Mလုလင္May 2, 20121min40548
အလှူပိုစ့်ကတော်တော် များသွားပြီ ဆိုတော့ ရွာထဲကအကြောင်းလေး .. ပိုစ့်တင်မလား စိတ်ကူးရင်း နဲ့ ….. အခု အလှူနဲ့ ပတ်သက်ပြီး မှတ်ချက် လေးတွေ စုထားရင်ကောင်းမလားလို့ တွေးမိပါတယ်။ ဆေးရုံ ရောက်တော့ လူတွေ ဟိုစုစု ဒီစုစု နဲ့ နေတုန်း .. ကျွန်တော် Mလုလင် ရယ်၊ ဦးပေါက် မန်းလေး ရယ်၊ အင်ဇာဂီ ရယ် ရွာထဲ ပတ်ဖြစ်ခဲ့တယ်။ တစ်ရွာလုံး နီးပါး ငရုတ် တွေနေပူလှန်းထားတာ တွေ့ရတယ်။ ငရုတ်နံ့ တသင်းသင်း .. နေက လဲ ပူ၊ ခေါင်းပေါ်တည့်တည့် ပဲ … ကိုယ့်ဇောနဲ့ ကိုယ်မို့ .. ပူနိုင်ဘူးရယ်။ ဧရာဝတီ တိုင်းဆိုပေမယ့် ချောင်းလေး၊ […]


သိသမျှ ပြောပြချင် သည်က ကျွန်တော့် ရဲ. ပင်ကိုယ်ဝါသနာ မဟုတ်ပါ။ …..                     သို့သော်လည်း ထပ်ဆင့်မျှဝေပြီး ကိုယ်သိထားသည့် ဖတ်ထားသည့် ဗဟုသုတ လေးများအား အန်တီအေး post ဖတ်ပြီးနောက် သိသမျှ ပြောပြချင်စိတ် ပေါ်လာလို့ share လိုက်ရပါတယ်… Member အသစ်မို့လို့ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ပေးစေလိုပါတယ်……. ဆင်ခြင်ဖွယ် တရား(၅)ပါး   ငါ့မှာ အိုခြင်းသဘော ရှိတယ်၊ အိုခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။ ငါ့မှာ နာခြင်းသဘော ရှိတယ်၊ နာခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။ ငါ့မှာ သေခြင်းသဘော ရှိတယ်၊ သေခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။ ငါချစ်မြတ်နိုးတဲ့ အရာတွေနဲ့ ရှင်ကွဲသော်လည်း ကွဲရမယ်၊ သေကွဲသော်လည်း ကွဲရမယ်။ ငါ့မှာ ကံသာလျှင် မိမိဥစ်စာရှိတယ၊် ငါဟာ […]


ဒီနေ ့ မေလ(၂)ရက်နေ ့ သူခွဲခွာလို ့သွားခဲ့တာ (၆)နှစ်ပြည့်ခဲ့ပီ။သူ ့လုပ်ဖော်ကိုင်ဖက် တပည့်သားမြေး တွေ မျှော်နေပေမယ့် ၂၀၀၆ခုနှစ် မေလ(၂)ရက်နေ ့ကတည်းက သံတွဲဆေးရုံ မှာ နောက်ဆုံးထွက်သက် ချိန်ထိ သူစကားတခွန်းဘဲပြောခဲ့နိုင်ပါတယ်။“ငါ့အမျိုးတွေ ညီစေ”တဲ့။ ဦးမြင့်သန်း အမှတ်တရ ပွဲ ဓါတ်ပုံတွေကို စတင်ပေးတဲ့ ဖေ့စ်ဘွခ်စာမျက်နှာ http://www.facebook.com/88GenerationStudents ကိုကျေးဇူးတင်ရပါမယ်။ပုံ(၂)ပုံဘဲတင်ထားပေမယ့် မေလ(၆)ရက်နေ ့နောက်ပိုင်းမှာ ပိုစုံလင်အောင်တင် ပေးနိုင်မယ် မျှော်လင့်ပါတယ်။ဒီအခမ်းအနားမှာ ကျနော်မရှိနိုင်ပေမယ့် ကျနော့်ထက်ပို အရေးကြီးသူဖြစ် တဲ့၊သူ ့လက်ပေါ်မှာ ဆုံးပါးသွားတယ်ပြောနိုင်တဲ့ ဆရာဆီက ဓါတ်ပုံများ ယူ၍အားလုံး မြင်ရ၊တွေ ့ရအောင် ဝေမျှပေးပါမယ်။ ဒါလေးက ဖေ့စ်ဘွခ်မှာ တင်ထားတာလေးပါ။   ၂၀၀၆ ခုနှစ်၊ မေလ ၂ ရက် ၊ သံတွဲထောင်တွင် ကွယ်လွန်သွားခဲ့သော ဦးမြင့်သန်း အတွက် ကွယ်လွန်ခြင်း ၆နှစ်မြောက် အမှတ်တရကို ရှမ်းပြည်နယ်၊ […]


