လွန်ခဲ ့သော(၂)နှစ်လောက်ကအကြောင်းလေးတစ်ခုကိုရွာသူရွာသားများဖတ်ဖို ့တကယ်ကြုံတွေ ့ခဲ ့ရတဲ ့…..ကိူက်ထီးရိုးခရီးသွားတောလားအကြောင်းရင်ဖွင် ့လိုက်ပါတယ်။ သူငယ်ချင်း၉၉)ယောက်နဲ ့ဘုရားပေါ်ကိုခြေလျှင်တတ်ခဲ ့ကြပါတယ်…အရင်ဆုံးကျားဆွဲဘိုးဘိုးကြီးနတ်နန်းဆိုတဲ ့(အလူှခံနေရာကိုဖြတ်မိပါတယ်….)အလူှခံနေတဲ ့သးများကထိုင်ပြီးကန်တော ့ခိုင်းပါတယ်..အလှူငွေကိုတတ်နိုင်သလောက်လှူဒန်းပါဆိုပြီးဆော်ဩပါတယ်…တကယ်လို ့မလှူခဲ ့ရင်…ထိုင်မကန်တော ့ရင်….. “သူတို ့ပြောပုံအရ….ကျားပဲထွက်ဆွဲတော ့မလိုလို….(အခုပဲ…..)။ အဲဒီလို..တောင်ပေါ်ကိုလမ်းလျှောက်တတ်ရင်းရင်ပြင်တော်ပေါ်ရောက်လာခဲ ့ပါတယ်…။ရင်ပြင်တော်ပေါ်ရောက်တာနဲ ့ကိူက်ထီးရိုဘုရားကြီးကိုဖူးလိုက်ရတော ့ရင်ထဲကအမောတွေပြေပျောက်သွားပါတယ်…။ဒီလိုနဲ ့ကျီးပါးစပ်နဲ ့မုဆိုးတောင်ကိုခရီးဆက်ခဲ ့ပါတယ်..(မမောနိုင်မပန်းနိုင်ပါပဲ)….ကျီးပါးစပ်ရောက်တော ့ဂူထဲမှာရှိတဲ ့ ဘုရားကိုဖူးကြပါတယ်….အော်…ဒါနဲ ့…စကားမစပ်အခုကျီးပါးစပ်ထဲဝင်ဖို ့ကိုယ် ့အဖွဲ ့လူအရေအတွက်နဲ ့တုံကင်(တန်းစီဝင်)စနစ်နဲ ့ဝင်ရပါတယ်…. တုံကင်ယူတဲ ့အခါမှာလည်းအလှူငွေထည် ့ရပါတယ်….ဂူထဲမှာရှိတဲ ့ဘုရားကိုဖူးပြီးဂူပြင်ကိုထွက်ဖို ့လုပ်တဲ ့အခါအထဲကအလှူခံတဲ ့လူက…ကိုယ်ဝင်လာတဲ ့ဂူကဘာဂူလည်းဆိုတာ..သတိထားဦးလို ့ဆိုပါတယ်…ဘာကိုပြောချင်တာလည်း…..အလှူခံချင်တာလား…ခြိမ်းခြောက်ချင်တာလား….. ဘယ်လိုတွေးရမလဲတောင်မသိတော ့ဘူး..(ကြောက်စရာကောင်းလှပါဘိ….) ဒီလိုနဲ ့ဈေးတန်တလျှောက်ဟိုငေးဒီကြည် ့လုပ်ရင်းမုဆိုးတောင်ဘုရားကိုရောက်ခဲ ့ပါတယ်…(ဟိုနေရာနား..ဒီနေရာနားကိုတော ့ထည် ့မရေးတော ့ပါဘူး…… မောလို ့ရေအိုးကရေတစ်ခွက်သောက်မိပါတယ်….ရေတော […]


