“မြေမျိုပျောက်ကွယ်ခြင်း”   ဂျာနယ်တွေမှာ မန်းလေးမြို့တည်နန်းတည်မှာပါတဲ့ (၇)ဌာနကိုပြန်လည်ဖော်ထုတ်မယ်ဆိုတာကိုဖတ်ရပါတယ်။ အဲဒီ(၇)ထဲမှာပျက်စီးပျောက်ကွယ်နေဆဲ့ဖြစ်တာကတော့သိမ်တော်နဲ့ ပိဋကတ်တိုက်တော်ဖြစ်ပါတယ်။ ပိဋကတ်တိုက်တော်ကတော့ မန်းလေးတောင်ခြေ ဦးခန္တီဇရပ်အနီးမှာရှိပြီး အခုချိန်မှာတော့အဲဒီနေရာမှာ စာသင်ကျောင်းဖြစ်လို့နေပါတယ်။ ပဌာန်းသိမ်တော်ကတော့ မန်းလေးတောင်ခြေက မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီးဘုရားရှေ့မှာ ဖြစ်ပါတယ်။ အရင်ကတော့သံတိုင်တွေကာရံထားတဲ့ဒီနေရာလေးက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးပြီး လူဝင်လို့ရတဲ့နေရာ မဟုတ်ပါဘူး။       ပြီးခဲ့တဲ့ရက်က ကျောက်တော်ကြီးဘုရားကိုရောက်သွားတော့ အရင်ကနဲ့မတူဘဲ ရှင်းလင်းသေသပ်။ ပြန်လည်တည်ဆောင်ရေးအတွက် လုပ်သားတွေနဲ့ အပူတပြင်းဆောင်ရွက်။ တိမ်မြုတ်နေတဲ့ အုတ်ရိုးနေရာတွေကို စနစ်တကျပြန်လည်တူးဖော်နေတာက ပိဋကတ်တိုက်နေရာမှာရော ပဌာန်းဟောသိမ်နေရာမှာပါ တစ်ပြိုင်တည်းလုပ်ဆောင်နေတာကိုမြင်ရပါတယ်။ မရဘူးသေးတဲ့ ကျောက်တော်ကြီးဘုရားပုံတော်ကိုတောင်ရခဲ့ပါတယ်။ အဲဒီမှာဘာတွေ့ခဲ့ရသလဲဆိုတော့ လှဲထားတဲ့ သစ်မြစ်ဆုံကြီးထဲမှာ သိမ်တော်အမှတ်အသား ကျောက်တိုင်လေးကို မျိုထားတာ တွေ့ရပါတယ်။         နောက်ရက် မိတ်ဆွေတစ်ယောက်ကိုတောင်သမန်အင်းလိုက်အပို့ […]


KyaemonMay 13, 20138min28024
    Chrystalline လေးကို ကြောင်ကြီးစားမည် ( ခေါင်းစီးကြီးနဲ့ )     ခရစ်စတယ်လှိုင်းလေးအား စားစေ…     ဦးကြောင်ကြီး says: ငှီးလျောင်း ငှီးလျောင်း.. ရှလွတ် ရှလွတ် ပလပ် ပလင် ဂျွတ် ဂျပ် ဂွတ် ဂတ်… ခွီးဂရား မီ.. ညောင်း… ခွီး.. ကျွတ်..ပလပ် ပလပ်.. ရှလွတ် ဂျွတ်… အားပါးပါး ကောင်းမှကောင်း     ===============     ကြံကြီးစည်ရာ၊   မကြားဝံ့မနာသာပါ၊   ကြောင်ကနေလူသားစားမယ်ဆိုတာ   ပြောလဲမကောင်း၊ နောက်စရာလဲမဟုတ်၊   ဟားစရာလဲ မ ကောင်းပါ၊       […]


