– – – – – – – – – – – ဓာတ်သေပညာ (အပိုင်း-၁) ၃ မိနစ်အတွင်းဆရာဖြစ်နည်း ရက်ရှည် သင်တန်းပြီးတဲ့ အခါ..အများရဲ့ တောင်းဆိုချက်များ အရ (ဟုတ် ဟုတ် မဟုတ် ဟုတ် ဂလိုပဲရေးသည်) ဓာတ်သေပညာ အကြောင်း ကိုထပ်မံပို့ချလိုက်ပါဂျောင်း ခုတင်ပြမှာကတော့ ဓာတ်သေပညာ ဖြစ်တဲ့အတွက် နဲနဲ ရှုပ်ချင်လည်း ရှုပ်ပါမယ်.. မရှုပ်ချင်လည်း မရှုပ်ပါဘူး.. မရှုပ်ပေမယ့် တစ်ခါတစ်လေ လူအထင်ကြီင်္းအောင် ရှုပ်ထားတာကြောင့် ရှုပ်တာတွေလည်းရှိပါမယ်… ရှုပ်လို့ နားမလည်ရင် မမေးပါနဲ့ ကိုယ့်အားကိုယ်ကိုးပီး သိအောင်လုပ်ပါ (ဟီး ပြန်လည်းမဖြေတတ်တော့)   အပိုင်း-၁ ကိုတော့ အခေါ်အဝေါ်တွေနဲ့စပါမယ်. ဓာတ်သေပညာ မှာ […]


နွေဦးMay 27, 20135min1292
“ချစ်သားအာနန္ဒာ နောင်အခါ၌ သဒ္ဓါတရားရှိသော ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ ဥပါသကာ ဒါယကာများ၊ ဥပါသိကာ ဒါယိကာမများ သည် ဤ လေးဌာနသို့ လာကြလတ္တံ့ ။” ၁ ။     ။ မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗိနီ ဥယျာဉ် ။ ၂  ။     ။သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်။ ၃  ။     ။ ပဉ္စဝဂ္ဂီငါးဦးတို့အားမြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်တော်မူရာ မိဂဒါဝုန် ။ ၄  ။     ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းရဂုံ ။ “ချစ်သားအာနန္ဒာ အကြင်သူတို့သည် ဘုရားဖူးခရီးလှည့်လည်မှုကို ပြုကြပြီး၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏ ။ထိုသူတို့အားလုံးတို့သည် […]


မောင် ပေMay 26, 20134min23713
ဓါတ်ပုံတွေကို ရိုက်ကူးသူကတော့ စေတနာဖြူပရဟိတအဖွဲ ့ဦးဆောင်သူ ကိုဇော်နိုင်ဝင်း ဖြစ်ပါတယ် ။ စေတနာဖြူအဖွဲ ့ကို သူဦးဆောင်ပြီး အားလုံးဝိုင်းဝန်းနေကြပါတယ် ။ အခုပို ့စ်မှာ သုံးထားတဲ့ ဓါတ်ပုံတွေ အားလုံး သူရိုက်ထားတာပါ ။ သူ ့ဆီကနေ ခွင့်ပြုချက် တောင်းပြီးမှ တင်ပါတယ် ။ ဒါကတော့ စေတနာဖြူ ပရဟိတ အဖွဲ ့အခုတစ်ခေါက် ၊ ရေလောင်း ယင်လုံ အာစီ အိမ်သာ ဆောက်လုပ် နေတဲ့ မှတ်တမ်း ဓါတ်ပုံလေးတွေပါ ။ နေရာကတော့ စဉ့် ကိုင် မြို ့နယ် / ဥယျာဉ်ငယ် ရွာ / မြောင်းဆုံငယ် အုပ်စု ၊ မာဃိန္ဒာ ကျောင်းတိုက် မှာပါ […]


– * – – – – – – – – — – – အင်း မတင်တာလဲကြာပီ.. (ဘယ်ပို့မဆို စတိုင်း ဒီ စကားလုံးနဲ့ ပဲ ဖြစ်နေတယ်..) ့HDR ကလိထားတဲ့ ပုံလေးတွေပါ.. ဖွဘုတ်မှာ တင်ပြီးပါပြီ.. အားမရလို့ ဒီမှာ ထပ်တင်တာ ဟီး       နောက်ဆုံးပုံကတော့ ဂဇတ်ရဲ့ နာမည်ကျော် တစ်ယောက်ဖြစ်ပါတယ်.. ဘီဒူများလဲလို့