DEPARKO DEPARKOMay 8, 20121min2027
အမေကပြောခဲ့တယ် ငါ့သားများ … ပညာရှာ ပမာသူဖုန်းစား၊ ပညာများတတ်လို့ကတော့ နေပူစပ်ခါး ဝမ်းတစ်ခါးအတွက၊် ချွေးမစို ဘေးမသိုဘဲ လေပန်ကာအောက်ထိုင်၊ ကလောင်ကိုင်လို့ အရာရှိကြီး ဇြစ်လိမ့်မတဲ့။ သားသမီးတွေအပေါ်မေတ္တာထား၊ မျှော်လင့်ချက်အများကြီးနဲ့ အမေ မူလတန်းမကျော်ခဲ့တဲ့ အမေ သား ၄ ယောက် သမီး ၆ ယောက်ကိုပညာသင် ဘဝင်မှာပီတိတွေဖုံးလို့ အားလုံးပညာတွေတတ်လို့ ဘွဲ့တွေအများကြီးနဲ့၊ မြေးတွေအထိ အမေ့ရဲပီတိအကြည့်တွေနဲ့ မြစ်အထိမစောင့်နိုင် သံသရာ ခရီးတစ်ပါတ်ထွက်လို့ ဘယ်ဘုံဘဝရောက်နေမလဲ။ ဒါပေမဲ့ အမေ အမေ့သား လူမိုက်ကြီးကတော့၊ ပညာကလဲတစ်ဝက်တစ်ပျက် ကြင်ယာလည်းမဖက်နိုင်၊ တတ်တဲ့ပညာ အလကား နေရာတွေမှားပြီး တစ်လွဲဆံပင်ကောင်း ခန္ဓာကိုယ်ထောင်းထောင်းကြေအောင် လက်တွေကလည်းပွန်းပဲ့၊ နှလုံးသားသွေးညစ်တွေလွမ်းလို့ နိုင်ငံ့တာဝန်ကိုထမ်း၊ ဝန်ထမ်းကောင်း မဖြစ်ခဲ့ပါဘူးအမေ။ ဒါပေမဲ့လေ အမေ့သား အမေ့မှာစကားအတိုင်း၊ လူမိုက်မဖြစ်အောင်နေ လူပေမဖြစ်အောင်ကြိုးစား၊ […]


marblecommetMay 8, 20121min21327
မြင်ကွင်း(၁)။ ။ ပတ်ဝန်းကျင်သည် အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ် ငြိမ်သက်နေချေ၏။ လေရူးတစ်ချက် သုတ်ကနဲ တိုက်ခတ်သွားသော အခါ ခြုံစပ်တွင် ထိုးထိုး ထောင်ထောင် လိပ်တက်နေသည့် နွယ်ပင် နွယ်လိပ်တို့ ယိမ်းနွဲ့လှုပ်ခါသွားသည်။ ဤသို့ တိတ်ဆိတ်နေခြင်းမျိုးကား ကျောချမ်းဖွယ် ကောင်းလှပေချိမ့် . . .။ xxxxx မုန်တိုင်း မလာခင် ပင်လယ်ပြင်၏ ငြိမ်သက်ခြင်းမျိုးနှင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် မကြာခင် အချိန်၌ တစ်စုံတရာသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်လေတော့မည့် အတိတ် နိမိတ် တစ်ခုခုကို ဆောင်နေသယောင် ရှိနေသည်။ ခြုံစပ်တစ်ခုတွင် ပြားချပ်နေအောင် ဝပ်နေသော “ညောင်ဝဒုတ်” သည် နှာခေါင်းစီးကြောင်းမှ ပါးစပ်ထဲသို့ ဝင်လဲဆဲဆဲ နှပ်တွဲကို (ညှစ်လိုက်လျှင် ) အသံထွက်သွားမည် စိုးသဖြင့် […]


OnyxMay 8, 20121min14412
ဒီတစ်ခါလဲ ပဲ တော်တော်လေးကို ဆိုးလွန်းပါတယ်ဗျာ ။ ဖြစ်ပုံက ဂလိုပါ ။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားတာက နေ စတာ ။ ဆေးကုမ္မဏီ မှာ အလုပ်ဝင်ပြီး နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားသွားနေရတာပါ ။အဲဆေးကုမ္မဏီဆိုတော့ ကား အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးရုံး (၄၇)ကို ပေါ့ဗျာ။ ဆေးဝါးတွေ လိုက်စင် လျှောက်တာ သက်တန်းတိုးတာ စတာတွေပါ ။ တစ်ရက် ဆေးဝါးစီစစ်ခ တို့Assement Fees /Registration Fees တွေကို FEC နဲ့ သွင်းရတယ် ခင်ဗျ ။အဲမှာ စတွေ့ တော့တာပဲ အမြင်မတော်တာတွေကို ….. ပိုက်ဆံတွေကို(FEC)  ဒီအတိုင်း သွားသွင်းလို့ မရဘူးတဲ့လေ ။ ဒါနဲ့ […]


decemberthelMay 8, 20121min23015
Web developer(1)ယောက် နှင့် Programmer (2)ယောက် လစ်လပ်ရာထူးဖြစ်နေပါသည်။ အလုပ်လုပ်ရန်ဆန္ဒရှိပါက ဆက်သွယ်ရန် – United Paints Group Co.,Ltd. 200535, 299432


