Mon LayJanuary 9, 20171min1255
ဟိုးအရင်တုန်းက စူပါမော်ဒယ်တွေဟာ ဗိုက် သားပြားချပ်စေတဲ့ လက်ဖက်ရည်တွေ သောက်ကြတယ်ဆိုပြီး အသံတွေ ကြားခဲ့ရပေမယ့် ခုတစ်ခါ ပြောပြမယ့် အရာကတော့ ဗိုက်သားကို ပြားချပ်စေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အရာပါ။ အမျိုးသမီးအများစုဟာ ဖေ့စ်ဘွတ်ခ်နဲ့ instagram လို လူမှုကွန်ယက်တွေမှာ အခြားအမျိုးသမီးတွေရဲ့ ပြားချပ်နေတဲ့ ဗိုက်သားတွေကို လှစ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ မြင်ရရင် ငါလည်းအဲ့လိုဗိုက်မျိုးလေး ရချင်တယ်ဆိုပြီး အခါခါ တောင့်တမိကြပါတယ်။   ဗိုက်သားပြားချပ်နေစေဖို့အတွက် သင့်အနေနဲ့ မနက်တိုင်း fatty အက်ဆစ်နှစ်ဆပါဝင်တဲ့ အစားအစာမျိုးတွေ စားပေးရမှာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သင့်ဗိုက်ပြားချပ်စေဖို့အတွက်တင်မကပဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း သင့်အတွက်ကောင်းမွန်လှတဲ့ အစားအစာတွေရှိပါတယ်။ သူက နှလုံးအတွက်ပါ အထူးကောင်းမွန်တာမို့ မနက်တိုင်း မဖြစ်မနေ စားပေးသင့်ပါတယ်တဲ့။ အဲ့ဒါဘာတွေလဲဆိုတော့ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်ဆီ နဲ့ […]


Mon LayJanuary 6, 201712min940
⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ ဥရောပတစ်ခွင်စုံစုံလင်လင်……………….. ၏ 2017 EU(8)နိုင်ငံ ခရီးစဉ် ⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ 2016 ဧပရယ်အတွင်းမှာ ဥရောပ(၈)နိုင်ငံ ခရီးစဉ်လေးဟာ ဘာကြောင့် လူကြိုက်အများဆုံးဖြစ်ခဲ့ရတယ်ဆိုတာရယ် ၊ ဘာကြောင့် ………………… နဲ့ရွေးချယ်ခရီးသွားသင့်တယ်ဆိုတာရယ်ကို ရှင်းပြပေးပါရစေရှင်။ *****မင်္ဂလာပါရှင်။…………………… ကပါ။ ^___^ ***** —————————————————————- Q: 2017 ဧပရယ်သင်္ကြန်အတွင်း ညီမတို့ရဲ့နာမည်ကြီးတဲ့ ဥရောပ(၈နိုင်ငံ) ခရီးစဉ် အကြောင်းလေး သိချင်လို့ပါ။ ? ဪဟုတ်ကဲ့ပါရှင်။ ညီမတို့အနေနဲ့ ဧပရယ်သင်္ကြန်ပိတ်ရက်အတွင်းမှာ ဧပရယ် (၁ဝရက်နေ့ထွက်ပြီး – ၂၅ရက်နေ့) ပြန်ရောက်မဲ့ (၁၅ညအိပ် / ၁၆ရက်) ဥရောပခရီးစဉ်လေးကို တစ်ဦးလျှင် USD 5000 နှင့် ဖွင့်လှစ်ပေးထား ပါတယ်။ ဒီခရီးစဉ်လေးမှာဆိုရင်တော့ နိုင်ငံအားဖြင့် (၈)နိုင်ငံ + မြို့အားဖြင့် […]


