ムラカミMay 10, 20126min18116
    အင်း.. DIY ကဏ္ဍ ဖွင့်ပြီး ဘူမှလည်း ဟုတ်တိပတ်တိ မရေးကြသေးဘူး… သဂျီးတို့များ ..ဘစ်ဇနက်အောက်မှာ မားကတ္တင်း ဆပ္ပ ကတ္တဂိုရီလေး ဖွင့်ပေးပါပြောတော့ မသိချင်ထောင်ထောင်နေတယ်..။   အဲ့ဒါနဲ့ ခုရက်ပိုင်း မားကတ္တင်းအကြောင်း ရေးချင်စိတ်ကို မရှိတာ.. သည်တော့ တချက်ခုတ် ၃-၄ချက် ပြတ်အောင် DIY လည်းဖြစ်  ဓါတ်ကျနေတဲ့ ဖိုတိုဂလပ်ဖီလည်း ပါ … စတစ်ကီတင်ထားပေမယ့် အဖတ်လုပ်ပြီး ဘာမှ ဝင်မဆွေးနွေးတဲ့ အမှုကို ကျူးလွန်ထားပြန်သေးတဲ့ သဂျီးလည်း  ပိုက်ပိုက်ကုန်အောင် လာပြီဗျို့……။   သဂျီးရေ … bokeh လေးဘာလေး မရိုက်ချင်ဘူးလားဗျာ.. 😀   တကယ်တော့ Bokeh ဆိုတာ ဂျပန်လို မပြတ်သားခြင်း ဝါးခြင်း […]


chityimhtooMay 10, 20121min14614
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ် အား ဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး ပြုခြင်း၊ ခေါ်ဆိုခြင်းများအား အရေး ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်ဟု ယင်းကုမ္ပဏီမှ သိရသည်။ ”အင်တာနက်ဆိုင်တွေကို ရှောင်တခင်ဝင်စစ်တာတွေကို မြန် မာ့ဆက်သွယ်ရေးကပဲ ဆောင်ရွက် မှာပါ” ဟု ၎င်းက ပြောသည်။ အရေးယူဆောင်ရွက်မှုများ ရှိ လာပါကမည်သို့အရေးယူဆောင်ရွက် […]


      “ပျော်ရတဲ့ခရီးနှင့်အဝတီးတဲ့မုန့်ဟင်းငါး” ကားပေါ်ရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပျော်စွက်တဲ့အသံတွေနဲ့အော်ဟစ်နုတ်ဆက်ကြပါတယ်။ ကားဘီးပေါက်လို့နောက်ကျတာတွေဘာတွေအားလုံးမေ့ ၊ ဘာတွေအခက်အခဲဖြစ်မလဲဆိုတာတွေအားလုံးမေ့၊ မမြင်မတွေ့ဘူးကြသော ဝါသနာတူချစ်မိတ်ဆွေတွေတွေ့တာနဲ့ပြုံးပြကြ ။ ဘယ်သူက ဘယ်သူ ဆိုတာကို မသိသူနဲ့သိသူ တီးတိုးမေးလို့အသိခြင်းဖလှယ်ကြနဲ့ဆိုတော့ မင်္ဂလာနံနက်ခင်းကို ကျက်သရေအလင်းနဲ့ဖွင့်လိုက်တဲ့ နေ့ထူးနေ့မြတ်လေးဆိုရင်လဲမမှားပါဘူး။ ကားရဲ့ဟိုနောက်ဆုံးက ခုံတန်းလျားမှာ ဖရဲမ။ မတွေ့တာတစ်နှစ်နီးပါးကြာတဲ့ မိတ်ဆွေကြီးကိုနေချား။ သူ့ဘေးနားက ခုံမှာ ဝှီးချဲကြီးတွေ့တော့ ကိုယ့်လူကြီးကျန်းမာရေးမှကောင်းရဲ့လားဆိုပြီးစိတ်ပူသွား။ အသေအချာမေးမှ ဒကာမလေးဆူးက သူ့ဖခင် ရှိစဉ်က ခဏလေးဘဲသုံးလိုက်ရတဲ့ ဝှီးချဲကို လှူဘို့ယူလာတာကိုသိရမှ စိတ်အေးသွားပါတယ်။ “ကိုနေချားရေ ခင်ဗျားပါမလားဘူးထင်တာ အခုလို့တွေ့ရတော့ ဝမ်းသာတယ်”လို့ပြောရင်း အပြုံးနဲ့နုတ်ဆက်ပါတယ်။ ဘေးနားမှာတော့ ရွှေတိုက်စိုး နဲ့ရွှေစချုပ် ကိုတွေ့လိုက်ရ။ ကျနော်တို့ရွာမှာတော့ အလိုက်ဖက်ဆုံးပုလုံးလုံးစုံတွဲလေးပါဘဲ။ သဘောကောင်းမနောကောင်း သူတို့နှစ်ယောက်ကြောင့်လဲ အပျော်တွေအဆစ်ထွက်လာပါတယ်။   ရှေ့ပိုင်းမှာတော့ မမ […]


