Mon LayNovember 30, 20185min106814
ဝါးများကို ခြောက်ပြန်ဆက်ပြီး တည်ထားသောဘုရားကို ဘယ်လိုခေါ်လဲ..သိကြပါလား။ ❓ သိတဲ့သူလည်းသိကြမှာပါ။ မသိလည်းကိစ္စမရှိပါ။ မွန်လေးရဲ့ပို့စ်လေးကိုဖတ်လိုက်ရင်ဘယ်ဘုရားလဲသိသွားကြမှာပါ။ 😁 ဘုရားများတည်တဲ့အခါမှာ ဝါးတွေကို အဆင့်ဆင့်ငြမ်းဆင်ပြီး တည်ကြရပါတယ်။ အဲလိုငြမ်းဆင်ရပြီး ဝါးများကို ခြောက်ပြန် ဆက်ပြီး တည်ထားသောဘုရားကို “ခြောက်ထပ်ကြီးဘုရား”လို့ခေါ်ပါတယ်တဲ့။🙏 လူတွေကသာ ခြောက်ထပ်ကြီးဘုရားဆိုပြီး အတိုကောက်အဲလောက်နဲ့ခေါ်နေကြတာ..အမှန်တကယ်က ခြောက်ထပ်ကြီး. .နောက်မှာ ရွှေသာလျောင်းဆိုတာလေးပါပါတယ်။အပြည့်အစုံက ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားပါ။ မွန်လေး ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကို ဟိုးငယ်ငယ်ကလေးဘဝကတုန်းကခဏခဏရောက်ဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို အဲတုန်းက အမေက ကိုးနဝင်းဝင်တယ်လေ။ အဲတော့ ငါးထပ်ကြီးဘုရားရယ်၊ ခြောက်ထပ်ကြီးဘုရားရယ်၊ ကိုးထပ်ကြီးဘုရား တို့ကိုတစ်ပတ်တစ်ခါပုံမှန်သွားပါတယ်။ အမေကလည်းခေါ်ခေါ်သွားတော့ မျက်လုံးထဲမှာ လျောင်းတော်မူနေတဲ့ ဘုရားကြီးဆိုပြီး အမြဲမှတ်မိနေခဲ့တာပေါ့။ ခုအသက်တွေကြီးလာ၊ လုပ်ငန်းခွင်ဝင်နေရတော့ ၁နှစ်မှာ ၁ခေါက်တောင်မရောက်ဖြစ်တော့ဘူး။ 😔ဟိုတလောကမှ ဘုရားကို ကိစ္စတစ်ခုနဲ့လာတော့မှပဲ ရောက်ဖြစ်ခဲ့တော့တယ်။ #တည်နေရာ တာမွေဘက်က ဘတ်စ်ကားနဲ့လာမယ်ဆိုရင်တာမွေအဝိုင်းထိပ်အကျော် ခြောက်ထပ်ကြီးဘုရားမှတ်တိုင်မှာဆင်းလို့ရသလို […]


