ပုံများကို facebook မှ ရရှိပါတယ် မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈ရ လမ်းကြားရှိ ပဒုမ္မာ ခန်းမ တွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ (၂၀၊ ၂၁၊ ၂၂)ရက်များမှာ ပြုလုပ်ခဲ့သော Mandalay Cartoon Exhibition 2012 Joke for All All for Joke မြန်မာကာတွန်းဆရာများ၏ ကာတွန်းပြပွဲ က ပုံလေးတွေပါ သိပြီးသားတွေဆိုလည်း ခွင့်လွှတ်ပေးကြပါ


နွယ်ပင်February 27, 20121min57275
အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့…. ဒီဘလော့က တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ်လို့ခံရတာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။ ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်) နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက (ကန်တော့နော်) ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။ တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လိုသုံးရမှန်းကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။ […]


သွားကြမလား Ice World မှာ မထည့်လိုက်ရတဲ့ ပုံတွေ ထပ်တင်ပေးလိုက်ပါတယ်ဗျာ.. မသွားတော့ဘူးဆိုတဲ့သူတွေလည်း မြင်ဖူးသွားအောင် သွားမယ်ကြံထားသူတွေလည်း ကြိုပီး အားခဲနိုင်ဖို့ပေါ့ဗျာ..           credit: Jinx Aung’s facebook photos  


ကိုBlackchaw ရဲ့ ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ ပို့စ်နဲ့ အောက်က ကွန်မင့်တွေဖတ်ရတော့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ အချက်အလက်တွေ၊ စာအုပ်တွေ အများကြီးကို တထိုင်တည်း ဖတ်လိုက်ရသလိုပါပဲဗျာ.. ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် လွတ်လပ်ရေးဖခင်တစ်ယောက်၊ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်ထဲက သူရဲကောင်းတစ်ယောက်အဖြစ်နဲ့တင် ဗိုလ်ချုပ်ကို ချစ်ပြီးသား.. ဗိုလ်ချုပ် စိတ်ထား ဘယ်လောက် ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊ စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်ဆိုတာ ဒီလိုစာတွေဖတ်မှသာ သိကြရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်၊ အန်တီစု ပြောခဲ့တဲ့ထဲမှာပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့… ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ […]


တနေ့က ဦးပေါက်ရဲ့ လက်ဆော့ချက်ထဲမှာ ဘုန်းကြီးကျောင်း လမ်းဘေး သေးပန်းနေတဲ့ ငနဲတကောင်ပုံ တင်ထားတယ်။ ဟိုနေရာ ဒီနေရာမှာလည်း နွားများသာ သေးပေါက်ရန် လို့ ရေးထားရတာလည်း တွေ့ဖူးပါတယ် ခု ဖေ့စ်ဘွတ်က myanmar joke ဆိုတဲ့ page မှာ တွေ့တဲ့ သတိပေး ဆိုင်းဘုတ်ပုံကလေးတွေကို ဂဇက်ဝိုင်းတော်သားများအတွက် ဝေမျှလိုက်ပါတယ် တို့ မြန်မာတွေ စည်းကမ်းရှိကြပါစေ


မြသဲ ( 17082011 )January 27, 20121min1649
ဦးခင်ရွှေ သမီး ထုတ်ဝေသော Street View ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကောင်းသတင်းကို မျက်နှာဖုံး မတင်ရန် ၊ NLD နှင့် ဒေါ်စု အမှား ပြုလုပ်မှသာ မျက်နှာဖုံးတွင် ဖော်ပြရန် အယ်ဒီတာအဖွဲ့ကို ညွှန်ကြားထားကြောင်း ……… ၎င်း ဂျာနယ် မှ အလုပ်ထွက်လာသော (နာမည်ကြီး ကလောင်) အယ်ဒီတာ တစ်ဦးက ရင်ဖွင့် ပြောကြားသွားပါသည်။ လက်ရှိ အယ်ဒီတာများမှာ ဆရာညို နှင့် နွယ်ဂျာသိုင်းတို့ ဖြစ်ပါသည်။ (ဒီဖက် သတင်းစဉ်) Facebook မှကူးယူဖော်ပြပါသည်။ မကျေနပ်လွန်းလို့ပါ။  


