ဇီဇီMarch 28, 20135min27912
                        အင်တာဗျူး (၁) က    https://myanmargazette.net/168825 အင်တာဗျူး (၂) က    https://myanmargazette.net/171251 အင်တာဗျူး (၄) က    https://myanmargazette.net/171299 ~~~~~~~~~~  အင်တာဗျူး သွားကြမယ် (၁)/(၂)  ပြီးတော့ ကျန်နေတဲ့ အပိုင်းလေးတွေ ဘာသာပြန်ဖို့ ပျင်းနေရာက ဖဘလေး ဝင်…ဟိုကြည့်ဒီကြည့်အကျိုးအကျေးဇူးနဲ့ “ရေးမိရေးရာ ကလေးများ” က ရှယ်ထားတဲ့ လင့်(ခ) လေးသွားတွေ့တယ်။။ မူရင်းတော့ ဘယ်သူရေးလည်းမသိ။ ကိုယ်ပြောလည်းပြောချင်ပြီး မရေးနိုင်လို့ အချိန်ဆွဲနေတဲ့ အချက်တွေ အတော်များများကြီးကို စေတနာထားရေးထားတာတွေ့လို့ နည်းနည်း မွန်းမံပြီး ပြန်တင်လိုက်တယ်။ သူရေးတာကို ဘာမှ မဖြုတ်ပဲတင်တာမို့ […]


ကို ၿပံဳးMarch 24, 20133min3082
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


nicolus agralMarch 22, 20131min14711
ငယ်ငယ်တုန်းကတော့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလုပ်ခဲ့ရာက တဖြေးဖြေး အရွယ်ကလေးရလာတဲ့အခါ ကိုယ့်ဘာကိုယ် ဟုတ်သည် မဟုတ်သည် ချင့်ချိန်တတ်လာပါတယ်။ နောက်တော့လည်း ကိုယ့်ထက် အ တဲ့သူတွေ့ရင် ကြပ်တင်ပေး ချောက်ချ ပေါက်ကရတွေ ချွန်တွန်းလုပ်ခဲ့ပေမယ့် လူတဘက်သားနစ်နာလောက်အောင်တော့ အကျီစားမသန်ခဲ့ပါဘူး။ သူငယ်ချင်းပါဆိုမှ ချစ်လို့ခင်လို့ ပေါင်းတာကိုး။ အကြိုက်စရိုက်မတူလို့ သဘောထားကွဲလွဲတာသာ ရှိကောင်းရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်သူကြီးများလို တွေ့ရာသချင်္ိုင်း ဓါးမဆိုင်း သတ်မဟဲ့ဖြတ်မဟဲ့ ဘယ်သူနဲ့မှ မရှိခဲ့ဘူး။ အလုပ်ထဲရောက်တော့ ကိုယ့်ပေါ် မကောင်းကြံ၊ ဒုက္ခပေးတဲ့သူတွေကိုလည်း ဟိုတုန်းကပြောခဲ့သလိုပဲ ခွဲခွာတဲ့အချိန်မှာ တခါတည်း မေ့ပစ်ခဲ့တယ်။ သယ်မလာတော့ဘူး။ ဒါကြောင့်မို့ ခုချိန်မှာ ခါးခါးတူးတူး မုန်းတဲ့သူရှိသလားဆိုရင် တော်တော်စဉ်းစားယူတာတောင် ဘယ်သူ့ကို ပြောရမှန်းမသိဘူး။ သူများတွေလည်း သည်လိုပဲ ရှိပါလိမ့်မယ်။ မျက်နှာကြောမတည့်လို့ အမြင်ကပ်ရင်ကပ်လိမ့်မယ်။ အငြှိုးတကြီးနဲ့တော့ ငါမင်းကို […]


