သိပ်သိပ်ချစ်ရတဲ့………….. သူ…………… Relink ရယ်…. ဖြစ်လိုက်ရင် သောကြာနေ့ချည်းပဲနော် တိုက်ဆိုင်လွန်းလိုက်တာ ကွာ အရင်တစ်ခါ ဖြစ်တုန်းကလဲ သောကြာနေ့ အဲဒီ အဲဒါ(error) ကလဲ တိတိပပ တိတိကျကျ မဆိုနိုင်ခဲ့ဘူးနော် ဒီကြားထဲ ဟိုဟာလုပ်ပါဦး ဒီဟာလေး လုပ်ကြည့်ပါဦး ဆိုပီး လုပ်ခိုင်းသေးတယ်နော် ဒီလိုနဲ့ သုံးလေးရက် ကြာသွားခဲ့တယ်နော် စနေက နေ့တပိုင်း မို့လို့ ဒီလိုဖြစ်သွားရတာပါတဲ့ နောက်ဆုံးတော့လဲ ကျေးဇူးတင်ပါတယ်ဆိုပီး သွားဖြီးလေးနဲ့ အနော်တို့သုံးသူ customer ကပဲ ဒီလိုလာလုပ်ပေးတာကို ကျေးဇူးအထူးအထူး တင်လိုက်ရတာပေါ့ Redlinkရယ် အင်း …ဒီအဲဒါ(error)က los မီးမလင်းတဲ့ ကြိုးပျက်တဲ့ error ပါတဲ့ကွယ် ဘယ်လိုကြောင့်လဲ ဆိုတော့ ရှဉ့်ငပေါက ဖိုင်ဘာကြိုးဆို သိပ်သိပ်ကြိုက်လို့တဲ့ကွယ် Redlinkရယ်….. နောက်တစ်ခါ ထပ်ဖြစ်လိုက်တာကလဲ […]


nigimi77June 21, 20131min39330
စာမရေးတာက  ကြာပြီ အခုလည်း  ဖတ်ရုံ သပ်သပ်လောက်ပဲ  အာရုံကလာတယ် ဆိုတော့………သူတပါး ရေးထားတာကို  Copy လုပ်ပေးလိုက်တယ် ဖတ်ပြီးရင်တော့ ဆဲဖို ့မမေ့ပါနဲ ့  …….  ဒါမှ ဗမာ ပီသမယ် …..  ငိငိ   Credit to leebamar ============================================ ဗမာ လူမျိုးဆိုတာ ဒို ့ဗမာ သာကီမျိုး ဟာမို့၊ မညှိုးဂုဏ်တေဇာ” ဆိုပြီးတော့ ရေးတဲ့ သူကလည်း ရေး၊ ဆိုတဲ့ သူတွေ ကလည်း အားပါးတရ ဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွ စေတယ် ဆိုတာ ကောင်းတာပေါ့။ သို့သော် တကယ်တမ်း မှာတော့ အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘဝင် […]


ムラカミJune 19, 20131min31876
၂၀၁၅ခုနှစ် ဘာမားစပရင်း ဒိုင်းလုပွဲဖိုင်နယ် ကား စပေပြီ ဝါရင့် နည်းပြ ကျောက်ဆည်ရွှေရင်ဟို ဦးစီးသော- ကြံ့ဆီးလ် အသင်း ပွဲထွက်လာ၏။ နာမည်ကျော် ဂိုးသမား စိန်အောင်မင်းချက်ခ် ကတော့ သူ၏နာမည်ကျော် နာနတ်သီးဦးထုပ်ဆောင်းပြီး ဝင်လာသမျှသောဘောတွေကို လက်မလည်အောင် ရှင်းထုတ်နေရမှာ မလွဲပေ။ အဘယ်ကြောင့်ဆိုသော် တဖက်အသင်းမှာ နယ်နယ်ရရမဟုတ်။ ပရိတ်သတ်အင်အားလည်း တောင့်တင်းလွန်းသော ဘာစီ-ဒီချုပ်ဖြစ်သည်ကိုး။ အဲ့အသင်းမှာ ကမာ္ဘ့အကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်သော နာမည်ကျော် မက်ဆီစုကြည် ကစားသည်မဟုတ်ပါလား။ ဂိုးသမားနည်းတူ အသင်းခေါင်းဆောင် တယ်ရီရွှေမန်း လည်း ရွှေပန်း အဲ့လေ ရင်တုန်ပန်းတုန် ဖြစ်နေရှာ၏။ သူသည်လည်း man of the match ရချင်သည်မဟုတ်ပါလား ။ တုန်မယ်ဆိုလည်း တုန်ချင်စရာ ။မက်ဆီစုကြည် ကလည်း ထိုဆုလိုချင်ပြန်သည် […]