Mလုလင္May 10, 20123min32135
ကျွန်တော် နဲ့ ဦးပေါက် နဲ့ ကျိုက်ခေါက် ဘက် ခဏ သွားရင်းရိုက်ဖြစ်ထားတာ လေးတွေပါ။ မွန်းတည့်ချိန် မို့ ဘုရားပေါ်မှာ ခုန်ဆွခုန်ဆွ ပြေးခဲ့ရတာ ကတော့ အမှတ်တရ ပါပဲ ….။ လေးစားစွာဖြင့် Mလုလင်


၂၀၁၄ ခုနှစ် ပူပြင်းလှသောနွေရာသီ၏ နေ.တစ်နေ. ……။ သံချောင်းနေထိုင်ရာဖြစ်သော ပေါရိသာဒ သချင်္ိုင်းတွင်းသို.ဝင်လိုက်သည်နှင်.ဆိုင်းဘုတ်ခတ်ကြီးကြီးတစ်ခုကဆီးကြို လျက်ရှိသည် ။ ကိုယ်.မျက်လုံးပင်ကိုယ်မယုံ နှစ်ခါပြန်၍ ဖတ်ကြည်.မိသည် ။ ” ရာဇာသံချောင်း နာရေးအထွေထွေဝန်ဆောင်မှုလုပ်ငန်း”  တဲ. သုဘရာဇာသံချောင်းသည် ရာဇာသံချောင်းဖြစ်၍နေပေပြီ  ……ယခင်က ပေါက်တူးတစ်ချောင်းဖြင်. အုပ်ဂူကြားတွင် တွေ.ရသောသံချောင်းသည် ယခုအခါတွင် အပြောင်းလဲကြီးပြောင်းလဲ၍နေပြီဖြစ်သည်။ သံချောင်း၏အသွင်သဏ္ဍန်ကိုကြည်.ပါဦး …..ခါးတွင် မဲမဲပြားပြားလေးနှစ်ခုကိုချိတ်၍ နားရွက်နှစ်ဘက်တွင်လည်း ချိတ်ကောက်လေးနှင်. ……ဘာပါလိမ်.ဟူ၍ သေချာကြည်.လေမှ သိရသည် ။ လွန်စွာအလုပ်များလေသောရာဇာသံချောင်းသည်ကား တယ်လီဖုန်းနှစ်လုံးအား ခါးတွင်ချိတ်၍ နားရွက်တွင်လည်း Bluetooth တပ်ဆင်ထားခြင်းဖြစ်လေတော.သည် ။ ယခင်သံချောင်းနှင်. ယခုသံချောင်းအကွာကြီးကွာခြားသွားလေပြီ ။ အလောင်းမြှုတ်ရန် ပေါက်တူးဖြင်.မြေမတူးတော. … စည်ပင်သာယာတွင်မြောင်းပုတ်ဖေါ်သည်.မြေတူးစက်ပေါက်စလေးအား အဟောင်းအစုတ်လေလံတွင် ဈေးပေါပေါနှင်. ဝယ်၍ မြေတူးသည်မို. စက်မှုဖွံ.ဖြိုးသော နိုင်ငံတော်ကြီးနှင်. […]


