မောင် ပေAugust 31, 20131min2664
မ င်္ဂ လာ ပါ ခင် ဗျာ ။ မ င်္ဂ လာ အ ပေါင်း နဲ ့ ခ ညောင်း တဲ့ စ နေ ည က တော့ ငွေ ရ ဖို ့ ဆို သ လို လို အား လပ် ည တစ် ည အ ဖြစ် ၊ အန် တာ တိန်း မန် ့လို ့ ခေါ် နိုင် တဲ့ ဘော ပွဲ များ နဲ ့ အ တူ ရောက် […]


– – – – – ==================================== ဘယ်သူတွေ ဘယ်လောက်ဖြုန်းဖြုန်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို မဲပြာပုဆိုးလို ဖြစ်စေခဲ့သူတွေကပဲ သရဲနီဟန်ပန် နဲ့ တပွဲစီမှန်မှန် ချီတက်မှာလား။ ဒါမှမဟုတ်… ချီလီသား အင်ဂျင်နီယာရဲ့ အညှိုးအနာတထောင်နဲ့ မိုးပြာရောင်တွေကများ ဂိုးဆာလောင်နေကြမလား။ ဘောလုံးရာသီ မစသေးပေမဲ့ မော်ရင်ဟိုကို မြင်ရုံနဲ့ ပျော်ချင်သလိုလို ရင်ခုန်ခဲ့ပြီ။ မယိုင်မလဲ ခြင်္သေ့ပြာများ နိုင်ပွဲ အစဉ်တွေ့မှာလား။ ဝယ်ပါတော့ကွယ်… ဖလားလက်မဲ့ဘဝနဲ့ တအားရှက်ခဲ့ရတာ များပြီမို့ အမြောက်တပ်သား အာဆင်နယ် တွေကို တခေါက်ထပ်မမှားဖို့ မှာချင်တယ်။ စပါးဆိုတဲ့ ဖျက်မြင်း၊ ဘေးလ်း ဆက်မနေရင်လည်း အသက်ပြင်းပါစေ။ ဆော်လဒ်ဒိုးရဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို မြွေဖမ်းပြီး ဝှိုက်ဟတ်လိန်းမှာ လိုက်အမှတ်သိမ်းနိုင်ပါစေ။ မသွားပါနဲ့ ဆွာရက်ဇ်ရေ ပြီးတော့ […]


myanmar oscarAugust 24, 20131min1314
ယခုလအတွင်း ဖြစ်ပေါ်နေသောသတင်းလေးတခုကြောင့် ကျွန်တော် Sky Net လေးရောင်းတော့မည်။ ယခင်နှစ်တုန်းကလဘဲ ဂြိုလ်တုပြောင်းလို့ဆိုပီး ထိပ်ဖူးလေး လဲလိုက်ရတယ် အလကားတော့ဟုတ်ဖူးနော် (ဂဝ၀၀)ကျပ် ပေးလိုက်ရတယ် 5 Moive အဆက်အသွယ်ဖြတ်ပြီး၊ သက်တမ်းဆက်တိုးထားလိုက်တယ်။အခု လာပီ Skynet က အမျိုးအစားကို နှစ်မျိုးခွဲလိုက်ပီ တစ်ခုပဲယူယူ၊ နှစ်ခုစလုံးယူယူ ကြေးတွေလဲမြင့်လိုက်တယ်၊တော်ပီ ဘောပွဲမကြည့်ရရင်နေပါ စေတော့၊ ဦးရာလူစနစ်ဖြင့် Sky Net ကို ရောင်းလိုက်တော့မယ်၊ လာထားနော်…လာထား၊ ဟော့ဒီက Skynet ရမယ်………….


ခုတလောတမျိုးကြီးပဲ။ ဘယ်နေရာကြည့်ကြည့်။ ဘာပဲလုပ်လုပ်။ တမျိုးကြီးပဲ။ ငြိမ်ချက်သားကောင်းနေသလိုလို ဘာလိုလို။ ညာလိုလိုနဲ။ ” မုန်တိုင်းတိုက်ခက်နေချိန်တွင် ရုတ်တရက်ငြိမ်သက်သွားပါက မုန်တိုင်းမျက်စေ့သည် သင့်ဒေသ ၌ရောက်နေပြီဖြစ်၍ ပြင်ဆင်စရာရှိ တာပြင်ဆင်၍ ပြင်းထန်စွာတိုက်ခက် လာမည့်အချိန်ကိုစောင့်နေပါ” တဲ့။ ခုလဲ ခုလဲ ။ တခုခုတော့ တခုခုပဲ။ ဘာမှမဟုတ်ဘူး ဘာရယ်မဟုတ် လျောက်ရေးတာ။ အရေးလုပ်ပြီးဖတ်မနေနဲ့ ဟီးးးးးး


