Ma EiAugust 30, 20124min17312
ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (8 )…   ညောင်ရွှေ Remember Inn မှာ Breakfast စားအပြီး Checkout လုပ်ခဲ့ပြီး ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်သို့ ထွက်ခွာလာခဲ့ကြပါတယ်…ညောင်ရွှေ အောင်ပန်း ပင်းတယ လမ်းတစ်လျှောက် လှပသော တောင်တန်းများ ထင်းရှုးပင်များ၊ ထွန်ယက်လက်စ မြေနီ မြေယာများ၊ စိုက်ခင်းများနဲ့ ကောင်းကင်ပြာ စသည်ဖြင့် မြင်မြင်သမျှ လှပနေပါတယ်… အောင်ပန်း ပင်းတယ လမ်းမှာ ရွာစဉ်တန်းလေးကျော်တာနဲ့ သမီးက ရောက်ကာနီးပြီလား၊ မရောက်သေးဘူးလား ဆိုတဲ့ စကားကို ထပ်တလဲလဲ မေးပါ၊ပြောပါတော့တယ်…ရောက်တော့မယ် ၊ ရှေ့ဆိုရောက်ပြီ ပြောရင်း ကိုယ်တိုင်လဲ အရင်အခေါက်တွေက ဒီလောက်မဝေးသလို ခံစားရပါတယ်… တစ်ချို့ရွာတွေမှာ ဆိုင်းဘုတ်ထောင်လို့ […]


kotun winlattAugust 30, 20122min63533
ဒီနေ့တော့ ကျနော်ညနေပိုင်းမှာ လမ်းလျှောက်ထွက်ရင်း လယ်ထဲက အိမ်ပြန်လာတဲ့ နွားလှည်းနဲ့ လယ်သမားကြီးကို တွေ့လို့ နောက်ကနေရိုက်လိုက်တာ.. (ဟဲ.. ဓာတ်ပုံနော်..ဓာတ်ပုံ….)  ဒီလို လှည်းအိမ်မပါတဲ့ နွားလှည်းမျိုး မြင်ဘူးအောင်လို့ပါ… ကျနော် ကျောင်းတက်တုန် ကျနော်တို့ဘက်က နွားလှည်းတွေမှာ ဘရိတ်တပ်ထားတယ်..ဆိုတာကို မယုံကြဘူးတဲ့လေ… ခုလည်း ကျနော်တို့ဘက်မှာ လှည်းအိမ်မပါပဲ မောင်းတယ်ပေါ့ဗျာ..ဒါမျုးလှည်းကိုတော့ လှည်းကတုံးလို့ ခေါ်သဗျ..   ဒါလေးကတော့ လမ်းလျှောက်ရတာ ခြေညောင်းလာလို့ ထိုင်နားရင်း လက်ကမြင်းမိလိုက်တဲ့ပုံလေးပါ.. အဝေးက စပါးပင် စိမ်းစိမ်းလေးတွေ တောတန်းလေးတွေကို ကျနေက ထိုးနေတာလေးကို သဘောကျမိပါရဲ့…..   ဒီပုံလေးကတော့ တိမ်တွေလှတာနဲ့ ရိုက်လိုက်မိတာ ကောင်းကင်ပြာကြီးရယ် တိမ်ဖြူဖြူလေးတွေရယ်…စပါးပင်စိမ်းစိမ်းလေးတွေရယ်ကို ပေါင်းစပ်ကြည့်လိုက်တာပေါ့ခင်ဗျာ….   ဒီနှစ်ပုံကတော့ ကျနော့်ကို အလွမ်းပိုစေပါတယ်.. ဒီမင်းဝံတောင်တန်းကြီးနဲ့ ညနေချိန် အိပ်တန်းပျံငှက်တွေကို မြင်ရပြီး […]


