Hlaing Zar ChiOctober 22, 20131min560
       ပခုက္ကူမြို့၊အမှတ်(၄)ရပ်ကွက်ရှိ သီဟိုဠ်ရှင်ဘုရားကြီး၏ သီတင်းကျွတ်ပွဲတော်နှင့် စာရေးတံမဲလောင်းလှူပွဲအား အောက်တိုဘာ(၁၉)ရက်နေ့နံနက်(၈)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။ဘုရားဂေါပကအဖွဲ့မှ ဦးဆောင်၍ ပင့်သံယာ (၁၁၂)ပါး အားပင့်ဆောင်ပြီး ဆွမ်းလုံးဆပ်ကပ်လှူဒါန်းပွဲပြုလုပ်ခဲ့ရာ သံယာ(၁၁၂)ပါးအား(၁)ပါးလျှင် ဆွမ်းလုံး(၁)လုံးစီဆက်ကပ်လှူဒါန်း ခဲ့သည်။ထိုနောက်တက်ရောက်လာကြသူများက မင်းကျောင်း ဆရာတော် ဦးကောဝိဒ ထံမှ ရေစက်ချတရာတော်များနာယူခဲ့ပြီး (၉)ပါသီလခံယူခဲ့ကြသည်။ အဆိုပါလှူဒါန်းပွဲသို့ ပခုက္ကူမြို့ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအေး၊ တပ်မ(၁၀၁)မှ ဗိုလ်ကြီး အောင်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး ဦးသန်းစိုးနှင့်အဖွဲ့၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်မင်းကြိုင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့ပေါ်ရပ် ကွက်များမှ ဆွမ်းလုံးအလှူရှင်များ စုပေါင်းအင်အား(၁၅၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 19, 20131min1320
မင်းတုန်းမြို့နယ် ၊ပေါက်ကိုင်းကျေးရွာနေ ဦးသောင်းရွှေနှင့်ဇနီးဖြစ်သူ ဒေါ်လှလှ တို့သည် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က နေအိမ်နောက်ဖေး ခြံစည်းရိုးတွင် သန့်ရှင်းရေးပြုလုပ်ခဲ့စဉ် ဗုံသီးဟောင်းတစ်လုံးတွေ့ရှိခဲ့သဖြင့် မင်းတုန်းမြို့မရဲစခန်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းအောင်နှင့်နယ်ထိန်းအဖွဲ့၊ စရဖ တပ်ကြပ်ကြီး ခင်ဦးနှင့်အဖွဲ့၊ဒေသ ခံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့်အတူသွားရောက်စစ်ဆေးရာ ဗုံးသီးဟောင်းသည် အလျား(၁၇)လက်မ၊လုံးပတ်(၁၁) လက်မခန့်ရှိကြောင်း ဗုံးမှာပြောင်ချော၍သံချေးများတက်နေကြောင်းစစ်ဆေးတွေ့ရှိရကြောင်း  အဆိုပါ ဗုံးပေါက်ကွဲမှုမဖြစ်စေ ရေး အတွက် သဲအိတ်များဖြင့်ကာရံထိန်းသိမ်းထားရှိကာ သက်ဆိုင်ရာ ခလရ(၄၄)မှ တပ်ရေးဗိုလ်ကြီး တင်မောင်ညွန့်ထံ ဆက်သွယ်    ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။