htet wayMay 9, 20121min33018
ကိုယ်ဆရာရေ မီဒီယာ ခင်မောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ကိုမင်းဆိုတဲ့ ကွမ်းယာရောင်းတဲ့ ကောင်လေး ဝင်လာတယ် အသက်က ၂၃နှစ်လောက်ရှိပြီ ကွမ်းယာရောင်းတယ် ဆိုပြီး လျှော့မတွက်နဲ့ ကိုယ့်ဆရာရေ ဆိုင်နဲ့ ကန္နားနဲ့ ရောင်းတာပါ ဆိုင်ကယ်နဲ့ ဟမ်းချိန်းနဲ့ တော်တော်လေးပြေလည်တယ်။ “ ဆရာခင်မောင်ကို လိုက်ရှာနေတာ ကျွန်တော် တိုင်ပင်စရာ ရှိတယ် ” ကိုမင်းက ခင်မောင်ကို ဆရာလို့ခေါ်ပုံထောက်တော့ အင်တာနက်ကိစ္စပဲဖြစ်မယ် ဆိုတာ ကျွန်တော်သိလိုက်တယ်ခင်မောင်ကို ကြည့်လိုက်တော့ ခပ်တည်တည်ကြီးနဲ့ မသိမသာ ရင်ကော့ထားတယ် ဟန်ပါပါ စီးကရက်ကို ဖွာပြီး “ပြောလေကွာ ” လို့ မပွင့်တပွင့် ပြောတယ်။ “ ဒီလို ဆရာ မီဒီယာရေ့ ဆရာသမားကျေးဇူးနဲ့ ရန်ကုန်က ကောင်းမလးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီ ဘာရမလဲ ဆရာရယ် […]


TTNUMay 9, 20122min37439
Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား (ကျမ်းကိုး။ Idiom drills by George P. McCallum 1990.) “IDIOMS” (DRILL 5) A: Come in please, Make yourself at home. ဝင်ပါနော်။ ကိုယ့်အိမ်လို သဘောထားပါ။ B: Thanks. You have a nice place here. ကျေးဇူးပါ။ ခင်ဗျား အိမ်လေး တယ်ကောင်းတာပဲ။ A: I’m glad you like it. The furniture’s in pretty bad condition, though. We should get […]


kotun winlattMay 9, 20124min955
“ဟေ့…. မောင်တာ… ရွာတောင်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင် လှိုင်တင့်ကို သွားခေါ်စမ်းကွာ… အရေးကြီးလို့ အမြန်ဆုံးလာလို့ ပြောလိုက်ကြားလား ..သေသေချာချာပြောနော်… အိမ်မှာ မရှိလည်း ရွာထဲမှာရှာပြီးခေါ်ခဲ့ကွာ…” သူကြီးဖြစ်သူရဲ့ စကားအဆုံးမှာ ရွာဆော် မောင်တာ “ဟုတ်ကဲ့ပါ…သူကြီး…ဟုတ်ခင်ဗျ..ဟုတ်…” ဟုခေါင်းတဆတ်ဆတ်ငြိမ့်ကာ ရွာတောင်ပိုင်းဘက်သို့ အပြေးအလွှားထွက်သွား၏။ သူကြီးမှာ အိန္ဒြေမရစွာ အိမ်ရှေ့ကမြေတလင်းရှိကွပ်ပျစ် အနီးတွင် တောင်လျှောက်မြောက်လျှောက် လမ်းလျှောက် နေ၏။ သူ့လက်ထဲတွင်လည်း ဝါညစ်ညစ်အရောင် စက္ကူစတစ်ခုကို တွေ့ရသည်။ သူကြီး ဦးပါ အုပ်ချုပ်ရသော ဒီရွာလေးမှာ နယ်စပ်ရွာလေးတစ်ခုပင် ဒီရွာလေးမှာ အိမ်ခြေနှစ်ရာကျော်ရှိပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားကြသူများဖြစ်သည်။ ယခင်ကတော့ အေးဆေးတည်ငြိမ်ခဲ့ပေမယ့်…ယခုတော့ တိုင်းရင်းသားလက်နက်ကိုင် လူမျိုးစုတို့၏ ဘေးရန်ကို စိုးရိမ်ကြောင့်ကြနေရ၏။ သို့အတွက် ရွာလေး၏ မြောက်ဘက် နယ်စပ်တစ်နေရာတွင် စစ်တပ်တစ်ခု တပ်စွဲထားလေသည်။ နယ်စပ်ဆိုသော်လည်း အခြားနိုင်ငံတစ်ခုနှင့် […]


အသက်ရှူသံတွေကြားမှာ ပေါက်ဖွားလာခဲ့တဲ့ ရင်ခုန်သံတစ်စုံဟာ အဲဒီ အသက်ရှူသံတွေကြားမှာပဲ ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် …. အိပ်မက်တစ်ခုကို မက်လိုက်ရသလိုပါပဲ … နိုးထလာချိန်မှာ ဖမ်းဆုပ်မရတော့ပေမယ့် ဝေဒနာ ဒဏ်ချက်တွေကတော့ ယနေ့အချိန်ထိပဲ ငါ့ နှလုံးသားကို ရိုက်ခတ်ဆဲ …..။ မောင်ရွာ (သူမ မဖတ်ခဲ့သော ကဗျာများ)