NovyMay 2, 20122min20118
အလှူအကြောင်းကိုတော့ အရှေ့က ရွာသူားများရေးသွားတဲ့အတိုင်းပါပဲ ခရီးစဉ်စလယ်ဆုံး ဘာမှကို ပြောစရာမရှိအောင် အစဉ်ပြေချောမွေ့လွန်းပါတယ် ဖေါ်ရွေရိုးသားကျတဲ့ ဒေသခံတွေတဲ့ ဧည့်ဝတ်ကျေပြွန်မှူ့တွေကို ရင်ထဲမှာ မှတ်တမ်းတင်မိပါတယ် ကဲ အခု ဓါတ်ပုံလေးတွေတင်တော့မယ်နော် မပါမဖြစ်ဆေးရုံရဲ့မုဒ်ဦး ဆေးခန်းလေးတွေကိုဒီလိုရိုက်လိုက်တယ် ဝါးတွေရဲ့ ထောက်ကန်မှု ဆေးရုံအတွက် အုတ်ဖိုလေးရဲ့ အင်အား သဘာဝရဲ့ရင်သွေးငယ် 1 သဘာဝရဲ့ရင်သွေးငယ် 2 ကျိုက်ထီးရိုးဘုရားအဝင်လမ်း 1 ကျိုက်ထီးရိုးဘုရားမုဒ်ဦး ကျိုက်ထီးရိုးဘုရားအဝင်လမ်း 2   ကျိုက်ထီးရိုးဘုရား အရံစေတီခြံရံတယ် သက်ပါယ်လှပါ့ ကျိုက်ထီးရိုးအလှ  


studentMay 2, 20121min19310
ရွှေအိုရောင် ကျွန်းသားထိုင်ခုံတွေ စားပွဲတွေ ချထားတဲ့ ခန်းမကြီး တခုထဲမှာ လူရာပေါင်းများစွာ ထိုင်နေကြပေမယ့် အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်လွန်းလှတယ်။ အမျိုးသား၊ အမျိုးသမီးတွေ ရာပေါင်းများစွာ ရှိနေပြီး အမျိုးသားတွေက ခေါင်းပေါင်း၊ တိုက်ပုံ၊ ပုဆိုး မြန်မာဆန်ဆန် ဝတ်ဆင်ထားကြသလို အမျိုးသမီးတွေကလည်း မြန်မာဆန်ဆန် ရင်ဖုံးနဲ့ ထဘီတွေ ဝတ်ဆင်ထားကြတယ်။ အစိမ်းရောင် ယူနီဖောင်းဝတ် အမျိုးသား မြောက်မြားစွာကလည်း ခန်းမကျယ်ကြီးထဲမှာ ငြိမ်သက်စွာ ရှိနေကြတယ်။ ခန်းမကျယ်ကြီး အလယ်ခေါင်မှာ ခရမ်းရောင် ရင်ဖုံးအကျီနဲ့ ချည်ထည် ထဘီ၊ အဖြူနဲ့ ခရမ်း ရောယှက်ထားတဲ့ ဒေါင်းမြီးပုဝါ လွှမ်းခြုံဝင်ထားတဲ့ အမျိုးသမီးကြီးတစ်ဦး ရှိနေပြီး အမျိုးသမီးကြီးရဲ့ ခေါင်းမှာပန်ထားတဲ့ အဖြူရောင်နှင်းဆီပန်းတွေက ဝေဆာလွန်းလှတယ်။ အမျိုးသမီးကြီးကို လူတွေမြောက်မြားစွာ မကြာခဏ ဆိုသလို လာရောက် […]


Mr. humanMay 2, 20121min1163
အရင် ဆုံး ပထမ အိတ်ဖွင့်ပေးစာကို တင်ပြပါရစေ။ ကျိုက်လတ်မြို့နယ် ရဲစခန်းမှ အရေးကြီးကုန်ပစ္စည်ျနှင့် ဆောင်ရွက်မှုများဆိုင်ရာ ဥပဒေပုဒ်မ – ၈ (၁)ဖြင့် ကျွဲများကို တရားမဝင် သယ်ဆောင်ခြင်း အတွက် မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မြို့နယ် တရားရုံးမှ  ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကို ဥပဒျေနှင့် အညီ အမိန့်ချမှတ်ခဲ့သည်။(ဧရာဝတီဂျာနယ် အတွဲ၁အမှတ်၂၄) ယခုအခါ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ကျွဲနွားများတရားမဝင် သယ်ဆောင်ခြင်း ဥပဒေပုဒ်မ _ ၈(၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သော  ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာအဓီက တရားခံ ကို  အာမခံပေး ၍ လွတ်ထားပါသည်။အမှုကြန့်ကြာနေသည့် အတွက် ပြည်သူများမှ အဆိုပါအမှုအားထိရောက်စွာ အရေးယူပေးနိုင်ရန် ဆန္ဒရှိနေပါကြောင်း ကြားသိရပါသည်။ ကျောင်းကုန်းမှ ပန်းတနော်ကိုဖြတ်ကာ သားကောင် သတ်ပြီး […]


