MgMobileDecember 4, 20121min1102
မင်္ဂလာပါခင်ဗျာ။ ၄-၁၂-၂၀၁၂ ချန်ပီယံလိဂ် အုပ်စုအဆင်နောက်ဆုံးပွဲစဉ်များကို ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းထွက်ပေါ်မှုများကတော့ ဒေါ့မွန် =၇၀ အိုလံပီယာကော့ =၆၀ PSG = ၆၀ ရီရဲလ်  ၂+၈၀ အေစီ =၁၀ ဒိုင်နမိုကိဗ်  =၇၅ မာလာဂါ =၉၀ ရှော်ကေး =၈၀   ……………………….. မန်စီးတီး ဇင်းနစ် အေဂျက်ဇ် စတဲ့သုံသင်းကို ဆတူအားပေးပါက အနိမ့်ဆုံး ၂ ပွဲးအောင်မည်။ အချိန်အခါအရ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တာနဲ့အညီ အုပ်စုအဆင့်မှ အောင်မြင်မှုသေချာနေတဲ့ အသင်းများသာများတာကြောင့် ၉၀% အထိအောက်ကြေးကို ဦးစားပေးရိုက်ပါက ပွဲရလဒ်သည် သင့်ကိုအကောင်းဆုံး စိတ်ချမ်းသာမှုများ ပေးစွမ်းနိုင်ပါလိမ့်မည်။ (ဈေးကွပ်လှုပ်ရှားမှုအရ အချိန်နောက်ကျသွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်) ယခုပို့စ်အတွင်း၌ ဝင်ရောက်ဖတ်ရှု့အားပေးသူအပေါင်း မင်္ဂလာအပေါင်းဖြင့် ခညောင်းပါစေကြောင်း ။။။။။။။။။။။ အောက်ကြေးစောင်းတဲ့မောင် ။။။။။။။။။။။။။။။  


ဗုံဗုံDecember 4, 20121min43240
ထမင်းတစ်အိုးချက်ခန့် ကြာသောအခါတွင်မူ နန်းတော်တွင်းသို့ သိက္ခာတော်အပြည့်ဖြင့် စည်သူဆရာတော် ဒိုင်ဗင်ထိုးတော်မူ၍ ကြွလာလေသည်။ ခိုင်ဘုရင်ကြီးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးလျင် ဆရာတော်အား နေရာထိုင်ခင်းပေးပြီး ပုဆစ်တုတ် ထိုင်နေတော်မူလေသည်။ ဆရာတော်က ထန်းလက်ယပ်ကြီး ကိုကိုင်၍ “ ကဲ ဒါကာတော်မင်းကြီး လျှောက်စရာရှိတာ လျှောက်လေ ဆရာတော် သိပ်မအားဘူး  ဒီကပြန်ရင် ဆိုမာလီတွေကို လက္ခဏာ ကြည့်ပေးစရာ ရှိသေးတယ်ကွဲ့ “ “မှန်ပါ့ဘုရား” ဟုဆို၍ ဘေးဘီဝဲယာကို လှည့်ကြည့်နေလေသည်။ အနားတွင် ယပ်တော်သွင်းနေသော မောင်ဆာမိမှာလည်း ယပ်တောင်ဖြင့် ဖတ်ကနဲ မျက်နှာကို ကွယ်လိုက်လေသည်။ အမတ်တွေလည်း လေးစားရိုသေသော ပုံစံဖြင့် မျက်နှာနဲ့ ကြမ်းပြင် အပ်ထားကြလေသည်။ ဘုရင်တစ်ပါးတည်း ငုတ်တုတ် ။ မည်သူမျှ မလျှောက်တင်ရဲကြ ။ ရှက်ရှာကြမှာပေါ့ ဒီအရွယ်ကြီးကျမှ […]


