“ကျနော်ဓါတ်ဖမ်းသမား” (၁၁) (ဓါတ်ပုံတစ်ပုံအတွက်အရင်းအနှီး) တကယ်တော့ အခုခေတ်မှာဓါတ်ဖမ်းတယ်ဆိုတာက လဲ ငွေနဲ့စက်ပြီး လုပ်ရတဲ့အလုပ်တစ်ခုဖြစ်လာပါပြီ။ အရင်က ဟာသတစ်ခုရှိပါတယ် “ကို်ယ်အမြင်ကပ်တဲ့ကောင်ကို ပါတ်ကားဘောပင်တစ်ချောင်းသာလက်ဆောင်ဝယ်ပေးလိုက်” လို့ ဆိုပါတယ်။ အခုခေတ်ကတော့ အမြင်ကပ်တဲ့ပုဂ္ဂိုလ်ရှိရင် ဖူးဖရိန်ဘော်ဒီတစ်လုံးလောက်သာဝယ်ပေးလိုက်ပါ။ အဲဒါရတာနဲ့ မှန်ဘီလူးပြောင်းတို ပြောင်းရှည်ပြောင်းလတ် မြင်ကွင်းကျယ်တွေ ငါးမျက်လုံးတွေ အဏုစိတ်တွေ ထရိုင်ပေါ့တွေ ဖစ်လတာတွေ ဝယ်ရင်း ဝယ်ရင်းနဲ့သိန်းရာချီကုန်မှာသေချာပေါက်ပါဘဲ။ ရိုးရိုး ခရော့ဖရိမ်တွေရဲ့မှန်ဘီလူး ဈေးထက်စာရင် ဖူးဖရိန်ရဲ့ဈေးက ထက်ဝက်မကကွာပါတယ်။ သိပ်မကြာခင်ကာလကတော့ သိန်းတစ်ရာ ဆိုတဲ့ စတေးတပ်လေးကြောင့် ဓါတ်ဖမ်းသမားများအကြား ဖေစ်ဘုတ်စာမျက်ပေါ်မှာတိုက်ပွဲပြင်းထန်သွားပါတယ်။ ဓါတ်ပုံကောင်းတစ်ပုံရဘို့ အတွက် ငွေအဲလောက်သုံးနိုင်မှ ပုံကောင်းတစ်ပုံရမရလို့မေးရင် အဖြေရခက်တဲ့မေးခွန်းလို့ထင်ရပေမယ့် တကယ်တော့ အတတ်ပညာမပါဘဲ ပုံကောင်းတစ်ပုံ ဘယ်လိုမှ မရနိုင်တာအသေအချာပါဘဲ။ အတတ်ပညာလဲရှိမယ် ငွေသုံးနိုင်လို့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းကောင်းကောင်းဝယ်သုံးနိုင်မယ်ဆိုရင် မပင်ပန်းဘဲ ပုံကောင်းကောင်းရမှာအမှန်ပါဘဲ။ […]