နွေဦးMay 11, 20135min41611
ကျောင်းနေစဉ်က ဘုရားစာတွေစသင်ရပြီဆို မင်္ဂလ သုတ်က စသင်ရပါတယ် ။မင်္ဂလသုတ်ကို စကျက်ရကတည်းက “ဧဝံမေသုတံ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝါဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရမေ” ဒီလို ပါဠိလို စကျက်ရပါတယ် ။ ဒီကတည်းက သာဝတ္ထိမြို့တော်ကြီးနဲ့ ဇေတဝန်ကျောင်းတော်ကို စိတ်ကူးနဲ့ သိခဲ့ရတဲ့နေရာပါ ။ ဇေတဝန်ကျောင်းတော်လို့ဆိုတာနဲ့ ကျွန်တော်တို့တတွေအားလုံးသိကြပါတယ် ။အနာထပိဏ်သေဋ္ဌေးကြီး ကမြတ်စွာဘုရားရှင်အတွက် ကျောင်းဆောက်လှူဖို့ မြေနေရာကို ဇေတ မင်းသားရဲ့ မြေကွက်ပေါ် ရွှေဒင်္ဂ ါးအပြည့်ခင်းပြီးဝယ်ယူခဲ့တဲ့ တန်ဖိုးကြီးလှတဲ့ကျောင်းလို့ သိခဲ့ကြပါတယ် ။မြေပြင်အပြည့် ရွှေဒင်္ဂ ါး ၁၈ ကုဋေ ခင်းခဲ့ရတယ်လို့ ဆိုပါတယ် ။ဒါတောင် ဇေတမင်းသားက မြတ်စွာဘုရားရှင်ကို သဒ္ဒါပေါက်ပြီး မြေတဝက်သာခင်းစေခဲ့တာလို့ ဆိုပါတယ် ။ အနာထပိဏ် သေဋ္ဌေးဟာ ဇေတဝန်ကျောင်းကို ဘုံ ရဆင့်နဲ့အထပ် ရထပ်ဆောက်ခဲ့ပြီး ရွှေဒင်္ဂ ါး ၁၈ကုဋေ ကုန်ပါတယ်တဲ့ ။ ဒီအရပ်မှာ […]


နွေဦးMay 9, 20136min41611
ငယ်ငယ်က အဖွားပုံပြောပြတိုင်း “ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုတ်စိုးတော်မူသတဲ့” အဖွင့်လေးနဲ့ နားထောင်ခဲ့ရပြီး ဗာရာဏသီ ဆိုတာ ဘယ်လို အရပ်မျိုးလဲ ပုံပြင်ထဲက တိုင်းပြည်လားနဲ့ လားပေါင်းများစွာနဲ့ ရင်းနှီးပြီးသားလေ…။ မင်းမသိ ဗြဟ္မဒတ် တိုင်းမသိ ဗာရာဏ ဆိုပြီးတော့လည်း ရှေးစကားဆိုခဲ့ကြတယ် ။ တကယ်ရောက်ခဲ့တဲ့ ဗာရာဏသီ နဲ့ ဂင်္ဂ ါ မြစ်က …ဒီလိုပါဗျာ..။                                                     […]


weiweiMay 9, 20135min22417
ဒီပို့စ်ကို ရေးချင်ခဲ့တာ ကြာပါပြီ။ ရေးချင်လွန်းလို့လဲ အဲဒီနေရာကို ကိုယ်တိုင်ရောက်အောင် သွားခဲ့လိုက်တယ်။ ဒါပေမယ့် သွားပြီးကထဲက ဘယ်လိုချပြရင် ကောင်းမလဲဆိုတာ မစဉ်းစားတတ်အောင်ဖြစ်သွားခဲ့ပါတယ်။ ကိုပေါက်က အကြံပေးဖူးတယ် … ရွှေလီက မောလိရေတံခွန်နဲ့ မေမြို့ ဓါတ်တော်ချိုင့်ရေတံခွန်ကို နှိုင်းယှဉ်ပြီး ပို့စ်တစ်ခုလောက် ရေးတင်ပါလားတဲ့။ ကျွန်မ အများကြီး စဉ်းစားခဲ့ပါတယ်။ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်လောက်အောင် အခြေအနေ ကွာခြားလွန်းလို့ သီးသန့်စီပဲ ခွဲတင်လိုက်ပါတယ်။ ရွှေလီက မောလိရေတံခွန်ကို ဘယ်လိုသွားခဲ့တယ်ဆိုတာ ဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ပြီးပါပြီ။ ဓါတ်တော်ချိုင့်ကို ဘယ်လိုသွားခဲ့တယ်ဆိုတာကို အခုမှပဲ ဓါတ်ပုံတွေနဲ့ သေချာဖော်ပြပေးပါ့မယ်။ ရွာသူားတွေလဲ ကျွန်မနဲ့အတူ တစ်ခေါက်လောက် သွားလိုက်ကြရအောင် … ဓါတ်တော်ချိုင့်ရေတံခွန်က အနီးစခန်းမှာ ရှိပါတယ်။ မေမြို့ကနေ မန္တလေးကို ပြန်တဲ့ လမ်းမဘေးမှာရှိတယ်။ ဓါတ်တော်ချိုင့်ရေတံခွန်သို့လို့ ရေးထားတဲ့ […]