Shwe Myo ThantDecember 4, 20121min1453
အမှိုက်သိမ်းပွဲ လက်ပံတောင်းတောင်သမိုင်း ရာဇဝင်ရိုင်းခဲ့ပြီ သည်ဖြစ်ရပ်က ပုစ္ဆာတပုဒ် အဖြေထုတ်ပြခဲ့သည်။ ဦးပိုင်၏စီးပွား ထိပါးသူမှန်သမျှ ကြည့်ထားကြလို့ ပြည်သူကိုအံတု ရန်ပြုနေပုံက ဒီမိုကရေစီခရီး ဗိုလ်ချုပ်တွေနဲ့မနီးသေးဘူး။ ပြည်သူရဲ့ထမင်းလုပ် ပုတ်ချယုံနဲ့အားမရ အမေကျော်ဒွေးတော်လွှမ်း သူခိုးဓါးရိုးကမ်း ပြည့်ဝမ်းကိုဖောက် သာသနာပျောက်အောင် လုပ်ဆောင်တဲ့စာရင်းမှာ ဘယ်သူတွေပါလဲ။ တရုတ်ရဲ့အကျိုးစီးပွား ထိပါးတော့ကော ဘာဖြစ်သလဲ၊ ပြည်သူရဲ့ဘဝ အနေလှဖို့ဆိုရင် တိုင်းပြည်ရဲ့အကြွေး အမျိုးသားတိုင်းက ပေးဆပ်မယ် သူ့ကျွန်အဖြစ်နွံနှစ်ရခြင်းထက် ဂုဏ်သိက္ခာရှိစွာ ဆင်းရဲရတာကမြတ်တယ်။ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်နေပါလျှက် ပြည်သူ့မျက်ရည်ကိုမသုတ် ထမင်းလုပ်မဝေ သာသနာတွေဖျက်နေရင် ဒီမိုကရေစီအရေး ကတိတွေဘယ်လိုပေးပေး ဒီမိုကရေစီစနစ်နဲ့မတန် နောက်ချန်သူများကို အမြစ်က မကျန် မြေလှန်ပစ်ရမယ်။ (သောသီခို)


the bestDecember 3, 20121min37521
တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ ့ ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။  ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ […]


လင္းစက္ရာDecember 3, 20121min30024
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ (ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့ ဖတ်ရတန်ပါတယ်…) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D ကျ ွန်တော်ဟာ ဝယ်ပြီးခါစ Levi’s ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။ Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။ “ညီလေးရယ်…..သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ” ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ […]


MgMobileDecember 3, 20121min1146
၃-၁၂-၂၀၁၂ တနင်္လာ ညမှာကန်မည့် ပွဲစဉ်များထဲမှ။ နယူးကာဆယ် Vs ဝီဂန် ဆီဗီလာ Vs ဗယ်လာဒိုလစ် ဒီနှစ်ပွဲကို ခန့်မှန်းမှုလေးတွေ ပြုလုပ်ပေးချင်ပါတယ်။ နယူးကာဆယ် သရေ ၇ဝ ရှုံး ဂိုးပေါင်း ၂ လုံးရှုံး ဆီဗီလာ တစ်လုံးသွင်း ၃ဝ နိုင် ဂိုးပေါင်း ၂ လုံး ၉ဝ ရှုံး ဝီဂန် + ဂိုးပေါင်းအောက် (အနိမ့်ဆုံး သရေရမှာဖြစ်ပြီး တစ်ဂိုးထက်ပိုမပေးရနိုင်တာမို့) ဗယ်လာဒိုလစ် + ဂိုးပေါင်းအောက် ( တစ်ဂိုးထက်ပို မရှုံးနိုင်ပြီး ဂိုးပြန်မသွင်နိုင်လောက်တာမို့) ဒီညရဲ့ ပွဲစဉ်များကိုတော့ ဝရှိလို့ ဝီဂန် ဖြစ်နေတဲ့ ဝီဂန် နှင့် ဗယ်လာပြီး ဒိုလစ်မယ့် ဘယ်လာဒိုလစ် ကိုရွေးချယ်ပြီး ဂိုးပေါင်းအောက် လေးတွေနဲ့ […]


ဗုံဗုံDecember 3, 20121min39241
နန်းတော်ထဲ ရှိညီလာခံ သဘင်ကျင်းပရာနေရာသည် ဆိတ်ဆိတ်ငြိမ်လျက် တစ်စုံတစ်ခုကို အပြင်းအထန်တွေးတော နေကြမှန်းသိသာနေသည်။ အမတ်မင်းများလည်း  တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ဘုရင်မင်းမြတ်အား မည်ကဲ့သို့ လျောက်တင်ရမှန်း မသိ ဖြစ်နေကြလေသည်။ ဘုရင်ကြီး မိဘုရား ရရှိရေးကို အပြင်းအထန်ဆွေးနွေးနေကြခြင်းဖြစ်ပေသည်။ ဟုတ်သည် ယနေ့သည်ရတနာပူရ ဂေဇက်တိုင်းပြည်ကြီးအားစီမံ အုပ်ချုပ်မင်းလုပ်နေသော ခိုင်ဘုရင်ကြီး၏ နန်းစံသက် နှစ်ဆယ့်ငါးနှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။်ဖခင်ဘုရင်ကြီး ရုတ်တရက် ဝမ်းလျှောတော်မူ၍ နတ်ရွာစံသွားပြီးသည့်နောက် တစ်ဦးတည်းသော သားတော် ခိုင်မင်းသားလေးမှာ အော်တိုငုတ်တုတ်ဘုရင်ဖြစ်ခဲ့လေသည်။ အိမ်ရှေ့စံ ကိုယ်တော်ဘဝမှာလည်း လက်စွဲတော် နှစ်လုံးပြူးမှ လွဲ၍ မည်သည့်အရာမှ စိတ်မဝင်စားဘဲ တောထွက်၍ ဖားရိုက်ရန် တာစူနေသောမင်းသားလေးအဖို့ အချစ်ဆိုသည်မှာ လည်း အမတ်ပေ၏ တူမ မိချစ်ကိုသာလျှင် သိလေသည်။ထို့ကြောင့်မင်းသားလေးအဖို့ ကြင်ယာတော်မရှိရခြင်းမှာလည်းမဆန်း။သို့သော် တိုင်းပြည်အုပ်ချုပ်နေသော ရှင်ဘုရင် တစ်ပါးဖြစ်လာပေပြီမို့  မိဘုရားမရှိသောဘုရင်သည် လူရာမဝင်သကဲ့သို့ဖြစ်လာလေပြီ။ […]


