chityimhtooMay 5, 20121min1008
red link တွေဈေးချတယ်ဟေ့…၃သိန်း၆သောင်း၊ ဝယ်လိုက်ကျတာအပြေးအလွှား၊တန်းတောင်စီရတယ် နောက်တော့သူငယ်ချင်းတစ်ယောက်က 512 ကိုတစ်ယောက်ထဲသုံးတာ ၁၅ရက်လောက်နဲ့ limit ပြည့်သွားလို့ပိတ်သွားတယ်။ပြီးခဲ့တဲ့ မတ်လ ၂ရရက်က 4သိန်းခွဲနဲ့ရောင်းပြန်ကော မရမှာစိုးလို့ မနက်စောစောစီးစီး သွားပြီးတော့တောင် ဝယ်ရတယ်။စစချိတ်ချင်းတုန်းကတော့ 3MB လိုင်းကိုအရမ်းမြန် YouTube တောင်မထစ်ဘဲကြည့်လို့ရတယ် တယ်ကောင်းပါလားဟဆိုပြီးလက်မထောင်နေတာဗျာ။ ဟောဗျာခုတော့ကျလိုက်တဲ့လိုင်းတဖုတ်ဖုတ်၊ဂျီတော့တွေကလည်းဝင်လိုက်ထွက်လိုက်။မြန်မာနိုင်ငံမှာ ကုမ္မဏီတွေဒီလိုဘဲလားဗျာ Quality ကိုမထိန်းကျတော့ဘူးလား။ gold ,platinum ,diamond plan တွေနဲ့ ရသလောက်သေလောက်အောင်ရောင်းပြီးတော့ ပေးရတဲ့ ပိုက်ဆံနဲ့ တန်အောင်မသုံးရပါလား။ကုမ္မဏီတွေ အနေနဲ့ ပိုက်ဆံယူထားပြီးရင်လည်းသုံးတဲ့customer တွေကိုအဆင်ပြေအောင်လုပ်ပေးကျပါဦး။ခုလည်းဒီလောက်လိုင်းမနိုင်ဘဲကျနေတာတောင် ပက်ပက်စက်စက်ထက်ရောင်း နေပြန်ပြီ။


ဒီအချိန်ဆို အမေရယ် အနေဝေးတဲ့သားကို မျော်နေရော့မယ် အိမ်အဝင် တံခါးဝက အချိန်ရှိတိုင်း သားကို ကြိုလင့်စောင့်နေတဲ့ အမေအို လွမ်းမျက်ရည်စိုနေပြီလား   အမေ……………အမေ……….အမေ     


may julyMay 5, 20122min1113
ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှတ်ရန် ဗုဒ္ဓနေ့…. ဟူသော ဗုဒ္ဓဝင်သီတံအရ ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။ ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။ ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။ စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။ ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။ ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် […]


ဒုသမဒ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်သွားဂျောင်း၊ စစ်တပိုင်းအစိုးမရအဖွဲ့အတွင်း တယူသန် ဂေါင်းမာဂိုဏ်းနဲ့ ပျော့ပျော့လေးနံဒဲ့ ကြောင်ချီးဂိုဏ်း အာပြိုင်နေဂျောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး နောက်တဆင့်ဂို အစိုးမရဘက်မှ ဒုတိယသမဒ ဦးဆောင်ရန်ရှိကြောင်း၊ အစိုးမရဝံကျီးအဖွဲ့ အပြောင်းအလဲလည်းရှိနိုင်ဂျောင်း အတည်မပြုနိုင်ဒဲ့ သတင်းများထွက်နေဒယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိ လုပ်ကြံမှုသာရှိတတ်လို့ ဦးသိန်းစိန်အစိုးမရ၏ နိုင်ငံရေးအကွက်ရွှေ့မှုအဖြစ် သုံးသပ်ကြည့်ဘာမယ်။ နိုင်ငံတဂါမှပေးမည့် အကူအညီများရဖို့ဆိုရင် စစ်တပိုင်းအစိုးမရအတွင်း ဝံကျီးနေရာ အပြောင်းအလဲလုပ်ရမှာ သေဂျာသလောက် ရှိပါဒယ်။ ဦးသိန်းစိန်နဲ့ဒေါ်စု ဘယ်နည်းဘယ်ပုံ အပေးအယူလုပ်မှာလည်းအပေါ် မူတည်ပြီး လာမည့်အစိုးမရအဖွဲ့ရဲ့ ပုံသဏ္ဍာန်ဂို မြင်ရပါလိမ့်မည်။ ဒေါ်စုကိုယ်တိုင်ရော အစိုးမရအဖွဲ့ တာဝန်ပေးဂဲ့ရင် ယူမှာလား၊ ဘယ်အဆင့်ဆိုရင် ယူသင့်သလဲ။ ဒီလိုအချိန်မျိုးမှာ ဒုတိယသမဒသတင်း ထွက်လာဒါ တိုက်ဆိုင်မှု တခုထက် ပိုဂေါင်းပိုနိုင်ဒယ်။ ဒုတိယသမဒဂျီး ဒေါ်အောင်ဆန်းစုကြည်များ ဖြစ်လေမလား။ ဟုတ်ခဲ့ရင် ဒေါ်စု […]