ムラカミMay 8, 20138min46712
Golden Week အတွင်း ခရီးထွက်ခဲ့တုန်း ဖုန်းနဲ့ ရိုက်ဖြစ်ခဲ့တဲ့ ပုံတချို့ပါခည.. ပထမဆုံး ကျနော် နဂိုရွာ ကနေ နာရ လို့ ခေါ်တဲ့ ရှေးဟောင်းမြို့ကို သွားပါတယ်… ဒန်တန့်တန် … မိုင် ၁၀ဝ ပျော့ပျော့ခရီး ကို ရထားစီးလို့ပေါ့…   Nara (奈良市 Nara-shi?) is the capital city of Nara Prefecture in the Kansai region of Japan. The city occupies the northern part of Nara Prefecture, directly bordering Kyoto Prefecture. Eight temples, […]


Foreign ResidentMay 8, 20136min30633
အဘ တို့ ရပ်ကွက်ထဲက ချစ်စရာ ကောင်ဆိုးလေးတွေ ။   ဟိုတစ်နေ့က ၊ မ ခိုင်ဇာရဲ့ ငှက်ဥယျာဉ် ဆိုတဲ့ Post လေးမှာ ကြက်တူရွေးငှက်ကြီး ပုံတွေ တွေ့ရတော့ ၊ အဘ ရဲ့ ဩဇီက အိမ်နားမှာလဲ ကြက်တူရွေးငှက်ကြီးတွေ အရမ်းပေါတာကို သတိရမိလို့ ၊ အဘ လဲ ဩဇီအိမ်ကို အရမ်း လွမ်းမိနေပါတယ် ။   အဲဒီ ကြားထဲ သူကြီးက သူရိုက်လာတဲ့ သက်တန့် ရောင်စုံ ကြက်တူရွေးငှက်ပုံကို တင်လာလို့ ၊ အဘ ရဲ့ အိမ်နားမှာ အဲလို သက်တန့် ရောင်စုံ ကြက်တူရွေးငှက်တွေ ရှိတယ်လို့ ကြွားလိုက်မိတာ ၊   ” […]


ဇီဇီMay 8, 20135min26127
  အဟွတ်။ တဂျီးက သူ့ ပလိုဂလန်ကြီး ရမ်းထားတယ်။ ဒီရက် လာသမျှ “ငါကွ” ဆိုလို့ ဒီနေ့တင်လိုက်ပြီ။ အစ က ပြင်ပြီးမှ ပတ်ဘလစ်မယ် ဆိုပြီး စကက်ဂျူးကို ဟိုဝေးဝေး ပို့ထားတာ။ ဒီတော့ ကြည့်လို့ မရရင် အနော့ အပြစ်ဟုတ်ဘူး။ တဂျီး ကို ပြောကြပါ။ :kwi:


NovyMay 7, 20134min30824
မြွေတွေကိုတွေ့ရင် ကြောက်ပေမဲ့ မှတ်တမ်းတင်ချင်တဲ့စိတ်က ပိုများလေးတော့ ရောက်တဲ့နေရာတွေမှာ မြွေတွေ့လို့အခွင့်သာရင် ဓါတ်ပုံကို မဖြစ်မနေရိုက်မိတာပါဘဲ ဘဝဟောင်းက အမျိုးတွေမို့လို့ ရေစက်မကုန်တာလားတော့မသိတော့ပါဘူး အခုလည်း စစ်ကိုင်းဘက် ကသိုက်ပေါင်းစုံညီမြွေရှင်စေတီတော်ကမြွေတွေနဲ့ တွံတေးဘက်ကရေလည်စေတီမှာရှိတဲ့ မြွေရှင်ပုံတွေတင်ပေးလိုက်တယ်နော် ကြည့်ပြီး အူယားကျစေသတည်းးးးးးးးးးးးးးး   တွံတေး1 တွံတေး2 တွံတေး3 တွံတေး4 တွံတေး5 တွံတေး6     တွံတေးစေတီမှာ ဓါတ်ပုံရိုက်တော့ ကိုယ့်ခေါင်းပေါ်များမြွေတွေပြုတ်ကျလာမလားလို့ အပေါ်ကို မော့ကြည့်ရတာလဲ ဇာတ်တောင်ညောင်းပါရဲ့ စစ်ကိုင်းမှာကြတော့လည်း ဘေးနားကနေများမြွေတွေထွက်လာမလား မော့လျှောက်နေလို့ အောက်ကမြွေများနင်းမိမလားလို့ အူတယားယားနဲ့ရိုက်ခဲ့ရတာပါအေ…  


