Mon LayFebruary 17, 20181min2334
နိုင်ငံရေးမပြောချင်ပါဘူး..စိတ်မဝင်စားလို့..ဒါအမှန်တိုင်းပြောတာ။ ဒါပေမဲ့လည်း ပြောရဦးမယ်..ခုတော့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာအရင်အစိုးရလက်ထက်ဦးသိန်းစိန်လက်ထက်ထဲကနေ ခုချိန်ထိပေါ့နော်။ ဒီမိုကရေစီရတော့ မြန်မာနိုင်ငံဟာ တော်တော်ပွင့်လင်းလာတာတွေ့ရပါတယ်။ လူတွေလက်ရဲဇက်ရဲရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ကို ဝန်မလေးကြတော့ဘူး။ယောကျာ်းတွေကလည်း ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ကြတော့ဘူး။ သက်ငယ်မုဒိမ်းတွေလည်း ၁ နေ့ကို ၂မှုတဲ့။ မိန်းမတွေကလည်း ကုသိုလ်ရဖို့ အတိုလေးတွေဝတ်လာကြသလို ကြွားချင်လို့ အသက်အန္တရယ်နဲ့နီးတဲ့ ရွှေတွဲလွဲလေး တွေနဲ့ဖြစ်လာတယ်။ နာမည်အကြီးဆုံးကတော ့V day မှာ ဟိုတယ်ခန်းတွေပြည့်တယ်ဆိုပဲ။ တချို ့ဆို ဟိုတယ်တွေက ပူဖောင်းတွေနဲ့တောင် ကြိုဆိုတယ်ဆိုပဲ.. ဖေ့ဘွတ်မှာပုံနှင့်တကွတွေ့လိုက်ပါရဲ့။ အဲလောက် မတရားဒီမိုကရေစီကျင့်သုံးတာကို အီးယူ (EU – European Union) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နှေးကွေးတယ်ဆိုပဲ။..အကယ်လို့ မြန်မာနိုင်ငံရဲ ့ဒီမိုကရေစီ သာ မြန်သထက်မြန်လာမယ်ဆိုရင်ဖြင့်…ပြောကိုမပြောချင်တော့ပါဘူး..ပြောလည်းမပြောတော့ပါဘူး….ဗာျ…..မြန်မာဂဇက် ကရွာသူရွာသားတို့ရေ။


Mon LayFebruary 2, 20185min2834
ဒီခရီးစဉ်လေးက မွန်လေး 2nd year လောက်တုန်းကအဒေါ်၂ယောက်ရယ်၊ညီမလေးရယ်၊အဖွားတို့နဲ့သွားလည်ခဲ့တဲ့ခရီးလေးပါ။ အရမ်းကြီးအချိန်အတိအကျမမှတ်မိတော့ပေမယ့် တော်တော်မာျးများလေးမှတ်မိနေလို့ လည်လည်သွားလို့ရအောင်လည်းရေးပေး လိုက်ပါတယ်။ ပန်းမြို ့တော်ထဲမှာ ထူးဆန်းဖို့ကောင်းတာလေးတွေလည်းပြန်ရှယ်ပေးချင်တာလည်းပါပါတယ်။ # ခရီးလမ်းကြောင်း🚗🚍🚘 ပြင်ဦးလွင်ကို ကားနဲ့လည်းသွားလို့ရသလို၊ ရထားနဲ့လည်းသွားလို့ရပါတယ်။ မန်းလေးဘူတာကြီးကနေ မနက်အစောဆုံးထွက်တဲ့ ရထားစီးပြီးသွားရင် (၃)နာရီလောက်တော့ စီးရပါတယ်တဲ့။ကားနဲ့သွားမယ်ဆို ကားခတွေကတော့ ရိုးရိုးဆို (11700) အထူးဆို (20600) အစားစားရှိပါတယ်။ ကားလက်မှတ်ဆိုပြောနော်။ အသိတစ်ယောက်ရောင်းတာဖြစ်လို့ပြောပေးပါမယ်။ 😊😊👍🏼 #တည်းခိုဖို့🏨🏨 ဟိုတယ်တွေကတော့အများကြီးပါ.မွန်လေးတို့တည်းခဲ့တုန်းကတော့ဈေးနဲ့လည်းနီးတဲ့ Star hotel ဆိုတာလေးပဲ။ Roof top လည်းရှိတယ်။ တခြားလက်လှမ်းမှီတာလေးတွေပြောပေးမယ်နော် Hotel hill top gem – $39, $59 Hotel Aster – 25000 ~ 45000 Bravo Hotel […]