တရုတ်စာသင်ရိုး ၃တန်း ပထမနှစ်ဝက် ဖတ်စာအုပ်ထဲမှ စာပိုဒ်လေးတစ်တစ်ခုကို ဖတ်မိရာက ရေးစရာလေးတွေပေါ်ထွက်လာပါတယ်။ ရေးချင်တာလေးမရေးခင်မှာ စာပိုဒ်လေးကို အရင်ဘာသာပြန်ရရင် “စားပွဲခုံနဲ့ကုလားထိုင်တို့ အပြန်အလှန်ပြောစကား”      ကျောင်းဆင်းပြီ။ကျောင်းသား/သူတွေအားလုံး အိမ်ပြန်ကုန်ကြပြီ။စားပွဲခုံနဲ့ကုလားထိုင်တို့လည်း အနားယူလို့ရပြီ။ “အိုက်”(အာမေဋိတ်အသံ) ကုလားထိုင်တစ်လုံးက ခါးဆန့်လိုက်ကာ သူ့ဘေးက စားပွဲခုံကိုပြောလိုက်သည်။ “မင်းသိလား? ရှောင်မင် က နေ့တိုင်းငါ့ပေါ်မှာထိုင်ပြီး နှဲ့နှဲ့နေတယ်..ငါ့ပေါင်တွေဆိုတာ တကယ့်ကိုနာနေတာပဲ” စားပွဲခုံက ခေါင်းတညိတ်ညိတ်နဲ့ပြောတယ်။ “ဟုတ်တယ်..သူက ဓားလေးကိုသုံးပြီး ငါ့မျက်နှာပေါ်မှာ လျှောက်ခြစ်တယ်..ငါ့မျက်နှာတစ်ခုလုံးအရမ်းကြည့်ရဆိုးကုန်ပြီ” တစ်ခြားသော စားပွဲခုံနဲ့ကုလားထိုင်တွေကပြောတယ် “ငါတို့ရဲ့ပိုင်ရှင်ကတော့အရမ်းကောင်းတယ်..ငါတို့ကိုအရမ်းတန်ဖိုးထားတယ်” သင်ခန်းစာလေးက ဒါပါပဲ။ဒါလေးကိုဖတ်ခြင်းအားဖြင့် ၃တန်းအရွယ် ၉နှစ်ခန့် ကလေးတစ်ယောက်ရဲ့ဦးနှောက်ထဲကို ကုလားထိုင်တွေကိုမနှဲ့ရ၊စားပွဲတွေကို လျှောက်မခြစ်ရ၊ပစ္စည်းများကို တန်ဖိုးထားရမည်အစရှိသည်ဖြင့် ဆောင်ပုဒ်ဆန်ဆန်၊အမိန့်ဆန်ဆန် သင်ရိုးတွေနဲ့ အာဂုံဆောင် ရိုက်သွင်းနေမယ့်အစားယုတ္တိမရှိစေဦးတော့ သူတို့ဉာဏ်နဲ့လက်လှမ်းမီသလောက်သူတို့စိတ်ဝင်စားစေလောက်မယ့် ဒီလိုပုံတိုပတ်စ၊စာပိုဒ်လေးတွေကသာ ပိုထိရောက်မယ်ထင်ပါတယ်။သူတို့ရဲ့စိတ်ဝင်စားမှုကနေမှတဆင့် “ခုံလေးတွေ သနားပါတယ်..ငါနှဲ့ရင်ဖြင့် သူ့ခြေထောက်လေး နာလိမ့်မယ်..စားပွဲလေးသနားပါတယ် ငါလျှောက်ခြစ်လို့ ရုပ်ဆိုးသွားရှာမယ် […]


Mon LayNovember 17, 201813min2301
ပို့စ်လေးမရေးခင် မွန်လေးကိုယ့်ဖာသာအရင်မိတ်ဆက်ချင်ပါတယ်။ 😉 မွန်လေးကဝန်ထမ်းတစ်ဦးပါ..တစ်လကိုအစိုးရရုံးဖွင့်ရက် အတိုင်းလုပ်ရပါတယ်။ ဒါ့အပြင်အိမ်စီးပွားရေးကိုလည်း တစ်ဖက်ကနေကူညီနေရလို့..တစ်လတစ်လကိုနားတဲ့ရက်ကိုမရှိသ လောက်ကို မအားတဲ့သူတစ်ယောက်ပါ။ 😣အဲလိုနားရက်မရှိတော့ တစ်ခါတစ်လေ..စိတ်တွေအရမ်းရှုပ်လာရင်..relax ရမယ့်နေရာမျိုးကို ခရီးတွေထွက်ရင်ထွက်၊ မထွက်ဖြစ်ရင်.ရန်ကုန်မြို့တွင်းမှာ ဘယ်နေရာက relax လုပ်လို့ကောင်းလည်းရှာရော။ အဲမှာ ရန်ကုန်မှာ ကိုးရီးယားကနေလာဖွင့်ထားတဲ့ ချွေးထုတ်ခန်းကိုတွေ့ပါလေရော။ သွားကြည့်မယ်ကွာဆိုပြီး သွားတာခုဆို ဘယ်နှစ်ကြိမ်တောင်ရှိမယ်မှန်းမသိတော့ဘူး.. ရောက်ရောက်နေတာ။ 😁တကယ်ကိုစိတ်အပန်းလည်းပြေတယ်..အနားယူလို့ လည်းကောင်းတယ်။ ချွေးထုတ်လိုက်လို့ အသားရည်လည်းလှလာတယ်။😍 Ro လို့ကောင်းတဲ့နေရာလေးဆိုလည်းမမှားဘူး။ 💛💜 #တည်နေရာ🏛 တည်နေရာကတော့ ပြည်ထောင်စုလမ်းနဲ့ ပင်လုံလမ်းထောင့် (မဝတ မှတ်တိုင်အနီး)၊ မြောက်ဒဂုံမြို့နယ်ထဲမှာဖြစ်ပြီး  ဖုန်းနံပါတ် ဝ၉-၄၃၁၀၉၈၆၁ ကို ဆက်သွယ်နိုင်ပါတယ်။ #ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်🕛 ဒီဆိုင်ကို စတင်ပြီးဖွင့်လှစ်ခဲ့တဲ့နေ့ကတော့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဖြစ်ပါတယ်။ ဆိုင်ကိုလည်း ၂၄ […]