ဇီဇီJune 19, 20135min36114
ကိုထွန်းဝေ ရဲ့ သူနဲ့ပတ်သက်ပြီး ပြုစုထားတဲ့ မှတ်တမ်းလေးရဲ့ တစ်စိတ်တစ်ဒေသ ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဒေါ်အောင်ဆန်းစုကြည် ၏ အထ္ထုပ္ပတ္တိ အကျဉ်း အောင်ဆန်းစုကြည် (Aung San Suu Kyi) ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကြမ်းမဖက်လှုပ်ရှားမှုနှင့်အကျဉ်းစံ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်။ မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တတိယမြောက် သမီးဖြစ်ကာ သူမ၏ အမည်ပါ အောင်ဆန်းဆိုသော စကားလုံးသည် သူမ၏ ဖခင်အမည်ကို ယူထားခြင်းဖြစ်ပြီး၊ ကြည်ဆိုသော စကားလုံးသည် သူမ၏ မိခင် ဒေါ်ခင်ကြည်၏ အမည်မှ ရယူကာ စု ဆိုသော စကားလုံးသည် သူမ၏ အဖွားဖြစ်သူ၏ အမည်မှ […]


– – – – – – – – – – – – – – – – – – – – -ဓာတ်ပုံဆရာတွေကို မချစ်သင့်တဲ့ အကြောင်းအရင်း ၄၁ ချက် မှာတွေ့မိလို့ ပြန်ရှဲလိုက်ပါတယ် Posted by မီးမောင် on June – 9 – 2013 ဓာတ်ပုံဆရာတွေဆိုတာ တခြားသူတွေနဲ့ မတူ ကွဲပြားနေတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အနုပညာရှင်တွေ ဖြစ်သလို လုပ်ငန်းရှင်တွေလည်း ဖြစ်ပါတယ်။ ကင်မရာပစ္စည်းတွေကို အရမ်း ချစ်ကြပြီး တသသ ဖြစ်နေကြတာ တခါတလေ ဘေးလူ အမြင်ကပ်လောက်အောင်ပါပဲ။ ဒီနေ့တော့ […]


သစ်ထူးလွင်ဆိုက်မှာ ဆိတ်ဝင်စားဖွယ် သဒင်းတဘုတ် တွေ့လို့ ရွာသူအများ အချိန်မှီသိရှိနိုင်ဖို့ စေတနှာရှေ့ထား ဖင်ပြပါသည်။ ရွာသားကိုရင်စည်သွပ် ဟုတ်မဟုတ်တော့ ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းချက် စောင့်ကြည့်ရမည် ဖြစ်ပါဂျောင်း… 😮     ရန်ကုန်မြို့ Orchid Hotel မှာ ၂၀၁၃ ခုနှစ် ဇွန် ၅ ရက် နေ့လယ် ၂ နာရီက တေးသံရှင် နေနေရဲ့ တစ်ကိုယ်တော် စီးရီး ဆူးစူး သူ DVD ကာရာအိုကေ အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဆူးစူး သူ အခွေကို ဇွန်လ ရ ရက်နေ့မှာ ဖြန့်ချိပေးသွား မယ်လို့လည်းသိရပါ တယ်။ အခွေအတွက်မျှော်မှန်းထား တာလေးတွေ […]


ムラカミJune 16, 20131min30419
အဖေတွေကို အမှန်တကယ် နားလည်တဲ့ သူဆိုတာ ရှားပါးပါတယ်။ အမေတွေနဲ့ယှဉ်ရင် အဖေတွေအတွက် ကျမတို့တတွေ ဂုဏ်ပြုတေးသီဖို့ ကြိမ်ဖန်များစွာ ပျက်ကွက်ခဲ့ကြဖူးတယ်မဟုတ်လား။ ၂။ အလွယ်တမ်းပြောကြကြေးဆိုရင် အဖေတွေဆိုတာ မိသားစုအတွက် ငွေရှာပေးနေကြသူတွေပေါ့။ တကယ်တမ်းက အဲ့သည့်ထက် အများကြီး ပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖေတွေဟာ ကျမတို့ရဲ့ ဖျားနာမှု အားလုံးအတွက် ကြင်ကြင်နာနာပြုစုယုယပေးတဲ့ သူနာပြုတွေမို့လို့ပါ။ ၃။ အဖေဆိုတာ မိသားစုက သူ့ကိုမြင်ယောင်မယ့် သူ့ရဲ့ ပုံရိပ်အတွက် သူ့တဘဝလုံးကိုပေးဆပ်ရင်း နေ့စဉ်ရုန်းကန် တိုက်ခိုက်နေရသူတွေပါ။ ဒဏ္ဍာရီလာ သူရဲကောင်းအလား ကျမတို့အပေါ်ကျရောက်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်တိုက်ခိုက်သူအလားပါပဲ။ အဖေတွေဟာ ကျမတို့အတွက် တချိန်တည်းမှာ ကာကွယ်သူနဲ့ရော ဖြည့်ဆည်းသူအဖြစ်နဲ့ပါ စောင့်ရှောက်လေ့ရှိသူပါ။ ၄။ အဖေတွေဆိုတာ ကျမတို့ ရင်ခုန်ခံစားမှုတွေရဲ့ နံပါတ်တစ် ဇာတ်လိုက်ကျော်တွေမဟုတ်တတ်ကြပါဘူး ဒါဟာ ကျမတို့ […]


