ムラカミJune 1, 20151min21010
အဖြူခံ ဟုတ်လား ..သဂျီး… အင်း .. အဖြူခံ ဆိုတော့လည်း အဖြူခံ ပေါ့ဗျား…       အကျင်္ီ အသစ်တထည်ထဲက ကတ်ထူပြားအထူတချပ်ယူပြီး ရိုက်ထားသဗျ… အစက ခူးပြီး တေဘယ်လ်တော့ပ် လုပ်ပစ်ဦးမလို့ပဲ … အချိန်မရလို့ဗျာ…   တော်သေးဘီ..


“ကျနော်ဓါတ်ဖမ်းသမား” (၄) (ကြုံရဆုံရ ဓါတ်ဖမ်းသမားဘဝ)   တကယ်တော့ ဓါတ်ဖမ်းသူတစ်ယောက်က ပေါင်းသင်းဆက်ဆံရေးနပ်ဘို့လိုပါတယ်။ ပြုံးပြတတ်ဘို့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ခပ်တည်တည်ကြီးလုပ်ရင်တော့ အဆော်ခံထိဘို့များပါတယ်။ နောက် ကိုယ်ဓါတ်ပုံသွားရိုက်တဲ့အခါမှာ ကိုယ့် အနားပါတ်ဝန်းကျင်ကလူတွေရဲ့ အရိပ်အကဲအလုပ်အကိုင်ကိုလဲသိဘို့လိုပါတယ်။ တစ်ခါက ရန်ကုန်ကလာတဲ့ဓါတ်ဆရာက နေဝင်ချိန်လေးမှာဧရာဝတီမြစ်နံဘေးက ဖောင်တွေကိုရိုက်ချင်တယ်ဆိုတာနဲ့ ကျောက်သပိတ်ဘက်ကိုသွားကြပါတယ်။ အဲနားရောက်တော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေတဲ့တစ်ယောက်က “ဆရာကြီးသွားမှာလား” လို့ လှမ်းမေးတဲ့အခါ ကျနော်ကပြုံးပြီး “ဟိုရက်ကမှ သွားထားတာ”လို့ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။ ရန်ကုန်သားကတော့ ကျနော်တို့အထာကိုနားမလည်ပါဘူး။ ပြီးမှ “ဖောင်တွေ ကို ဓါတ်ပုံရိုက်မလို့ ဆိုင်ကယ်ခဏထားခဲ့မယ်နော်”လို့ ပြောပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။ အဲဒီကနေဖောင်ပေါ်ရောက်တော့ ဓါတ်ပုံတွေရိုက်ကြပါတယ်။ ကျနော်တို့ရိုက်နေတုန်းအသိတစ်ယောက်ကထပ်ရောက်လာပြီး ကျနော်တို့နဲ့အတူ ဝင်ပြီးဓါတ်ဖမ်းတဲ့အချိန် ဖောင်တစ်ခုပေါ်မှာ ဟော့နေအောင်ပြင်ဆင်ဖီးလိမ်းထားတဲ့ ကောင်မလေး တွေ လှေပေါ်တက်နေတာကို မြင်တော့သူကလှမ်းရိုက်လိုက်ပါတယ်။ အဲလိုလဲလှမ်းရိုက်ရော ဟိုဘက်ဖောင်က  လူတစ်ယောက်က “ဟေ့လူတွေ […]


ムラカミMay 30, 20152min1419
  ဟိုနေ့ကပဲ အန်တီအိ ပိုစ့် တွေ့တယ်.. မန့်ဖြစ်ရင်း ကနေ့မနက် မထင်မှတ်ဘဲ ယုဇနပန်း ရိုက်ဖြစ်တယ် ပြောရရင် အိမ်မှာ ယုဇနပန်း ရှိမှန်းမသိ.. အမေက ပွင့်တယ်ပြောမှ အပြေးသွားရိုက်ဖြစ်တာ…   အော်… ယုစ့် .. ယုစ့်…           မိုးဦးကျတော့ ပန်းတွေပဲ ဆက်ရိုက်ဖြစ်နေမယ် ထင်ပါရဲ့ဗျာ..   တော်သေးဘီ


“သူတို့ရဲ့ည”             သူတို့ဆီ က အလင်းများနဲ့ တောက်ပနေတဲ့ည တစ်ညကို   မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 30-5-2015