aye.kkMay 4, 20121min1927
က ဆုန် လ ပြည့် ဗုဒ္ဓ နေ ့ မှတ် သား စ ရာ ဗ ဟု သု တ လေး များ အား အောက် ပါ အ တိုင်း ဖော် ပြ အပ် ပါသည် ။ ၁ ။ အား လုံး သော ဗုဒ္ဓ မြတ် စွာ တို ့သ စ္စာ လေး ပါး ကို သိ မြင် ကြ သော နေ ့ ၂ ။ ဂေါ တ မ ဗုဒ္ဓ မြတ် စွာ […]


ဒီနေ့ည ၉ နာရီခွဲလောက်ကန်ဘောင်ကိုသွားဖြစ်တယ်။ ဝင်ကြေးလဲပေးပြီးကားလဲဝင်လိုက်ကော ရဲတွေကောလူတွေကော ပြေးကြလွားကြနဲ့။ လိုက်လိုက်အဲဒီ Taxi ဖြစ်မယ် ဆိုပြီးလိုက်ကြတယ်။ အထဲမှာလဲရဲတွေ လူတွေရုတ်ရုတ် ရုတ်ရုတ်နဲ့။ အဲဒါနဲ့ဘာဖြစ်တာလဲလို့ စပ်စုလိုက်တော့ ဓါးထိုးမှု့ဖြစ်လို့တဲ့။ ဆင်းပြီးစပ်စုချင်ပေမဲ့ သားကပါလာတော့ ကားကိုချက်ချင်းပြန်ထွက်ခဲ့ရတယ်။ ပေါက်မှာတော့ လူတွေအများကြီးပဲ။ လွတ်သွားတယ်လို့ပြောတယ်။ အသေးစိတ်ကိုတော့သိတဲ့သူများ ဆက်တင်ပေးပါ။ စီဂျေ ဒေါ်ကြီးမိုက်တော့ပိုသိမယ်ထင်တယ်။


သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ မဟာသက္ကရာဇ် ၆ရခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ။ မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ […]


ဂေဇက် စုပေါင်းကုသိုလ် ပန်းတနော်၊ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံ အလှူခရီးမှ ပြန်လာခဲ့ပြီး နောက်တနေ့ ရန်ကုန်မြို့မှာ ဘုရားဖူး၊ လည်ပတ်ရင်း တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း တွေ့ခဲ့ရတဲ့ မြန်မာ့ ရှေးဟောင်း ဒဏ္ဍာရီလာ အစိမ်းရောင် လူ့ဘီလူးကြီး ဟော့ခ်၊ အစ်ကိုကာလသားများ တွေ့ဖူးမြင်ဖူး ချင်နေတဲ့ ရေသူမ နဲ့ ခေါင်းနှစ်လုံး၊ အတောင် နှစ်ဖက်၊ ခြေခြောက်ချောင်း၊ အကြေးခွံ အထူကြီးလည်းရှိတဲ့ လိုခိပ် သတ္တဝါပုံကို ရွာသူရွာသားများ ဗဟုသုတ အလို့ငှာ ဝေမျှလိုက်ပါတယ်..   မန်းဂေဇက် ရွာမိတ်ဆွေတွေ ပြုံးပျော်နိုင်ကြပါစေ ခင်မင်စွာဖြင့် ရွာစားကျော်