alinsettAugust 21, 20132min24411
ကျွန်တော်  မော်ဒန် စာပေဆိုင်ရာ အချက်အလက်တွေ … အတွေးအမြင်တွေကို   စ လေ့လာချိန်မှာ… ပထမဦးဆုံး ဖတ်ခဲ့တဲ ့ စာအုပ်လေးပါ ။ ဖတ်ဖူးသူတွေ လည်း ရှိပါလိ်မ့်မယ် ။ မဖတ်ရသေးသူတွေ ရှ်ိရင် ဖတ်ဖို ့…. ဖတ်ပြီးသူတွေ..ပြန် ဖတ်ချင်ရင် ဖတ်ဖို ့.. ပြန် ဝေမျှပေးလိုက်ပါတယ်နော် ။ ဆရာတာရာမင်းဝေ ဟာ.. သူများမတွေးတဲ ့ထောင့်လေးတွေကနေ ေ တွးတတ်ရေးတတ်လို ့… သူ ့ အယူအဆတွေ ဖတ်ရတာ.. စိတ်ဝင်စားဖို ့လည်းကောင်းသလို… ရသမြောက်အောင် ရေးတတ်တဲ့ပညာမှာလည်း.. ပါရမီပါသူတစ်ယောက်မို ့… ဖတ်ရတာ  တော်တော်အရသာ ရှိတဲ ့ စာပေလက်ရာတစ်ခုပါ ။ စာပေအနုပညာဆိုင်ရာ ဆောင်းပါးတွေ… စုစည်းထုတ်ဝေ ထားတဲ […]


၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့… ကျွန်တော်တို့ ဒါဇင်ပလပ်စ်လို့ အမည်တွင်တဲ့ ပညာရေးပရဟိတအဖွဲ့လေး… ကျွန်တော်တို့နဲ့ ကျွန်တော်တို့နဲ့ ရင်ဘတ်ခြင်းထပ်တဲ့အလှူရှင်တွေရဲ့ ချွေးနည်းစာကဖြစ်လာတဲ့ စေတနာသဒ္ဒါတရားအလှူလေးကို… ရွှေပြည်သာမြို့နယ်… ချင်းတွင်းလမ်းနဲ့ မဲခေါင်လမ်းထောင့်၊ ၆/၁ဝ ရပ်ကွက်မှာတည်ရှိတဲ့… မြို့ဦးထန်းတပင်ကျောင်းမှာ ဒါဇင်ပလပ်စ်ရဲ့လစဉ် ပညာရေးအလှူလေးကို သွားရောက်ပြုလုပ်ဖြစ်ခဲ့ပါတယ်…                               မြို့ဦးထန်းတစ်ပင်ကျောင်းလေးကို ၁၉၉ရ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား (၁၄)ဦးနှင့်စတင်ခဲ့သောကျောင်းလေးဟာ… အခုအခါမှာ ကျောင်းသားပေါင်း (၁၃၀) အား သင်ကြားပြသပေးနေသော ကျောင်းလေးတစ်ကျောင်းဖြစ်ပါသည်… မူလတန်းအဆင့်တွင် ကျောင်းသား (၅၀)နီးနီးရှိပြီး… ပထမတန်းမှ စတုတ္တတန်းအထိ ပျမ်းမျှကျောင်းသားအရေအတွက် (၃၀)စီခန့်ဖြင့် နေ့စဉ် […]


alinsettAugust 20, 20131min2319
ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ (တာရာမင်းဝေ) “ကံကြမ္မာဆိုတာ ဘာလဲ”ဟု အသေအချာ မသိသေးသော အချိန်ကပင် ကံဆိုးခြင်းတရားကို ကျွန်တော် ခပ်ဖျော့ဖျော့ ခံစားခဲ့ရဖူးလေသည်။ လေးတန်းအရွယ် ကျောင်းမှာ ပျော်ပွဲစားလုပ်ကြစဉ်က ဖြစ်၏။ အခြားကျောင်းသားကျောင်းသူလေးများ အားလုံးမှာ ဆရာမများ ချက်ကျွေးသော ငါးကို ဥကြီးကြီးဖြင့် စားရလေ၏။ တစ်ကျောင်းလုံးမှာ ကျွန်တော်တစ်ယောက်တည်း ဖောက်ပြီး ဥမပါသော ငါးကို စားရလေသည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်ထဲမှ ငါးကို ငုံ့ကြည့်လိုက်၊ သူများပန်းကန်ထဲမှ ငါးကိုကြည့်လိုက်ဖြင့် မကျေမနပ် ဖြစ်နေမိ၏။ သူငယ်ချင်းများက `ကရော်… ကရော်´ဟု ဝိုင်းစကြသောအခါ `ဘာဖြစ်လဲ… ဥမပါတော့ ပိုကောင်းတာပေါ့… ငါ့ ငါးက အပျို…´ ဟု ပြန်ပြောလိုက်၏။ ဆရာမများက ဝါးခနဲ ဝိုင်းရယ်ကြသည်။ ထိုအဖြစ်အပျက်ကလေးသည် သူတစ်ပါးအတွက် ဘာမှမဟုတ်ခဲ့၊ အရေးမပါခဲ့သော်လည်း […]