nicolus agralMarch 4, 20131min1054
အဋ္ဌကထာကျမ်းဂန်တွေမှာပါတဲ့ လေးကျွန်းတစ်မြင့်မိုရ် မေယု ဗဟိုရ် ယုဂန္ဓိုလ်တောင်ကြီးတွေ ဘယ်ဆီနေမှန်းမသိပေမယ့် ကမာ္ဘမြေပုံကြီးပေါ်က အကျယ်ပြန့်ဆုံး တစ်ဆက်တစ်စပ်တည်းရှိတဲ့ မြေပြင်ကြီးကတော့ အာရှ၊ ဥရောပ နဲ့ အာဖရိက ကုန်းမြေကြီးပါပဲ။ ကမာ္ဘကြီးရဲ့ ဗဟိုရ်ချက်မကို မြန်မာပညာရှိကြီး ဦးပေါ်ဦးက အမရပူရရွှေနန်းတော်တစ်နေရာကို လက်ညှိုးနဲ့ထောက်ပြပြီး “မယုံရင် တိုင်းကြည့်တော်မူပါဖျာ့။” လို့ သက်သေထူခဲ့ပေမယ့် သည်ကနေ့ခေတ်အခါမှာတော့ လုံးရာက ပြန်ပြားသွားရတဲ့ ကျုပ်တို့ကမာ္ဘကြီးဟာ မျောက်အမေကြီးကားတိုက်တဲ့ဆီမှာ ဗဟိုရ်ပြုနေသလိုလို ခံစားမိပါတယ်။ လွန်ခဲ့တဲ့ ထောင်စုနှစ်အတွင်းမှာဆိုရင်တော့ ဘက်ကင်ဟမ်နန်းတော်ကြီးမှာ ရှိသလိုလို ပြောကြမှာပေါ့။ ဘယ်သူဘာပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းလို့ ဆိုကြသော်လည်းပဲ သူတို့ပြောစကားဆိုစကားတွေက မှတ်တမ်းမှတ်ရာအဖြစ်နဲ့ ကျန်ခဲ့လေတော့ လေထဲပြောပြီး လေတင်ပျောက်သွားတဲ့ ကိုယ်တွေပြောတဲ့စကားထက်စာရင် ပိုပြီး မှီငြမ်းကိုးကားစရာ ခိုင်လုံတဲ့ အထောက်အထားဖြစ်နေသယောင်ရှိတာပေါ့နော်။ အရင်တုန်းကလို တသီးတခြား တထီးတနန်းနေတာမျိုး မဟုတ်တော့ပဲ […]


ဇီဇီFebruary 13, 20133min43437
နတ်မောက်… မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက ဆယ်ကမာ္ဘစာလောက်တာဝန်ကျေပြီ။ ခင်ကြည်… ညည်းယောက်ျားကိုသေချာကြည့်ထား သမီးကလေး ခမည်းပေးဖို့ ရွှေကလေးတစ်ပဲတစ်မူးတောင် အမေအိုဆီ လက်ဖြန့်တဲ့လူသား။ နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက် သမိုင်းက စိတ်မပျက်စေနဲ့။ ဗိုလ်ထွန်းလှ… ခင်ဗျားဆရာကို ကြည့်ပြောဦး လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။ ဆရာတော်ဦးသောဘိတ…. ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကို မရိုက်ပါနဲ့ ရရင်ရ မရရင်ချ ဆိုတာ ကျွန်တော်တို့အတွက်ပါဘုရား။ ဦးဘဝင်း.. ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။ သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။ စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင် ကျွန်တော်တို့ပဲ နစ်နာကြမှာ။ ရဲဘော်ကျော်စိန်…. ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။ ဟေ့လူ…ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ.. သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့် […]