“ကျနော်ဓါတ်ဖမ်းသမား” (၂) (ဓါတ်ဖမ်းသူများ ဆုံကြခြင်း)   မန္တလေးရောက်တော့ ကိုစိန်သော့ နဲ့ ဆက်သွယ်ပါတော့တယ်။ သူနဲ့တစ်ရက်ဆုံပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြ စကားတွေပြောဖြစ်ကြပါတယ်။ သိပ်မကြာခင် ၂၀၁၁ ကုန်ခါနီးမှာ Mလုလင် က မန်းလေးကိုလာမယ်လို့ဖုန်းဆက်လာပါတယ်။ သူကလဲ ကိုစိန်သော့နဲ့တွေ့ချင်နေပါတယ်။ နောက်မန်းလေးမှာ ဓါတ်ဆရာ ရွှေမင်းသား လဲရှိနေပါတယ်။ သူတကယ်လာတဲ့ရက်မှာတော့ ကိုစိန်သော့ ရွှေမင်းသား ကျနော် နဲ့ Mလုလင် တို့ဆုံပြီး တောင်သမန်းအင်းမှာ ကွန်ပစ်တာကို ရိုက်ကြပါတယ်။ အဲ့အချိန်က လှေသမားကို ငါးထောင်လောက်ပေးလိုက်ရင် ကွန်ပစ်တဲ့ပုံ စိတ်တိုင်းကျ မရခြင်းကွန်ပစ်ပေးပါတယ်။ အခုတော့ စားဝတ်နေရေးကျပ်တည်း တာရယ် ကွန်သမားတွေကလဲ စာတတ်ကုန်တော့ ကျပ်သောင်းဂဏန်းပေးမှကွန်ကိုကောင်းကောင်းပစ်ပေးပါတော့တယ်။ ပထမဆုံးအကြိမ်ကွန်ပစ်တာကိုရိုက်တော့ သူတို့မှာတော့ပုံကောင်းတွေရ ကျနော်မှာတော့ တစ်ဝက်တစ်ပိုင်းပုံတွေဘဲရ။ အဲတော့မှာ ကျနော်ကို ကိုစိန်သော့က ဒီလိုပုံမျိုးရိုက်မယ်ဆိုရင် ကွန်းတိန်းညူးရပ်(ဆက်တိုက်ရိုက်တာ)ဖန်ရှင်းမှာထားရိုက်ရတယ်ဆိုပြီးသင်ပေးမှ […]


ムラカミMay 29, 20152min19312
            ရိုက်မိရိုက်ရာပါဗျာ ရိုးမတခွင် ပြဲပြဲစင်တုန်းက..   မိုးတွင်းဝင်တော့မှာမို့ .. ဆန်းဆက်တွေလည်း မလှတော့ပါဘူး ပိန်းပိတ်နေပြီ… အကောင်ရှည်ကလည်း ကြောက်ရသေးသကိုး ..။ ဒင်းတို့က နေပူမိုးရွာဆို သိတော်မူတဲ့အတိုင်း ရသလောက်ပေါ့ စက်လှေပတ်စီးရင်း နဲ့..။         ဒါကနောက်တနေ့ပါ.. လမ်းမကြီးဘေးမယ်… ဘာရယ်မဟုတ် သရက်ပင်အောက် ဖျာထိုင်ယက်နေတာ တွေ့တာနဲ့ပဲ ဝင်ရိုက်ဖြစ်တယ်။ ကျန်တဲ့ပုံတွေတော့ မဖြတ်ရသေး… သည်ပုံအရင် တင်လိုက်ပါတယ်။   အဲ့သည့်ကကျော်လို့ အသီးဆိုင်ဘက် ဆက်လျောက်တော့လည်း ရိုက်ဖြစ်ပြန်တယ်.. ဘာကြောင့်မှန်းမသိ abstract ဘက်ကို စိတ်ဝင်စားနေတုန်းမို့ .. abstract ဆန်ဆန်ပဲ ရိုက်လိုက်ပါတယ်။       နောက်တနေ့ကျတော့လည်း ထုံးစံအတိုင်းပါပဲ။ တနေ့တနေ့ နေလုံးမမြင်ရတဲ့ တိမ်တွေ မြူတွေကြား […]


နွေမင်းသမီးရဲ့အလှပန်းချီ (ဓါတ်ပုံပိုစ်) ရွှေလီမြို့မှာရောက်တဲ့အခိုက် ရွှေလီမြစ်ကမ်းနံဘေးမှာ အပွင့်ရဲရဲနီနီတွေနဲ့အလှဆင်ထားတဲ့ နွေမင်းသမီးလို့ တင်စားနိုင်တဲ့ စိန်ပန်းပွင့်တွေ ကို ပါတ်ဝန်းကျင် အလှတွေနဲ့တွဲဖက်မြင်ရတာ ပန်းချီကားတစ်ချပ်လိုခံစားမိတဲ့အတွက်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 27-5-2015


စံပယ်ပန်းတော့ရှာတွေ့ပြီ… အပွင့်တွေက စိတ်တိုင်းကျလောက်အောင်သိပ်မလှဘူး… စံပယ်တွေချည်းအားမရလို့…. ကျန်တဲ့ပန်းလေးတွေလဲထည့်ပေးလိုက်တယ်ဗျာ… မက်ခရိုဆေးအောင်တယ်ပဲဆိုကြပါစို့… အော်… ပြောရဦးမယ်… Mac ပေါ်မှာကြည့်တဲ့ပုံတွေအရမ်းလှပြီး… PC ပေါ်ရောက်တဲ့အချိန်မှာ အရောင်ပြောင်းသွားတယ်လို့ခံစားရတာ… PC ပဲမကောင်းတာလား Mac ပဲအရမ်းကောင်းနေတာလားမသိ…   ခင်မင်လျက်- ဖက်ဖက်ကက်  


