alinsettMarch 22, 20151min69939
ပြီးခဲ့တဲ့ သောကြာနေ့က  ပြုံးအန်တီတို့ မိသားစုလေးဆီ ရောက်ဖြစ်ပါတယ်။ အမှတ်တရလေး ဖြစ်သွားအောင် ပြုံးမျိုးဆက်- နောင်အခါ ဂဇက်မျိုးဆက်ဖြစ်လာမယ့် ချာတိတ်ကလေး နှစ်ယောက်နဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။   (ဆရာမ ဝင့်ပြုံးမြင့်ရဲ့ သမီးကြီးနဲ့ သားငယ်ပါ။ သူတို့နဲ့ အတူတွေ့ရတာကတော့… အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူတဲ့ ကျနော်ပါ။)   :k:                     ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                     ။။။။။။။။။။။။။။။။။။။။။။။။။             […]


weiweiMarch 17, 20154min36324
အခုနောက်ပိုင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ ခရီးစဉ်တွေ စီစဉ်လာကြပါတယ်။ လမ်းခရီး သာယာပြီး နယ်မြေအေးချမ်းလာတဲ့အတွက် ညအိပ်စရာမလိုပဲ အချိန် ၂၄ နာရီနဲ့ ဘားအံမြို့အနှံ့ကို ရန်ကုန်ကနေ သွားလည်နိုင်ပြီဖြစ်ပါတယ်။ ဘားအံမြို့မှာ အထင်ကရနေရာတွေကတော့ ရွှေရင်မျှော်ဘုရား၊ ဇွဲကပင်ခန်းမရှေ့က ကန်တော်ကြီးရှုခင်း၊ ဘုရင့်ညီဂူနဲ့ ရေပူကန်၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ ဇွဲကပင်တောင်၊ ကျောက်ကလာပ်စေတီနဲ့ ဆဒ္ဒန်ဂူ စတဲ့ နေရာအားလုံးကို သွားရောက်လည်ပါတ်နိုင်ပါတယ်။ အားလုံးထဲမှာ အထူးခြားဆုံးနဲ့ ခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာကတော့ ဆဒ္ဒန်ဂူဖြစ်ပါတယ်။ ဘားအံမြို့ထဲနဲ့ အနဲငယ်အလှမ်းဝေးပါတယ်။ ဘားအံ မော်လမြိုင်လမ်းဘက်ကနေ ဆဒ္ဒန်ဂူဘက်ကို မြေနီလမ်းအတိုင်း ရပ်ကွက်တွေထဲကနေ ဆက်ဝင်သွားရပြီး တစ်ချို့နေရာတွေမှာ လယ်ကွင်းတွေကနေ ဖြတ်သွားရပါတယ်။ ကျေးလက်သဘာဝရှုခင်းနဲ့ တောင်တန်းအလှအပများကို ကြည့်ရှုခံစားနိုင်ပါတယ်။ ဆဒ္ဒန်ဂူဆိုတဲ့အတိုင်း ကျောက်ဆင်ရုပ်ထု […]


KyaemonMarch 11, 20156min31415
အိန္ဒိယ က သင်္ကြန် စောမယ်လို့ထင်ခဲ့တာ မမှန်ပါ၊ အိန္ဒိယ ဟိန္ဒူဓလေ့ က ပွါးတာဖြစ်ပေမဲ့ အင်ဒိုနီးရှားမှာနှစ်စဉ်ကျင်းပတာက ပိုစောသွားတာဖြစ်မှာ၊ Sumatra စူမတ်တရာ ကျွန်းကြီး အလယ်မြောက်ပိုင်း ကပါ၊ Selat Panjang စလတ် ပန်ကျန်မြို့ Meranti Island မရန်တီ ကျွန်းကလေးRiau  ရဩ ပြည်နယ် အနီးတဝိုက် နေ တရုပ်နွယ်ဘွား တို့တရုပ်နှစ်သစ်ကူးရင်း သင်္ကြန်ရေပက်မင်္ဂလာပွဲပါကျင်းပ ခဲ့တာရာချီနှစ်ကြာညောင်းခဲ့တယ်၊ ———– ——- ——– မော်တော်ဆိုက်ကား တော်တော်များ ——   မော်တော်ကားတော့မတွေ့ရပါ   မိုးချုပ်ထိ ရေကစားတုံး ———-   စောဘွားအနွယ်     ——– အင်ဒိုနီးရှား သမတ ဂျိုကိုဝီ စိုက်ကားစီး —–   […]


