nicolus agralAugust 7, 20131min16910
သူငယ်ချင်းတစ်ယောက် ဘွဲ့လွန်ဝင်ခွင့်ဖြေတော့ “ဒီနှစ် ဆိုကရေးတီးမှာ ပြိုင်နေတာ ဘာဇာတ်တော်လဲ။” လို့ အမေးခံရတယ်။ မာစတာလိုချင်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်ရေးရာ အဖြာဖြာကို ဂလောက်တော့ တီးမိခေါက်မိ ရှိသင့်တာပေါ့။ တို့သယ်ရင်းကြီးကလည်း အဲ့လောက်တော့ မပိန်းပါဘူး။ ဆရာဝန်ပါဆိုမှ ဗိုလ်ချုပ်ကို လုပ်ကြံတာ နဂါးဒေါ်ဦးပါ လို့ ဖြေမယ့်အစားမျိုးလား။ “ရာမဇာတ်တော်ကြီးပါ ခင်ဗျာ။” လို့ မဆိုင်းမတွ ဖြေလိုက်နိုင်သားပဲ။ မောင်မင်း လူကလေး။ ငယ်ပါသေးတယ်။ ကိုယ့်ဆရာကြီးတွေ ဆက်တိုက်ဆင်လာတဲ့ နောက်သိုင်းကွက်အစမှာ ကျွမ်းထိုးနောက်ပြန် တပ်လန်လာခဲ့တယ်။ “အေး ဟုတ်ပြီ။ ရာမာယနဇာတ်တော်ကြီးကနေ မင်းအတွက် ဘာတွေ သင်ခန်းစာရသလဲ။ နည်းနည်းရှင်းပြစမ်းပါဦး။” တဲ့။ အဲဒီမေးခွန်းကို ကြားမိတဲ့အချိန်မှာတော့ ကိုယ့်ပါးစပ်ကတော့ တစ်ခွန်းပဲ ထွက်တယ်။ ရာမဇာတ်တော်က ပြောချင်တာ “အိမ်ကမိန်းမကို ဘယ်တော့မှ […]


nicolus agralJuly 23, 20131min1314
ဦးရာဇတ် နဲ့ ရဲဘော်မောင်ထွေးကို မြန်မာမဟုတ်ဘူး။ အလေးမပြုနိုင်ဘူး ပြောတဲ့သူတွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ သူတို့တတွေကရော မြန်မာမှ ဟုတ်ပါ့မလား။ မြန်မာဆိုတာ ဘာကြီးပါလိမ့်။ ဦးနုတောင်မှ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်သွားလို့ မရခဲ့ဘူးလေ။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာ နိုင်ငံသားနဲ့ ရောထွေးပစ်လို့မှ မရပဲ။ မြန်မာလို့ ပြောလိုက်ရင် သူ့ဘာသူ ဘာဘာသာကိုးကွယ်ကိုးကွယ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံပါ အကျုံးဝင်တယ်။ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာခဲ့သူအားလုံး မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ တိုင်းရင်းသားအားလုံး ဘယ်တိုင်းရင်းသားမဆို လူမျိုးအနေနဲ့သာ ကွဲပြားစွာ ရပ်တည်လို့ရတယ်။ နိုင်ငံသားကတော့ မြန်မာနိုင်ငံသားသာ ဖြစ်တယ်။ ဒီ့ထက်ရှင်းတာလည်း မရှိဘူး။ ဒီလောက်သပွတ်အူလိုက်ပြီး ရှင်းလို့ မဆုံးတဲ့ ကိစ္စလည်း မရှိဘူး။ ဘာလို့ဆိုတော့ အမှန်အမှား မသုံးသပ်၊ […]