koyin sithuFebruary 10, 20131min1314
သင်္ဘောက ထိုင်ဝမ် ရေလက်ကြားဝင်တာနဲ့စင်္ကာပူ အီကွေတာရာသီဥတုကနေ တစ် မဟုတ်ခြင်းအေးစက်တဲ့ ၊ထိုင်းမှိုင်းတဲ့ ၊စွတ်စိုတဲ့ မနေသာတဲ့ရာသီ ဥတုကိုပြောင်းသွားသည်။ သင်္ဘောသားတွေ အလုပ် လုပ် ရခက်လာကြတော့ငယ်ငယ်ကြီးကြီး ကိုယ့် ခလေးတွေ လိုပဲ (ဖိလစ်ပီနိုတွေ၊ ကုလားလေးတွေ၊ တရုတ်လေးတေ၊ွ မြန်မာတွေ ဥရောပသားတွေ ) ကို သတိရှိကြဘို့ ခြေချော်လက်ချော်၊ ချော်လဲ တာ ပြုတ်ကျတာ ထိခိုက် ဒဏ်ရာရတာတွေ မရှိရ အောင် ကြုံတိုင်း သတိပေး ရင်းနဲ့ဘဲ တရုတ် ပြည် က (Xiamen) ဆိုတဲ့ဆိပ် ကမ်းကို ဖေဖေါ်ဝါရီလ ၆ရက်နေ့ ညက ဝင်တယ် ရရက် နေ့ မနက် အစောကြီးပြသနာ ကင်းကင်းရှင်းရှင်းနဲ့ ပြန် ထွက်လာတော့ သင်္ဘောသားတွေ အားလုံး […]


Thet AungFebruary 5, 201324min1448
ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို ့နယ် တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှုးများသည် နိုင်ငံတော်နှင့်နိုင်ငံသားတို ့၏ဂုဏ်သိက္ခာကို ကျဆင်း စေရန် လုပ်ဆောင်လျက်ရှိကြောင်းကို သတင်းရရှိခဲ့ပါသည်။ဝါးခယ်မမြို ့နယ်အတွင်းရှိ ရပ်ကွက်အုပ်ရေးမှုးများမှာ အလွန်ပင်မိန်းမလိုက်စား၍ အပျော်အပါးမက်ကြ၏။ထိုသို ့ သောအကျင့်ပျက် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ကြောင့် မြန်မာလူမျိုးတို ့၏ တစ်လင်၊တစ်မယားစနစ်နှင့် မြန်မာလူမျိုးတို ့၏ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေခဲ့ရသည်။ ထိုရပ်ကွက်အုပ်ချုပ်ရေးမှုးများသည် ဗုဒ္ဓဘာသာမြန်မာလူမျိုး ခေါင်းဆောင် များဖြစ်ကြပါလျက်နှင့် နောင်လာမည့် အနာဂတ်မျိုးဆက် လူငယ်တို ့အတွက်  နည်းပေးလမ်းပြ စံထားစရာ များဖြစ်သွားမည် ကို ကျွန်ုပ်  အလွန်ပင် စိုးရိမ်မိရ  သည်။ထို ရပ်ကွက်  အုပ်ချုပ်ရေးမှုးများ  အကြောင်းအား ဝါးခယ်မမြို ့နယ်ရှိ  လူငယ်တို ့မှ   Facebook ပေါ်တွင် သရော်ကာ ဖွန်ကြောင်ဆု ၊တနည်းအားဖြင့်မိန်းမပွေသောဆုများ ပင်ပေးအပ်ခဲ့၏။ထိုဆုပေးသည့် […]


စဆရ ႀကီးFebruary 5, 20131min18511
ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။ ၂၀၀ဝ ခုနှစ် ဝန်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ […]


ခင္ခFebruary 4, 20131min25339
မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!   ခင်ခ ဖေ့ဘုတ်ထဲမှာ ကျန်းမာရေးသတင်းလေးတစ်ခုဖတ်လိုက်ရတယ်။ အဲဒီဖတ်လိုက်ရတဲ့ သတင်းလေးကို ကျန်းမာရေးအမြင်ဖြင့် ဗဟုသုတ မျှဝေတင်လိုက်မယ်။ မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!     Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။ သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။ ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး […]