nicolus agralAugust 18, 20131min2549
ကိုယ်က ရန်ကုန်သားမို့လို့ အရေးအခင်းအကြောင်းရေးရင် ရန်ကုန်မြင်ကွင်းကျယ်တွေချည့်ပဲ သရုပ်ဖော်သလို ဖြစ်နေပေမယ့်လည်း တကယ်တမ်းတော့ တို့အရေးသံတွေဟာ မြန်မာနိုင်ငံ တနံတလျားလုံး ပျံ့နှံ့သွားခဲ့တာပါ။ အညာကလူတွေနဲ့ စကားစပ်မိရင် ရွာမှာတောင် တို့အရေး ဖြစ်ခဲ့သတဲ့။ ဒီလိုဆို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လို့တောင် ပြောလို့ရသပ။ သူတို့အဖြစ်က ပိုတောင်ရယ်ရသေး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်၊ တီဗီကသတင်းတွေကလည်း မယုံရတဲ့နောက် သူများအော်လို့သာ လိုက်အော်ချင်တာ ဘာတွေ အော်ရမှန်းလည်း မသိဘူး။ မြစ်နား အနောက်ဘက်ကမ်းက ရေနံချောင်းဘက်ကို “ဟေး။ သည်နေ့ ငါတို့ ဘာတွေ အော်ကြရမှာတုန်း။” လို့ လှမ်းမေး၊ ဟိုဘက် သည်ကနေ့တော့ ဒါတွေ ဒါတွေ အော်ကြရမှာ လို့ သိတော့မှ ကိုယ့်ချင်းကိုယ်ချင်း ဇာတ်ပြန်တိုက်။ တို့အရေး သုံးခါပြီးရင် အောင်ရမည် တစ်ခါ […]


ၾကယ္ တာယာAugust 18, 20131min2137
နေရာတွေဘယ်လောက်ပဲဝေးကွာနေပါစေအုံးတော့.. အချစ်တွေရင်မှာအမြဲရှိနေတာ………မို့ သေလောက်အောင်လွမ်းနေရလည်း ဖြေသာပါတယ်.မောင်   မောင် နင်လဲလွမ်းနေမှာမို ့လေ.. မသိတဲ့ဝေးကွာချင်းဆိုပေမယ့်လဲ ဘယ်နေရာကြည့်ကြည့်မင်းရှိနေတာမို ့ငါ ပျော်ပါတယ်..အမြဲတမ်းပေါ့… ဒါပေမယ့်. .ငါ့မှာသာတောင်ပံလေးတစ်စုံရှိခဲ့ရင်…. ငါအပျံသန်းချင်ဆုံး..နေရပ်က မောင်…ရှိမယ့်အရပ်ပဲဖြစ်လိမ့်မယ်….(တကယ်)။


nicolus agralAugust 18, 20131min28012
“ကျားမြီးဆွဲမိသလို” ဆိုတဲ့ စကားကို ခုအချိန်မှာ နားအလည်ဆုံးပဲ။ “ဒီလိုရက်မျိုးမှာ စာလေးတစ်ပုဒ်လောက် ဖတ်ရရင်ကောင်းမှာပဲ။” ဆိုတဲ့ စာကလေးတစ်ကြောင်းကြောင့် အခုတော့ ဘယ့်နှယ်ရှိစ။ ရပ်လို့ကို မရတော့ဘူး။ ဒီအချိန်ကျမှတော့ လွှတ်လို့လည်း မဖြစ်တော့ဘူး။ ကိုယ့်ပြန်လှည့်ကိုက်တော့မှာ။ အရှုပ်ထဲမှာ အထုတ်အဆွဲမတော်လို့ ကုပ်ဆွဲတော်မူသွားမှ ရေးလက်စစာကလေးတောင် အပြီးသတ်နိုင်ဖွယ်မမြင်။ ဖြစ်သေးပါဘူး။ ရှော့ခ်ရှိတာလေးတွေ ခွေကာပတ်ကာ တိမ်းထားပြီး လွတ်လွတ်ကင်းကင်း အစလေးတွေ ဟိုဘက်ကလှည့်ထုတ်လိုက် သည်ဘက်ကလှည့်ထုတ်လိုက် ထုတ်နေရတယ်။ အောင်းထားတဲ့ အလုံးကြီးတွေကို အဆုံးသတ်ကာနီးမှ အုန်းကနဲပစ်ချပြီး ဝှစ် ဝှစ် ဝှစ် လုပ်ရကောင်းမလား စဉ်းစားနေတယ်။ ပြောထားပါပကော။ ပဲကြီးမနိုင်ပဲ ဖင်ဟင်းစားနေမိပါတယ်လို့။ ၈၈ အရေးအခင်းအကြောင်း သရုပ်ဖော်တဲ့နေရာမှာ ဘယ်လိုပဲ ရှောင်ကာတိမ်းကာ ရေးသားနေစေကာမူ ချန်ထားခဲ့လို့ ဖြစ်ကိုမဖြစ်တဲ့ အကန့်တစ်ကန့် ရှိသေးတယ်။ အဲဒါကတော့ […]