ကထူးဆန္းJanuary 15, 20121min14417
နေအိမ်သို့ ပြန်ရောက်ပြီးနောက် ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား။ by Eleven Media Group on Saturday, January 14, 2012 at 1:20pm ကျွန်တော် မတ်တပ်ရပ် ပြီးတော့ ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့ မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့ အတူ ထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် […]


mashwetoteDecember 29, 20111min1814
ရန်ကုန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်တယ်ဆိုလို့ Facebook မှာကြည့်လိုက်တော့ သတင်းတွေတက်နေပါပြီ။ မင်္ဂလာတောင်ညွန့်ဘက်က ဂိုဒေါင်ပေါက်ကွဲတာလို့ကြားရပါတယ်။ ဒီနေ့မနက် ၂နာရီလောက်ကပေါက်တာပါ။ လူ ၁၅ယောက်လောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၂ယောက်ခန့်ရှိတယ်လို့ ကြားရပါတယ်။ သတင်းအတိအကျကိုဖတ်ချင်ရင်တော့ ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီသတင်းကတော့ အဆစ်ပါ။ ပေါက်ကွဲမှု သတင်းအတွက် Facebook တက်တုန်း တွေ့လိုက်ရလို့ ရွာသားတွေစိတ်ဝင်စားမယ်ထင်လို့ပါ။ စိတ်ဝင်စားရင်တော့ ဒီမှာ ဖတ်ပေါ့နော်။


PhyoNovember 16, 20111min22325
ထောင်းခနဲဖြစ်သွားတဲ့ စိတ်ကို ဖြစ်ညှစ်မျိုချပြီး ပါးစပ်ဖျားကနေ ထွက်အံကျလာတော့မယ့် စကားလုံးတွေကို အတင်းကို တားဆီးနေရတယ်။ ဒင်းလုပ်ပုံ ကြည့်ဦး။ ဒင်းဆိုတာ ကျုပ်သားမက်။ ကျုပ်ရဲ့ တစ်ဦးတည်းသော သားမက်။ ကျုပ်အေ မနက်က ဈေးသွားရင်း ငါးခူလေး ၃ဝ သား ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကူးပေါက်တာနဲ့ ငါးခူအသားကို လင်တော်မောင်အတွက် ကြော်၊ ငါးခူခေါင်းကို ပြုတ်၊ ထောင်း၊ ရေစစ်၊ နောက်ဖေးက ငှက်ပျောပင် သေးသေးတစ်ပင်ခုတ် မုန့်ဟင်းခါးချက်ဖြစ်တယ်။ ကိုယ်စားရတော့လည်း သမီးတော်ကို သတိရပြန်ရော။ ဒါနဲ့ ချိုင့်နဲ့ထည့်ပြီး သူ့အိမ်ကို ချီတက်။ သူ့အိမ်နဲ့ ကျုပ်အိမ်က ၅မှတ်တိုင်လောက်တော့ ကားစီးသွားရတယ်။ သူ့အိမ်ရောက်တော့ သမီးတော် မျက်နှာသိပ်မလှဘူး။ ဒါလည်း ကိုယ့်အလုပ်မဟုတ်ပါဘူးလေ။ သားမက်တော်ကို ကြည့်ပြန်တော့လည်း […]


GreeNSheePOctober 27, 20111min34327
သူကလေးနဲ ့ဖေ့ဘုတ်မှာ ခင်မင်ခဲ့ရပါသည် ။ သူကလေး ဆိုတာ ၊ နာမည် က အိန်ဒရေ ။ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူလေး ဖြစ်သည် ။ 1993 မွေးသူလေး ဆိုတော့ ၁၈ နှစ် ပြည့်ပြီးဖြစ်သည် ။ သူကလေးက ဟိန္ဒူမလေး ဖြစ်သည် ။ သူကလေး နဲ ့ချက်တင်းထိုင်ရာမှ သူကလေး၏  “ ပြင်းပြသော ရည်ရွယ်ချက်မှာ မော်ဒယ်ဖြစ်ချင်တာ ” ဟု သိလိုက်ရသည် ။ ခက်သည် ။ သူကလေးကို ဘီလ်ဘုတ်ထောင်ရိုက်ရအောင်လည်း ၊ ကိုယ်က ယခုသုံးသည့် အင်တာနက်ဖိုုးတောင် မနည်းတွက်နေရတဲ့လူစား ။ ဒီတော့ သူကလေး ၏ အလှဓါတ်ပုံများကို ပြန်လည် ဝေမျှ လိုက်ခြင်းဖြင့် ၊ သူကလေးကို မော်ဒယ်အဖြစ် သုံးမည့် […]