Hlaing Zar ChiOctober 19, 20131min350
ပွင့်ဖြူမြို့နယ် သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်း အောက်တိုဘာ(၁၆)ရက်နေ့ည(၁) နာရီ(၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားသဖြင့် တစ်ထပ်လူနေအိမ်(၁)လုံးနှင့်မြို့နယ်သစ်တောရုံးတစ်ခု မီး လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေည(၁)နာရီ(၅)မိနစ်ချိန်က ဝါယာရှော့ဖြစ်ပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းမီလောင်မှု ကြောင့် သစ်တောဝန်းအတွင်းရှိ မြို့နယ်သစ်တောဦးစီးမှူး ဦးသီဟစော နေထိုင်သည့် တစ်ထပ်နေအိမ်(၁)လုံးနှင့် တစ်ထပ်ခြေ တံရှည် မြို့နယ်သစ်တောရုံးတစ်ရုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၄၂၂၀၀၀)ရှိကြောင်း အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်(၂)စီး၊အရန်မီးသတ်တပ်ဖွဲ့မှမီးသတ်ယဉ်(၁)စီး၊နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ လူအင်အား(၇၀)ကျော်မှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြကြောင်းသိရှိရသည်။အဆိုပါ မီးလောင်မှုအား မြို့နယ်မီးသတ် တာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးရှိန်မင်းထက်မှအရေးယူပေးရန်တိုင်တန်းသဖြင့် မြို့နယ်သစ်တောဦးစီးမှူး  ဦးသီဟစောအား ပွင့်ဖြူမြို့မရဲစခန်းမှ (ပ)၇၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Thiha Phone MoOctober 19, 20131min440
မကွေးမြို့ ၊မြို့မရဲစခန်းတွင် အောက်တိုဘာ(၁၈)ရက်နေ့ နေလည်(၁)နာရီချိန်က ဗုံးဖောက်ကွဲမှုနှင့်ပက်သက်၍ အသိပညာ ပေးရှင်းလင်းေဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူုး ကျော်ဝင်းချစ် မှ ဗုံးပေါက်ကွဲမှု များနှင့်ပက်သက်၍ပြည်သူများသိသင့်သည်များအားရှင်းလင်းပြောကြားရာတွင် မသမာသူများ၊ဗုံးဖောက်ခွဲသူများ မိမိတို့ ဟိုတယ်၊ တည်းခိုခန်းများတွင်လာရောက်တည်းခိုနိုင်သဖြင့် လာရောက်တည်းခိုသူများအား စနစ်တကျစီစစ်လက်ခံရန် နှင့် တည်းခိုသူများ ၏ကိုယ်ရေးအချက်အလက်များပြည့်စုံစွာမှတ်တမ်းရယူထားရှိရန် နှင့် တည်းခိုသူများအား မှတ်ပုံတင် သက်သေခံအခိုင်အမာအ ထောက်အထားတစ်ခုခုမရှိဘဲ တည်းခိုခွင့်မပြုကြရန်၊ တည်းခိုသူများပြန်လည်ထွက်ခွာသွားပါက၎င်းတို့နေထိုင်သည့်အခန်းအား စနစ်တကျသေချာစွာစစ်ဆေးပြီးမှပြန်လည်လက်ခံရန်၊ မသင်္ကာဖွယ်ရာ တစ်စုံတစ်တစ်ရာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးကြရန် ဖြစ်နိုင်ပါက CCTV ကင်မရာများတပ်ဆင်အသုံးပြုကြရန် CCTV ကင်မရာများ တပ်ဆင်အသုံးပြုပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသည့် ဟိုတယ်နှင့်တည်းခို ခန်းများမှတာဝန်ရှိသူများအား စာအိတ်/ပါဆယ်ပုံးများနှင့်ပက်သက်ပြီး သတိပြုဆောင်ရွက်ရမည့်အချက်များ၊မသင်္ကာဖွယ်စာ အိတ်၊ပါဆယ်ထုပ်များတွေ့ရှိခဲ့ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များဖြန့်ဝေပေးကြောင်း အဆိုပါဟောပြောပွဲသို့ဟိုတယ်နှင့်တည်းခိုခန်းများမှ တာဝန်ရှိသူ(၁၂)ဦးတက်ရောက်ခဲ့ကြသည်။


Hlaing Zar ChiOctober 19, 20131min510
ပခုက္ကူမြို့ ၊အမှတ်(၆)ရပ်ကွက်ရှိ မလေးဆေးလိပ်ခုံတွင် အောက်တိုဘာ(၁၆)ရက်နေ့နေ့လည်(၁)နာရီချိန်က လင်မယားချင်း ရန်ဖြစ်၍ ဇနီးဖြစ်သူအား ကတ်ကြေးဖြင့်ထိုးသဖြင့် သေဆုံးမှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားဖြစ်သူ အောင်ဇော်ဦး မှ ဇနီးဖြစ်သူ မကြည်မော်အား ဆေးလိပ်လိပ်ရာတွင်အသုံးပြုသောကတ်ကြေးဖြင့်ထိုးသဖြင့် ဆေးလိပ်ခုံအတွင်း တစ်စောင်းအနေအထားဖြင့် ဝဲဘက်နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်နို့အုံအထက်တွင် ထိုးသွင်းဒဏ်ရာ(၁) ချက် ကတ်ကြေးတန်းလန်းဖြင့်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်ခင်ကြည် မှ အောင်ဇော်ဦးအားတိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရစခန်းမှ (ပ)၂၈၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားရာမှ အမှုမှ မကြည်မော်မှာ ပခုက္ကူဆေးရုံကြီးတွင် ဆေးကုသမှုခံယူ စဉ်သေဆုံးသွားခဲ့သဖြင့် ယခင် ပုဒ်မ ၃၂၆  ဖြင့်စစ်ဆေးနေရာမှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲအရေးယူထားကြောင်း သက်ဆိုင်ရာရဲ မှတ်တမ်းအရသိရသည်။