“စာရေးဆရာ သတိထားပါ ” ” ဟုတ်ပါ့ ရှင် နာမည်တွေကို အပြင်ကလူတွေနဲ့တွဲမှတ် ပေါ့ ” “ဟုတ်ပါ့ ဗျာ အဖေ စာတွေက အပိုင်း (၁) မှာကတည်း ကစမှားနေတာ” O M G မှတ်ချက်များက ပြင်းထန်လှပေသည်။ သချာင်္မှားတုန်းက ဆရာမ၏ ကြိမ်စာကိုသတိရမိသည်။ နာလိုက်သည့်ဖြစ်ခြင်း။စပ်လိုက်သည့်ဖြစ်ခြင်း။ ဤ နာခြင်း စပ်ခြင်းသည် ကျနော့် အားအမြဲဂရုတစိုက်နှင့် နောက်အမှားကင်း (နဲ)သောကျောင်းသားတစ်ဦးအဖြစ်သို့ တွန်းပို့ပေးသော အရာဖြစ်ခဲ့သည်။ အမှန်တော့ ဤ ” ချစ် ချစ် ချစ် ” ဇာတ်လမ်းသည် ကျနော် ၏စိတ်ကူးယဉ် ဇာတ်လမ်းတခုမျှသာဖြစ်သည်။ အားသည့် အချိန် ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုး သီးချင်းနားထောင် လိုက် ဂိမ်းဆော့လိုက် နောက် […]


nicolus agralAugust 16, 20131min1912
အစကတည်းက ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ပဲကြီးမနိုင်ပဲ ဖင်ဟင်းမစားဘူးဆိုပြီး ကျောင်းသားနိုင်ငံရေးလောကမှာ ပွဲကြည့်သူသက်သက် အားပေးသူသက်သက်အဖြစ်သာနေခဲ့ပေမယ့် ဇာတ်ခုံပေါ်ကကြတဲ့အခါ ဆရာသမားများရဲ့ မြန်မာ့မူမြန်မာ့ဟန် မြန်မာ့စရိုက်တွေ ပေါ်လာတာတွေကို မသိချင်ယောင်ဆောင်လို့ မရခဲ့ပါဘူး။ ဘာပြောကောင်းမလဲ။ ဝက်ဝက်ကို ကွဲတာပေါ့။ တစ်ခုတည်းရှိတောင် တဝက်စီကွဲတတ်တဲ့ အကျင့်ကို ပြောတာလေ။ သည်လူနဲ့သည်လူ ချိုမိုင်မိုင်ကက ရောင်စုံဘောလုံးဆိုဆို မျက်စိစုံမှိတ်ပြီး ဩဘာကျအောင် အားပေးပါမယ်ဆိုမှ သူတို့ခမျာ အချင်းချင်းထသတ်နေရတာနဲ့ ဘာစကားမှ ဟုတ်ဟုတ်ငြားငြား မပြောမဟောနိုင်ဘူး။ မပြောလည်းနေပါ။ အဲဒါတွေက အနှစ်သာရရှိတာမှ မဟုတ်ပဲနဲ့။ သည်ဘက်နားကဝင် ဟိုဘက်နားကထွက်သွားမှာ။ ပရိသတ်အဆင့်ကလည်း ရှင်ကြီးဂေါတမလာဟောတောင် ကျွတ်တမ်းဝင်မယ့်သူ တစ်ယောက်တလေ မပါဘူး။ ဒါပေမယ့် တကယ့်အနှစ်သာရကိုတော့ အားလုံးရလိုက်ပြီးသား။ ကျောင်းသားတွေအားလုံး ဟိုတုန်းကလို နလပိန်းတုံး မဟုတ်တော့ဘူး။ နိုင်ငံရေး အသိအမြင်တွေ နိုးကြားလာကြပြီ။ သူတို့အားလုံး ဂျစ်တိုက်နေကြတဲ့ […]