Diamond KeyMay 8, 20124min22828
မန္တလေးတဝိုက်မှာ လူသိများ စည်ကားတဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်တွေ ထဲမှာ အမရပူရက ရွှေကြက်ယက်ဆုတောင်းပြည့် ဘုရားက ကဆုန်ညောင်ရေသွန်းပွဲတော် ပါသလို မန္တလေး အောင်မြေသာစံမြို့နယ် ဗောဓိကုန်းရပ်ကွက်က မဟာဗောဓိပင်ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကလည်း မန္တလေးမှာ အထူးစည်ကား လူသိများပါတယ်။ ဒီဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က ကောဇာသက္ကရာဇ် ၁၂၂၂ ခုနှစ်မှာ ပဉ္စမသင်္ဂါ်ယနာတင် မင်းတုန်းမင်းကြီး စိုက်ပျိုးတော်မူခဲ့တဲ့ မဟာဗောဓိပင်ကို နှစ်စဉ်မပျက် ကဆုန်ညောင်ရေသွန်းပူဇော်ပွဲမို့ သမိုင်းဝင်ဖြစ်ကာ ပိုစည်ကားပါတယ်။ နှစ်စဉ်မပျက် ကျင်းပလာခဲ့တဲ့ ဒီ မဟာဗောဓိပင်ဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ဟာ ဒီနှစ်မှာဆို ၁၅၂ ကြိမ်မြောက် ကျင်းပတာပါ။ ဒီပွဲတော်ကို ဒေသခံတွေ၊ အနယ်နယ် အရပ်ရပ်က ဧည်သည်တွေ တစ်ကူးတက ရောက်ကြတာမို့ ဒေသထွက် စားစရာတွေ၊ ကလေးတွေ အတွက်ပျော်ပါးစရာတွေ၊ ပွဲတော်လာတွေကို ဖြေဖျော်တာတွေ နဲ့ […]


may flowersMay 8, 20121min674
မိနှင်းလေးရဲ့ အော်ခေါ်သံကြားတာနဲ့ မနွဲ့လည်း ကြောက်အားလန့်အားနဲ့တွင်းပေါ်ကိုပြေးတက် လာပါတယ်။ မိနှင်းလေးက လက်ထဲမှာဖမ်းကိုင်ထားတဲ့ နွားလားဥသဘလေး နှစ်ကောင်ရဲ့ချိုတွေကို လွှတ်လိုက်တယ်ဆိုရင်ပဲ ကျောက်နွားလေးနှစ်ကောင်ဟာတွင်းထဲကိုခုန်ဝင်သွားပါတယ်။ တစ်ပြိုင်နက်ထဲ မှာပဲ ကျယ်လောင်တဲ့တော်လည်းသံကြီးများ ကြောက်ခမန်းလိလိကြားလာပြီးတော့ မနွဲ့တူးယူစုတင်ထား တဲ့မြေစိုင်မြေခဲတွေဟာလဲ တွင်းထဲကိုအလိုလိုလှိမ့်ဆင်းကျလာပြီး မြေတွင်းကြီးဟာလည်း ပကတိအတိုင်း ပြန်ဖြစ်သွားပါသတဲ့။ ကောင်းကင်ပြင်ကြီးဟာလည်း မဲမှောင်လာတာကြောင့် မနွဲ့လည်းကြောက်အားလန့် အားနဲ့မိနှင်းလေးလက်ကိုဆွဲပြီး သူမြေတွင်းကိုစတူးစဉ်က  ရရှိထားတဲ့အိုးလေး သုံးလုံးကို အယောင်ယောင်အမှားမှားနဲ့ ပိုက်ပြီး ပြေးထွက်လာခဲ့ရတာပေါ့။ လမ်းမှာသူတို့ရှိရာကို တကြော်ကြော်အော် ခေါ်ရင်းလိုက်လာကြတဲ့ သားနဲ့သမီးကိုလည်းတွေ့တာကြောင့် တစ်ပါထဲခေါ်ပြီး သားအမိလေးယောက် သားရွာကို  အပြေးလေးပြန်လာခဲ့ကြပါတော့တယ်။   အိမ်ကိုရောက်ချိန်မှာတော့ အကြွေးသွားတောင်းခိုင်းတာမသွားပဲ လိုက်လာကြတဲ့သားနဲ့သမီးကို မနွဲ့ ဆူတာပေါ့လေ။ ဒီတော့သားကြီးငကောင်းကလည်း လူတစ်ယောက်နဲ့တွေ့တဲ့ အကြောင်းနဲ့ အဲဒီလူရဲ့ပြော စကားနဲ့ အမေတို့ဆီလိုက်လာဖြစ်တဲ့အကြောင်းကို ပြန်ရှင်းပြပါတယ်တဲ့။ မနွဲ့လည်းသူမလွှတ်လိုက်တဲ့ သူကဘာလို့ ကလေးတွေကိုပြန်လာဖို့သွားပြောရတာလဲ […]


