Swal Taw YwetMay 2, 20121min590
သဝဏ်လွှာ (၄၂) by May Aye Oo on Wednesday, May 2, 2012 at 4:40am ·    တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင် ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။ သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့အတွက် စိတ်မကောင်းပါဘူး။ (ဆရာကြီး ဦးဘခင်)   ယဉ်ကျေးလိမ္မာသင်တန်း ၄၆/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၅ – ရ မေလ ၂၀၁၂ အနောက်ကြို့ကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။ တစ်ကယ်တော့ ကျမက ၅-ရ မေလ […]


Dote KhaMay 2, 20121min1007
သူများနဲ့ မတူတဲ့အချက်တွေ ကျွန်တော့်မှာ ရှိပါတယ်။ အောက်ပါ အချက်များ ဖြစ်ပါတယ်။   နံပါတ် (၁) ။    ။ နှာခေါင်း သုံးပေါက် ပါနေခြင်း။ နံပါတ် (၂) ။    ။ နောက်ကျောဘက်တွင် လက်နှစ်ချောင်း အပိုပါနေခြင်း။ နံပါတ် (၃) ။    ။ ရှေ့လက်နှစ်ဖက်မှာ အမြဲတမ်းနီးပါး ဆုပ်ကိုင်ထားသည့် ပုံစံမျိုး ဖြစ်နေတတ်ပြီး နောက်ဘက်က လက်နှစ်ဖက်မှာမူ အမြဲတမ်းနီးပါး ဖြန့်လျက်ပုံစံမျိုး ဖြစ်နေတတ်ခြင်း။ နံပါတ် (၄) ။    ။ မျက်မှန်တပ်၍ မွေးလာခြင်း။ နံပါတ် (၅) ။    ။ ခြေထောက်များမှာလည်း ရှစ်ချောင်း ဖြစ်နေခြင်း။ နံပါတ် (၆) ။    ။ ဆရာဝန်၏ ဆေးစစ်ချက်အရ […]


may flowersMay 2, 20121min694
မကြာသေးခင်က သီရိလင်္ကာနိုင်ငံတွင် ကြက်မတစ်ကောင်သည် ဥ,ဥခြင်းမဟုတ်ဘဲ ကြက်ငယ်တစ်ကောင်ကို အကောင်လိုက်မွေးဖွားခဲ့ကြောင်း သိရသည်။ ပုံမှန်အားဖြင့် ဥများကို ဥချပြီးမှ အပြင်ဘက်၌ အနွေးဓာတ်ပေးခြင်း သို့မဟုတ်ကြက်မက ဝပ်ခြင်းအားဖြင့် အကောင်ပေါက်လာသော်လည်း ယခု ကြက်ကလေးကိုမူ အကောင်လိုက်မွေးဖွားခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်တွင် ၂၁ ရက်ကြာဝပ်ပြီးမှ အကောင်ပေါက်သော်လည်း ယခုကြက်ကလေးသည် ထူးဆန်းစွာ အကောင်လိုက်မွေးလာခြင်းဖြစ်သည်။ မွေးလာသည့်ကြက်ကလေးမှာ ကျန်းမာ သန်စွမ်းပြီး ကိုယ်လက်အင်္ဂါစုံလင်ကာအသက်ရှင်ခဲ့သော်လည်း သူ့အား မွေးဖွားခဲ့သည့် ကြက်မကြီးမှာမူ အတွင်းပိုင်းဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကြက်ပိုင်ရှင် လယ်သမားသည် အဆိုပါ ဖြစ်ရပ်ဆန်းကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ အကြောင်းကြားခဲ့ပြီး တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဆိုင်ရာ အာဏာပိုင်များက ကြက်မကြီးအား ရင်ခွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဝေလီပါဒါမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်ပီအာယာပါက ယင်းကဲ့သို့သော အဖြစ်မိုျးကို သူ့အနေဖြင့် တစ်ကြိမ်သာ […]