ဇီဇီMarch 11, 20153min48338
    ဓာတ်ပုံတင်မယ်ဆိုပြီး အက်ဒစ်လုပ်ရင်း သီချင်းစာသားတစ်ခု ခေါင်းထဲရောက်လာလို့။ . အရင် ဘယ်သူ ဆိုတာမသိပေမဲ့ ကိုယ် စနားထောင်ဖူးတာတော့ ဟေမာနေဝင်း ဆိုတာပါ။ . “တစ်ပွင့်ပန်မယ်၊ တစ်ပွင့်တည်းးးးးပန်မယ်၊ ငွေသားနု ဝတ်မှုန်ရယ်” ဆိုတဲ့ စာသားလေးးးး . သီချင်းနာမည်လည်း မသိပါဘူးးး ပြောချင်တာက အရင် က အမျိုးသမီးတွေဟာ “မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်” “မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” ဆိုတဲ့ အရာကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတာ။ အမျိုးသားများ အကြိုက်ပေါ့။ :dd: ထားမိတဲ့ ရည်းစား ဘာအမှားတွေ့တွေ့ ဒီလူကြိုက်မိ ဒီလူကိုပဲ ယူ။ :n: အဲဒီလူ မယူမှသာ ဒူးနဲ့ မျက်ရည်သုတ်နေပေါ့။ :f: တစ်မျက်နှာကနေ နောက်တစ်မျက်နှာ မပြောင်းကောင်းဘူးး :sp: […]


alinsettMarch 7, 20152min73944
                —————————–   ကျိုက်ထီးရိုးစေတီတော်အား သွားရောက်ဖူးမျှော်ရန် အလို့ငှာ…ရန်ကုန်မှသည် ရိုးရိုးလေး ယာဉ်လိုင်းဖြင့် လိုက်ပါလာခဲ့ရာ  ည ကိုးနာရီမှာထွက်ခွါပါသော ကားပေါ် လူသွားလမ်းအလည်ခြားပါသော ကိုယ့်ဘေးညာဘက်အခြမ်း ခုံတွင်ထိုင်လျှက်လိုက်ပါ သံဃာနှစ်ပါး၏  မုန့်မျိုးစုံ တဂျွတ်ဂျွတ်စားကာ စကားမျိုးစုံအား တစ်ညလုံးလိုလို ဖောင်ဖွဲ့လာခြင်းကို ကိုယ်လိုလူက သတိအကပ်ကပ် ဖြစ်ပျက်အမှတ်မှတ်နှင့် အံ့ဩကြီးစွာ ကြုံတွေ့ခဲ့ရပြီးနောက်……   —————————– ကင်ပွန်းစခန်းကို ရောက်တော့ ည သန်းခေါင်ကျော်ရုံလေး (၁၂ း ၃ဝ ) ။ မနက်မိုးလင်းမှပဲ တောင်ပေါ်ကို ကားနဲ့ တက်တော့မယ်ဆိုပြီး ရိုးရိုးလေး ယာဉ်လိုင်းက စီစဉ်ထားတဲ့ တည်းခိုခန်းလေးမှာ တရေးတမောအိပ်လိုက်တာပေါ့။ တရေးအိပ်ပြီး မနက် […]