ဇီဇီMay 7, 201312min44932
 ဓာတ်ပုံတင်တိုင်း ပြဿနာတက်နေတာ တောင်းပန်ပါရဲ့။ ခုဟာက ကိုရဲစည် ပြင်ပေးထားတဲ့ ဓာတ်ပုံတွေပါ။ ကြည်လို့ရမယ် ထင်ပါတယ်။ ဟီးဟီး။                                                                          


နွေဦးMay 6, 20134min30914
ရှေးအခါက မိန်းမတွေဟာ စိတ်ထဲက လိုသော်ရှိ မလိုသော်ရှိ မကြေနပ်ချက်များလာရင် ကျိန်စာတိုက်တတ်တဲ့ အကျင့်များရှိခဲ့ကြဘူးပါတယ် ။ အခုခေတ် လူငယ်တွေထဲမှာလည်း မကြေနပ်ရင် ဘာဖြစ်ပါစေ ညာ ဖြစ်ပါစေ စသဖြင့် ကျိန်စာတိုက်တတ်တာတွေလဲရှိတာဘဲမဟုတ်လား..။ တချို့ကျိန်စာတွေက တကယ်ဖြစ်တတ်တယ်လို့ ယူဆကြတဲ့ သူတွေ ထဲမှာ ဟိန္ဒူအယူရှိတဲ့သူတွေက ပိုတတ်ပါတယ် ။ ရေမရှိတဲ့မြစ်နဲ့ သစ်ပင်မပေါက်သောတောင် အကြောင်းပြောရရင် မုစလိန္ဒာ အိုင်က စပြောရပါလိမ့်မယ် ။ ဟိန္ဒူတွေရဲ့ အယူအရ သေသူတွေရဲ့ ဝိဉာဏ် တွေဟာ မုစလိန္ဒာကန်ဘေးမှာ မကျွတ်မလွတ်မခြင်း နေကြရတယ်တဲ့။ ကျန်ရစ်သူတွေက နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး ဆုတောင်းပေးမှ ဝိဉာဏ်တွေက ကျွတ်လွတ်ကြရတယ်တဲ့ ။ အခါတပါး၌ ရာမ မင်းသားနဲ့ မယ်သီတာတို့ဟာ မုစလိန္ဒာအိုင်မှာ ဆုတောင်းပူဇော်ပွဲလုပ်ဖို့ တာဝန်ရှိလာပါတယ်တဲ့ ။ […]


“အသီးမှာ…………….သို့.တမ်းချင်း ”   ဒီအချိန်ကတော့ အသီးမှာသရက်လို့ အတင်စားခံထားရတဲ့ သရက်သီးတွေပေါ်ချိန်ပါဘဲ။ ပြီးခဲ့တဲ့လေးငါးရက်လောက်က ပေါ်ဦးပေါ်ဖျားဆိုပြီး သရက်သီးတွေဝယ်လာခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီးတွေပါ။ ဈေးကတော့ တစ်လုံး ၃၅ဝ အလုံးကလဲ လှမှလှ။ အဲဒီနေ့ညနေစာ ထမင်းစားတော့ သရက်သီးနဲ့စားမယ်ဆိုပြီး ဟင်းတောင်ထပ်မချက်။ တကယ်စားကြည့်တဲ့အခါ စားနေကျ  စိန်တစ်လုံးအရသာမျိုး ရမလာပါဘူး။ အချဉ်ဓါတ် နည်းနည်း ကဲနေပါတယ်။ အသီးအနေအထား ပုံစံကလဲ စိန်တစ်လုံးအစစ်။ ဝယ်လာတဲ့ဆိုင်ကလဲ အမြဲဝယ်နေကြဖောက်သည်။ သရက်သီးရဲ့အသားကလဲ   စိန်တစ်လုံးအသားလိုနူးနူးညံ့ညံ့။ ဒါပေမယ့်လည်း စားရတာ အရသာမရှိတာတော့အမှန်။ အဲတော့ ဒီတစ်ခါပိတ်ရက်ရောက်ရင် မနှစ်ကလို စိန်တစ်လုံးထွက်တဲ့ခြံမှာသွား ဝယ်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%     အမှတ်ရစရာလေး စမြုံ့ပြန်ရရင်မနှစ်က သရက်သီးတုံးခါနီးအချိန်ရောက်မှ စိန်တစ်လုံး သရက်သီးစားချင်စိတ်ပေါက်လာပါတယ်။ အဲဒါနဲ့ စိန်တစ်လုံးသရက်တွေပေါတဲ့ ပေါ်တော်မူဘက်မှတော့ […]