သင့်အေးရိပ်December 26, 20171min20202
မကြာခင်ရွာထဲ ငါ မီးဝင်ရှို့မိတော့မယ် Monday, May 16, 2016 —————- ရွာထဲမှာလူပိန်းတွေ တရုုံးရုုံးနဲ့ ရုုပ်ရှင်ရုုံတွေ ကြည့်ချင်ပွဲတွေ ဟန်ရေးတပြပြနဲ့  နာမည်ကျော် ဗလာကောင်တွေ တံဆိပ်ကောင်းယောင်ဆောင်ထားတဲ့အတုုစစ်စစ်တွေ တဖြည်းဖြည်းနဲ့ရွာဟာ အနံ့အသက် မကောင်းတော့ဘူး တော်ကြာဆီထမင်းတော်ကြာစာကလေးကြော် အမြင်မတော်အကြားမတော်မှုတွေက ညှော်လွန်းတယ် လူလည်တွေကစားတဲ့ပွဲမှာ မလည့်တလည်တွေ လည်ထွက်သွားခဲ့ကြ အဖတ်လည်းဆယ်မရတော့  .. သူ့အရပ်နဲ့သူ့ဇာတ်ဆိုုသလိုုဘုုတ်နဲ့ ကျီးတွေ မျက်နှာဖုုံးစွပ်ထားတဲ့တစ်နပ်စားသူရဲကောင်းတွေ ပွဲအလန့်မှာဝင်ဝင်ခင်းထားတဲ့ ဖျာချပ်တွေ  .. စိတ်တွေအလာ့ဂျစ်ဖြစ်ဖြစ်လာ တံတွေးခွက်ကြီးတွေပေါ်လက်ပစ်ကူးရင်း ကမ်းတက်လာကြ ဘုုမသိဘမသိတွေက ကယ်တင်ရှင်လိုု ကြိုဆိုုကြ (သောင်းသောင်းဖျဖျ) ချွတ်ခြုံကျဇာတ်ကွက်တွေကိုုမျက်နှာလွှဲလိုုက်တဲ့အခါ ရွာပြင်မှာမြေပြင်ညီ နည်းနည်းပဲ ကျန်တော့တယ်  .. လူမရှိတုုန်းဘုုရင်ခဏတက်လုုပ်နေတဲ့ လူကြမ်း တဖျန်းဖျန်းကြားနေရတဲ့လောကဓံကြာပွတ်သံ ဟေ့ကောင်မင်းအမှန်တရားက ပရွက်ဆိတ်တက်နေပြီ အမြုပ်တွေတစီစီနဲ့အသက်လည်းငင်လုို့ ကိုုယ့်ခြေရာခွက်ကိုုယ်သမုုဒ္ဒရာလုုပ်နေကြသူတွေ ကိုုယ့်လေကိုုယ်ထန်ကိုုယ့်လှိုင်းကိုုယ်ကြီး မဟာ့မဟာလုုပ်ဇာတ်ကြီးတွေ ဟီးထအောင်မြင်လာခဲ့ […]