manawphyulayMarch 3, 20154min24013
အန်တီငယ်ငယ်က အဖေပေးထားတဲ့ တရုတ်နာမည်က အိုက်လျဲ တဲ့။ ချစ်စရာကောင်းတဲ့ ကြာပန်းလေး လို့ အဓိပ္ပါယ်ရတယ်။ အန်တီက ကြာပန်း crazy ၊ဘယ်လို ကြာပန်းမဆို ကြိုက်တယ်။ ကြာဖြူ ကြာနီ ကြာညိုကအစ ပဒုမ္မာ၊ကုမုဒြာ အဆုံး။ နာမည်ပေးတော့ ကုမုဒြာ ပေးကြည့်တာ မရဘူး။ နာမည်တူရှိတယ်တဲ့။ ဒါနဲ့ ပဒုမ္မာ ပေးကြည့်တော့ ရသွားရော။ မောင်ဂီနဲ့တွေ့တော့ အန်ကယ်ဒုံဖြစ်၊ မယ်ဆွိနဲ့တွေ့တော့ အာတီဒုံဖြစ်လေသတည်းးးး


weiweiFebruary 25, 20155min19520
လွိုင်ကော်သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းကနေ ဆက်သွားရပါတယ်။ ကြတ်ဂူသွားတဲ့လမ်းနဲ့ လမ်းမကြီးအတူတူဖြစ်ပြီး လွိုင်ကော်ကနေသွားမယ်ဆိုရင် အောင်သပြေလှိုင်ဂူကို အရင်ရောက်မှာဖြစ်ပါတယ်။   လမ်းမကြီးကနေ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်သွားရပါတယ်။ လယ်ကန်သင်းတွေကိုဖို့ပြီး လမ်းဖောက်လုပ်လက်စမို့လို့ ကားအသေးတွေအတွက် သွားလာရခက်နေပါသေးတယ်။ ဒါပေမယ့် မကြာခင် ပြီးသွားမှာပါ။ ညနေခင်းလေးရောက်သွားတော့ လူတစ်ယောက်မှ ရှိမနေလို့  တိတ်ဆိတ်နေတယ်။ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီကျောင်းကနေ မီးစက်နဲ့ မီးဖွင့်ပေးပါတယ်။   ကျွန်မတို့လဲ ပါလာတဲ့ဓါတ်မီးတွေယူသွားပြီး ဂူထဲဝင်သွားလိုက်ကြတယ်။ ကံကောင်းတာက ဖိနပ်စီးခွင့်ပြုထားပါတယ်။ အထဲမှာ အစိုဓါတ်ရှိနေတယ်။ လေဝင်လေထွက်က ကြတ်ဂူလောက်မကောင်းပေမယ့် ပိတ်ချင်းမြှောင်ထက်တော့ ကောင်းပါတယ်။ သဘာဝကျောက်ဂူအလှကို သဘာဝအတိုင်း တွေ့နိုင်ပါတယ်။ မြင်ဖူးသမျှ ဂူတွေထဲမှာတော့ အလှဆုံးပါပဲ။ အထဲမှာ သွားလာရခက်တဲ့နေရာတွေ ရှိနေပါသေးတယ်။ ဦးဇင်းလေးတစ်ပါးက ဝင်လာပြီး လိုက်ရှင်းပြပေးပါတယ်။ လူတွေက ကျောက်ခတ်ပန်းဆွဲတွေကို […]


weiweiFebruary 16, 20156min41115
2013 ဒီဇင်ဘာလတုန်းက လွိုင်ကော်မြို့ကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပေမယ့် အခြေအနေအရ ကြတ်ဂူနဲ့ ရေတံခွန်ဆီကို မရောက်ဖြစ်ခဲ့တဲ့အတွက် အခု 2015 ဇန်နဝါရီမှာ လွိုင်ကော်မြို့ကို ဒုတိယအကြိမ်သွားခဲ့ပြီး ကြတ်ဂူဆီကို ရောက်အောင် သွားခဲ့ပါတယ်။ လွိုင်ကော်မြို့ကနေ မိုင် ၂ဝ ခန့် သွားရပါတယ်။ လမ်းကျဉ်းကျဉ်းနဲ့ တောတောင်တွေကို ဖြတ်သွားခဲ့ရပါတယ်။ အနဲဆုံး နေ့တစ်ဝက်လောက်အချိန်ယူပြီး သွားရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့သူက လက်နှိပ်ဓါတ်မီးအကြီးတွေယူလာခဲ့ပေးတယ်။ အထဲမှာ မှောင်တဲ့အတွက် ဓါတ်မီးမပါလို့ မဖြစ်ပါဘူး။ တောင်ခြေတစ်ခုမှာ ကားရပ်ထားလိုက်ရပြီး ကြတ်ဂူအပေါက်ဝဆီကို လှေကားအတိုင်း တက်ရပါတယ်။ တော်တော်မြင့်ပြီး လူသွားလူလာနဲတာ သတိထားမိတယ်။         နေ့လည် ၁ နာရီအချိန်လောက်ရောက်သွားတာမို့လို့ လှေကားအတက်မှာ တော်တော်လေး မောသွားတယ်။ လှေကားထစ်ပေါင်း […]


