သင့်အေးရိပ်October 10, 20171min42088
      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


manawphyulayAugust 2, 20171min33133
ရွာသူရွာသားများရဲ့ ဝါသနာကို ရင်တွင်းမှာ မထားပဲ မြန်မာကို ကမ္ဘာက သိအောင် လက်စွမ်းပြစေဖို့ ယခုအခွင့်အလမ်းလေးကို လက်လွတ်မခံကြစေဖို့ သတင်းကောင်းပေးလိုက်ရပါတော့တယ်။ Credit: http://photocontest.cgap.org/ ၂၀၁ရ ခုနှစ် CGAP ဓါတ်ပုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေက ကမာ္ဘတဝှမ်းက ပြည်သူတွေနဲ့ ရပ်ရွာ အသိုက်အဝန်းကို ဘယ်လိုကူညီနေသလဲဆိုတာကို ပေါ်လွင်စေမယ့် ဓာတ်ပုံတွေကို ပေးပို့ပြီး ပါဝင်လိုက်ပါ။ http://photocontest.cgap.org/ လျှောက်လွှာပိ်တ်ရက် – စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇။ The 2017 CGAP Photo Contest is open for entries! Share your photos to join the ranks of talented photographers […]


KyaemonJuly 3, 201718min3040
  (ယန်ဇီမြစ်ကောလို့)” Tourist Attraction(ကြည့်စရာရှူခင်းနေရာတွေ) အကုန်ပျောက်၊သင်္ဘောတွေသွားလို့မရတော့ဘူး၊” ဆိုပြီးမိုးဇလညွှန်ချုပ်ဟောင်း ဦးထွန်းလွင်ကဟောပြောပါတယ်၊ (ဒါလဲမဟုတ်မမှန်ပါ၊ ယန်ဇီမြစ်ကမကောကြောင်း၊ (ကြည့်စရာရှူခင်းနေရာတွေ Tourist Attractions) ရှိပါကြောင်း၊ သွားနေတဲ့သင်္ဘောတွေ လဲ အစုံအလင်ရှိကြောင်း တင်ပြခဲ့တယ်၊)  ဆက်လက်ပြီး   ချုံကင်းနားက ပုဒ္ဒ္ဓဘာသာကျမ်းဆိုင်ရာ ရုပ်ပွါးတော် ပန်ပုတွေကို၎င်း၊ သွားrလာနေကြတဲ့သင်္ဘောတွေ ကို၎င်း၊ ယန်ဇီမြစ်ရေ ရှူခင်းတွေကို၎င်း လိုက်ကြည့်ရအောင်   ချုံကင်းဒေသအနေအထား   ချုံကင်းဒေသကြီးကတရုပ်ပြည်ရဲ့ အလယ်ပိုင်း မှာတည်ရှိပြီး၊၎င်း ဒေသကြီးကို စီချွမ်းSichuan ပြည်နယ် ကနေခွဲထုတ်သတ်မှတ်လိုက်တာပါ၊           ချုံကင်း ဒေသကြီးအတွင်းမှာ ချုံကင်းမြို့မ (အနီရောင်) တည်ရှိကာ၊ အဲဒီမြို့မ အရပ် ရဲ့အနောက်ဘက် နားမှာ Dazu ဒဇူ အရပ် […]


KyaemonJuly 2, 201710min2840
ချုံကင်း  Chongqing အဆက်       Tourist Attraction    အကုန်ပျောက်၊သင်္ဘောတွေသွားလို့မရတော့ဘူး၊   (ယန်ဇီမြစ်ကောလို့)” Tourist Attraction(ကြည့်စရာရှူခင်းနေရာတွေ) အကုန်ပျောက်၊သင်္ဘောတွေသွားလို့မရတော့ဘူး၊” ဆိုပြီးမိုးဇလညွှန်ချုပ်ဟောင်း ဦးထွန်းလွင်ကဟောပြောပါတယ်၊   (ဒါလဲမဟုတ်မမှန်ပါ၊ ဖော်ပြပြီးတဲ့အတိုင်းယန်ဇီမြစ်ကမကောပါ။ (ကြည့်စရာရှူခင်းနေရာတွေ Tourist Attractions)   ရှိပါတယ်၊   သွားနေတဲ့သင်္ဘောတွေ လဲ စုံလို့ဘဲ၊         ချုံကင်း နားကယန်ဇီမြစ် ရေတွေကို၎င်း၊ခရီးသွားသင်္ဘောတွေကို၎င်း၊ လိုက်ပြရင်း တရုပ်ပြည်ကိုလိုက်ကြည့်ရတာပေါ့၊ ဦးထွန်းလွင်က တော်တော်လေး လွဲချော်မှားယွင်းနေကြောင်းမြင်တွေ့ရပါမယ်၊     ———–   ဦးထွန်းလွင်က ယန်ဇီမြစ်ကောတော့မယ်ဆိုပြီး ၂၀၁၁ မှာ ဟောပြောခဲ့တယ်၊ ၎င်း မတိုင်ခင်ကထဲကနေခု ၂၀၁ရ ခုနှစ်အထိမှာ သင်္ဘော ကြီးငယ်တွေက […]


aye.kkJune 29, 20171min2559
မိတ်ဆွေဘဘကြီးအိမ်ကို အလယ်ရောက်တုန်းက မိတ်ဆွေဘဘကြီးရဲ ့အိမ်ကဘုရားစင်မှာ ဘုရားဆင်းတုတော်တွေသိပ်ပြီးသပ္ပါယ်လွန်းတာတွေ့မြင်ခဲ့ရပါတယ်။ ဆင်းတုတော်တွေဖူးခွင့်ရတာ၊စိတ်ထဲမှာကြည်ညိုလွန်းလို ့ ပါလာတဲ့ဖုန်းလေးနဲ ့ဓါတ်ပုံရိုက်ထားမိပါတယ်။ ဖုန်းကမကောင်းတော့ပုံထွက်မကောင်းလို ့တင်ရတာကို အားမရစွာနဲ ့ပဲတင်လိုက်ရပါတယ်။ ဖူးစေချင်လို ့ပါ။  