        “ကိုခင်ခပြောတဲ့နံနက်ခင်းလေးတွေ”   မနက်လမ်းလျောက်တိုင်း ဓါတ်ပုံရိုက်ဖြစ်တဲ့အခါ အလင်းအမှောင်နဲ့နေရာအခင်းအကျင်းသဘောကျတဲ့နေရာကို ထပ်ကာထပ်ကာရိုက်မိတတ်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ ကိုယ့်စိတ်ထဲမှာ နှစ်သက်တဲ့ ပုံလေးများရတဲ့နေရာရောက်ရင် သတိထားကြည့်မိတတ်ပါတယ်။ ကြည့်မိတိုင်းလဲလှတယ်ထင်နေတော ့ လက်ဆော့မိပါတယ်။ ဒီပိုစ်က ပုံတွေမှာ တစ်နေရာထဲက ပုံတွေကို အချိန်မတူ ရက်စွဲမတူ ဘဲရိုက်ထားတာတွေအများကြီးပါ ပါတယ်။ မန်းလေးကန်တော်ကြီး မီနီဂေါက်ကွင်းအရှေ့ဘက်ကနေ မဟာမြတ်မုနိဘုရားကြီးကို မြင်ရတဲ့နေရာ၊ ကန်အနောက်ဘက်ဒေါင့် ကျောင်းဆောင်လေးရှိတဲ့နေရာ ကုန်းမြင့်လေးပေါ်မှာ သစ်ပင်ကွေးကွေးလေးပေါက်တဲ့နေရာ တွေက ကျနော်အတော်လေး သဘောကျတဲ့နေရာလေးတွေကိုထပ်ခါထပ်ခါရိုက်ပါတယ်။ နောက်ကျနော်ကအရောင်စုံကော့တေးလ်ကို သိပ်သဘောကျပါတယ်။ အဲတော့ကျနော့်ပုံတွေကအရောင်စုံတွေများပါတယ်။ နောက်အလင်းတန်းကျတာလေးတွေနှစ်သက်ပါတယ်။ ဒီပိုစ်မှာတော့ ပုံစံတူလေးတွေပါနေတာကိုတော့ခွင့်လွှတ်စေချင်ပါတယ်။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (29-8—2012)    


                      20 နံနက်ခင်းလေးမှာတွေ့ရတဲ့ဗေဒါပန်းကလေးတွေတန်းစီနေတာ “ကိုခင်ခပြောတဲ့နံနက်ခင်းလေးများ —တစ်”   ဟိုရက်တွေက မိုးညနေခင်းလေးတွကလှတော့ ရက်ဆက်လောက်သွားပြီးဓါတ်ပုံရိုက်ဖြစ်ပါတယ်။ အဲတော့လဲ ညနေခင်းပုံလေးတွေဆက်တိုက်တက်လာဖြစ်ပါတယ်။ တကယ်ပြောရရင်ကျနော်က ညနေပိုင်းရိုက်ခဲပါတယ်.။ မနက်လမ်းလျောက်ထွက်ရင်း နေ့တိုင်းလောက်နီးပါးရိုက်ပါတယ်။ မရိုက်ဖြစ်တဲ့နေ့ကခပ်ရှားရှား။————————– အဲလောက်လက်ဆော့တာပါ။   ကျနော်လမ်းလျောက်ထွက်စအချိန်က မနက် 5နာရီ15မိနစ်လောက်ဆိုတော့ အခုလိုမိုးရာသီမှ နေရောင်မမြင်ရတာများပါတယ်။ လမ်းတစ်ဝက်လောက်ရောက်တယ်ဆိုရင်တော့အလင်းစကို စမြင်ရပါပြီ။ အဲဒီအချိန်လောက်မှာ ဒီနေ့အဖို့တိမ်လှမယ် မလှဘူူးလဲမှန်းလို့ရပါပြီ။   မနက်ပိုင်းမှာဆိုရင် သစ်ပင်ကလေးတွေနိးထစ. ပန်းကလေးတွေပွင့်စ တက်သိမ်းအင်းထဲမှာတံငါလှေတွေ ဝမ်းစာရှာစ ဆိုတဲ့ “အစ”လေးတွေကိုလိုက်လက်ဆော့ ပါတယ်။ တစ်ခါတစ်လေ နေအထွက်လေးလှတာကိုစောင့်ရင်း နောက်ကျတော့ အလုပ်ချိန်မှီအောင် ကမန်းကတန်းပြေးရတာလဲအခါခါ။ ဒါပေမယ့်ကိုယ်တင်ပေးလိုက်တဲ့ပုံလေးတွေကို ကြည့်ရ မြင်ရသူက […]