koyin sithuMay 2, 20121min23518
ညနေခင်းဟာတိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေတဲ့ ကျွန်တော့်ဆီကို ရောက်လာခဲ့၏ ရုတ်တရက်လူတွေကို စေးစေးပိုင်ပိုင် နှုတ်ဆက်ချင်စိတ်ပေါ်လာလို့ ကျွန်တော်လေချွန်လိုက်မိသည်။ လေပြည်တွေက ဝေ့လိုက် ဝဲလိုက် အနည်းငယ်ရှည်စပြုနေတဲ့ ကျွန်တော်ဆံပင်တွေကို ထပ်ညှပ်လိုက်ရင် ပိုကောင်းသွားပါ့မလား။ စဉ်းစားနေလိုက်မိ၏ နောက်တော့လည်း ဒီလိုပဲပေါ့။ လူတွေကို ဖြောင့်ဖြောင့်လေးနေတတ်စေချင်သည်။ ဘေးနားကို ဘုတ်ခနဲပြုတ်ကျသွားတဲ့ စာအုပ်ကို ကျသွားတဲ့ အနေအထားအတိုင်း ကျွန်တော် ကြည့်လိုက်မိသည်။ ပြီးမှ တွေးလိုက်မိ၏။ “ဪ… ကမာ္ဘကြီးမှာ ချီဗွေဗားရားမှ မရှိတော့ပဲ” အင်တာနက်ထဲမှာ အမျိုးသမီးဟာ ကို်ယ်နေဟန်အမျိုးမျိုးနဲ့ လမ်းလျှောက်ပြနေ၏။ သူငယ်ချင်းတို့ ရင်ခုန်နေလား။ ဒါတွေဟာ သိင်္ဂါရတရားတွေပဲ မဟုတ်လား။ ရိုးဆွေးဟောင်းနွမ်းလှပြီဖြစ်တဲ့ အဲ့ဒီအာရုံတွေကို ကျွန်တော်တို့ စွန့်မပစ်နိုင်ကြဘူးလား။ ပရုတ်လုံးနံ့သင်းတဲ့ အဝတ်အစားဝတ်ရရင် ကျွန်တော် စိတ်ချမ်းသာ၏ ဒါပေမဲ့ နေရင်းထိုင်ရင်းအကုသိုလ်မဖြစ်အောင်တော့ ကျွန်တော် ကြိုးစားပါသည်။ ကြယ်တွေက […]


ငွက္ကေလးMay 2, 20121min1203
တိမ်တွေပေါ်လမ်းလျှောက်ရင်း နေမင်းကို မျှော်ကာကြည့်မယ်။ အတောင်ပံတွေ ဖြန့်တန်းရင်း စွန်ရဲတွေကို စိန်ခေါ်လိုက်မယ်။ နံရံကို မှီထားတဲ့ ငါ့ဦးခေါင်းထဲမှာ ကမာ္ဘကြီးတစ်ခုလုံး ရှိတယ်။ ကမာ္ဘကြီးကို မကျေနပ်လို့ တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ဖို့ စဉ်းစားချင်လည်း စဉ်းစားမယ်။ အတွေးမုန်တိုင်းကကြီးလို့ မျက်ဝန်းထဲမှာ ပင်လယ်ရေတွေ ဘောင်ဘင်ခတ်နေတယ်။ ကောင်းကင်ကြီးအောက်မှာ လူတိုင်းကတော့ ခပ်သေးသေးပဲ သေးတာနဲ့ ကွေးတာနဲ့က ဘယ်လိုတွဲဖက်မိသွားသလဲတော့ ကျွန်တော် တကယ် မသိလိုက်ဘူး။ တစ်ခါတစ်လေ ခါးအောက်ကို ငုံ့ကြည့်ရင် ဘွားခနဲ့ တွေ့လိုက်မိတယ် ငါ့မှာ ခြေထောက်တွေ ရှိပါလားလို့ပေါ့ ဖိနပ်ကလည်း ပြတ်ခါနီးနေပြီလေ ခြေဆီတွေထွက်ပြီး သားရေစော်လည်းနံလို့။ အိပ်လိုက်တိုင်း မျက်စိမှိတ်တာ အပြစ်လား အိပ်မက်ထဲမှာ ချောက်ထဲပြုတ်ကျတိုင်း ကုတင်ပေါ်က ပြုတ်ကျစရာလိုလို့လား ကုတင်ပေါ်က ပြုတ်ကျတိုင်းရော အား ခနဲ့ အော်မိကြရဲ့လား။ […]