nicolus agralJuly 19, 20131min3816
ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက်သုံးရက် ( ၂၂ ဇူလိုင် ၁၉၄ရ ) မှာ ပြောကြားတဲ့ သခင်နုရဲ့ အသံလွှင့်မိန့်ခွန်းထဲက အာဇာနည်ကြီးများ အပေါ် သဘောထား အမြင်များဖြစ်ပါတယ်။ သခင်နုတစ်ယောက်တည်း ပြောပေမယ့် အဲဒီအချိန်က ဖဆပလ ခေါင်းဆောင်ကြီးများရဲ့ သဘောထားများအမြင်များလည်းဖြစ်ပါတယ်။ ၁။ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်အကြောင်းဆိုလျှင် တတိုင်းတပြည်လုံး ကောင်းကောင်းသိတာပဲ။ ကျွန်တော်ထပ်ပြီး ဖေါ်ပြနေစရာ မလိုသလောက်ပါပဲ။ ဒါပေမဲ့နဲနဲတော့ ကျွန်တော်ပြောချင်သေးတယ်။ ဗိုလ်ချုပ်ရဲ့ဖြူစင်တဲ့စေတနာ၊ တည်ကြည်တဲ့ သမာဓိတွေကို အားကိုးနဲ့ ကျွန်တော်တို့ရဲ့ တသက်မှာဖြင့် တခါမှမကြုံဘူးအောင် တတိုင်းတပြည်လုံးဟာ ထူးထူးကဲကဲကြီးစည်းလုံးညီညွတ်လာပါတယ်။ ရှမ်း၊ ချင်း၊ ကချင်အစရှိတဲ့ တောင်ပေါ်သားများ ဆိုလျှင်လည်း အခြားအရှိန်တွေနဲ့ ဗိုလ်ချုပ်ရဲ့အရှိန်ကြောင့် ဗမာတွေနဲ့ ပိုမိုရင်းနှီး စည်းလုံးလာခဲ့ကြပါတယ်။ ကရင်တွေဆိုလျှင်လဲ ဗိုလ်ချုပ်ကိုပုဂ္ဂိုလ်စွဲနဲ့ ကြည်ညိုယုံကြည်တာက အစပြုပြီး ဗမာတွေနဲ့ ပိုမိုရင်းနှီးသွေးစည်းခဲ့ကြပါတယ်။ […]


သတင်းတစ်ခု Mizzima  မှာဖတ်လိုက်ရတယ် အဲဒါက စေတနာအရဆောက်ပေးတယ်မထင်ဘူးဗျ၊ ဒေသအစိုးရ တော့ လုပ်စားကွက်ထွင်တယ်ထင်တာဘဲဗျာ။ ဖတ်ခဲ့ရတဲ့ သတင်းလေးက ဒီလိုပါ။ “အစိုးရက ကွန်ဒိုဆောက်ပေးမည်ကို မိတ္ထီလာဒုက္ခသည်အချို့ မလိုလား ခိုင်ခိုင် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၃ ခုနှစ် ဝ၈ နာရီ ၃၄ မိနစ် အမြင်မတူသော လုပ်အုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်မဲ့သွားခဲ့ရသည့် မိတ္ထီလာမြို့မှဒေသခံများကို မန္တလေးတိုင်းအစိုးရက ကွန်ဒိုတိုက်ခန်းများ ဆောက်ပေးရန် စီစဉ်နေသော်လည်း အဆိုပါ ဒေသခံအချို့က ကွန်ဒိုများကို မလိုချင်ကြောင်း မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သော မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မိတ္ထီလာမြို့ပေါ်တွင် လူအုပ်စုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နေအိမ်များကိုမီးရှို့ကြသဖြင့် အိမ်အလုံးပေါင်း ၁၂၀ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ […]


nicolus agralJuly 13, 20131min36543
ခေတ်ကာလ လူသားများဟာ တီထွင်ဖန်တီးမှုများစွာနဲ့ ခေတ်မီတိုးတက်တဲ့ နည်းပညာအရိပ်အောက်မှာ ဘာမဆို အဆင်ပြေလွယ်ကူသက်သာနေတာတော့ မှန်ပါရဲ့။ တွေးတောဆင်ခြင် သုံးသပ်မှုပိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ တုန်းက လူသားတွေကို မမှီလောက်ဘူးလို့ တွေးမိပါတယ်။ လူ့သမိုင်းတလျှောက်မှာ အဲသည်အချိန်ကလောက် အသိဉာဏ် အတွေးအခေါ်တွေ ကွန့်မြူးဝေဆာနိုင်တဲ့ ခေတ်တစ်ခေတ် ထပ်ပေါ်မလာတော့ဘူး။ အဲသည်တုန်းကဆို တရုတ်ပြည်မှာ ကွန်ဖြူးရှပ်စ်ကြီး ရှိတယ်။ ခုချိန်ထိ သူ့အယူအဆတွေကို တူတူတန်တန် အငြင်းပွားချေပနိုင်တဲ့သူ မရှိသေးဘူး။ ကိုယ်တို့ မဇ္ဇိမအရပ်မှာဆို ဂေါတမဗုဒ္ဓပွင့်ခဲ့တယ်။ ဥရောပတိုက်တလွှားမှာလည်း တွေးခေါ်ပညာရှင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့တယ်။ အလုပ်မလုပ်ပဲ မုတ်ဆိတ်ကြီးပွတ်ပြီး ငုတ်တုတ်ထိုင်နေရင် သမီးနဲ့အတင်းခေါ်ပေးစားခံရတယ်ဆိုတာ အဲသည်ခေတ်က ဖြစ်လိမ့်မယ်။ ရန်ကုန်တက္ကသိုလ်မှာ ဒဿနိကဗေဒလို့ခေါ်တဲ့ ဖီလော်ဆော်ဖီပညာရပ်က သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ တွေးခေါ်ပညာရှင်တွေဟာ ၂ဝ ရာစုက လူသားတွေထက် ဘီစီ […]