မဟုတ်တရုတ်ကူမြူနစ်သူလ ျှို ကြေးမုံဂျီး ကူမြူနစ်ပါတီရဲ့ ရက်စက်ယုတ်မာမှုအပေါင်း သရဖူဆောင်းခဲ့ပုံ ပြန်ပြောင်းသိစေဖို့ ဖဘမိတ်ဆွေ Tun Aung shared 天下第一‘s post. +17 天下第一 added 20 new photos. October 28 · တီအန်းမင်အရေးအခင်းမှ ကောက်နုတ်ချက်များ ၁၉၈၉ ခုနစ် #တီအန်းမင်_အရေးအခင်း “ကျောင်းသားတွေ ကိုယ့်အိမ်ကို ပြန်ကြပါ။ နောင် နှစ်ပေါင်း ၂ဝ အတွင်းမှာ တိုးတက်လာမယ့် တရုတ်ပြည်ကြီးရဲ့ ပြောင်းလဲလာမှုတွေကို ပြတင်းပေါက်ကနေ စောင့်ကြည့်ပေးကြပါ။” တိန့်ရှောင်ဖိန် တီအန်းမင်အရေးအခင်း ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၂၈ ပြည့်သွားပါပြီ။ မြန်မာမှာ ၁၉၈၈ ခုနစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်ပြီး နောက်တနှစ် ၁၉၈၉ ခုနစ်မှာတော့ တရုတ်ပြည်မမှာ ဒီမိုကရေစီ […]


zaw linDecember 6, 20171min2444
ဥဥဒီအထဲဝင်ကြည့်လိုက်တိုင်း မိတ်ဆွေတွေ အရေးကြဲ အတွေးတွေဆဲ မမြဲကြပါလားလို့တွေးမိတယ် ရွာကြီးဟာ အရင်ကလောက်မစည် လက်မညီကြတော့ပါလား သင်္ခါရတရားကြောင့်ဘဲထင်ပါရဲ့ အင်း တစ်နေ့နှစ်ပုတ်ကို နဲတယ်ထင်ခဲ့တဲ့ကိုယ်တောင် ယောင်တောင်ပေါင်တောင်နဲ့ ခေါင်းပြောင်အောင်စဉ်းစား အနုပညာသမားပေမို့ ရွာစားရေ ကလိုက်ပေစမ်း အဖွင့်တစ်ပုတ်။    


zaw linDecember 6, 20171min2213
အနီနဲ့အဝါ ဖြူပြာပြာခရမ်းချယ်လို့ ပိတ်စမှာစုတ်ချက်တင်းတယ် ချစ်သူ့ပုံလွှာ။   ကြော့ကေသာ လေပြေမှာနော့ကာကစားတယ် ကမ္ဗလာချည်နုထွေးရယ် ထွေးပွေ့ကြည်သာ။   တိမ်သလ္လာ နေညိုချိန်ရေသောက်ဆင်းတယ် ရောင်စဉ်ဖြာချယ်ပန်းချီရေးရင်ဖြင့် စုတ်ချက်မညှာ။   နုုမာယာ တီတီတာချိုခွန်းဖွဲ့ကာဖြင့် ရင်ခွင်မှာနွဲ့ကာဆိုးလေတော့ သဲနုငယ်ညှာ။   တွေးဝင်္ကဘာ ချစ်ရသူအလိုပြည့်စေဘို့ နှလုံးသွေးကိုဖေါက်ကာဆေးချယ်လို့ ချစ်ပန်းချီဆက်ကာသပြီမို့ ကြည်ဖြူကာမျက်တော်ပြေစေကြောင်း ကဗျာချယ်စီကာကုန်းပို့မယ် မြေကမာ႓တည်ကာသက်သေပေါ့ မျက်ပြေစေမင်း ။   ဒီပါကို