Mon LayJanuary 6, 20171min950
အားလပ်ရက်တွေမှာ နေ့ချင်းပြန်ခရီးသွားလို့ကောင်းမယ့်နေရာတစ်ခုကတော့ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မယ့် ပဲခူးမြို့ပဲဖြစ်ပါတယ်။ ပဲခူးကိုသွားမယ်ဆိုရင် အချိန် ၁နာရီကျော်လောက်ပေးရုံနဲ့ ရောက်ရှိနိုင်မှာဖြစ်ပြီး ခရီးခရိတ်ကလည်း သက်သာလှတဲ့ နေ့ချင်းပြန်ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ပဲခူးကို အဓိက သွားရောက်ကြတာကတော့ ပုံမှန်အားဖြင့်ဆိုရင် နာမည်ကြီး ရွှေမော်တောဘုရားကို သွားရောက်ကြသလို အခုလိုဆောင်းရာသီချိန်ခါမှာတော့ ငှက်ကြည့်ဖို့အတွက် မိုးယွန်းကြီးအင်းကိုပါအပန်းဖြေသွားရောက်တတ်ကြပါတယ်။ သူငယ်ချင်းတွေဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ နေ့ချင်းပြန် ခရီးသွားကြမယ်ဆိုရင် ခရီးသိပ်မပန်းမယ့်  ပဲခူးကိုသာရွေးချယ်ကြစမြဲပါ။ ရန်ကုန်မြို့နေထွက်လိုက်တာနဲ့ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ လှပတဲ့ရှုခင်းတွေက မြို့ပြမှာမွန်းကြပ်ခဲ့သမျှကိုဖြေဖျောက်စေမှာပါ။ပဲခူးမြို့ဟာ မွန်ဘုရင်ရဲ့ ရှေးဟောင်းမြို့ဖြစ်ပြီး ဘုရင့်နောင်မင်းတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ပဲခူးမြို့မှာ စိတ်ဝင်စားဖွယ်လည်ပတ်လို့ကောင်းတဲ့နေရာတွေကတော့ နာမည်ကြီး ရွှေမော်ဓောဘုရား၊ဟင်္သာကုန်း၊ဘုရင့်နောင်ဆောက်လုပ်ထားခဲ့တဲ့ ကမော္ဘဇသာဒီ နန်းတော်၊ရွှေသာလျောင်းဘုရား၊ရွှေဂူလေးကိုးသိန်း ကိုးသန်း နဲ့ရွှေပြည် resort တို့ပဲဖြစ်ပါတယ်။ Ref photo: U Maung Pyo ရွှေမော်ဓောဘုရားဟာ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေအနက် […]


Mon LayJanuary 3, 20171min1022
ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ အလွန်ပင်များပြားလှပါတယ်။ သင့်ကိုအမြင်ကျယ်လာစေမယ်၊ မတူညီကွဲပြားတဲ့ဓလေ့စရိုက်၊ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမယ် စသည့်ဖြင့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ ခရီးသွားခြင်းကသင့်ကို ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းပြုလုပ်ပေးနိုင်ပြီး ခရီးသွားခြင်းကသင်ပေးတဲ့အရာများကိုဖော်ပြလိုက်ရပါတယ်။ . (၁) အပေါင်းအသင်းတွေ၊မိတ်ဆွေတွေရဲ့တန်ဖိုးကို သိလာစေပါတယ်။ ————————————————————————– ခရီးသွားပြီးအိမ်နဲ့အဝေးရောက်နေတဲ့အချိန်မှာ အပေါင်းအသင်းတွေနဲ့လူ့အဖွဲ့အစည်းအကြောင်းပိုမိုနားလည်လာပါလိမ့်မယ်။ မိမိအတွက်မိတ်ဆွေကောင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး၊ပတ်ဝန်းကျင်တည်ဆောက်ခြင်းဟာပျော်စရာကောင်းကြောင်းပိုမိုသိသာထင်ရှားလာပါတယ်။ . (၂) သည်းခံတတ်အောင်သင်ကြားပေးပါတယ်။ —————————————————- ခရီးသွားပြီဆိုလျှင် ဖြတ်သန်းနေကျ ပုံမှန်ဘဝ၊နေ့စဉ်ဘဝထဲကထွက်ပြီး အသစ်အဆန်းတွေ အတွေ့ကြုံသစ်တွေကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာမရှိပဲ လုပ်ရတာတွေရှိလာပါမယ်။ မိမိထင်ထားသလို၊ စီစဉ်ထားသလိုမဟုတ်ပဲဖြစ်လာမှာတွေရှိလာပါမယ်။ အဲ့အတွက် သည်းခံရပါမယ်။ လေယာဉ်စောင့်ရခြင်း၊ ကားစောင့်ရခြင်း၊ ရထားစောင့်ရခြင်းစသည့်တို့အပြင် ဒေသမတူပါက ဘာသာစကားနားလည်မှုအခက်အခဲ စသည့်အခက်အခဲတွေ သည်းခံရမှာဖြစ်ပါတယ်။ . (၃) မေးမြန်းအကူအညီတောင်းတတ်အောင် သင်ပေးပါတယ်။ —————————————————————– သင်ဟာ ကိုယ့်ဒေသမဟုတ်တဲ့နေရာကိုရောက်နေပြီဆိုရင် တစ်ခုခုသိချင်၊သွားချင်ရင် အကူအညီတောင်းရပါတော့မယ်။ လူတွေကိုစကားပြောဆို၊ အကူအညီတောင်းတတ်လာမယ်။ ခရီးသွားခြင်းဟာ သင်ဟာဘယ်တော့မှတစ်ယောက်တည်းအထီးကျန်မဟုတ်ဘူးဆိုတာ သင်ပေးပါလိမ့်မယ်။”ပါးစပ်ပါ ရွာရောက်” […]