ပြီးခဲ့တဲ့ ပို့စ်ဖြစ်တဲ့ “အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၃” မှာ table တစ်ခုကို အကြမ်းဖျင်း တည်ဆောက်ပုံကို ပြောခဲ့ပြီးပါပြီ။ ဒီအခါမှာတော့ အချော တည်ဆောက်ကြည့်ကြရအောင်။ အကျယ်နဲ့ အမြင့် ဇယားကွက် အကြမ်းမှာတော့ အကျယ်အဝန်းလည်း မသတ်မှတ်ခဲ့သလို အမြင့်ကိုလည်း မသတ်မှတ်ခဲ့ပါဘူး။ ဇယားကွက် (table) ရဲ့ အကျယ်နဲ့ အမြင့်ကို သတ်မှတ်ပေးဖို့ ဆိုရင် width နဲ့ height ဆိုတာကို table အဖွင့် tag ထဲမှာ ထည့်သွင်း ရေးသားပေးရပါတယ်။ အဲလို သတ်မှတ်ပေးတဲ့ အခါမှာတော့ ကျနော်က pixel အနေနဲ့ ပြပေးသွားပါမယ်။ pixel ကိုတော့ အတိုအနေနဲ့ […]


htet wayMay 8, 20121min1118
မီဒီ ယာ ခင်မောင်ဆိုတာ ခေသူတော့ မဟုတ်ဘူး အလုပ်ကလမ်းဘေးဈေးရောင်းတယ်။ ဒါပေမယ့် လူတော်တော်များများက သူ့ကို ကြောက်ကြတယ် ။ ထစ်ကနဲဆို အင်တာနက် ထဲ ထည့်တော့ တာပဲ သူက ဖေ့ဘုတ်မှာ တင်တယ်။ တလောက လူမှုရေး အဖွဲ့ အစည်း ကိစ္စတစ်ခု ကို ဖေံဘုတ်တင်လိုက်လို့ ပြဿနာတွေ တက်လိုက်တာ မပြောပါနဲ့တော့ ကိုယ့်ဆရာရေ။ မနေနိုင် မထိုင်နိုင် စာရေးဆရာ အဖွဲ့ ကိုလည်း ကူပါအုံး ကယ်ပါအုံးဆိုလို့ ညှိနှိုင်းပေးလိုက်ရသေးတယ်။ မီဒီ ယာ ခင်မောင်က လူပျို ကြီးပါ ။ အင်တာနက် မှာ တစ်နေ့နှစ်ရာရီ ထိုင်ပြီး ဂျီတော့မှာ ကောင်မလေးတွေနဲ့ ကြူတယ်။ အင်တာနက် မှာ ကြွေးတွေတက်နေလို့ သူ့ခမျာ […]


Foreign ResidentMay 8, 20123min16313
စဉ်းစားကြစေလိုပါတယ် ( ၂၂ ) ( ၂၅ % )   အင်း ဒီ Post ကတော့ ၊ ဆရာ ” ထုံးဘဲဥ ” ရဲ့ Post ဖြစ်တဲ့ ” မျက်လုံးတွေကို ကာလာခွဲကြည့်ရအောင် “ မှာတွေ့ရတဲ့ Comment တွေကို ဖတ်မိပြီး နဲနဲလေး ဆန့်တွေးမိတာတွေပါ ။   အင်း ၊ နဲနဲလေးခြားသွားပြီ ဆိုတော့လည်း လွမ်းလာသလိုပါပဲ ၊ ဟဲ ဟဲ ၊ မြို့မေတ္တာလေး ခံကြည့်အုန်းမှ ပါပဲ ။ အင်း မတူတဲ့အမြင်နှင့် ပြောကြည့်မယ်နော် ။   အခု လွှတ်တော်ထဲမှာ စစ်သား ၂၅ […]