စဆရ ႀကီးFebruary 4, 20131min21111
(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ။ ကြောက်တတ်သူများ မဖတ်ပါနှင့်) ၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ။ ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။ တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ။ သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ။ အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်။ ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး […]


kalinkJanuary 18, 20131min1281
                          Breaking News ========== အခု လက်တလော ဒီရက်ပိုင်းအတွင်းမှာ ဖေ့စ်ဘုတ်မှာ ဗိုင်းရပ်တစ်မျိုး တက်နေပါတယ် ။ Notification မှာ ( ) tagged you in a post : ဆိုပြီး လင့်တစ်ခုပေးထားတာပါ ။ အဲဒီလင့်ကို ကလစ်နှိပ်မိတဲ့သူဟာ ပုံ ၁ မှာ ပြထားတဲ့အတိုင်း စာမျက်နှာတစ်ခုပေါ်လာမယ် ပြီးရင် loading ဆိုပြီး ပေါ်နေလိမ့်မယ် ။ အင်္ဂလိပ်ဘာသာနဲ့တော့မဟုတ်ဘူး ။ ပြီးတဲ့အခါ Browser ကို add-on ထည့်ဖို့ Allow […]


kalinkJanuary 18, 20131min991
  iPhone သုံးသူများ facebook messenger ကနေ အခမဲ့ ဖုန်းခေါ်နိုင်ပြီ ———————————————————————— ဒီနေ့ပဲ ဖေ့စ်ဘုတ်ကနေ facebook messenger app ထည့်ထားတဲ့ iPhone သုံးသူများအတွက် အခမဲ့ဖုန်းခေါ်နိုင်တဲ့ စနစ် စတင်လိုက်ကြောင်း သိရပါတယ်။ လောလောဆယ် အမေရိကန်က iPhone သုံးသူများအတွက်သာ သုံးလို့ရသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ကနေဒါနိုင်ငံမှာ စတင်စမ်းသပ်ခဲ့ပြီး facebook messenger မှာ အသံသွင်းပြီး မက်ဆေ့ချ်ပါ ပို့လို့ရပါတယ်။ သုံးရတာက အလွန်လွယ်ပါတယ်။ မိမိရဲ့ iPhone ထဲက facebook messenger app ကိုဖွင့်လိုက်ပြီး ဖေ့စ်ဘုတ် အွန်လိုင်းတက်နေတဲ့ သူငယ်ချင်းနာမည်တွေထဲက ဖုန်းခေါ်လိုတဲ့တယောက်ကို ရွေးလိုက်ပါ၊ iPhone ရဲ့ အပေါ်ညာဖက်ထောင့်က တွေ့ရမယ့် i […]


ဦးသုJanuary 17, 20131min21515
မြန်မာသက္ကရာဇ် ၁၃၇၄-ခု၊နှောင်းတန်ခူးလဆန်း ( ၄ )ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊ ဧပြီလ ( ၁၄ ) ရက် သင်္ကြန်မဏ္ဍပ် မှ ရေပိုက် စဖွင့်ချိန်၌ မဟာသင်္ကြန်ကျ၏ ။ မဟာသင်္ကြန်ကျသောအချိန် တွင်တနင်္ဂနွေဂြိုဟ်မင်းသည်ကို လက်တစ်ဖက်က ချိုးငှက်၊အခြားလက်တစ်ဖက်က ၁၂ဝ မမ စိန်ပြောင်းကို ကိုင်လျှက် တိုယိုတာ ဟာရီယာကားကိုစီးလျှက် လူ.ပြည်သို. ဆင်း၏။ သုတိနန္ဒာ နတ်သမီး လည်း အလှည့်စေ့ ( လက်ညောင်း)ပြီ ဖြစ်သဖြင့် လက်ထဲတွင်ကိုင်ထားသော ဗြမ္မာကြီးဦးခေါင်းအား လက်ပံတောင်းတောင်ရှိရာ ဘက်အရပ်သို.လှည့်၍ ဒေါ်အောင်ဆန်းစုကြည်၏လက်ထဲသို.ကမ်း၏။ သုဇာဝင့်ကျော်အမည်ရှိ နတ်သမီးငယ်သည် ဇီးရိုးကွာတားဘောင်းဘီ ကိုဝတ်ကာ အိုပါးဂဏန်းစတိုင်တီးလုံးဖြင့်ကရင်း သင်္ကြန်မင်းအား ကြိုလင့်၏။ မိုးဦး၊မိုးလယ်၊မိုးနှောင်းကာလ များတွင် မိုးရွာချင်သလိုရွာအံ့၊ ဆန္ဒပြ မှုများ […]