ဇီဇီFebruary 14, 20153min30424
မေမြို့ က ပုံတွေနဲ့ မှတ်မှတ်သားသား စားဖွယ်များကို မခွဲတော့ ဘူးး ပေါင်းရေးလိုက်တော့မယ်။ မေမြို့မှာ စားသောက်ဆိုင် အေးအေးဆေးဆေးထိုင်ချင်ရင်… ၁)Woodlands Restaurant ၂) ဒီဇင်ဘာခြံ အဲဒီ ၂ ခုကို ညွှန်းပါမယ်။ ၁) အတွက်ကတော့ ဟို အရင်တစ်ခေါက် က ကိုယ့်ပုံက လွဲရင် ဘာ ပတ်ဝန်းကျင် အနေအထားမှ မရိုက်ဖြစ်တာ တစ်ကြောင်းး၊ ဒီ တစ်ခေါက်တော့ မရောက်ဖူးတဲ့ ဒီဇင်ဘာခြံကို ဦးစားပေးသွားရတာ တစ်ကြောင်း ဓာတ်ပုံမပါပါဘူးးး Woodlands က မြို့ထဲမှာပါ။ ကန်တော်ကြီးကနေပြီး လားရှိုးဘက် ထွက်တဲ့ လမ်းကို မောင်းတဲ့ လမ်းပေါ်မှာတင်ပဲ ရှိပါတယ်။ မေးရလွယ်၊ သွားရလွယ်ပေါ့။ တရုတ်စာ၊ ယိုးဒယားစာ၊ အဖျော်ယမကာ အကုန်ရတာမို့ နေ့လည်စာ […]


weiweiFebruary 10, 20152min33721
              ထီးပွင့်ကန်ဆီကို မရောက်ခင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီကို အရင်ဝင်ခဲ့ကြပါတယ်။ ထီးပွင် ့ကန် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းနှင့် အေးချမ်းပြည်သာ ဓာတ်တော်ရာစေတီတစ်ဆူကို ဖူးတွေ့ရပါတယ်။ ယခင်အမဲရောင်နယ်မြေဖြစ်ခဲ့ကြောင်းသိခဲ့ရပါသည်။ ကိုရင်လေးတစ်ပါးက ဦးဆောင်ပြီး စေတီတော်ဆီကို ခေါ်သွားပါတယ်။ လွင်ထီးခေါင်ပြင်ထဲမှ စေတီငယ်လေးတစ်ခုထဲမှာ ဆရာတော့်ဓါတ်တော်ကို ဌာပနာပြုတည်ထားခြင်းဖြစ်ပါသည်။ ဆရာတော်ဓာတ်တော် တည်ထားရာစေတီအတွင်းတွင် သမိုင်းကြောင်းကျောက်စာနှင့် အုတ်ဂူအတွင်းမှ ဓာတ်တော်ကို မှန်ဘီလူးမှတဆင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်       ထီးပွင် ​့ကန်​သည်​ ကယားပြည်​နယ်​ ဒီ​မော့ဆိုမြို့နယ်​၊ ​ငွေ​တောင်​​ကျေးရွာအုပ်​စု၊ ​ငွေ​တောင်​ဆည်​၏ အ​ရှေ့​တောင်​ဘက်တွင်​တည်​ရှိပြီး အလျား ၂၂ရ ​ပေ နှင်​့ အနံ ၁၁၅ ​ပေ ရှိပါသည်​။​ ထီးပွင် ​့ကန်​သည်​ ဘူမိ​ဗေဒသ​ဘောအရ […]