Hlaing Zar ChiOctober 19, 20131min450
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမြေအတွင်း အမျိုးသမီးတစ်ဦးကိုယ့်ကိုကိုယ်ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်ချိန်ကဖြစ်ပွားကြောင်းသတင်းရရှိသည်။ ထန်းကိုင်းရေနံမြေသို့အလုပ်လုပ်ရန် ဦးဇော်ဝင်း၏ညီမဖြစ်သူ မဝင်းဌေး၊အသက်(၃၉)နှစ်၊ ပြင်စလူမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ သက်ဆိုင်ရာ ထန်းကိုင်း ရေနံမြေလုံခြုံရေး ဒုရဲအုပ် မင်းသူအောင် နှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ မဝင်းဌေးသည် ထန်းကိုင်းရေနံမြေ ရှိ ဦးညိုကြီး၏ ယာတဲအတွင်းထုတ်တန်းတွင် အရှည်(၅)ပေ၊ လုံးပတ် တစ်မတ်လုံးခန့်ရှိ နှစ်ပင်လိမ်ချည်ကြိုး ဖြင့် လည်ပင်းတွင် ညိုမဲပွန်းပဲ့ဒဏ်ရာရရှိလျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အဆိုပါမိန်းကလေးသေဆုံးမှုနှင့်ပက် သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန် မင်းလှမြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်  ၁၃/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


best soundOctober 19, 20131min720
သူများစီးပွါး / အိုးအိမ်ကို ဖျက်စီးတဲ့ကောင်တွေကျတော့ လက်ထိပ်မလိုလား တရားခံကို လက်ထိပ်ခတ်ပိုင်ခွင့် ဥပဒေမရှိသော နိုင်ငံပြပါဆိုလျှင် မြန်မာနိုင်ငံကို ပြရပေမည် သို့ပါသောကြောင့် သမ္မတအမိန့်စောက်ဂရု စိုက်ရန်မလိုဟု ပြလိုက်ေိသာ RNDP နှင့် ၉၆၉ များသတ္တိကို ချီးကျူးရပေမည်လား ထို့ကြောင့် သိန်းစိန်နေရာအား RNDP မှအေးမောင်ကို အုပ်ချုပ်ခွင့်ပြုလိုက်ရန်အတွက် ပြည်သူတွေမှ မဲဆန္ဒပေးလိုက်ကြရန်သဘောတူလိုက်ပေါ့ အောက်လက်ငယ်သားများ နိုငငံဝန်ထမ်းများအား လည်း အိမ်တအိမ်တွင် မိဘအုပ်ထိန်းသူကို မကြောက်လျှင် လုပ်ချင်တိုင်လုပ်နေချင်တိုင်နေကြသည့် သား/သမီးများသဖွယ် ယခုမြန်မာနိုင်ငံ အစိုးရမှာလည်း ထိုအတိုင်ဖြစ်နေပါပြီ ဒါကြောင့် – – – ရှေ့လျှောက် အစ္စလာမ်များ သတိရှိကြရန် ==


Hlaing Zar ChiOctober 18, 20131min1780
တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားကျေးရွာနေ အသက်(၁၂)နှစ်အရွယ် သတ္တမတန်းကျောင်းသူသည် အောက်တိုဘာ (၁၇)ရက်နေ့တွင်  တောင်တွင်းကြီးမြို့နယ်ကျောင်းပေါင်းစုံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းဝင်အဖြစ် အောက်တိုဘာ (၄) ရက်နေ့မှ(၇)ရက်နေ့အထိပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မကွေးမြို့သို့သွားရောက်ခဲ့ရာ အောက်တိုဘာ(၆)ရက်နေ့ည(၉) နာရီချိန်ခန့်တွင် ထိုမိန်းကလေး ခေတ္တတည်းခိုနေထိုင်သည့် မကွေးမြို့ အခြေခံမူလတန်းကျောင်းသို့  ဘောလုံးအသင်းအုပ်ချုပ်သူ  အလယ်တန်းပြကျောင်းဆရာ ဆတ်သွားမြို့နေသူမှ မိန်းကလေးငယ်အားလှမ်းခေါ်ခဲ့သဖြင့် အဆောင်အောက်သို့ဆင်းခဲ့ရာ ဆရာမှ ကျောင်းသူမိခင်ရောက်ရှိနေသည်ဆိုပြီးလိမ်ပြောပြီး ဆိုင်ကယ်ဖြင့် မြသလွန် ဘုရားပွဲတော်သို့ခေါ် ဆောင်ခဲ့ပြီး ဘုရားဖူး ပြီးအပြန်လမ်းလျောက်လာစဉ် အမျိူးသမီးငယ်၏ ရင်သားအား ကိုင်ကြောင်း၊ ဟိုတယ်ခေါ်သွားချင်တယ် ပြောကြောင်း၊ဆိုင်ကယ် ဖြင့် အပြန်အမှောင်လမ်းကြား တစ်ခုသို့ အရောက်တွင် ဆိုင်ကယ်အားရပ်ပြီး မိန်းကလေးငယ်၏ဘောင်းဘီ အားဆွဲချွတ်ခဲ့စဉ် အခြားဆိုင်ကယ်မီးရောင်ကြောင့် ဘောင်းဘီအား ပြန်ဝတ်ပြေးခဲ့ကြောင်း၊ မိန်းကလေး တည်းခိုသည့် ကျောင်းသို့ ည(၁၁)နာရီချိန်ပြန်ပို့ပြီး မိန်းကလေးငယ်အား မည်သူမျှမပြောရန် အဆိုပါ ကျောင်းဆရာမှပြောကြားခဲ့သဖြင့် အဆိုပါမိန်းကလေးမှ […]