zaw linNovember 5, 20181min7646
ဖိုဘီကိတ်ရဲ့ ပုံလေးကိုကြည့် ရိုစီတာသီချင်းလေးကိုနားထောင် မန္တလေးမြို့ကြီးကိုလွမ်း ငါတမ်းတခဲ့ဘူးပါရဲ့။ ကျောင်းကိုအသွား အဖြူအစိမ်းလေးတွေကြား ခြေလှမ်းမှန်အောင်လျှောက် ပုဆိုးအထက်အောက်မှားတာကိုစ ငါအရှက်ရခဲ့ဘူးပါရဲ့။ မမတစ်ယောက် လူမြင်ကွင်းမှာစိတ်ဖေါက်လို့ ငါ့ပါးကိုနမ်း ရှက်သွေးဖြန်းဖြန်းထ အိမ်တွင်းပုန်းဘဝလည်းရောက်ခဲ့ဘူးပါရဲ့။ နယ်တကာသွား ကျားဆိုမှကျား တက်စုံရွက်ကုန်ဖွင့်ခဲ့တဲ့သကောင့်သား ခုများကျမှနောက်လှည့်ကြည့် အဖေါ်မရှိတဲ့အဖြစ် ချစ်တတ်တဲ့နှလုံးသား ယမုံနာတစ်ဖက်ကမ်းမှာထားခဲ့ရော့သလား အတိတ်တွေကိုပြန်ရစ် ရကော်ဒါလိုပြန်ရစ်လို့ရခဲ့ရင် ငါ့ရဲ့နှလုံးသား ပြန်ယူပေးကြပါလားဟင်


ko sixNovember 5, 20181min3943
^^^^^^^^^^^^^^^^^^^ ဆိုက်ကလုံးကို ဆာဟာရက အမြဲ ကြိုဆိုနေသလောက် ပင်လယ်မှာပဲ အသေခံတယ် မွန်းကြပ်လာတိုင်း ခေါင်းမော့ပြီးရှူခဲ့တယ် ငဲ့ညှာမှုသမိုင်းမှာ အောက်ဆီဂျင်ကတော့ ယောက်ျားချင်းဆုံသလို ခပ်ပါးပါး ခြေဖျားထောက်ပြီး ခူးခဲ့တယ် ဓူဝံကြယ်ဟာ မြောက်အရပ်ကို သစ္စာရှိနေတုန်း ဆရာဝန်ကတော့ တစ်ခါရယ်ရင် တစ်ရက်အသက်ရှည်သတဲ့။ ဒီလိုပါပဲ အမြန်လမ်းမကြီးပဲဖြစ်ဖြစ် ရိုးမတောပဲဖြစ်ဖြစ် မြစ်ဆုံအရပ်ပဲဖြစ်ဖြစ် ကာဗွန်တွေပဲ တထောကြီး သီးထနေတယ်။ အိပ်မက်ကတော့ ယပ်တောင်တစ်ချက် ယပ်တိုင်း အောက်ဆီဂျင်တွေ လွင့်နေတယ်လို့ မက်ကောင်းနေတုန်း။ ကိုစစ်