may flowersMay 2, 20121min908
ဒီအဖြစ်အပျက်လေးကတော့  တော်တော်ကြာခဲ့ပါပြီ။ တိတိကျကျလေး ပြောရရင်တော့လွန်ခဲ့တဲ့ နှစ် ၇ဝ လောက်ကအဖြစ်အပျက်လေးပါ။ ဒီအဖြစ်လေးကို စတင်ခဲ့တဲ့ ရွာလေးကတော့ ပဲခူးရိုးမနဲ့အနီးမှာတည်ရှိပြီး  ရန်ကုန်တိုင်းတွင်းမှာရှိပေမဲ့ ပဲခူးမြို့နယ်နဲ့ ပိုမိုနီးစပ်တဲ့  အိမ်ခြေတစ်ရာသာသာ  လောက်သာရှိတဲ့ရွာလေးမှာပါ။  အဲဒီရွာလေးမှာ ကိုပြားနဲ့ မနွဲ့ တို့မှာ သားကြီးငကောင်း သမီးလတ်မနီ နဲ့ တတိယသမီးလေး မနှင်းဖွေး ဆိုပြီးကလေး ၃ ယောက်နဲ့ ရွာအစွန်ပိုင်းလောက်မှာ တဲသာသာအိမ်လေးနဲ့နေထိုင်ကြပါတယ်။ သမီးငယ်လေးကို မမွေးခင်က မနွဲ့အိမ်မက် မက်ပါတယ်။ အိမ်မက်ထဲမှာ ကလေးမလေးကအထုပ်ကလေးကိုင်ပြီး.. “အမေ..သမီး..အမေတို့နဲ့နေပါရစေ “ လို့သနားစဖွယ်လေးပြောပါတယ်တဲ့။  အဲဒါနဲ့ မနွဲ့ကလည်း “ငါတို့ကဆင်းရဲတယ်…ညည်းနေနိုင်မှာမဟုတ်ပါဘူး “  လို့ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ကလေးမ လေးက  “ ရပါတယ်အမေရယ်…သမီးအမေတို့နဲ့…နေရရင်ပြီးရော..ဆင်းရဲပါစေ”    လို့ပြန်ပြောပါ တယ်။  မနွဲ့ကလည်း  “ အေးလေ…ညည်းနေနိုင်ရင်တော့..လာခဲ့ပေါ့အေလို့”..ပြန်ပြောပါတယ်  တဲ့။ ဒီလိုနဲ့သမီးလေးမနှင်းဖွေးကို  […]


etoneMay 2, 20122min746108
ရွာသူရွာသားတို့ ရေ … အလှူလုပ်ရင်း အမှတ်တရ သွားခဲ့တဲ့ရိုက်ခဲ့တာလေးတွေကို မုဒိတာပွားရအောင် ၊ မလိုက်ဖြစ်ခဲ့တဲ့ သူတွေရယ် ၊ စာဖတ်သူတွေရယ်အတွက် .. နည်းနည်း ပြလိုက်မယ်နော် … ။ မှားတာ ရှိလျှင် ဝန္ဒာမိပါချင့် …. ။ ဟိဟိ …  ပျော်စရာကောင်းတဲ့ ဓါတ်ပုံတွေလည်း ရှိပါသေးကြောင်း …. (၁) ဒီတစ်ယောက်က ဘယ်သူများပါလိမ့် …. မျက်နှာခြောက်ဘက်ရှိတဲ့ ရွာသားလေးပါ … နာမည်သိလျှင် ပြောကြပါဦး …     (၃) ဒီရွာသားကြီးကတော့ တစ်ချိန်လုံး ပြုံးနေပါတယ် …. သူ့ကိုမြင်ပြီး အညာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ ဆိုတဲ့သီချင်းလေးကို တီးတိုးညည်းမိပါတယ် …ဘယ်သူများပါလိမ့်နော် …   […]