Thiha Phone MoOctober 17, 20131min540
ဇလွန်မြို့၊မေရီလမ်းရွာနေ မသန်မစွမ်းရဲဘော်ဟောင်း ဦးကြည်ဝင်း အသက်(၄၅)နှစ်သည် (၂၇)ကြိမ်မြောက်ဆီးဂိမ်းအ ကြိုအားကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ကိုယ်တော်တာဝေးစက်ဘီးစီးနင်းခြင်းကို အောက်တိုဘာ(၁၁)ရက်နေ့မှစတင်ပြီး ဇလွန်မြို့မှ ဟင်္သာတ ဟင်္သာတမှ မုံရွာ-ပုသိမ်လမ်းအတိုင်းစီးနင်းလာခဲ့ရာ မကွေးမြို့သို့ဧရာဝတီတံတားမှတစ်ဆင့် အောက်တို ဘာ(၁၄)ရက်နေ့နေလည်(၁)နာရီရောက်ရှိကာ မကွေးတွင်ရောက်ရှိတည်းခိုပြီး အောက်တိုဘာ(၁၅)ရက်နေ့နံနက်တွင်မကွေးမှ ကျောက်ပန်းတောင် -ကျောက်ပန်းတောင်းမှ-မြင်းခြံ မြင်းခြံမှမန္တလေး မန္တလေးမှနေပြည်တော် နေပြည်တော်မှပဲခူး ပဲခူးမှရန်ကုန် မြို့သို့အဆင့်ဖြတ်သန်းစီးနင်းသွားမည်ဖြစ်ကြောင်း စက်ဘီးစီးနင်းသူ ဦးကြည်ဝင်းမှပြောကြားသည်။


Thiha Phone MoOctober 17, 20131min660
ပခုက္ကူမြို့ ၊ အထက(၁)နှင့် အထက(၂)ကျောင်းတို့တွင် အောက်တိုဘာ(၁၅)ရက်နေ့နံနက်(၈)နာရီ(၃၀)မိနစ်ချိန်က အသက်မပြည့်သေးသောကလေးငယ်များအဓမ္မပြုကျင့်မခံရစေရေးနှင့်                         ယာဉ်/လမ်း စည်းကမ်းအသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ကြောင်းအစီအစဉ်အရ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး သန်းစိုး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးအောင် နှင့်                                            ပခုက္ကူ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်မိုးတို့မှအသီးသီးဟောပြောခဲ့ကြကြောင်း ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုမြင့်၊အထက(၁)ကျောင်းအုပ်ဆရာမကြီး                              ဒေါ်အေးအေးနိုင်၊ အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းရီ နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူစုစုပေါင်းအင်အား(၁၄၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 17, 20131min450
တောင်တွင်းကြီးမြို့နယ်၊ ဆည်ကြီးရွာနေ အသက်(၄၈)ရှိ အမျိုးသမီးသည် အောက်တိုဘာ(၁၅)ရက်နေ့နေ့လည်(၁)နာရီ ချိန်ကနေအိမ်၌ ထမင်းစားနေစဉ် ညီမဖြစ်သူရောက်ရှိလာပြီး တစ်ရွာတည်းနေ မောင်ဖြစ်သူ မိုးကျော်ဦးအား ယောက္ခမတော် သူ ဦးဖိုးလှ အသက်(၆၀)နှစ်မှ ဓါးဖြင့်ခုတ် တုတ်ဖြင့်ရိုက်သဖြင့်လဲကျနေကြောင်းပြောပြသိရှိရသဖြင့် ဒေသခံရာအိမ်မှူး ဦးကျော်စိုးမိုး နှင့်အတူသွားရောက်ကြည်ရှုရာ မိုးကျော်ဦး မှာ ဦးဖိုးလှ၏နေအိမ်လှေကားတွင်လဲကျနေသည်ကိုတွေ့ရှိရပြီး ဦးခေါင်းဝဲဘက်ဂျို စောင်း(၄)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ညာလက်မောင်းညိုမဲဒဏ်ရာ၊ညာပခုံးညိုမဲဒဏ်ရာ၊ညာနားအတွင်းသွေးထွက်ဒဏ်ရာ၊ညာ လက်သန်းနှင့်လက်ခလယ်ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိတွေ့ရှိခဲ့ကြောင်း မိုးကျော်ဦးမှာ၎င်းနှင့်ကွဲကွာနေသည့် ဇနီးဖြစ်သူအား သွားရောက်ခေါ်ယူစဉ် ယောက္ခဖြစ်သူ ဦးဖိုးလှနှင့်စကားများရန်ဖြစ်၍ ဦးဖိုးလှမှဓါးဖြင့်ခုတ် တိုတ်ဖြင့်ရိုက်ကြောင်းပြောပြသိရှိရသ ဖြင့် ဦးဖိုးလှအား အရေးယူပေးရန် မဌေးမြင့် မှတိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားနယ်မြေရဲစခန်း မှ (ပ)၁၂၄/၁၃၊ ပုဒ်မ ၃၂၅ / ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသက်ဆိုင်ရာရဲမှတ်တမ်းအရသိရသည်။