ငွက္ကေလးMay 2, 20121min29515
http://www.facebook.com/notes/ko-phoe-phyu/%E1%81%82%E1%81%80%E1%81%81%E1%81%82-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%80%B1%E1%80%99%E1%80%B1%E1%80%92%E1%80%B8%E1%80%B1%E1%80%94%E1%82%94%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%BB%E1%80%95%E1%80%9C%E1%80%AD%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%90%E1%80%99%E1%80%B9%E1%80%B8/349759431750981 မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။   တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း Tai Yi Shoes Factory Basic Labour Organization ရုံး – အမှတ်-၁၈၅၊ ၃-လွှာ၊ (ညာ) ဘက်၊ အတွင်းခန်း၊ အခန်း (၂)၊ ၃၈-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၁-၃၈၉၂၉၆   ၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော မြို့ပြလိင်လုပ်သားများစာတမ်း       အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး အနှိပ်သည် အလုပ်သမလေးတွေဟာ အနှိပ်ခန်းပိုင်ရှင်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေကြပါတယ်။ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ အနှိပ်သည် အလုပ်သမလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိ အနှိပ်ခန်းပိုင်ရှင်တွေက လွှမ်းမိုးမှုရှိနေကြ ပါတယ်။ အနှိပ်သည်အလုပ်သမတွေဟာ အနှိပ်ခန်းပိုင်ရှင်ထံမှ အနိမ့်ဆုံးလစာကို ရကြပါတယ်။ အနည်းဆုံး […]


Swal Taw YwetMay 2, 20123min450
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၃) by May Aye Oo on Wednesday, May 2, 2012 at 1:24pm ·  စွမ်းနိုင်ခဲ့လို့ရှိရင် မိမိအကျိုး၊ သူတစ်ပါးအကျိုး နှစ်မျိုးစလုံးကျင့်ပါ ပထမတန်းစားပုဂိ္ဂုလ်။ (ညောင်တုန်းမြို့၊ အဂ္ဂမဟာပဏ္ဍိတ ရွှေဟင်္သာတောရ ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ)   ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂ရ – ၃ဝ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။   ဧပြီ ၂၃ ရက် က မှ ရေဦး ကနေပြန်ရောက်ပါတယ်..။ ရုံးပြန်တက်ရသေးသကိုး..။ ပြီးတော့ ထုံးစံအတိုင်း ၂၆ ရက်နေ့ည မှာ ပစ္စည်းတွေ အပြီး […]


Swal Taw YwetMay 2, 20121min610
သဝဏ်လွှာ (၄၂) by May Aye Oo on Wednesday, May 2, 2012 at 4:40am ·    တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင် ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။ သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့အတွက် စိတ်မကောင်းပါဘူး။ (ဆရာကြီး ဦးဘခင်)   ယဉ်ကျေးလိမ္မာသင်တန်း ၄၆/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၅ – ရ မေလ ၂၀၁၂ အနောက်ကြို့ကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။ တစ်ကယ်တော့ ကျမက ၅-ရ မေလ […]


Dote KhaMay 2, 20121min1057
သူများနဲ့ မတူတဲ့အချက်တွေ ကျွန်တော့်မှာ ရှိပါတယ်။ အောက်ပါ အချက်များ ဖြစ်ပါတယ်။   နံပါတ် (၁) ။    ။ နှာခေါင်း သုံးပေါက် ပါနေခြင်း။ နံပါတ် (၂) ။    ။ နောက်ကျောဘက်တွင် လက်နှစ်ချောင်း အပိုပါနေခြင်း။ နံပါတ် (၃) ။    ။ ရှေ့လက်နှစ်ဖက်မှာ အမြဲတမ်းနီးပါး ဆုပ်ကိုင်ထားသည့် ပုံစံမျိုး ဖြစ်နေတတ်ပြီး နောက်ဘက်က လက်နှစ်ဖက်မှာမူ အမြဲတမ်းနီးပါး ဖြန့်လျက်ပုံစံမျိုး ဖြစ်နေတတ်ခြင်း။ နံပါတ် (၄) ။    ။ မျက်မှန်တပ်၍ မွေးလာခြင်း။ နံပါတ် (၅) ။    ။ ခြေထောက်များမှာလည်း ရှစ်ချောင်း ဖြစ်နေခြင်း။ နံပါတ် (၆) ။    ။ ဆရာဝန်၏ ဆေးစစ်ချက်အရ […]