ムラカミAugust 29, 20123min18918
  တမနက်ပေါ့ … နိုးနေတာ ၅နာရီလောက်ကြီး… (ရှားရှားပါးပါး..) အဲ့လာ ကင်မလာ ကောက်ဆွဲပြီး ..အိမ်ရှေ့ ပန်းခြံထဲ ဆင်းလာခဲ့တယ်…   တကယ်က သူများ အခန်းတွေက စိုက်ထားတဲ့ ပန်းအိုးတွေ ကို သက်သက် ဖလာကျိတ် ချင်တာ … နေရောင်လေး မပွင့် တပွင့် ဆိုပါတော့ …. မိုးက ရွာထားပြီးသား …သည်လို အချိန် ဒါ့ပုံရိုက်ကောင်းတယ်လေ… သိတဲ့အတိုင်း .. မိုးစက် လေး ဘာလေး တွေ့လို့ တွေ့ညား… အဟိ… နောက်တာပါ ..ကဲ တင်ပြီဗျာ.. အင့်..     ၁။ အဲ့သည့်နေ့က မိုးရွာတယ်.. f/3.2 1/80s ISO-3200 f-90mm             […]


Ma EiAugust 29, 20123min1498
စူဠာမုနိ လောကချမ်းသာ စေတီတော် နှင့် ရပ်တော်မူ ဘုရားကြီး … …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (7 )… တောင်ကြီးမြို့ပေါ် ဘုရားများတွင် ပထမဦးဆုံး စူဠာမုနိ လောကချမ်းသာ စေတီတော်သို့သွားရောက်ဖူးမျှော်ကြမှာဖြစ်ပါတယ်… စေတီတော်ကို 1994 ခုနှစ်တွင် ပုဂံမြို့ အာနန္နာဘုရားပုံစံတူ တည်ထားခဲ့ကြောင်းနှင့် ဘဒ္ဒကမာ္ဘတွင်ပွင့်တော်မူပြီးခဲ့သော ဘုရားလေးဆူအား ရည်မှန်း၍ ရပ်တော်မူဆင်းတုတော်ကြီးလေးဆူကို အာရုဏ်ခံမုဒ်များအတွင်းတည်ထားကိုးကွယ်ကြောင်းသိရှိရပါသည်။ အတွင်းလှိုဏ်ပတ်လမ်းများတွင် မဟာဗုဒ္ဒဝင်လာ ဇာတ်တော်များကို လက်ရာမြောက်စွာ ပုံဖော်ထားသည့် အုတ်ကွက်များကိုတွေ့ရှိရ၍မှတ်တမ်းတင်ခဲ့ပါသည်။ရင်ပြင်တော်မှ တွေ့မြင်ရသော တောင်ချွန်းအလှသည်လည်း တောင်ကြီးမြို့ကို ပိုမိုလှပတင့်တယ် စေခဲ့ပါသည်။ စည်ကားလှသော တောင်ကြီးမြို့ မီးပုံးပျံပွဲတော်ကို စေတီကုန်းတော်အောက်ဖက်ရှိ မြေပြန့်တွင် ယခင်က ကျင်းပခဲ့ကြပါသည်။ များပြားလှသော လူအုပ်ကြီးနှင့်အတူ တိုးဝှေ့သွားခဲ့ရပြီး စေတီကုန်းတော်ပေါ်မှနေ၍ မီးပုံးပျံများကို ကြည့်ရှုပျော်ရွှင်ခဲ့ရသည်များကိုလည်း အမှတ်ရမိခဲ့ပါတယ်…   […]


