“ပျော်ရတဲ့ခရီးနှင့်အဝတီးတဲ့မုန့်ဟင်းငါး” ကားပေါ်ရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပျော်စွက်တဲ့အသံတွေနဲ့အော်ဟစ်နုတ်ဆက်ကြပါတယ်။ ကားဘီးပေါက်လို့နောက်ကျတာတွေဘာတွေအားလုံးမေ့ ၊ ဘာတွေအခက်အခဲဖြစ်မလဲဆိုတာတွေအားလုံးမေ့၊ မမြင်မတွေ့ဘူးကြသော ဝါသနာတူချစ်မိတ်ဆွေတွေတွေ့တာနဲ့ပြုံးပြကြ ။ ဘယ်သူက ဘယ်သူ ဆိုတာကို မသိသူနဲ့သိသူ တီးတိုးမေးလို့အသိခြင်းဖလှယ်ကြနဲ့ဆိုတော့ မင်္ဂလာနံနက်ခင်းကို ကျက်သရေအလင်းနဲ့ဖွင့်လိုက်တဲ့ နေ့ထူးနေ့မြတ်လေးဆိုရင်လဲမမှားပါဘူး။ ကားရဲ့ဟိုနောက်ဆုံးက ခုံတန်းလျားမှာ ဖရဲမ။ မတွေ့တာတစ်နှစ်နီးပါးကြာတဲ့ မိတ်ဆွေကြီးကိုနေချား။ သူ့ဘေးနားက ခုံမှာ ဝှီးချဲကြီးတွေ့တော့ ကိုယ့်လူကြီးကျန်းမာရေးမှကောင်းရဲ့လားဆိုပြီးစိတ်ပူသွား။ အသေအချာမေးမှ ဒကာမလေးဆူးက သူ့ဖခင် ရှိစဉ်က ခဏလေးဘဲသုံးလိုက်ရတဲ့ ဝှီးချဲကို လှူဘို့ယူလာတာကိုသိရမှ စိတ်အေးသွားပါတယ်။ “ကိုနေချားရေ ခင်ဗျားပါမလားဘူးထင်တာ အခုလို့တွေ့ရတော့ ဝမ်းသာတယ်”လို့ပြောရင်း အပြုံးနဲ့နုတ်ဆက်ပါတယ်။ ဘေးနားမှာတော့ ရွှေတိုက်စိုး နဲ့ရွှေစချုပ် ကိုတွေ့လိုက်ရ။ ကျနော်တို့ရွာမှာတော့ အလိုက်ဖက်ဆုံးပုလုံးလုံးစုံတွဲလေးပါဘဲ။ သဘောကောင်းမနောကောင်း သူတို့နှစ်ယောက်ကြောင့်လဲ အပျော်တွေအဆစ်ထွက်လာပါတယ်။ ရှေ့ပိုင်းမှာတော့ မမ […]