မပြုံးကြတဲ့ အမုန်းများနဲ့ လက်တွဲကိုဖြုတ် ကျောကိုခိုင်းကာ တစ်ယောက်မျက်နှာ တစ်ယောက်မှာ မမြင်ချင်ပါ ဆိုလာသူနှစ်ဦး ပြိုင်တူမှိုင်းပေါ် ရပ်မိပြန်တော့ ဖက်ကာငိုပွဲ ဆင်ကာနွဲပြီး သူသွားကိုယ်သွား ဆိုနေငြားလည်း နှစ်ယောက်နင်းထား ခြေထောက်များက သက်သေပြယုဒ် ဖြစ်တည်ခဲ့ရာ ငါတို့တကယ် မမုန်းပြီမို့ အရေးကြီးတော့ သွေးနီးကြသည် ခရိုနီ။   “မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် – မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် […]


ကျုပ်အဘ နဲ့ ကျုပ်အမေ ဘာညာဘညာကွိကွကွိကွ ကျုပ်လူဖြစ်လာတယ်ပေါ့နော ထိုအခါ သူတို့ကျေးဇူးတွေ ကျုပ်အပေါ်မှာရှိတယ်လို့ဆိုကြပြန်ရော မိဘတို့မေတ္တာ ချစ်သော သူတို့သားသားလေး ကျုပ်ကို နာမည်တစ်ခုပေးလေရဲ့ လက်ရှိ ကျုပ်နာမည် မိုက်ကယ်ဂျော်နီအောင်ပု တော့ဟုတ်ဘူး ဆိုတော့ကာ မိဘကျေးဇူးရယ် သူတို့ပေးတဲ့နာမည်ရယ် ကျုပ်ရဲ့အခွင့်အရေးရယ် နိဂုံးချုပ်ရရင်တော့ ကျုပ်ရဲ့ မိဘတွေပေးတဲ့နာမည်ကို မကြိုက်လို့ပြောင်းခြင်းဟာ မိဘကျေးဇူးကန်းရာကျသလား ကျုပ်ရဲ့ဘဝကို မိဘတွေပေးထားနဲ့နာမည်နဲ့ဘဲ သေသည့်တိုင်အောင် အဆုံးသတ်ရမလား ကျေးဇူးတရားနဲ့ လူ့အခွင့်ရေး အဟေဟေး


ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ နိုင်ငံရေးပါတီဂေါင်းဂျီးပိုင်းများသည် ၎င်းတို့အနေဖြင့် ပါတီထောင်ခြင်းမှာ သမ္မတ လုပ်ခြင်၍ဖြစ်ပါကြောင်း တိုင်းသိပြည်သိတရားဝင်ကြေငြာခဲ့ကြလေသည်။  ( တော်တော်အားလို့ ပါတီထောင်ထားတယ်လို့ လူတွေကထင်နေကြတာကိုး )  


ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]


တိမ္မည္းJune 10, 20131min23727
အောက်ပါ ပို ့စ်ဟာ ဖေ့ဘွက် စာမျက်နှာ တနေရာကနေ ကူးလာတာပါ…. ပို ့စ်ပိုင်ရှင် မဟုတ်ပေမယ့်လည်း တက်သိနားလည်သမျှနဲ ့ ကော်မန် ့များကို ပြန်လည် ဖြေကြားသွားပါ့မယ်…. မူရင်းလင့်ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်……… —————————————————————————————————— မြန်မာလူမျိုးတွေ ဘာ့ကြောင့်မချမ်းသာကြသလဲ မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။ […]


Zaw Moe KhineJune 8, 20131min1922
ဂျပန် Telecom ကုမ္ပဏီ KDDI က Mobile Operator လုပ်ကိုင်ခွင့်ရမည်ဟုအခိုင်အမာပြောကြား။အောက်ပါ Link တွင်ကြည့်ရှုနိုင်။ MICTDC ကုမ္ပဏီ ဥက္ကဌ ဦသိန်းဦးမှ MICTDC ကုမ္ပဏီ နှင့် ဆက်သွယ်ရေးတင်ဒါရွေးချယ်ရေးအဖွဲ ့ဝင်၊ဆက်သွယ်ရေးဒုဝန်ကြီး KMD ဦးသောင်တင်နှင့်အဆက်အသွယ်မရှိဟုငြင်းဆိုထားသော်လည်း KMD ဦးသောင်တင်၏ ဇနီးဖြစ်သူသည် MICTDC ၏ Director တစ်ဦးဖြစ်လျှက်နောက်ကွယ်မှပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်းခိုင်လုံသောနေရာမှသတင်းရရှိပါသည်။