MTYMay 4, 20121min891
သမ္မတ ဦးသိန်းစိန် အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၄ နာရီမီးပေးနိုင်ရေး ကြိုးပမ်းနေကြသော်လည်း မန္တလေးမြို့နှင့် တခြားသောမြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေသည်။ ၂၀၁၂ ဧပြီလ ၂၂ ရက်က ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန် တိုကျို လျှပ်စစ်ပါဝါကုမ္ပဏီ (TEPCO) ၏ ကာဝါဆကီရှိ လျှပ်စစ်ဓာတ်အားစက်ရုံတခုကို သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ – Reuters) အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေသည့် မန္တလေးမြို့တွင် သင်္ကြန်ကာလမတိုင်မီက ၂၄ နာရီခန့် ပုံမှန်မီးရရှိခဲ့သော်လည်း  လွန်ခဲ့သည့် တပတ်ခန့်မှစတင်ကာ မီးပျက်သည့်အချိန် ပိုမိုများပြားလာကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။ “အချိန်ပိုင်းနဲ့လာလည်း ပျက်ချင်ပျက်နေတာ။ ရာသီဥတုပူတော့ လူတိုင်းက ပန်ကာတို့ အဲယားကွန်း၊ ရေခဲသေတ္တာတို့ သုံးချင်တယ်။ ကျန်းမာရေး […]


  ဒီပို့စ်ဟာ ရွာထဲက သိပြီးသား ရွာသူားတွေအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ ခင်ဗျာ။ မသိသေးသူတွေ၊ စိတ်ဝင်စားသူတွေအတွက် ဗဟုသုတ ရစေခြင်းငှာ ကျနော် သိထားသလောက် ပြန်ရှဲခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော် ရေးသားတဲ့ထဲမှာ အမှားတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ထိုထိုသော အမှားများကို သိထားသူများက ထောက်ပြပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ …. အံစာတုံး HTML (အိတ်ချ်ထီအန်မ်အယ်လ်) မိတ်ဆက် HTML ဆိုတာ Web Pages တွေ ရေးတဲ့အခါမှာ အသုံးပြုတဲ့ Hyper Text Markup Language ပဲ ဖြစ်ပါတယ်။ Programming Language တော့ မဟုတ်ပါဘူး။ သူ့ကို ရေးတဲ့အခါ angle bracket (ထောင့်ကွင်း) ထဲမှာ ထည့်သွင်း […]


alinsettMay 4, 20121min37521
တစ်ညလုံး မအိပ်ပဲ.တက်လာခဲ့ရတဲ့အမောတွေ.ပြေသွားစေတဲ့ ဘုရားပုံလေးပါ ။ ______________________ အဲ.ပုံတွေက ဆိုဒ်ကြီးနေတယ်.နော် ။ _________________ အလင်းဆက်…ဆိုတာ..ချောတဲ့ ဖြောင့်တဲ ့ကောင်လေးလို ့ထင်နေသူများ.အတွက် ဝက်ဝက်ကွဲအောင်လွဲမယ့် ပုံပါ။ အမြဲတမ်း မှုန်ကုပ်ကုပ်.နေလေ့ရှိတဲ ့ အလင်းဆက်ပါ ။ ____________________ ______________________ ပုံတွေ.က အများကြီးပါ ။ အင်တာနက် လိုင်းတွေ က မကောင်းတော့ ..ပုံတွေ.တင်ရတာ တော်တော် ခက်နေပါတယ် ။ ဒါကြောင့် ဒီလောက်ပဲ.တင်ခဲ့ပါတယ် ။ နောက်များမှ ပဲ.ထပ် ဖြည့်ပါတော့မယ် ။ ကျိုက်ထီးရိုးဘုရားပေါ်မှာ..သကြီန်တွင်း ပိတ်ရက် ဆိုတော့ လူတော်တော်များပါတယ် ။ ကျွန်တော်တို ့လည်း ရေတွေ.စိုလိုက် .ပြန်ခြောက်လိုက်နဲ ့.. တော်တော်လည်းပျော်ရပါတယ် ။ နောက်နှစ်လည်း…ဘုရားပေါ် တက်ချင်ပါသေးတယ် .။ […]


aye.kkMay 4, 20121min886
ကျ မ ငယ် ငယ် တုံး က နေ ထိုင် ခဲ့ သော ရပ် ကွက် အ ပိုင်း ထဲ တွင် အ လွန် ကဲ့ ရဲ ့သန် လွန်း လှ သော မိန်း မ ကြီး တစ် ယောက် ရှိ ပါ သည် ။ ထို မိန်း မ ကြီး ကို လူ တိုင်း က နောက် ကွယ် တွင် မ နှစ် မြို ့ ကြ ပါ ။ ထို မိန်း မ ကြီး […]