        “ပေါင်းစု”     (24-5-2013)ကဆုန်လပြည့် နေ့ နေ့လည်ခင်း မန်းလေးအောင်တော်မူဘုရားမှာ စတုဒီသာပွဲလေးတစ်ပွဲရှိတယ် ကိုပေါက်လာခဲ့ပါလို့ လှမ်းဖိတ်ပါတယ်။ အဲဒီပွဲမှာ ကူညီလုပ်ကိုင်ပေးမယ့်သူထဲက မိတ်ဆွေကလှမ်းဖိတ်တာပါ။ နန်းရှေ့အောင်တော်မူဘုရားကလဲ ဂန္ဓကုဋီတိုက်အသစ်ဆောက်လုပ်ဆဲဖြစ်ပါတယ်။ ညနေသုံးနာရီကျော်ကျော်လောက်ကျနော်ရောက်သွားပါတယ်။ ဘုရားအရှေ့ပေါက်ဝင်စမှာ မဏ္ဍပ်ထိုးပြီတစ်နေရာ၊ သူ့အနောက်က ဇရပ်ထဲမှတစ်နေရာခွဲပြီးကျွေးနေပါတယ်။ အထဲမှာ တဝုန်းဝုန်း မဖြစ်အောင်အဝင်ဝမှာ စောင့်ပြီး စနစ်တကျဝင်စေပါတယ်။ ရင်ပြင်တော်မှာတော့ လာသမျသူလက်ထဲ အအေးခွက်ထဲ့ပေးပြီးသောက်စေပါတယ်။ မဏ္ဍပ်ထဲမှာ ကြာဇံချက်စားနေသူ။ ဟင်းရည်လိုက်ဖြည့်ပေးသူ။ ပုဂံအဟောင်းသိမ်းသူ။ မုန့်လုံးရေပေါ်လုံးနေသူ၊ ကြာဇံဟင်းကိုအလျင်မီအောင်အိုးကြီးတွေနဲ့ချက်နေသူ။ အအေးဖျော်သူ။ ခွက်ထဲထည့်သူ။ လိုက်ကမ်းနေတဲ့သူ။ ပုဂံတွေဆေးနေသူ။ သူ့တာဝန်နဲ့သူ အလုပ်တွေဇယ်ဆက်သလိုလုပ်နေကြတာကိုမြင်ရပါတယ်။   အဲဒီမှာသွားတွေးမိတာလေးတစ်ခု က လုပ်ငန်းတစ်ခုအောင်မြင်ဘို့ဆိုတာ အထဲမှာပါဝင်ပါတ်သက်သူမှန်သမျှ စေတနာပါပါ တာဝန်သိသိလုပ်ဆောင်မှ ဆိုတဲ့အချက်လေးပါဘဲ။   ဒီအလှူပွဲလေးကို မတည်သူက […]


“စည်တော်ကြီး ”     ညနေပိုင်း  ၈၅လမ်းအတိုင်းမြောက်ဘက်ကနေတောင်ဘက်ကိုအလာ မုန့်တီစု လူငယ်များသွေးလှူရှင် အဖွဲ့နားမှာ ပွဲဈေးတန်းလေးခင်းထားတာကိုတွေ့ရပါတယ်။ အဲဒီနားမှာစင်ကလေးထိုးတာမြင်တော့ တရားပွဲလို့ထင်လိုက်ပေမယ့်သေချာကြည့်မှ “စည်တော်ကြီး” အဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုလမ်းဘေးထိုး စင်ပေါ်မှာထို်င်နေတဲ့ “အဘ” ကိုဓါတ်ပုံရိုက်ခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ အဲဒီ ့ “အဘ” ကပဲ တီးမူတ်မယ့် တူရိယာပစ္စည်းတွေကို နေရာတကျ ချထားပေးပါတယ်။ နဖူးစီးကတော့ ကတ္တှီပါအနီရောင်နဲ့ရေးထားပါတယ် မန္တလေး စိန်မောင်ချို နန်းတော်ရှေ့ မဟာစည်တော်ကြီးအဖွဲ့ ပါတဲ့။ နဖူးစီးအောက်က  စင်နောက်ဆုံးမှာတော့ စည်တော်ကြီး(၂)လုံးချထားပါတယ်။ သူ့နံဘေးမှာတော့ စည်တို(၃)လုံး။ နှစ်လုံးက လှဲထားပြီး တစ်လုံးကတော့ထောင်ထားပါတယ်။ နောက်သံပတ္တလားတစ်လုံး ယကွင်း တစ်စုံ အော်လံနဲ့တွဲထားတဲ့ နှဲကြီးတစ်ခု။ ရှေ့နားမှာတော့ စည်တိုအသေးလေးတစ်လုံး။   အခုတော့ စည်တော်ကြီး နားမထောင်ရတာ အတော်ကြာခဲ့ပါပြီ။ စည်တော်ကြီးအဖွဲ့ကလဲ […]