Moe ZMay 8, 20121min22525
“ဆုလာဘ်”ဟူသော ဝေါဟာရကို ကျွန်မတို့ မကြာခဏအသုံးပြုကြပါသည်။ ထိုစကားလုံးကို မြန်မာစာအဘိဓာန်၌ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတော့ ကျွန်မ မလေ့လာရသေးပါ။ ကျွန်မ၏အယူအဆမှာ ဆုနှင့်လာဘ်သည် အဓိပ္ပါယ်လုံးဝကွဲပြားခြားနားပါသည်။ “ဆု”ဟူသည် တစ်ဦးတစ်ယောက်၏စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “လာဘ်”ဟူသည် တစ်စုံတစ်ဦးအား မိမိ၏အလိုဆန္ဒအတိုင်းဖြစ်လာစေရန် တွန်းအားပေးခြင်းနှင့် စွဲဆောင်သိမ်းသွင်းခြင်းဖြစ်သည် ဟုဆိုချင်ပါသည်။ အကယ်၍မိမိမှ ကလေးတစ်ယောက်အား “အိမ်စာတွေပြီးအောင်လုပ်ရင် မင်းကြိုက်တဲ့သကြားလုံးဝယ်ကျွေးမယ်” ဟု ပြောလိုက်ခြင်းသည် ကလေးအားလာဘ်ထိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ကလေး၏အိမ်စာပြီးအောင် ကြိုးစားအားထုတ်မှုမှာ သကြားလုံးတစ်ထုပ်အတွက်ဖြစ်သွားပါသည်။ ကလေးများနှင့် ဈေးဝယ်ထွက်သည့် အခါမျိုးတွင်လည်း ကုန်တိုက်တွင် ဟန့်တားမရနိုင်အောင် ပြေးလွှားဆော့ကစားနေခြင်းမျိုးရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ကလေးများရပ်တန့်သွားအောင် “ငြိမ်ငြိမ်နေရင် မင်းတို့ကြိုက်တဲ့ချောကလက်တစ်တောင့်စီဝယ်ပေးမယ်” ဟူသောစကားမျိုး ပြောမိကြပါသည်။ ထိုနည်းလမ်းသည် တစ်ခဏတော့အသုံးကျပါလိမ့်မည်။ သို့သော် သိပ်မကြာခင်မှာပင် မိမိကိုယ်တိုင်၏အရေးပါအရာရောက်မှုနှင့် မိဘတစ်ယောက်၏အရှိန်အဝါမှေးမှိန်သွားသလို ခံစားမိပါလိမ့်မည်။ ကလေးများအနေဖြင့်လည်း မိဘများကိုအကြပ်ကိုင်နိုင်မည့် […]


manawphyulayMay 8, 20121min994
ဒါနဲ့ အလုပ်ခွင့်ရောက်တော့ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရပါသလဲ။ လုပ်ငန်းခွင်မှ အခက်အခဲလေးများ ကျွန်တော် ပြောခဲ့သလိုပေါ့လုပ်ငန်းခွင် စကားအခက်အခဲလေးတွေပြီးတဲ့နောက်မှာတော့ လုပ်ငန်းခွင်မှာလည်း အခက်အခဲ ကြုံရစမြဲပေါ့နော်။စကားနားမလည်တော့ လုပ်ရတာလဲ မတွင်ကျယ်ဘူးပေါ့ဗျာ။ သူပြောတာတစ်ခြား ကိုယ်လုပ်တာတစ်ခြားပေါ့နော်။အင်းပေါ့လေ နိုင်ငံခြားမှာ ငွေရှာဘို့ထွက်လာတော့လည်း သည်းခံလုပ်ရတာပေါ့နော်။ သူတို့က ပစ္စည်း တစ်ခုခု ကို ပြရင် ခြေထောက်နဲ့ ပြတယ်လေ။ မြန်မာ ဆိုရင်တော့ ရိုင်းပျတယ် ထင်တာပေါ့ဗျာ။လူတစ်ယောက်ကို လက်ညှိုးနဲ့မပြောနဲ့ လက်မလေးနဲ့ပြမှ ယဉ်ကျေးတယ်လို့ လက်ခံထားကြတာကိုး။ ပိတ်စတွေထုပ်ပိုးပြီးတဲ့အခါမှာလည်း တွန်းလှည်းလေးတွေနဲ့ သက်ဆိုင်ရာ ဌာနတွေဆီပို့ရတာပေါ့လေ။ ထိုင်ဘို့မပြောနဲ့ အမြဲမတ်တပ်ရပ်လုပ်နေရတာပေါ့။ရပ်စ မရှိတဲ့ ကျွန်တော်တစ်ယောက် မခံမရပ်နိုင်ပေမဲ့ ငွေမျက်နှာကြောင့် လုပ်ရတာပေါ့နော်။ အဲဒီ အချိန်အခါက မလေးရှားငွေ တစ်ကျပ်ကို မြန်မာငွေ တစ်ဆယ့်ခြောက်ကျပ်ပဲရတယ်လေ။ အင်းပေါ့ နောက်ဆုံးပေါ် ကားတစ်စီးကလည်း ကျပ်ငါးသိန်းဆို […]