Mon LayDecember 31, 20164min1925
မြသပိတ်ရေပြာအိုင်ကို သွားရာလမ်းတလျှောက်မှာ မျက်စိတဆုံး ပန်းခင်းများကို မြင်တွေ့နိုင်တဲ့အပြင် ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း အစရှိတဲ့ လယ်ကွက်မျိုးစုံကိုလည်း တဝကြီး ရှုမြင်ခံစားနိုင်လို့ပါ။ ??? ဒါ့အပြင်…….ရေပြာအိုင်အနီးမှာရှိတဲ့ သုံးဆင့်ရေတံခွန်ကြီးကလည်း ရေကူးကစားဖို့ အသင့်တော်ဆုံး အချိန်ပါ။ ??? တည်နေရာ……ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ရွာငံမြို့နယ် တောကြယ်ကျေးရွာမှာ တည်ရှိပါတယ်။ ??? ထူးခြားချက်များ….. ရေအိုင်တစ်ခုလုံး တကယ့်ကို ပြာလဲ့နေပြီး ဟိုးအောက်ခြေအထိ ကြည်လင်စွာ မြင်ရပါတယ်။ ရေထဲမှာ လဲလျောင်းနေတဲ့ အပင်ကြီးတွေကလည်း ရင်သပ်ရှုမောဖွယ်ပါ။ အတော်ကြီးမားတဲ့ ငါးကြီးများလည်း ကူးခတ်နေကြတာကို တွေ့မြင်ရမှာပါ။ အခြားရေအရောင်နှစ်မျိုး စီးဝင်နေပေမယ့် ရေပြာအိုင်က အရောင်ပြောင်းလဲခြင်း၊ ရေခမ်းခြောက်ခြင်း မရှိပါဘူး။ ??? ရေပြာအိုင်နှင့် ပတ်သက်၍… ဒေသခံတွေက ဒီရေပြာအိုင်ဟာ မြတ်စွာဘုရားရဲ့ မြသပိတ်ကြောင့်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မလေးမစားပြုမူခြင်း၊ ရေထဲဆင်းခြင်း၊ […]


Mon LayDecember 31, 20161min850
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကိုအစွဲပြု၍ စေတီတော် တီရှိရာတောင်ကိုကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀ဝ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅ဝ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ […]


Mon LayDecember 28, 20161min1292
ကျိုက်ထီးရိုး ဘုရား *********************** ကျိုက်ထီးရို ရင်ပြင်တော်ကနေပြီး အနောက်ဘက်သို့ မျှော်ကြည့်ရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ – ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိပါတယ်။ (၁) စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်ပြီး (၂) မှာ ကျိုက်ထိုမြို့က မော်တော်ကားနဲ့ ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့ လမ်းပါ။ (ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်ပါတယ်။) – ဘုရားကို တက်ရာလမ်းတစ်လျောက်မှာ ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့ စခန်းတွေရှိပါတယ်။ – ဘုရားဖူးတွေဟာ ကျိုက်ထီးရိုးဘုရားကနေ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်ပြီး […]