“ရှေးရှေးက  ဆင်ဖြူရှင်မနန်းမတော်မိဘုရားခေါင်ကြီးကောင်းမှူ့      အခုမှာတော့ကျောင်းအိုအို်”                                မြောက်ပြင် ၁၂လမ်းဘက်ကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ၈၆လမ်းဒေါင့်ရောက်ရင် လမ်းမြောက်ဘက်တန်းမှာရှိတဲ့ မဟာစိတြာရာမ တိုက်ကို ဖြတ်သွားရလေ့ရှိပါတယ်။ အပြင်ကလှမ်းကြည့်လိုက်တိုင်း အဝင်ဝမှာရှိတဲ့ ကျောင်း အိုကြီးကိုသတိတရနဲ့ ကြည့်မိပါတယ်။ ရှေးကရှိတဲ့ကျောင်းတွေများ ပြိုပျက်နေတာတွေ့ရင် စိတ်မကောင်းပါဘူး။ ကိုယ်တိုင်ကလဲ ပြင်ပေးနိုင်လောက်အောင် ငွေကြေးမချမ်းသာတော့ သူများတွေကို လက်တို့ ရုံဘဲ တို့ပေးနိုင်ပါတယ်။   ကျနော်မြင်မိခဲ့တဲ့ကျောင်းအိုကြီးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်အရဆိုရင် မြန်မာသက္ကရာဇ် 1248 (အင်္ဂလိပ်သက္ကရာဇ် 1884ခုနှစ်)မှာ မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြိးဆင်ဖြူရှင်မ တည်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်သွားတော့ ကျောင်းထဲက ဦးဇင်းတစ်ပါးထွက်လာပါတယ်.။ ဓါတ်ပုံရိုက်ခွင့်တောင်းတော့ ကျောင်းပေါ်ပါတက်ရိုက်လို့ရတယ်ပြောပါတယ်။ ကျနော်ကလဲ “ကျောင်းအဟောင်းတွေကို လမ်းလှမ်းမီသလောက် မှတ်တမ်းတင်ပေးပြီး အင်တာနက်မှာတင်ပေးပါမယ့်ဘုရား။ တပြည့်တော်က တော့ […]


နွေဦးMay 23, 20139min22412
သံဝေဇနိယ လေးဌာနမှာ ဖွားတော်မူရာ အရပ်သာလျှင် နီပေါ နိုင်ငံတွင်းမှာ ရှိပြီး ကျန်သုံးဌာနက အိန္ဒိယ ပြည်ထဲမှာသာရှိပါတယ် ။ ဘုရားဖူးခရီးစဉ်မှာ အိန္ဒိယနိုင်ငံဘက်ကနေ နီပေါနိုင်ငံကို နယ်စပ်က ဖြတ်ပြီးမှလုမ္ဗိနီဥယျာဉ်ရှိရာကို ရောက်ရပါတယ် ။ လုမ္ဗိနီဥယျာဉ်ရှိရာတည်နေရာကို ၁၈၉၆ ခုနှစ်က အိန္ဒိယ ကျောက်စာဝန် အလက်ဇန္ဒား ကန်နင်ဟမ် ကရှာဖွေ တွေ့ပြီး သတ်မှတ်နိုင်ခဲ့ပါတယ် ။ အဲဒီနေရာကို နီပေါ အစိုးရက တောများရှင်းလင်းပြီး တူးဖေါ်ခဲ့ပါတယ် ။အဲဒီမှာ ဓမ္မသာလာ ဇရပ်တခုဆောက်ပြီး ဘုရားဖူးများ အခမဲ့တည်းခိုနိုင်အောင် နီပေါအစိုးရက လုပ်ပေးခဲ့ပါတယ် ။ ၁၉၆ရခုနှစ် တွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လုမ္ဗိနီဥယျာဉ်ကို ဘုရားဖူးလာပြီးနောက် လုမ္ဗိနီ ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရန် ဆုံးဖြတ်ပေးခဲ့ပါတယ် ။ ဦးသန့်ဆောက်လုပ်လှူခဲ့တဲ့ ဇရပ် တဆောင်ကိုလည်း တွေ့ခဲ့ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ် ။ ဦးသန့်ရဲ ကြိုးပမ်းမှုကြောင့် ကမာ္ဘက […]