Ma EiMay 2, 20121min20713
ပိတောက်တစ်ခိုင်…   ဒီနေ့ ပိတောက်ပန်းတွေပွင့်တယ်လေ… ရုံးအလာလမ်းတစ်လျှောက်မှာရှိသမျှ ပိတောက်ပင်တွေပွင့်နေကြတယ်… ရုံးရောက်တော့လဲ ပိတောက်ပန်းတွေဝေလို့ …   ရုုံးက ကလေးတစ်ယောက်က ဟိုဘက် Hotel နောက်မှာပွင့်နေတဲ့ ပိတောက်ပင်ကနေခူးပြီး လိုက်ဝေပေးလို့  ပိတောက်တစ်ခိုင် ရပါတယ်…အခိုင်လိုက်လဲ ဓါတ်ပုံရိုက် ပန်းအိုးလေးထိုးပြီးလဲဓါတ်ပုံရိက် ပိတောက်ပန်းအလှလေးမျှဝေလိုက်ပါတယ်… ထူးဆန်းစွာ အပွင့်တစ်ခက်မှာ အသီးကလေးတစ်လုံးပါလာပါတယ်… ပထမအကြိမ်အပွင့်ရဲ့ အသီးလေးဖြစ်မှာပါ…       ပိတောက်ပန်းကို ပန်ဘို့ထက် ရနံ့လေးကို ပိုချစ်ပါတယ်… ပွင့်ဖတ်တွေ ကြွေကျနေတဲ့ မြေပြင်လေးကိုလဲ ချစ်တယ်…   ဟိုးအရင်က ထိုင်ခဲ့ဘူးတဲ့ ဗိုလ်အောင်ကျော်လမ်းပိတောက်ပင်အောက်က လက်ဘက်ရည်ဆိုင်ကလေးသတိရမိတယ်…   ပိတောက်ပွင့်ချိန်… လေပြေအေးအေး ပန်းရနံ့မွှေး ပွင့်ဖတ်လေးတွေကြွေကျ သူ့စကားတွေကလဲချိုမြ ခုတော့လဲအမှတ်တရ…     ခင်တဲ့ မအိ


KyaemonMay 2, 20121min1639
ရှေ့က” စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ ဂျပန်နိုင်ငံကုန်သွယ်ရေး II ” ရဲ့ အ ဆက်     ဂျပန်ရဲ့ ကုန်သွယ်ဘက်တွေ Trading Partners အ နက်မှ ယူအက်စ် နဲ့တရုပ်နိုင်ငံ တို့ဟာ ရှေ့ကပြေးနေကြကြောင်း အရေးပါကြောင်း သိကြတာ၊   သို့သော် ဘယ်နိုင်ငံ ကဘဲ  ဂျပန်အတွက် ကုန်သွယ်ဘက် နံပါတ် တစ်၊ ထိပ် သီးနိုင်ငံ ဖြစ်ကြောင်း လေ့လာရအောင်၊   ကုန်သွယ်ဘက် ဆိုတာ ကုန်သွင်းရုံ ဒါမှမဟုတ် ကုန်ပို့ရုံ “တလမ်းသွား” ကို မ ဆိုလိုပါ၊ အသွားနဲ့အလာ အဝင်နဲ့အထွက်  ” နှစ်လမ်းသွား […]


7 ပိတောက်ခူးသူ အမှတ်နှစ်            “မေပိတောက်….နဲ့ ရွှေရန်ကုန်”   ဒီနေ့မနက် လမ်းလျောက်ထွက်တော့ ပိတောက်ပန်းရနံ့တွေရနေပါတယ်။ လှမ်းကြည့်လို်က်တော့ ကုန်းကျော်အဆင်းမှာ ပိတောက်တစ်ပင်။ ဓါတ်ပုံရိုက်မယ်ကြည့်တော့ နေနဲ့ပြောင်းပြန်။ ရိုက်ပြန်ရင်လဲ ခပ်မဲမဲဘဲထွက်မှာဆိုတော့လက်မဆော့။ ဆက်သွားရင်း ကုန်းကျော်အနောက်ဘက်အောက်ခြေမှာ ပိတောက်ပင်တွေအများကြီးတွေ့ပါတယ်.။ မွှေးလိုက်တာလဲလွန်ပါရော။ လှမ်းကြည့်တော့ ပိတောက်ချစ်သူတွေက ပိတောက်ခူးနေပါတယ်။ အဲဒါနဲ့ လှမ်းလက်ဆော့။ စွယ်တော်ဘုရားကအပြန်မှာတော့ ပိတောက်ပန်းကိုယ်စီနဲ့ပိတောက်ချစ်သူတွေ တွေ့တော့ ခွင့်တောင်းပြီးဓါတ်ပုံရိုက်. ဒါရန်ကုန်မှာပထမဆုံးပိတောက်ပွင့်ဆိုဘဲ။ ဒီနေ့အလုပ်ကိစ္စနဲ့သွားရာလမ်းတစ်လျောက် ပိတောက်ပွင့်တွေဝေလို့။ ကားပေါ်ကဆိုတာ လက်ဆော့လို့မရ။ ကဲ လှမှလှ လို့ဘဲဆိုချင်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (2-5-2012)