KyaemonJune 26, 201713min3030
  မိုးဇလညွန်ချုပ်ဟောင်းက ဟောပြောခဲ့တာက     ဒါတွေက “ကွက်ပြောတာတွေဖြစ်လို့” မဟုတ်မမှန်ပါ၊အကြီးအကျယ်မှားယွင်းနေပါတယ်၊   မျက်ကန်း၆ဦးနဲ့ဆင်တကောင်လို”ကွက်ပြောတိုင်း”ဆိုရင်ဘယ်တော့မှမမှန်ပါ။   မှန်သလိုလိုနဲ့မှားနေပါတယ်၊   (မြစ်ဆုံကအမှားနဲ့အမှန် # ၃၁ မှ # ၃ရ ထိဆောင်းပါးတွေမှာ ဦးထွန်းလွင်ရဲ့လွဲမှားတာတွေ အချို့ကိုထောက်ပြခဲ့ပြီးပါပြိ၊)      ရှေးလူကြီးပြောသလို ဦးထွန်းလွင်က “ဆင်ကန်း တောတိုး”သလိုဖြစ်နေပါတယ်၊   မှန်သယောင်ယောင်နဲ့စင်စစ်က မပြည့်စုံပါ၊ သချာအောင် မ လ့လာတာ ကြာင့်  လုံးဝမှားနေပါတယ်၊    “The Truth, the whole truth, and nothing but the truth” ဆိုတာကြားမိမှာပေါ့၊ တချို့တဝက်ကို ထိန်ချန်တာ၊ကျန်ရစ်ခဲ့တာ ဆိုရင် အမှန်တရားမဟုတ်ပါ၊ ဥပမာ၊ မစ်တစင်းလုံးမကောပါဘဲနဲ့ကောတယ်လို့ပြောရင် ဒါကမုသားလို့သတ်မှတ်ကြတယ်၊”  […]


aye.kkMarch 5, 20171min4307
ဒီတစ်ခါရွာပြန်တာ ချစ်စရာ့ကောင်းတဲ့မြေးလေးတွေ တိုးပွားနေတာသိရပါတယ်။ အထူးသဖြင့် ခင်ပွန်းဘက်ကမြေးလေးတွေပါ တိုက်ဆိုင်တာက ကိုယ့်ရဲ ့တူလေးနဲ ့ခင်ပွန်းဖက်ကတူလေးတိုု့(၂)ဦး မင်္ဂလာဆောင်တာနဲ ့ကြုံပါတယ်။ အမှတ်တရပါ။  


မြူခိုးတွေ တောတောင်သဘာဝအလှတွေနဲ့ ချမ်းအေးသာယာလှပနေတဲ့ မြို့ငယ်လေးတစ်မြို့ပါ။ သံတောင်ကြီးဒေသဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာတည်ရှိပါတယ်။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ တခြားမြို့နယ်တွေနဲ့ တဆက်တည်းသွားလာရန် အဆင်မပြေပဲ ပဲခူးတိုင်း၊တောင်ငူမြို့မှ တဆင့်သွားလာရပါတယ်။ တောင်ငူမြို့မှ အရှေ့ဘက် စစ်တောင်းတံတားကိုကျော်ကာ ၁၃မိုင်ခန့် ကားလမ်းအတိုင်းသွားလျှာင် ကရင်ပြည်နယ် သံတောင်မြို့ကိုရောက်ရှိပြီး ထိုမှတဆင့် သံတောင်ကြီးအထူးဒေသ တောင်စခန်းမြို့သို့ ၁ရမိုင်ခန့် ဆက်တက်ရပါတယ်။ သံတောင်ကြီးတောင်စခန်းမြို့သို့ တက်ရန် အတက်လမ်း၊အဆင်းလမ်း ဆိုပြီး ၂လမ်းရှိပါတယ်။ သံတောင်ကြီးတောင်စခန်းမြို့ပေါ်မှာ ရိုးရိုးလူနေရပ်ကွက်များနဲ့၊ဘုရင့်နောင်တပ်မြို့ ဆိုပြီး ၂ပိုင်းရှိပါတယ်။ သံတောင်ကြီးတောင်စခန်းမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၀ဝကျော်အမြင့်မှာတည်ရှိပြီး သံတောင်ကြီးမြို့ရှိ ကရင်ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘောဆုတောင်းတော်ဟာ ယခုအခါ လူသိများလာပါတယ်။ နော်ဘူဘောတောင်တော်က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၈၂၄ပေ မှာတည်ရှိပြီး တောင်ခြေမှာ တောင်ပေါ်သို့ လှေကားထစ်အရှည် ၅၆ဝပေ တက်ရောက်ရပါတယ်။ နော်ဘူဘောတောင်ထိပ်မှ ပတ်ဝန်းကျင်တခွင် […]