ဘာမှ မဟုတ်ဘူး … ဟုတ်တော့ ဟုတ်လိမ့်မယ် …. ကိုယ်ပြောချင်တာပြော ရေးချင်တာရေးရရင် … သူစိတ်ချမ်းသာပါစေတော့လို့ … ကရုဏာထားပေးသူတွေကို …. ထုံးစံအတိုင်း အနှောင့်အယှက်ပေးဖို့ .. သူပုန်ပြန်လာဘီ … မန်း၄ဂဇတ်နဲ့ ကျုပ် ကျုပ်နဲ့ မန်းလေးဂဇက် ဘယ်တော့ အကောင်းရေးလို့ မရမဲ့ အတူတူ … ဗီလိန်က ဗီလိန် လိုဘဲ နေတော့မည် …………..။ ဆိုတော့ သူပုန်ပြန်လာဘီ … သူပုန်ပြန်လာဘီ စစချင်း ဆောက်နဲ့ထွင်းလိုက်ရအောင် …။   အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ အနေဖြင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ပေါ် အထူးခုံရုံဖွဲ့ စစ်ဆေးသင့်ကြောင်း …..သတင်းမှ။ အပြန်အလှန် သုံးသပ်ချက် ….. ဟေ့ယောင်တွေ မင်းတို့ CCTV […]


ムラカミJune 19, 20131min31866
၂၀၁၅ခုနှစ် ဘာမားစပရင်း ဒိုင်းလုပွဲဖိုင်နယ် ကား စပေပြီ ဝါရင့် နည်းပြ ကျောက်ဆည်ရွှေရင်ဟို ဦးစီးသော- ကြံ့ဆီးလ် အသင်း ပွဲထွက်လာ၏။ နာမည်ကျော် ဂိုးသမား စိန်အောင်မင်းချက်ခ် ကတော့ သူ၏နာမည်ကျော် နာနတ်သီးဦးထုပ်ဆောင်းပြီး ဝင်လာသမျှသောဘောတွေကို လက်မလည်အောင် ရှင်းထုတ်နေရမှာ မလွဲပေ။ အဘယ်ကြောင့်ဆိုသော် တဖက်အသင်းမှာ နယ်နယ်ရရမဟုတ်။ ပရိတ်သတ်အင်အားလည်း တောင့်တင်းလွန်းသော ဘာစီ-ဒီချုပ်ဖြစ်သည်ကိုး။ အဲ့အသင်းမှာ ကမာ္ဘ့အကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်သော နာမည်ကျော် မက်ဆီစုကြည် ကစားသည်မဟုတ်ပါလား။ ဂိုးသမားနည်းတူ အသင်းခေါင်းဆောင် တယ်ရီရွှေမန်း လည်း ရွှေပန်း အဲ့လေ ရင်တုန်ပန်းတုန် ဖြစ်နေရှာ၏။ သူသည်လည်း man of the match ရချင်သည်မဟုတ်ပါလား ။ တုန်မယ်ဆိုလည်း တုန်ချင်စရာ ။မက်ဆီစုကြည် ကလည်း ထိုဆုလိုချင်ပြန်သည် […]


ဇီဇီJune 19, 20135min36014
ကိုထွန်းဝေ ရဲ့ သူနဲ့ပတ်သက်ပြီး ပြုစုထားတဲ့ မှတ်တမ်းလေးရဲ့ တစ်စိတ်တစ်ဒေသ ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဒေါ်အောင်ဆန်းစုကြည် ၏ အထ္ထုပ္ပတ္တိ အကျဉ်း အောင်ဆန်းစုကြည် (Aung San Suu Kyi) ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကြမ်းမဖက်လှုပ်ရှားမှုနှင့်အကျဉ်းစံ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်။ မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တတိယမြောက် သမီးဖြစ်ကာ သူမ၏ အမည်ပါ အောင်ဆန်းဆိုသော စကားလုံးသည် သူမ၏ ဖခင်အမည်ကို ယူထားခြင်းဖြစ်ပြီး၊ ကြည်ဆိုသော စကားလုံးသည် သူမ၏ မိခင် ဒေါ်ခင်ကြည်၏ အမည်မှ ရယူကာ စု ဆိုသော စကားလုံးသည် သူမ၏ အဖွားဖြစ်သူ၏ အမည်မှ […]