ko sixNovember 3, 20181min3302
ပလပ်စတစ်ကောက်တတ်သူနဲ့ ကြွပ်ကြွပ်အိတ် မသုံးသူဟာ ထောင့်မညီဘူး။ ကြယ်မြင်လမြင်ခေါင်မိုးနဲ့ မြေညီထပ်အခန်းဟာ ထောင့်မညီဘူး။ ရွံ့စေးလမ်းနဲ့ နိုင်လွန်ကတ္တရာလမ်းဟာ ထောင့်မညီဘူး။ လက်လုပ်လက်စား ကြမ်းခင်းနဲ့ ခရိုနီမွေ့ယာဟာ ထောင့်မညီဘူး။ ငယ်ငယ်ကအိပ်မက်နဲ့ အနာဂတ်မျှော်စင်တွေဟာ ထောင့်မညီဘူး။ ရိုးရိုးကျင့်တာနဲ့ မြင့်မြင့်မှန်းတာဟာ ထောင့်မညီဘူး။ နိမ့်ချနေတာနဲ့ နိမ့်ကျနေတာဟာ ထောင့်မညီဘူး။ အချစ်ဆိုတာနဲ့ မေတ္တာတရားဆိုတာ ထောင့်မညီဘူး။ လာခြင်းဟာ ပြန်ခြင်းနဲ့ ထောင့်မညီဘူး။ ဒီလိုပါပဲ ထောင့်မညီဘူးဆိုတာကိုက အနားတွေမှာပဲ အပြစ်ဖြစ်နေသလိုလို။ သက်သေပြတာတော့ မဟုတ်ပါဘူး။ တကယ်က မင်းရပ်နေတဲ့ ပထဝီဝင်နဲ့ ငါရပ်နေတဲ့ ရေကြောမြေကြောတွေက ထောင့်တွေညီမနေကြဘူးဆိုတာ မင်းမြင်သွားရုံလေး နင်းပြလိုက်တာပါ။ ကိုစစ်


Mon LayNovember 2, 201812min3651
ရာမညမြေလို့ပြောလိုက်ရင်..မော်လမြိုင်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ဆွဲဆောင်မှုရှိလှတဲ့သဘာဝအလှအပတွေနဲ ့ သာယာဖွယ်နေရာလေးတစ်ခုဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို ့လေးကို TV ထဲမှာတော့ ခဏခဏတွေ့ဖူးနေကျပါ။ ♥️☘🌸🍀ကမာ္ဘကျော်ကဗျာဆရာ Rudyard Kipling ကတောင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးတဲ့ သုံးရက်အတွင်းစပ်ဆိုခဲ့တဲ့ “By the oldMoulmein Pagoda” ဆိုတဲ့ ကဗျာထဲမှာမော်လမြိုင်ဒေသလေးက ပြီးပြည်စုံလှတဲ့ သဘာဝအလှတရားတွေနဲ့ပြည့် စုံနေကြောင်းကိုလည်းစပ်ဆိုရေးသားခဲ့ပါသေးတယ်။ အေးလှတဲ့ ဆောင်းတွင်းအခါသမယ ခရစ်စမတ်ကာလလေးမှာ အလည် သွားရောက်ဖို့ သင့်တော်အတွက်ကြောင့် ရုံးကဘယ်သွားကြမလဲလို့မေးလိုက်တော့မွန်လေးက မော်လမြိုင်လို့ပဲ ဖြေလိုက် တာပေါ့။ ✔️ရန်ကုန်ကနေသိပ်မဝေးတဲ့ ခရီးစဉ်ဒေသလေးဖြစ်တာနဲ့အညီ စနေ၊ တနင်္ဂနွေပိတ်ရက်တိုလေးကို အချိန်ပေးရုံနဲ့ ဘုရားပုထိုးများ၊ သမိုင်းဝင်နေရာများ၊ သဘာဝလိုဏ်ဂူများနဲ့ ကမ်းခြေစတဲ့ နေရာအနှံ့ကို ကုန်ကျစရိတ်နည်းနည်းနဲ့ ခြေဆန့်နိုင် တဲ့ နေရာလေးလည်းဖြစ်ပါတယ်။ 😄😃😀   မော်လမြိုင်ဆို သည်မှာ💌   […]


ko sixOctober 31, 20181min3874
ပိုက်ဆံမရှိဘူးလို့ ငြီးနေတာ အပျင်းမှာ ဂျိုတပ်ထားကြောင်း လက်မှတ်။ အလုပ်အကိုင်ရှာပါးတာကို လေပင့်နေရင်း သူများချွေးနည်းစာမှာ ဝင်ကစွတ် အမေရိကန်စစ်စတန်ကို နားမလည်ဘူး တစ်နေ့ ၅၀၀ဝ ရတာလုပ်မလား ဒီမေးခွန်းမှာ လိုအပ်ရင်အချိန်မရွေး ဖုန်းဆက်ဖို့ ပုံနှိပ်ထားပါတယ်။ သို့သော်လည်း သို့သော်လည်း ထိုငနဲသားဟာ စာမေးပွဲခန်းကို ဒီကနေ့အထိ ရောက်မလာခဲ့ဘူး။ ကိုစစ်