ムラカミMay 9, 20125min15221
ဒီရက်ပိုင်း ကျနော် ပန်းတွေ အာရုံ ကျနေတာတော့ မဟုတ်ရဘူးဗျ… ဒါပေသိ ..ပန်းပြပွဲတခု သွားတုန်းက ပုံတွေ ..                                                                 စာတွေ ရေး တော့ ရေးပါ့မယ်ဗျာ ရေးထားတာတွေလည်း ရှိပါရဲ့ တင်ဖြစ်အောင် ကြိုးစားနေပါတယ်…     သည်တပိုစ့်လည်း စာသား ကင်းလွတ်ခွင့် ခေတ္တပြုပေးပါဦး…. […]


alinsettMay 9, 20121min16711
( ကဗျာ..) * သိမ်းပိုက်ခြင်းကင်းသော….လက်တွေက… အရာရာကို သိမ်းပိုက်ဖို ့..တဲ ့…. ထွက်ခွါသွား ကြပြီ ။ * ( ယုယခြင်းတွေ နည်းပါးတဲ့ မြေပြင်မှာတော့.. ကောင်းကင်ပြာပြက ခြေထောက်မပါပဲ…. ပြီးတော့ ခြေထောက်…မပါပဲ…. လှမ်း..လျှောက်နေလေရဲ ့…) * ဘယ်တော့လဲ..ကွယ်… မင်းတို ့ရဲ ့တိုငိးပြည်မှာ…. နာကျင်စရာတွေက……. ….. * ဘယ်တော့လဲ.ကွယ်….. မင်းတို ့ရဲ ့ ့အိမ်ကလေးမှာ…. ချို ့တဲ့မှုတွေက…….. …… * ဘယ်တော့လဲ.ကွယ်… ကုန်ဆုံးခြင်းတွေ.စတင်ဖို ့……. * ဘယ်တော့လဲ.ကွယ်…. ။ ပြီးတော့…. ဘယ်တော့လဲ..ကွယ်…..။ ။ အလင်းဆက် 20 . 3 .2012 ________________________________________________________ ကဗျာ […]


MTYMay 9, 20121min16910
ဘုရားရှိခိုးကျောင်းတစ်ကျောင်းထဲတွင် ကြားရသောဆုတောင်းသံ…….      ဘုရားသခင် လွန်ခဲ့သော၃/၄နှစ်ဟာကျွန်တော်၊ကျွှန်မတို့အတွက်ဆုံးရှုံးမှုများစွာကြုံတွေ့ရတဲ့နှစ်များဖြစ်ပါတယ်အရှင်။ ကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးရုပ်ရှင်မင်းသားPatrick Swayzeအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးအဆိုတော်Michael Jacksonအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်၊ ကျွန်မတို့အနှစ်သက်ဆုံးရုပ်ရှင်မင်းသမီးElizabeth Taylorအားအရှင်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပါတယ်။ အခုနောက်ဆုံးကျွန်တော်၊ကျွန်မတို့အနှစ်သက်ဆုံးအမျီုးသမီးအဆိုတော်Whitney Houston အားလဲအရှင်ခေါ်ဆောင်သွားခဲ့ပြန်လေပြီ။ ဘုရားသခင်အားအထူးသိစေအပ်ပါတယ်အရှင်၊…….. ကျွန်တော်၊ ကျွန်မတို့အနှစ်သက်ဆုံးစစ်အာဏာရှင်ကြီးမှာဗိုလ်ချုပ်မှုုးကြီး……..   လစ်ပြီဗျို့……….   Fowarded email  အားဆီလျှော်သလိုဘာသာပြန်ပေးထားပါသည်။


u myoMay 9, 20121min18010
1။ 89 မော်ဒယ် လီမီတက် xe ဆလွန်း ဒီဇယ် 1ခ……….. ရောင်း 140 သိန်း 09 42100 5717 အောက်ကားဈေးတွေ ကျသွားပါပြီ။ တစီးပဲတက်လာလို့ တစီးတင်ပေးလိုက်ပါတယ်။