zaw linNovember 16, 20171min3054
မကြင်နာတမင်ခွာလို့စိမ်း လေယူရာယိမ်း မတိမ်းတတ်ပာဘူးခင် မြင်သည်ခဏ သည်ဘဝအတွက် တစ်သက်တာရည်စူး အချစ်ဦးမို့ပာဘဲ ရူူးတယ်လို့ဆိုချင်ဆို အပျိုမြင်တိုင်း မျက်လုံးရိုင်းနဲ့ကြည့် မရှိစေရပာဘူးသခင် သခင့်အလိုကျ ထားရာနေစေရာသွား ချစ်သူ့အပားမှာနေ ချစ်သူ့စကား မြေဝယ်မကျနားထောင် ဒာကိုေတောင်မှ အပြစ်ပေး အနေဝေးစေတဲ့ ချစ်သူအပြစ်မယူလိုပာဘူး ရူးတယ်လို့ဆိုချင်ဆို သက်ကြားအို မငိုတတ်တော့ပေမည့် ချစ်သူပေးတဲ့အပြစ် အချစ်များစွာနဲ့လက်ခံ နောက်ထပ်ဆက်ရန်မရှိတော့ပြီမို့ အနောက်တောင်ဆီမှာမိုးတွေညိုနေပြီခင်


zaw linNovember 16, 20171min2623
ဟုတ်ကဲ့ ကျွန်တော်မဆဲတတ်ပါဘူး သမ္မတကြီးရဲ့သားတွေပါ နိုင်ငံတကာမှာအရှက်ရ သမ္မတပုံနင်းခြေပြတဲ့အဖြစ်မျိုး လူယုတ်မာမျိုးရိုးမဟုတ်လို့ ဘယ်သမ္မတတက်တက် တိုင်းပြည်အတွက်ဘဲမို့ ဘက်မတူဘူးသဘောမထား လူလိမ်မာသားယဉ်ပါး လူမိုက်သားရမ်းကား ဆိုရိုးစကားလည်းရှိ သမ္မတဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ် တံဆိပ်တစ်ခုဘဲမို့ ချစ်ချစ်မချစ်ချစ် အပြစ်ဖြစ်စေမဲ့အလုပ် လူမြင်ကွင်းမှာသရုပ်ပျက် နိုင်ငံတကာမှာရုပ်ပျက်စေမည့်အလုပ် ကျွန်တော်တို့မလုပ်ပြီမို့ ငြိမ်းချမ်းစွာအနားယူ သမ္မတကြီးကိုချစ်တဲ့သူတွေအတွက် မပူပင်စေဘို့စတေးတတ်ရေး ရင်ကိုအေးစေရပါ့မယ်   သူတို့လို အမြင်မတူရန်သူမှတ် ယုတ်ပတ်တဲ့နှလုံးသား စော်ကားတဲ့အတွေး သမ္မတကြီးရင်သွေးတွေမှာမရှိပြီမို့ နိုင်ငံတကာမှာအရှက်ကွဲ သမ္မတပုံဆွဲဖြဲလို့နင်းခြေ မမြင်တွေ့စေရပါဘူသမ္မတကြီး။   အဆဲစကားနဲ့စိန်ခေါ် လူမိုက်သားရမ်းကား ဖေ့ဘုတ်မှာနှုတ်သရမ်း အမိယုတ်သားအဖြစ်မခံ သမ္မတကြီးရဲ့သားသမီး ရင်တွင်းမီးကိုငြိမ်းအေးစေမည့် သမ္မတကြီးရဲ့မေတ္တာဓာတ် စွဲကပ်နေပြီမို့ မြန်မာပြည်အရေး ရင်အေးလို့စိတ်ချမ်းသာ ငြိမ်းချမ်းစွာအနားယူ အပူတွေနဲ့ကင်းဝေး မြေးကလေးကိုလက်ဆွဲ အနှောင်အဖွဲ့ကင်းကင်း စိတ်ရှင်းရှင်းနဲ့ မြို့တွင်းကိုပါတ် သမ္မတကြီးချစ်တဲ့သူတွေကြား အန္တရာယ်ဘေးကင်းစွာသွားနိုင်သမို့ စိတ်ချလို့ထား သမ္မတကြီးရဲ့သားသမီးများ လူရမ်းကားတွေမဟုတ်လို့ […]