      12 တူသလိုလို မတူသလိုလို   “တိမ်တောင်သက်တန့် မန္တလေးနန်းမြို့ရိုးနှင့်ကျူံးရေပြင်”     ဒီနှစ် မိုးတွင်းက မြန်မာပြည်အနှံ့ရေကြီးနေပေမယ့် မန်းလေးမှာ မိုးမရွာ။ အုံ့တယ်ဆိုရုံလေးအုံ့တဲ့ရက်တွေများပါတယ်။ အခုရက်မှာ မန္တလေးမြို့မှာ ကောင်းကင်ကကြည်လင်တဲ့အပြင်တိမ်တွေကလဲအတော်လှပါတယ်။ ကောင်းကင်ထက်မှာလေသိပ်မတိုက်တဲ့အတွက် တိမ်တွေက ကြာကြာနေပါတယ်။ ညနေခင်းမှာဆို တိမ်တောင်ထု ဖြူဖြူတွေမြင်ရတာ ကြည်နူးစရာ။ တစ်ရက် နန်းရှေ့ဘက်က ပြန်အလာ တောင်ဘက်ကျုံးလမ်းရောက်ချိန် နန်းမြို့ရိုးဘက်ကြည့်လိုက်တော့ အင်မတန်လှပတဲ့တိမ်အခင်းကို မြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲ ဆိုက်ကယ်ကိုရပ်လို့ ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ တိမ်အဆုပ်ဆုပ်အလွင့်လွင့်နောက်ခံနဲ့ နန်းမြို့ရိုးပုံလှလှလေးတွေရလိုက်ပါတယ်။ နောက်ရက်မှာတော့ အနောက်ကျုံးလမ်းအတိုင်း မြောက်ပြင်ဘက်ကိုအသွား တိမ်တောင်ထု တစ်ခုတည်နေပုံကလှပ။ တိမ်လေးတွေရယ် မြို့ရိုးပေါ်မှာပေါက်နေတဲ့ထန်းပင်အုပ်တွေရယ်တွဲလို့ဓါတ်ပုံရိုက်နေတုန်း သက်တန့်ကွေးကွေးလေးက ရုတ်တရက်ပေါ်လာပါတယ်။ ကျနော်မှာဓါတ်ပုံရိုက်လို့မဝနိုင်အောင်ဖြစ်ခဲ့ရသပေါ့။ အင်မတန်လှပသော ကျက်သရေရှိသောပုံလေးများလည်းရခဲ့ပါတယ်။   ကျနော်တို့မြန်မာနို်င်ငံမှာတော့ ရှေးအမွေအနှစ်အဖြစ် မပျောက်မပျက်ရှေးမူရင်းအတိုင်းကျန်ခဲ့တာကတော့ […]


kotun winlattAugust 29, 20123min26428
မနေ့က ကျနော်တို့ရွာကို ဖြတ်သန်းသွားတဲ့ မန္တလေး မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ညနေပိုင်းကို လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်…။ မီးရထားလမ်းရဲ့ ဘေးဘက်မှာ စပါးပင်တွေကစိမ်းစိမ်းစိုစို အရှေ့ဘက်က မင်းဝံတောင်တန်းကြီးက ပြာမှိုင်းမှိုင်း ညနေချိန် အိမ်တန်းပြန်ငှက်တို့ကလည်း ကောင်ကင်ပေါ်က တိမ်တိုက်တွေနဲ့ အတူ စိတ်ချမ်းမြေ့စရာကောင်းလှ၏။ မီးရထားသံလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လတ်ဆတ်သော လေကို ရှုရှိုက်လိုက်ပြီး ရှု့ခင်းတွေကို ငေးမောကြည့်နေမိသည်။ ကင်မရာပါမလာသည့် အတွက် ညနေခင်း အလှတွေကို ကြည့်ရှုခံစား ငေးမောပြီးသာ နေရလေသည်..။ နောက်တစ်နေ့ ညနေမှ ကင်မရာယူလာပြီး ပုံလေးတွေကို ရိုက်ဦးမည်ဟု အားခဲထားခဲ့သည်….။ ဒီနေ့တော့ ကင်မရာကိုယူပြီး ကျနော်လမ်းလျှောက်ထွက်လာခဲ့သည်။ မီးရထားသံလမ်းတစ်လျှောက် လျှောက်လာနေရင်း ညနေပိုင်း အိမ်ပြန်လာသူ အထမ်းသမားမိန်းမကြီးနှစ်ယောက်ကို တွေလိုက်ရသည် တိမ်တိုက်တွေ တောင်တန်းပြာတွေနှင့် ပနံသင့်နေသည်မို့ ဓာတ်ပုံတစ်ပုံရိုက်လိုက်မိသည်။ ဆက်လျှောက်လာတော့ လမ်းလေးကဖြောင့်နေပြီး […]