MgMobileDecember 2, 20121min1074
မင်္ဂလာပါ ဘောလုံးချစ်ခင် လောင်းကစားသမား အပေါင်းတို့ခင်ဗျား။ ဒီညမှာကန်ကြမည့် ပွဲစဉ်များထဲမှာ အောက်ကြေး အလားအလားကောင်းသေား ပွဲစဉ်များကို ရွေးချယ်တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်ဗျာ။ ၈း၃ဝ မှာကန်မယ့် အူဒီးနီး Vs ကယ်ဂလီယာရီ ၊ ဂျီနိုအာ Vs ချီယေဗို ၊ ဘိုလော့ဂ်နာ Vs အတ္တလန္တာ နှင့် ၁ဝး၃ဝ မှာကန်မယ့် နောဝစ်ချ် Vs ဆန်းဒါးလန်း ၊ ဒီပို့တီဗို Vs ရီရဲလ်ဘက်တစ် စတဲ့ငါး သင်းစလုံးဟာ အိမ်ကွင်းမှ သရေဆိုလျှင် ပြားငါးဆယ် ရှုံးဝန်းကျင် ဈေးနှုန်း ထွက်ရှိထားတဲ့ပွဲးစဉ်များဖြစ်ပါတယ်။ အဲ့ဒီ ငါးသင်းစလုံးကို အောက်ကြေးထိုင်မည်ဆိုပါက ဒီညအတွက် အမြတ်ထွက်ဖို့ အလားအလာ အကောင်းဆုံဟု သုံးသပ်ရရှိထားပါသည်။ ကယ်ဂလီယာရီ ချီယေဗို အတ္တလန္တာ ဆန်းဒါးလန်း […]


ခင္ခDecember 1, 20121min1407
အင်တာနက်မီတာတပ်မယ် GSM/WCDMA Internet မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်းပါ။ မိတ်ဆွေများ အောက်က Bit Meter Software လေးကို Download လုပ်ပြီး စမ်းကြည့်လိုက်ပါ။ ပြည်သူတွေ သက်သာအောင်လုပ်ပေး/မပေး သိလာပါလိမ့်မယ်။ မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း ၁။ ယခုလင့်မှ Installer ကို Download ရယူပါ။ http://download.cnet.com/BitMeter-2/3000-2381_4-10398686.html ၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real […]


သုရွင္December 1, 20121min33614
မိုးကုတ်ဆောင်းက အေးလွန်းလှပါတယ်။ မြူနှင်းငွေ့လေးတွေနဲ့ ခပ်ဝေဝေ  မိုးကုတ် ဆောင်းည တွေကို မေ့ဖျောက်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အေးလွန်းလို့ ဖိုပြီး ဝိုင်းလှုံ ခဲ့ကြတဲ့ မီးပုံလေးတစ်ခုဘေးမှာ ဂီတာ နှစ်လက်နဲ့ သူငယ်ချင်းတွေ ညသန်းခေါင်ကျော်လို့ကျော်သွားမှန်းမသိ အောင် သီဆိုဟစ်ကြွေးခဲ့ဖူးတယ်။ ထင်းရှုး မျှင်တွေကိုလည်း လောင်စာအဖြစ် ထင်းရှုးကိုင်းခြောက်တွေနဲ့ ဖိုထားတဲ့ မီးပုံထဲကို ပစ်ထည့်ခဲ့ကြဖူးတယ်။ ကြာတော့ကြာခဲ့ပါပြီ။ တောင်တွေပတ်ချာလည်ဝိုင်းထားတဲ့ မြို့။ မြို ရဲ့ အသည်းနှလုံးကို ဖြတ်စီးသွားတဲ့ ရေနီချောင်းလေး။ ပတ်လည်ဝိုင်းထားတဲ့တောင်တွေ ထိပ်က ထုံးဖြူဖြူစေတီလေးတွေ။ ကျွန်တော်တို့ မိုးကုတ်မြို ့ဟာ မာန ကင်းတဲ့ ကြီးကျယ်မှုနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းသူတို့ စံပျော်ရာ။ရုပ်ရှင်ထဲကလို မီးပုံဘေးမှာ လူတွေစုပြီး အိုးစည်ဗုံမောင်းတီးခေတ်ကခုံနေကြတာမျိုးမဟုတ်ပါဘူး။ သူငယ်ချင်း လေးတွေစုပြီး တိုးတိုးသက်သာ ဂီတာတီး […]


