”  ဘဝထဲမှာ” လင်းတဲ့နေရာ လင်း မှောင်တဲ့နေရာ မှောင် လင်းချင်လင်း မှောင်ချင်မှောင် ကိုယ် ချောင်ပိတ်မမိဘို့ဘဲ လိုပါတယ် မောင်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၉၈၁၆


”  မူ” တစ်ဝက်ထဲဖြတ်ကြည့်သူ တစ်ခြမ်းဘဲ ဖြတ်ကြည့်သူ အဖြတ်မတူရင် အမြင်လဲမတူ။ ကိုယ့်အယူ သူ့ ့အယူ သ ူ ့မူ ကိုယ့်မူ မတူချင်လဲမတူနိုင်သလို တူချင်လဲတူနိုင်မယ်။ သူနှစ်သက်တာ သူယူ ကိုယ်နှစ်သက်တာ ကိုယ်ယူ အဲဒါ့စိတ်ချမ်းသာစေတဲ့မူ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၈၈၁၆        


”   လုပ်ငန်းသိမ်းချိန်” တစ်နေ့တာ လုပ်းငန်းသိမ်း နွားထိန်းပြီးလို့ပြန်ခဲ့ပြီ။ နွားများကား အစာဝ လူကတော့ ဝမ်းဟောင်းလောင်း ညောင်းခဲ့သမျှ အတိုးချ အိမ်ရောက်တော့မှ နားတော့မည်။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၆၁၆    

10546997_710947988942008_1917144969521817436_o-600x751.jpg

warsojulyAugust 17, 20162min41115
အမြဲတမ်းအကောင်ဗလောင်တွေပဲတင်နေကျဆိုပေမယ့်ဒီတစ်ခါကျနော်ရိုက်တဲ့မီးပန်း(Fireworks)ပုံလေးတွေ တင်ပြပါရစေခင်ဗျာ… ၂၀၁၃ကပေါ့ ဒီမီးပန်းရိုက်ဖြစ်တဲ့ဇာတ်လမ်းအစကတော့..ဒီရွာထဲက အင်ဇာဂီနဲ့ပတ်သတ်နေတယ်ခင်ဗျ အင်ဇာဂီ.နာဂိုယာမှာနေသွားတုန်းကPhotographyကိုဆေးအထိုးကောင်းလို့မကြာပါဘူး ကျနော်.ကင်မရာတစ်လုံး…လက်ဝယ်ရလာတယ်ခင်ဗျ… မျောက်အုန်းသီးရသလိုဘာလုပ်ရမှန်းမသိတုန်း…(ကင်မရာရပြီးတစ်ပတ်ပဲရှိသေးတဲ့အချိန်မှာ) မီးပန်းရိုက်ဖို့ကိစ္စကဖြစ်လာတယ်… အဲဒါနဲ့ရိုက်မည့်နေရာကိုနေ့လည်လောက်ကတည်းကနေရာသွားယူ… ၂ယောက်ပေါင်းမှTripodတစ်ချောင်း..RemoteShutterReleaseတစ်ခုနဲ့တလှည့်စီရိုက်ကြတာပေ့ါ (တကယ်က…သူကSettingချိန်ပေးFocusဖြတ်ဘာညာလုပ်ပေး..ကျနော်ကခလုတ်နှိပ်ရုံပါ..ဘာမှမသိနားမလည်ပါ) နှုတ်ကလည်း..ဘယ်လိုအခြေအနေမျိုးဆိုဘယ်လိုလုပ်ဘာညာပေ့ါ..(အမှန်အတိုင်းပြောရရင်အဲဒီတုန်းကကျနော်လုံးဝနားမလည်ပါဘူး) ရိုက်တာကညနေ၆ခွဲလောက်ကနေ၉နာရီထိဆိုတော့..ပုံ၃၀၀-၄၀ဝလောက်တော့ရှိမှာပေ့ါ.. အဲဒီပုံထဲကမှအဆင်ပြေဆုံးဖြစ်မယ်ထင်တဲ့တစ်ပုံကိုရွေးလိုက်ပါတယ်.. Canon EOS Kiss x7i EF-S 18-55mm Kit Lens f/16 ISO 100 15 sec Spot Metering Edited in Adobe Lightroom Gifu-Pref , Gifu City   နောက်တစ်နှစ်ကြာသွားတယ်… ကြားထဲမှာအင်ဇာဂီလည်းရန်ကုန်ပြန်သွားတယ်.. နောက်နှစ်(၂၀၁၄)နွေရာသီဘက်မီးပန်းပွဲရာသီထပ်ရောက်လာတယ်.. ဒီနှစ်တော့ရိုက်ဖော်ရိုက်ဖက်လည်းမရှိ..မေးစရာလူလည်းမရှိတော့ဘူး.. နေရာကလည်းမနှစ်ကနေရာကအပြန်သိပ်အဆင်မပြေတော့ ဘူတာကနေသိပ်ဝေးဝေးမသွားရတဲ့တခြားမီးပန်းပွဲကိုရွေးလိုက်တယ်.. မရိုက်ခင်တစ်ပတ်လောက်စာရှာဖတ်(Digital Photography Schoolထဲဝင်မွှေ) http://digital-photography-school.com/ နေ့လည်လောက်သွားနေရာဦးရင်း…မနှစ်ကအင်ဇာဂီပြောသွားတဲ့အချက်တွေကိုပြန်တွေးကြည့်.. အချိန်စတော့ ဖတ်ထားတာတွေနဲ့…သင်ပေးသွားတာတွေကိုပြန်စဉ်းစားရင်းရိုက်… ပထမတော့မဟန်ဘူး..တဖြည်းဖြည်းနဲ့တစ်နာရီလောက်ကြာတော့နဲနဲလမိုင်းကပ်လာတယ်… အဲဒီနေ့ရိုက်ပြီးသွားတဲ့အခါမှာ..မီးပန်းရိုက်ရတာကိုစပြီးအရသာတွေ့တယ်ပြောရမလားဘဲခင်ဗျာ… ဒီပုံက၂၀၁၄ခုနှစ်ရိုက်တုန်းကကိုယ့်ဟာကိုယ်အကြိုက်ဆုံးပုံပါ […]


”  ငြိမ်းချမ်းရေးကိုရှာဖွေခြင်း” ညကလေးက အပြာရောင် လရောင်ကလဲ သဲ့သဲ့လေးဆိုတော့ သိပ်တော့မမှောင်ပေဘူး။   တောင်ကုန်းနဲ့သစ်ပင်အချို့ အငို ဝ သွားတဲ့ ကလေး လေးလို့ တစ်တစ်ခါထွက်လာတတ်တဲ့ သဲ့သဲ့ရှိုက်သံကလွဲရင် အားလုံးတိတ်ဆိတ်။   ဒီလိုအချိန်လေးမှာ အရာရာကိုခဝါချ ဗလာ ကျနေတဲ့စိတ်နဲ့ လောက ကိုမြင်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ အဝေးသွားရှာစရာမလိုပါဘူး ကိုယ့်နံဘေးမှာတင်ရှိလေရဲ့ သတိမထားမိသေးလို့ဝေးနေတာပါ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၈၁၆