                        “ကြာ……………လွမ်းချင်း”     အခုရက်ကတော့ ပန်းတွေရော ရူ့ခင်းပုံတွေရောအတော်လေးရိုက်ဖြစ်ပါတယ်။ တစ်ည မိတ်ဆွေတစ်ယောက်နဲ့စကားပြောရင်း ကြာပန်းပုံလေးမရှိဘူးလားလို့မေးလာပါတယ်။ “ရှိပါတယ် တစ်ရက်တော့စောင့်ပေး”လို့အကြောင်းပြန်လိုက်ပါတယ်။ သိပ်မကြာခင်ရက်ကဘဲ မြန်မာ့ပန်းတွေကို စံနစ်တကျ စုဆောင်း နေတဲ့ဆရာမကြီး TTNU အတွက်ပန်းတွေစုပေးထားတော့ ကြာပန်းပုံတွေက အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် ဆရာမကြီးကို အမြန်သာပေးလိုက်ရတယ် မစုံသေးဘူးဆိုတာအလိုလိုသိနေပါတယ်။ သေချာတာတစ်ခုက ကြာပန်းကို ကျနော်ရန်ကုန်မှာသုံးကြိမ် နဲ့မန်းလေးမှာ တစ်ကြိမ် ထဲဘဲရိုက်ဘူးတယ်ဆိုတာပါ။ ရန်ကုန်မှာ ပထမအကြိမ် 2011 ရောက်တုံးက မရိုက်ဖြစ်ပါဘူး။ ကျနော်ရန်ကုန်ရောက်ချိန် ကန်တော်ကြီးထဲမှာ ကြာမပွင့်သေးပါဘူး။ ကျနော်အရင် မဝေ က ကန်တော်ကြီးထဲက ကြာပန်းခင်းကိုရိုက်တင်ထားတာတွေ့ဘူးပါတယ်။ ဒုတိယတစ်ခေါက် 2012ဇန်နဝါနီလဆန်းကြာပန်း နီနီလေးတွေကို ကန်တော်ကြီးမြောက်ဘက်ခြမ်းက တံတားနားလေးမှာရိုက်ခဲ့ပါတယ်။ အတော်လေးကို နှစ်သက်စရာကောင်းတဲ့ပုံလေးတွေလို့ခံစားရပါတယ်။ […]


si toneAugust 27, 20121min31815
အဲဒီ ရုပ်ရှင်ထဲမှာ နာမည်ကြီး မင်းသမီးတွေ ပါတယ်…. Demi Moore နဲ့ Miley Cyrus ဒီဇာတ်လမ်းလေးက ခယ်ကျော်သက်အချစ်ဇာတ်လမ်း နဲ့ မိဘ တွေရဲ့ဇာတ်လမ်းေလေးပါ အရမ်းကောင်းပါတယ်…… ဒီဇာတ်လမ်းလေးက shopping ထွက်တာဝါသနာ ပါပြီး အဲဒီကောင်းမေလေး ရဲ့ ဈေးဝယ်ချင်းဒုက္ခလေးတွေပါ…… တကယ်ကြည့်ကောင်းပါတယ်…. ဒီကားလေးက တကယ်ကိုကြည့်လို့ကောင်း တဲ့ drama ရုပ်ရှင်ကားလေးပါ Si Tone တင်ထားတဲ့ ရုပ်ရှင်လေးတွေကို ရွာထဲက သူငယ်ချင်းတွေကိုကြည်စေချင်တယ်.. Si Tone ကိုခင်ရင် ကြည့်ကြပါနော်…..