Mon LayDecember 28, 20161min993
ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကိုလာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။ မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင်ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်း ကို ၂၀၁ရ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းစီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစ တင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇ဝ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂ဝ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင်လူတစ်ဦး ကိုငွေဘယ်လောက်ယူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ကေဘယ်ကားတစ်စီး ကို […]


Mon LayDecember 27, 20161min610
?သဘာဝမှဖြစ်တည်လျက်ရှိသော သမိုင်းဝင်ကမာ္ဘ့အံ့ဖွယ် 7မျိုးထဲမှ 1ခုအပါအဝင်ဖြစ်တဲ့ ဧရာမချောက်ကမ်းပါးကြီး( Grand Canyon ) ဟာ အနက်ရှိုင်းဆုံးချောက်ကြီးအဖြစ်သမိုင်းဝင်ထင်ရှားလှပါတယ်။ ?အရီဇိုးနားပြည်နယ်တွင်တည်ရှိပြီး ကမာ္ဘလှည့်ခရီးသည်များကို ဆွဲဆောင်အားကောင်းလွန်းလှလို့ နှစ်စဉ်ခရီးသွား 5သန်းကျော် လာရောက်လေ့လာကြပါတယ်။ ?ချောက်ကြီးအနက်က တစ်မိုင် ( ၅၂၈ဝ ပေ ) ကျော်နက်ရှိုင်းပြီးမြောက်ဘက်ကမ်းပါးစွန်းမှ တောင်ဘက်ကမ်းပါးစွန်းကို ၂၁မိုင် ကွာဝေးပါတယ်။ ? ချောက်ကြီးအတွင်း အတက်အဆင်းပြုလုပ်မည်ဆိုပါက အဆင်း ရနာရီကျော်ဖြစ်ပြီး အတက် ( ၁ဝ ) နာရီ အချိန်ကြာမြင့်ပါတယ်။ #credit


Mon LayDecember 26, 20164min1153
ဒီတစ်ခါရုံးသမားတွေခရီးလေးတွေသွားလို့ရအောင် Wings ကစီစဉ်ပေးလိုက် တဲ့ခရီးစဉ်လေးကတော့ ကဗျာဆန်ဆန်နဲ ့ယဉ်အောင်လှတဲ့ရေးမှာရှိတဲ့ ?ကဗျာဝကမ်းခြေစီးရီးခရီးစဉ်?ပဲဖြစ်ပါတယ်။ ကဗျာဝ ကမ်းခြေ နေ့ချင်းပြန်ခရီးစဉ် (40,000 ကျပ်) =================================== 28 ဒီဇင်ဘာညမှာစထွက်ပါမည်။ ကရင်နှစ်သစ်ကူးနေ ့ မှာလျှောက်လည်ပြီး ညဘက်ရန်ကုန်ပြန်ရောက်ပါမည်။ ဘယ်တွေရောက်မလဲဆိုရင်……… ? ရေးရှေးဟောင်းကျုံ းရေလည်ဘုရား ? ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား ? ကဗာျဝကမ်းခြေ ? ပင်လယ်ဝကမ်းခြေ ? ကော့ဒွတ်ကမ်းခြေ ? သထုံမြို့ရဲ့ ကျက်သရေဆောင် ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူရဲ့ ဓါတ်တော်မွေတော်လေးဆူ ကို ဌါပနာထားတဲ့လေးဆူဓါတ်ရံ သထုံရွှေ စာရံ ဘုရားကြီး ? စိတ်တိုုင်းကျဈေးဝယ်နို်င်မယ် ့ဈေးတန်းများ ပါဝင်သောဝန်ဆောင်မှုများ။ ————————— ✌33Seater AirCon Express Higer Car (မှတ်ချက်။ ။၃၃ယောက်စီးသာဖြင့်သာခရီးလမ်းကို သွား၍ […]