zaw linNovember 15, 20171min2553
ကျွန်တော်ဟာ အမေ့သားပါ အမေပြောစကား လျှာပေါ်မြက်ပေါက် တူရွင်းနဲ့ထိုးချ သစ္စာပျက်ယွင်း အဆိပ်အပင်းဖြစ်စေတဲ့။   ကျွန်တော်ဟာအမေ့ရဲ့သားပါ သစ္စာတရား ဖားလည်းမဖားတတ် လူမြင်ကတ်အောင်နေ ပို့တဲ့မြေမှာပစ်တိုင်းထောင် လက်ဖမိုးတွေယောင်ကိုင်း ကျွန်တော်မှိုင်းမမိခဲ့ပါဘူး။   ကျွန်တော်ဟာအမေ့ရဲ့သားပါ အမေမှာကြား ရောက်တဲ့အရပ်မှာပျော်အောင်နေ တွေ့တဲ့သူနဲ့တည့်အောင်ပေါင်း ရှိတာလေးနဲ့လှအောင်ဝတ် ရတာလေးနဲ့ဝအောင်စား အနိုင်လိုသူအရှုံးပေး နှလုံးအေးတဲ့ဆေး ကျွန်တော်အမေမှာတဲ့စကားအတိုင်း သူများတွေခွကျော်နင်း ကျွန်တော်စိတ်ရှင်းရှင်းထား အတ္တသမားတွေကိုပြုံးကြည့် ကျွန်တော်စိတ်မထိခိုက်ခဲ့ပါဘူး။   ဒါပေမည့်အမေ တစ်ချိုတွေကျွန်တော်ကိုကျော်နင်း အခွင့်အရေးသမား သူတို့များကျတော့   ဒါပေမည့်အမေ တစ်ချို့တွေဖားယား လူကြီးနားကပ် သူတို့များကျတော့   တမလွန်ကအမေ သားကိုချစ်တဲ့အမေ ကျွန်တော့်ကိုဆုံးမ တစ်ဘဝအတွက်မဟုတ် နာကျည်းစိတ်ကိုသိမ်းထုတ်လို့ ကျွန်တော်လူလုပ်တတ်နေပါပြီအမေ အမေ့သား အမေ့စကားနားထောင် သားမောင်သူမိုက် လူ့စရိုက်မဟုတ်လို့ အမေစိတ်အေး တမလွန်မှာရင်အေးစေဘို့ နှုတ်ခမ်းကိုပိတ်အံကိုကြိတ်လို့ သားမောင်အိပ်စက်ချင်လှပါပြီအမေ


zaw linNovember 15, 20171min4585
မျက်စိကိုမှိတ် နားကိုပိတ်လို့ သားမောင်အိပ်ချင်နေပြီမေမေ   လူဆိုတဲ့လူ မြန်မာပြည်ကသူ မျိုးတူရာစု ကျီးငှက်ပမာပြုလို့ အမျိုးထိမချိအောင်နာ ဝိုင်းအာလို့ဆူပွက် နှုတ်သီးထက်ထက်နဲ့ထိုးဆိတ်တတ်တဲ့သူတစ်စု   လူထဲကလူ အစာလုဝိုင်းအုံ ခွေးအပမာပုံပြု လုယက်လို့ဝိုင်းဆွဲ မာန်မဲလို့ရန်ဖီ ဟန်မညီတဲ့သူတစ်စု   လူထဲကလူ ပရောဟိတ်အသွင်ဆောင် ဦးပေါင်းထုတာယိုင်နွဲ့ သစ္စကပရပိုဒ်ပမာပြု ပေါက်မထွက်အောင်ကြိုးနဲ့စီး ဗိုက်ရွဲကြီးနဲ့သူတစ်စု   လူဆိုတဲ့လူ ဆေးဘူးနီကောက်ရ လူတစ်ကာကိုဆေးကုရမယ်ထင် ဟန်ပြင်လို့လက်ခမောင်းခတ် ဆရာလုပ်ကြမည့်လူတစ်စု   ကျွန်တော်သူတို့ကိုကြည့် သံဝေဂတွေရမိတော့ ဖေ့ဘုတ်ပေါ်ကဆင်း အကောင့်ဖျက်ရင်းအနားယူဘို့ဆုံးဖြတ် သုံးရက်လောက်စဉ်းစား နားချင်လှပြီကွယ်


