒေါင့်ခြင်းမတူသလို   မြင်ရတဲ့ အမြင်ခြင်းလဲ တူမှာမဟုတ်ကတော့ သေချာပါတယ်။   အမြင်မတူမှတော့ အတွေးတွေလဲဘယ်တူနိုင်ပါတော့မလဲ။ ဟုတ်တယ်ဟုတ်။       ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ၂၄၆၂၀၁၆  


ကြောင်ဝတုတ်September 15, 20161min1694
ဦးထီးဆိုခဲ့တဲ့… ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံဆိုတဲ့ သီချင်းလေးကို အတော်လေးနှစ်သက်မိခဲ့ဖူးတယ်… ကိုယ်ကြိုက်တတ်တဲ့ ခပ်ပြင်းပြင်း ခပ်ကြမ်းကြမ်းသီချင်းမဟုတ်ပေမယ့်… စကားလုံးတွေရဲ့ နူးညံ့မှုအင်အားကို ခံစားခဲ့ရဖူးတယ်… ပြီးခဲ့တဲ့သင်္ကြန်… မဏ္ဍပ်မှာ ရေပက်ဖို့လဲ… ငယ်တော့တဲ့အရွယ်မဟုတ်… ရိပ်သာဝင် တရားအားထုတ်ရအောင်လဲ… စိတ်ဝင်စားတဲ့ကိစ္စထဲမပါတဲ့အခါကျတော့… ရေကစားနေသူတွေရဲ့ ပုံရိပ်လေးတွေကို ဝါသနာအရထွက်ရိုက်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ထွက်လာခဲ့မိပါတယ်… လှည်းတန်း မီးပွိုင့်ရောက်လို့ ကားပိတ်နေတဲ့အချိန်မှာ ရေပက်ခံကားခေါင်းခန်းထဲက အပူအပင်ကင်းကင်း… အသောက်အစားကင်းကင်းနဲ့… ဖြူစင်တဲ့အပျော်တွေ ကိုယ့်ဆီကိုပါ ကူးစက်စေတဲ့ ကလေးနှစ်ယောက်ကိုတွေ့မိတော့… ကင်မရာလွယ်… ကားပေါ်ကဆင်းပြီး… ကင်မရာရေစိုလဲ စိုကွာဆိုပြီး… ဆင်းရိုက်လိုက်မိတဲ့ပုံလေးပါ… အကြောင်းကြောင်းကြောင့် Edit မလုပ်ဖြစ်ပေမယ့်… Edit ပြန်လုပ်တဲ့အချိန်မှာပါ… သူတို့အပျော်တွေ ပြန်လည်ကူးစက်သလိုခံစားရပါတယ်… အလုပ်တွေ… တာဝန်တွေကြားမှာ မွန်းကြပ်နေကြတဲ့… ကျွန်တော်တို့အတွက်… ပျောက်ဆုံးလေခဲ့ပြီးသော နိဗ္ဗာန်ဘုံအမှတ်တရပေါ့ဗျာ…. ဂဇက်မှာ လူမှားပေါင်းမိလို့ ဓာတ်ပုံရိုက်ဖြစ်သွားတာမို့… အမှတ်တရ… […]


”  လမ်း  နိယာမ”   မြေလမ်း ပေတစ်ရာလမ်း ကျောက်လမ်း သံလမ်း လမ်းမှန်သမျှဟာ ကျောခင်း သူ့ကိုဖိနင်းလို့ သွားနိုင်တာ။   သို့သော် သူ ခွင့်ပြုသလောက်သာ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၉၂၀၁၆