ဗုံဗုံDecember 1, 20121min36236
မန်းလေးဂေဇက်အတွင်းမှာ နေထိုင်ကြကုန်သော  ရွာသူရွာသား  အပေါင်းတို့ရှင့်  ကျွန်မ ကတော့ ယခုမှ ရွာတွင်းသို့ (အခက်အခဲများစွာဖြင့် ) အသစ်ဝင်ရောက်လာသော  ရွာသူအသစ်ကလေး ဗုံဗုံဖြစ်ပါတယ်ရှင်။ ရွာတွင်းသို့ဝင်ရန် အတွက်  အကြိမ်ကြိမ်ကြိုးစားခဲ့ရပါသည်ရှင့်။  ထို့ကြောင့် အခက်ခဲများ ၊ မသိခြင်းများစွာဖြင့် ဝင်ရောက်လာပါသော ဗုံဗုံအား  နွေးထွေးစွာ ကြိုဆိုပေးကြပါအုံးရှင့်။  မဝင်ဖြစ်ခဲ့သော်လည်း  နေ့တိုင်းပုံမှန် မန်းလေးဂေဇက် ကို  ကိုယ့်ရည်းစားလို တစ်မေ့တစ်မော စောင့်ကြည့်ဖတ်ရှုခဲ့ ပါသဖြင့် ရွာသူား အားလုံးကို ဗုံဗုံ ကသိနေပြီးဖြစ်ပါတယ်ရှင်။ အထူးသဖြင့်  ရွာ၏ စာဆို ပညာရှိကြီး  ဦးဦးသစ်မင်း ၊ ဘဘ ဦးဘလက်ချော၊ ဦးလေးမဟာရာဇာ အံစာတုံး (အမလေး မောတာ)၊  ဘဘ ဦးပေ၊ အဆင်လှတဲ့ ဦးဦးခင်ခ၊အဆင်ချောပါသော အဘဖော၊  အထာသိတဲ့ ဘဘဦးဆာမိ […]


myanmar oscarDecember 1, 20125min1918
  သစ်ပင်ကြားမှခပ်ရေးရေး (၁) ကားပေါ်ကအမိအရနဲ့ လမ်းမထက်က ပုပ္ပါး (၂) တောင်တက်လမ်းပေါ်မှ လက်ရာ-၁ (၃) တောင်တက်လမ်းပေါ်မှ လက်ရာ-၂ (၄) နေရောင်ခြည်အောက်က ပုပ္ပါးအလှ (၅) တောင်ခြေမှ အနီးကပ် (၆) တောင်ခြေပတ္တမြားဆောင်းတန်း (၇) တောင်ထိပ်ပေါ်မှ စေတီ -၁ (၈) တောင်ထိပ်ပေါ်မှ စေတီ -၂ (၉) တောင်ပေါ်မှ တောင်အောက်-၁ (၁၀) တောင်ပေါ်မှ တောင်အောက်အနီးကပ်ရိုက်ချက်-၂ (၁၁) ပုပ္ပါး တဖက်ပင်မတောင်-၁ (၁၂) ပုပ္ပါး တဖက်ပင်မတောင်အနီးကပ်-၂ (၁၃) သူတို့ရေထားတာ (၁၄) အောက်ဘက်မှာရှိတဲ့ လိုဏ်ဂူ (၁၅) အစာမရလို့ စိတ်ဆိုးနေတာလား (၁၆) တစ်ကောင်တည်း ဗိုလ်လုပ်ချင်တယ် (၁၇) အားရပါးရ သူ့ဘဝ (၁၈) […]