zaw linNovember 14, 20171min2405
ကျွန်တော် စိတ်ကူးနဲ့ရူး ကြယ်ကလေးဖြစ်ချင်ခဲ့ဘူးပါတယ်   ကြယ်အပေါင်းတို့ဝန်းရံ ကြယ်တွေရဲ့ညီလာခံမှာ စန္ဒာ လမင်း ထွန်းလင်းလို့တောက်ပ အဲ့ဒီညမှာပေါ့။   ကြယ်စင်ပန်းခက် ကောင်းကင်ထက်မှာချိတ်ဆွဲ သန်းခေါင်ယံဉာဉ့်နက်ထဲ လောကကိုအလှဆင် လောကတစ်ခွင်အတွက် ညဉ့်ယံရဲ့ပန်းချီကား ဝံ့ဝံ့ကြွားကြွားနဲ့ပေါ့။   ရောင်စုံမီးပန်း ညဉ့်ကိုပက်ဖြန်းလို့ ကြယ်စင်တွေကြည့်ရင်း လူတွေသီချင်းဆို ကောင်းကင်ကိုမျှော်ကြည့်နေတုန်း ဗြုန်းကနဲ ကြယ်တစ်စင်းပျက်ကြွေ အဲ့လိုညတွေမှာပေါ့   မော့ကြည်မိတဲလူတစ်ချို့ ကြယ်ကြွေညဆုတောင်း ပြည့်စေကြောင်းအတွက် ပင့်သက်ခက်နေကြလေရဲ့   ကြယ်လေးတွေပျက်ကြွေ ဆုတောင်းတတ်တဲ့လူတွေအတွက် ကောင်းကင်ထက်ကရွေ့လျော သူတို့တွေမမောနိုင်ပါဘူး စင်္ကြာဝဠာထောင့်တစ်နေရာမှာတော့ လူတွေဆုတောင်းပြည့်စေဘို့ ကြွေပေးရတဲ့ကြယ်လေးတွေရဲ့မေမေ မျက်ရည်တွေနဲ့င်ိုနေလေရဲ့။   ကြယ်ကလေးတွေကြွေတိုင်း ဆုတောင်းခိုင်းတဲ့သူတစ်ချို့ တစ်နေ့တစ်နေ့ အသစ်အသစ်တွေပြောင်း အချိန်ကြာညောင်းတော့ ကြယ်ကလေးတွေကိုမေ့ ဆုတောင်းပြည့်ခဲ့ပေမည့် ကြယ်ကလေးတွေရဲ့မေမေ သူတို့တစ်တွေရဲသွေးမျက်ရည် ကောင်းကင်မှာဖြန့်ကြဲ ပန်းဆိုင်းလေးဆွဲလို့ အမြဲရှိနေမှာမို့ ကျွန်တော် […]


zaw linNovember 14, 20171min1360
ချိုနွဲ့ရီ တီတာချစ်ခွန်း နေချည်ယွန်းတော့ နော့ကာမြူသည် ကလူကျီဆယ် ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နှင့် ပုလဲသွယ်စီတန်း ရင်ခေတ်ပန်းပျို သန္တာနှုတ်ခမ်း မြရည်သန်းစို မျက်ဝန်းညိုရှင် ကျွန့်သခင်အား အသည်းကိုပေး ချစ်ရေးဆိုသော် ကျီဆယ်ကာပြေး လေချိုသွေးသည် ကြားလေသွေးသော် ဝေးမှာစိုးမိ တွေးမကြည့်လို ချစ်မူပိုအား ချစ်သနားလျှင် ပြုံးလိုက်စမ်းပါ့ ဟန်ဆောင်နေရင်ပင်ပန်းမယ်။