ကျန်သော ဧည့်သည်များတွင် မေးခွန်းများ တသီကြီး ရှိနေသည်။ သဲဘုရင်တွေ ဘယ်ကလာသလဲ ဆိုတာ အားလုံးသိချင်နေကြသည်။ ခရက်စ်က ဂျာလာဝူးကို ယဉ်ယဉ် ကျေးကျေး လက်ညှိုးညွှန်၍ – “ဝူး နှင့် ရှိတ် ကုမ္ပဏီက သွင်းတာပဲဗျ။” ဂျာလာဝူးသည် တစ်ညနေလုံး တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်လျှိုလျှိုနေ နေခဲ့သည်။ “ခင်ဗျား မျက်နှာကို သူတို့ဘာလို့ ထွင်းထားတာလဲဗျ။” “ဒါတော့ဗျာ…ကျနော်က သူတို့ ကောင်းကျိုးအဖြာဖြာအတွက် ရင်းမြစ်ကြီးကိုးဗျ..။” ခရက်စ် က ထိုကဲ့သို့ဖြေသောအခါ အားလုံး ရယ်လိုက်ကြသည်။ “သူတို့ တိုက်ကြခိုက်ကြ ဦးမှာလား..။” “ဒါပေါ့ဗျာ..ဒါပေမဲ့ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ စိတ်မပူပါနဲ့…တခြားအစီအစဉ်လေးတွေ ကျန်ပါသေးတယ်။” ခရက်စ်၏ မိတ်ဆွေများထဲမှ ဂျဒ်ရာကစ် ဆိုသူသည် အခြားကမ္ဘာမှ ဂြိုဟ်သားများနှင့် သက်ရှိများအကြောင်းကို လေ့လာ လိုက်စားနေသော […]


Mon LayOctober 19, 20181min4272
post ရေးထားတာ ပျောက်ကုန်ပြီ public မလုပ်သေးဘဲ..အချောမသတ်ရသေးလို့ သိမ်းထားတာ..version အသစ်ပေါ်လာလို့ စာတွေပျောက်ကုန်ပြီ ..ဘယ်လိုလုပ်ရမလဲ..တဂျီးရေ..အမလေးလေး ကယ်တော်မူကြပါ..အတွေးက ၂ခါပြန်မရဘူး.ဟင့်ဟင့်


Mon LaySeptember 19, 20184min1550
ဒီတစ်ခေါက်ကတော့ မွန်လေး မိုးတွေရွာနေတဲ့အခါ၊ နေပူနေတဲ့အခါ ဘာသောညာသော အကြောင်းကြောင်းကြောင့် ပစ္စည်း ဝယ်ဖို့ အပြင်မထွက်ချင်တဲ့အခါ အမြဲဝယ်နေကျ Online Shop ဆိုင်လေးအကြောင်းကို ပြန်ရှယ်ပေးချင်ပါတယ်။😊😊😊 #နာမည်📝 သူလေးကတော့ ပြင်သစ်နာမည်လေးလို့ပြောပါတယ်။ “Fashion La Princesse (www.facebook.com/fashionlaprincesse) တဲ့။ La Princesse Fashion လို့ပေးထားတာတဲ့ တကယ်လည်း ဆိုင်နာမည်ကို facebook မှာ register လုပ်တော့ Fashion La Princesse ဖြစ်သွားတာတဲ့။ အဲ့နာမည်ကပဲ အကျိုးပေးတာလားတော့ မသိ ခုဆို လုပ်လာတာ ၄နှစ်ကျော်လာပြီတဲ့။4⃣ ရောင်းတဲ့လူကတော့ ပိုင်ရှင်၂ ယောက်၊ တစ်ယောက်က နိုင်ငံခြားမှာ၊ တစ်ယောက်က ရန်ကုန်မှာတဲ့။ အရောင်းသမားတွေ ၁၂ယောက်ရှိပါပြီတဲ့။ 😲 #ရောင်းတဲ့ပစ္စည်းတွေ 🥌🧥🧢👝👛👜⌚️🎁🎒🛍🕶👒 ပစ္စည်းတွေကတော့ […]


Lay PaiSeptember 6, 20181min3274
အက္ခရာ တခု ရဲ့ ဂဃန်း ရ လုံးပါ ထောင်တန် အရွက်ရေ ပေါင်း AA0000001 မှ AA9999999 အရွက်ရေ = 10000000 AA =10000000 x 1000 = 1,000,000,000 kyats (သန်းတစ်ထောင်) တစ်ဘီလီယံကျပ် AA ~ AZ = 26 ဘီလီယံကျပ် BA ~ BZ = 26 ဘီလီယံကျပ် AA ~ AZ =6,76 ဘီလီယံ ကျပ် Is above caculation true or false? Kindly check.