မပြုံးကြတဲ့ အမုန်းများနဲ့ လက်တွဲကိုဖြုတ် ကျောကိုခိုင်းကာ တစ်ယောက်မျက်နှာ တစ်ယောက်မှာ မမြင်ချင်ပါ ဆိုလာသူနှစ်ဦး ပြိုင်တူမှိုင်းပေါ် ရပ်မိပြန်တော့ ဖက်ကာငိုပွဲ ဆင်ကာနွဲပြီး သူသွားကိုယ်သွား ဆိုနေငြားလည်း နှစ်ယောက်နင်းထား ခြေထောက်များက သက်သေပြယုဒ် ဖြစ်တည်ခဲ့ရာ ငါတို့တကယ် မမုန်းပြီမို့ အရေးကြီးတော့ သွေးနီးကြသည် ခရိုနီ။   “မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် – မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် […]


ဇီဇီJune 6, 20132min60017
ဒီ ဂျွန်လ အတွက်က သူ့ အတွက် ရည်ရွယ်ပြီးပဲ ပို့(စ) တွေ ရှယ် ပါမယ်။ ဒါက ကဗျာ ဆရာ ခရမ်းပြာထက်လူရဲ့ ကဗျာ အပိုင်း ၆ ပိုင်းပါ။ သူ့ ကို ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာ၊ စိတ်နှစ်ပြီး ရေးထားတဲ့ကဗျာ တွေမို့ သေချာဖတ်ကြည့်ရင် ခံစားလို့ ရနိုင်မဲ့ ကဗျာတွေမို့ ကြိုက်လွန်းလို့ ရှယ်ပါတယ်။ ကျနော်က သံမဏီနှင်းဆီ (၂) နဲ့ (၆) ကို အကြိုက်ဆုံးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ  နေပါဦးလား……. ထစ်ကနဲရှိ စစ်ဖြစ်ချင်ရတာနဲ့ နေပါဦးလား……. တစ်ယောက်တည်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားနေရတာ။ နေပါဦးလား…….. ထောင်ချောက်တွေ […]


ဇီဇီJune 2, 20131min44666
ဒါက ကိုအောင်ခိုင်ရဲ့ အတွေးနဲ့ အရေးပါ။ စိတ်သဘောချင်းတူလို့ ရှယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~   ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။ ကဲ ကို ကဲ လွန်း တယ် ….တဲ့လား။ ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။ နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄ဝ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချိီးကျူးပါ..သူများကိုတော့ […]


ဇီဇီMay 31, 20131min29217
  ကျွန်တော်တို ့နိူင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ဘဝမှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘဝနဲ ့ဘဲ ပြီးဆုံးသွားကြတယ်။ ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ ့ရတယ်၊ဘဝမှာ အောင်မြင်ဖို ့EQ ဆိုတာလည်း အရေးကြီးပါတယ်။ EQ ဆိုတာ ဘာလည်းနဲ ့ ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။   EQ လား IQ လား   လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ […]


nicolus agralMay 24, 20131min2178
ဝမရှိပဲ ဝိလုပ်လို့ မရဘူးဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဝတွေချည့်သက်သက် ဝိ လုပ်ကြမလို့ ဝိဝါဒ မကွဲပြားရအောင် ဝပြည်နယ်ထောင်ပေးပါဆိုတာကတော့ ဝီလိုဝီလိုတွေ ဖြစ်ကုန်မှာစိုးလို့ ဝင်ပါရဦးတော့မှာပဲ။ တကယ်တော့ ဒီအကွက်ကြီးက ဆင်ဖဲကြီးလို့ ထင်ပါတယ်။ ဒီအသံတွေထွက်လာစေချင်လို့ ဟ ထားပေးတာ မဟုတ်ဘူးလား။ ပအို့ဝ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတယ်။ ကိုးကန့်တွေကိုလည်း အထူးဒေသနဲ့ အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုသာ တစ်စစီဖဲ့ချွေပေးရရင် ဓနု၊ ပလောင်၊ အင်းသား၊ အခါ၊ ဘယ်ဟာမှ ချန်ထားလို့ ရမှာ မဟုတ်ဘူး။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက စာရင်းအရကို ၁၃၅ မျိုး ရှိသတဲ့။ ၁၃၅ စိတ် စိတ်လို့မရတာ လူတိုင်းသိပါတယ်။ ဘယ်တုန်းကမှ အမည်ပေါက် စာရင်းဝင် မဟုတ်ခဲ့တဲ့ ဘင်္ဂါလီတွေကမှ ရိုဟင်ဂျာနံမယ်တပ်ပြီး […]