ムラカミMay 22, 201517min50135
  Color Theory အကြောင်း ပြန်တူးကြည့်မိတော့ .. အရင်ကနဲ့မတူတဲ့ အမြင်တမျိုးလည်းရ.. revision လည်း ပြန်တဲ့သဘောဖြစ်သမို့   မျှဝေလိုက်ရပါတယ်ဗျာ။ (သဂျိုင်ခီး ဆွပေးနှိုက်ယူ တာကလည်း တကြောင်း ဖြစ်သည်မှုံ့)       ၁။ လူတို့၏ အရောင်သိမှုအကြောင်း   ပထမဦးဆုံးအနေနဲ့ အရောင်တွေ အကြောင်းမပြောခင် ကျနော်တို့ ရဲ့ မျက်စိအကြောင်း အရင်ပြောမှ ဖြစ်မယ်ဗျ…။   လူမျက်စိက ဘယ်လောက် မြင်နိုင်သလဲ ၊ ဘယ်လောက် ခွဲခြား သိသလဲ ဆိုတာကို အရင် အခြေခံပြီးပြောမှ   ရှေ့ဆက်လို့ အဆင်ပြေမယ်မှတ်ပါတယ်။ ပထမဦးဆုံး ဆေးပညာ သဘောအရ လူမျက်စိရဲ့ အာရုံခံနိုင်တဲ့   အရောင်ကွဲပြားမှု အဝန်းအဝိုင်းကို […]


ဘာခေါင်းစဉ် ကြီး လဲ ဆိုပြီး ဝင်လာကြတယ်လား။ :-))) အလျှောက်ကောင်း တဲ့ ရှေ့နေနို ကို ပုံလေး တစ်ပုံပြချင် လို့ တင်လိုက်ပါတယ်။ ဒီ သတင်းလေး ကို ဖတ်ပြီးပြီချင်း သဘောကျလွန်းလို့ ဖဘ ထဲ မှာတောင် မျှခဲ့ဘူးတာပါ။ လေယာဉ်မှူးကြီး က သူ့ရဲ့ လက်ထောက် Co-pilot က သူ့သမီး ပါလို့ ဂုဏ်ယူစွာကြေငြာ ခဲ့တဲ့ လေယာဉ် ခရီးစဉ် ရဲ့ သတင်းလေးပါ။ သူတို့ပုံလေးကလဲ အလုပ်ထဲ မှာပါဘဲ။ ဒါပေမဲ့ မျက်နှာ ပုံစံ ကို ကြည့်ပါ။ အဲဒီ သားအဖ အတွက် သူတို့ အမေ ဘယ်လောက် ဂုဏ်ယူလိုက်လေမလဲ မှန်းကြည့်မိသေး။ နောက်ပြီး ကလေး […]


ကျွန်မ က “မြ” ပါ မောင်။ . ရွှေ နဲ့ စိန် မဟုတ်ပါဘူး မောင်။ . . .   FB ထဲ သူများ တွေ ” မောင်” နေတာ နဲ့ ခေတ်နောက်မကျ ရလေ အောင် ဒီမှာ ဝင်ပြီး ” မောင်” လိုက်ပြီ။ မောင် = MG = Myanmar Gazette ဟိ …   lol:-))))) . ပုံ . ချစ်စွာသော . မြ    


ဇီဇီMay 17, 20152min28214
ဓာတ်ပုံရိုက် ရောဂါ ကူးပြီးကတည်းက နဂိုကလည်း ပန်းချစ်တတ်သူမို့ ကိုယ့် ပီစီထဲလည်း ဘာမှန်းမသိတဲ့ ပန်းပုံတွေ ပြည့်လို့။ :kwi: အဲဒါကို ဒီ တိုင်း ဓာတ်ပုံတင်မဲ့ တူတူတော့ အဲဒီ ပန်း မျိုးတွေ နာမည်တွေ ရှာပြီး အသိပေးတင်တာ ကြည့်တဲ့သူ၊ ပန်းချစ်သူတွေလည်း အကျိုးမယုတ်ဘူးလို့ ယူဆတယ်လေ။ သိပြီးသားသူနဲ့လည်း အသိဖလှယ်ပြီးသားဖြစ်တာပေါ့။ မြန်မာလိုရော အင်္ဂလိပ်လိုရော သိသလောက် နာမည်ပြောမှာပေါ့။ သိတဲ့သူတွေ ဝင်ပြောပေးကြပါအူးလို့။ ခုပထမဆုံး က Camomile ပန်းလေးတွေပါ။ ဒီမှာ က ခြုံ လိုမျိုး စိုက်ထားလို့ ဒေစီနဲ့ တူပေမဲ့ ဒေစီလို့ မထင်မိပဲ ကိုယ့်နိုင်ငံက တပင်ရွှေထီးပန်း နဲ့ တူတယ်လို့ပဲ ထင်မိတယ်။ ဟီးးး ကြည့်ပေးပါအူးး :k: […]