Mon LayDecember 23, 20161min1758
ဆံတော်ရှင် ကျိ ု က်ထီးရိုး ဘုရားကြီး၏တန်ခိုးတော်အနန္တကြောင့် ထူးခြားအံ့ဖွယ်ရာမှာ နှစ်စဉ်ဘုရားဖူး မိဘပြည်သူတို့၏ ကိုယ်တွေ့မှာ ပြောမကုန် စာဖွဲ့ မမီနိုင်လောက်အောင် ရှိပါသည်။ ဘူမိဗေဒပညာရှင်တို့၏ စမ်းသပ်တိုင်းထွာမှုအရ အောက်ခံကျောက် တုံးကြီးနှင့် ကျောက်တိုင်ကြီး တို့မှာ ရွေးကြီးစေ့တွင်းထွက် နှမ်းဖတ်ကျောက် ( Granite ) ကျောက်အမျိ ု း အစားဖြစ် သည်။ ထိစပ်နေသည့်အပိုင်းတွင် ပကတိကျောက်သားများ တွေ့မြင်ကြ ရပြီး ကျောက်သားများမှာ ကြွေမွသည့်ဒဏ် တစ်စုံတစ်ရာ မတေွ့ရပေ။ အောက်ခံကျောက်တိုင်၏ တည်ရှိနေမှုမှာလည်း ( ၉ဝ ) ဒီဂရီ တည့်မတ်နေခြင်း မဟုတ်ပဲ အရှေ့ဘက်သို့ တိမ်းစောင်းလျှက်ရှိကာ မြေဝင်အနေအထားမှာလည်း အနည်းငယ်မျှသာ ရှိနေပါသည်။ ကျောက်တုံးကြီး၏ အလေးချိန်မှာ တန်ချိန် ( ၆၀ဝ […]


Mon LayDecember 21, 20161min963
သာမန်လူတွေ တစ်နှစ်လောက် အလုပ်လုပ်မှ ရတဲ့ဝင်ငွေက ဒီ သူဌေးသမီးလေး ရဲ့ တစ်ပတ်စာ ရှော့ပင်းဖိုးသာ ရှိပါတယ်။ မြန်မာငွေ သိန်းသုံးရာနီးပါးနဲ့ ညီမျှတဲ့ စတာလင်ပေါင် တစ်သောင်းခွဲဆိုတာ ဖွံ့ဖြိုးပြီးနိုင်ငံက ဝန်ထမ်းအချို့တောင် တစ်နှစ်လောက် အလုပ်လုပ်မှ ရတဲ့ ဝင်ငွေဖြစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံက အသကက် ၂ဝ အရွယ် ကလေးမလေးအတွက်တော့ တစ်ပတ်စာ ရှော့ပင်း ထွက်တဲ့ ပမာဏမျှသာ ဖြစ်နေပါတယ်။ လာနာစကိုလာရို ဟာ အခုတော့ နာမည်ကြီးသည်ထက် ကြီးလာပါပြီ။ ချန်ယန်-၄ ရုပ်သံအစီအစဉ်ရဲ့ မှတ်တမ်းရုပ်ရှင်ထဲ မှာ အခြားသော ချမ်းသာကြွယ်ဝတဲ့ လူငယ်တွေနဲ့အတူ ပါဝင်ခဲ့လို့ ပိုပြီးနာမည်ကြီးလာတာပါ။ Rich Kids of Instagram ဆိုတဲ့ အင်စတဂရမ်ပေါ်က Group ထဲမှာလည်း သူမက […]


Mon LayDecember 20, 20161min1142
၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။ ၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။ ၃။ ရတာထက် ပိုမသုံးနဲ့။ ၄။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံ စေချင်သလို ဆက်ဆံပါ။ ၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။ ၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။ ၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။ ၈။အမှားကို ဝန်ခံပါ။ ၉။ရဲရင့်ပါ။ မရဲသော် ရဲယောင်ဆောင်ပါ။ ဘယ်သူမှ ခွဲခွဲခြားခြား မသိပါ။ ၁၀။ ဘယ်တော့မှ လိမ်လည်လှည့်ဖျားမှု မလုပ်ပါနဲ့။ ၁၁။ နားထောင်တတ်ပါစေ။ အခွင့်အလမ်းဟာ တခါတရံမှာတံခါးကို အင်မတန် ညင်သာစွာ ခေါက်တာပါ။ ၁၂။ တခြားလူတွေရဲ့ မျှော်လင့်ချက်တွေကို […]