Hlaing Zar ChiOctober 17, 20131min710
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၁၉)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသမီးအား အမျိုးသားတစ်ဦးမှအလိုမတူဘဲ သားမယားပြုကျင့်မှု အောက်တိုဘာ(၁၆)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့ညနေ(၅)နာရီချိန်က ပွင့်ဖြူမြို့နယ်နေသူ ကျော်လှိုင်သည် သမင်ခြံကျေးရွာမြောက်ဘက်ရှိ ဘောလီဘော ကွင်း၌ရောက်ရှိနေစဉ် စိတ်ကျန်းမာရေးမကောင်းသည့်ညီမဖြစ်သူအား လူတစ်ယောက်မှ သင်္ချ ိင်းအတွင်းသို့ဆွဲခေါ်သွား ကြောင်း တစ်ရွာတည်းနေ ကိုစန်းဦးမှပြောပြသိရှိရသဖြင့် တစ်ရွာတည်းနေ ကိုကျော်ဝင်း၊ကိုပေတူးတို့နှင့်အတူလိုက်လံရှာဖွေ ခဲ့ရာ သမင်ခြံကျေးရွာ သင်္ချ ိုင်းအတွင်းရှိ အုတ်ဂူဘေးတွင် ညီမဖြစ်သူအား ဘိုအေး အသက်(၄၀)နှစ် ပွင့်ဖြူမြို့နယ်နေသူမှ သားမယားအဖြစ်ပြုကျင့်နေသည်ကိုတွေ့ရှိရသဖြင့် စိတ်ကျန်းမာရေးမကောင်းသည့်ညီမဖြစ်သူအား သားမယားပြုကျင့်ခဲ့သူ ဘိုအေး အားအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ လယ်ကိုင်းနယ်မြေရဲစခန်းမှ (ပ)၄၄/၂၀၁၃ ၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။


oapsoe kyiOctober 17, 20131min720
မှိုတစ်ပွင့်မှမပွင့်တဲ့အရပ်ဒေသမှာ မိုးတစ်ရာသီကုန်သွားပြီ နေရောင်ခြည်ရဲ့ အလိုတော်အတိုင်းဘဲလေ ရေအိုင်တစ်ခုလိုနေထိုင်ခွင့်လေးပါဘဲ ရွှေငါးတွေက ဟိုး အစကတဲက မရှိခဲ့တာမဟုတ်လား သံလိုက်အိမ်မြှောင်ကို နှိုးစက်ပိတ်လိုက်တယ် စစ်ထားတဲ့ရေနဲ့ စစ်ထားတဲ့ အမှိုက်တွေကြား ကွဲနေတဲ့ ဖန်ခွက်တစ်လုံးရဲ့ရာဇဝင်အရ… အဲ့ဒီတိတ်ခွေဟာ အဲ့ဒီအခန်းမှာ ဇာတ်သိမ်းခဲ့ပါတယ် ။ (အုပ်စိုးကြီး)