‘သံဝေဂအလင်္ကာ’ နုနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းကား အိုခြင်း နောက်ဆုံး ရှိချေ၏။ ဥစ်စာဆင်မြင်း ပေါများခြင်းကား ယိုယွင်း နောက်ဆုံးရှိချေ၏်။ ဝိညာဉ်ထင်လင်း သက်ရှင်ခြင်းကား သေခြင်း နောက်ဆုံးရှိချေ၏။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်း နောက်ဆုံးရှိချေ၏။ တက်ကြွားကြွကြွ မြင့်လွန်းကြလည်း လျှောကျ နောက်ဆုံးရှိချေ၏။ ခုံမင်ခယ ချစ်လွန်းကြလည်း သောက နောက်ဆုံးရှိချေ၏။ ပွဲလည်ပြင်ပ ချီးမွမ်းကြလည်း ရှုတ်ချ နောက်ဆုံးရှိချေ၏။ ကြည်သာရွှင်ပျ ချမ်းသာကြလည်း ဒုက်ခ နောက်ဆုံးရှိချေ၏။ I found this in the book named “ကာမတဏှာ” by U Nu. If one of you’ve already read this book, I wish […]


             “နာမယ်တော့မမေးခဲ့ရဘူး………………ဒါပေမယ့်လှတယ် ”   ကျနော်က ရုပ်ကြမ်းကြမ်းစိတ်ကြမ်းကြမ်း။ ဒါပေမယ့်အလှအပတော့နှစ်သက်။. နေတာထိုင်တာဝုန်းဒိုင်းကျဲ။ ပန်းကလေးတွေကိုတော့နှစ်သက်။ ရောက်လေရာမှာ စပ်စုလို့ လက်ဆော့။ ဒါပေမယ့် နုတ်ဆော့ပြီးမေးဘို့တော့ မဝံ့မရဲ။ သူများက မှားပြောလိုက်တဲ့အမှားကြီးကို ပြန်ဖြန့်ဝေမိမှာလဲကြောက်တာပါတယ်။. အလှကြိုက်တဲ့လူနဲ့ လှတဲ့ပန်းတွေ့တော့ ဘာပြောကောင်းမလဲ ဆော်တာနှက်တာပေါ့။ မေးရမှာကြောက်တဲ့သူနဲ့ ဖြေသူမရှိတဲ့နေရာရောက်တော့ ဘာမှမလိုတော့ဘူးပေါ့။ အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


အန်အယ်လ်ဒီပါတီ လွှတ်တော်တက်တော့မယ်ဆိုပဲ..။ ပြည်သူ့မျက်နှာထောက်လို့ဒဲ့.. လွှတ်တော်တွင်းဂ အတိုက်အခံ အမတ်တချို့ဂလည်း တောင်းပန်တာလည်းပါသဒဲ့..။ ကြံ့ဖွတ်အမတ်တွေဂတော့ သောက်ဂရု စိုက်ပုံတောင် မရဘူး။ လေးဖက်ထောက်ဝင်ဂျပေါ့ကွာ.. ပြီးတော့အရှက်ပြေပြောအုံး.. ငါတို့ဒူးဂေါင်းမာ မမာ စမ်းကြည့်ဒါလို့..။ ကျမ်းကျိန်ဒဲ့အခါလည်း မျက်နှာကို ပြုံးပြုံးလေးထားပြ.. တီဗွီမှာ တဦးချင်းမျက်နှာတွေကို အနီးကပ်ရိုက်ပြမှာ..။ အယင်ဂတော့ စစ်အစိုးရဂို စကားအမျိုးမျိုး ပြောင်းလဲပြောလို့ ဆိတ်လစေ့လို့ခေါ်ဂဲ့ဒါ အခု ဝဋ်ပြန်လည်ပြီထင်၏။ အားလုံးသူ့စိတ်ကြိုက် လုပ်နေပြီပဲဟာ ပါတီအမည်ဂို ဘွားဒေါ်ပါတီလို့သာ ပြောင်းလိုက်ပါတော့။ အန်အယ်လ်ဒီဆိုဒါ သမိုင်းမှာ ကျန်ဂဲ့ဘာပြီ။ တကယ် ရှိယောရှိဂဲ့ယဲ့လားတောင် မသေချာဘူး။ ဒေါ်စုမှာ လူထုထောက်ခံမှု ဆက်ရှိနေမှာဖြစ်လို့ ဘေးလူများ ဝေဖန်ယုံဂလွဲ ဘာမှမတတ်နိုင်ပါ။ ဖြေတွေးရရင်ဒေါ့ အမေရိကန်နဲ့ အီးယူအဖွဲ့ဂနေ ဘာဂတိပြုချက်တွေ ရထားလဲ.. ရှိထားပါဇေလို့ ဆုတောင်းပါဒယ်။ တင်လက်စနဲ့ မထူးဘူး.. […]


Foreign ResidentMay 1, 201228min43454
စဉ်းစားကြစေလိုပါတယ် ( ၂ဝ ) ( ဘာကြောင့် မုန်းနေကြသလဲ )   အင်း ဒီ Post ကတော့ နာနာ(သံတွဲ) ရဲ့ ” မြန်မာ မွတ်စလင်မ် ပြည်သူများအားမုန်းတီးသူများသို့ ” နှင့် ” ဘာကြောင့် မုန်းနေကြသလဲ ” လို့မေးထားတာလေးကို အဘ တွေးမိသလောက် မြင်မိသလောက် ကြိုးစားပြီး ဖြေကြည့်တာပါကွယ် ။   အဘ အမြင်နော် ၊ လွဲနိုင်ပါတယ် ။   ( ၁ ) ပထမ အနေနှင့် ယထာဘူတ ကျကျ ဆန်းစစ်ရရင် ၊ မုန်းတီးနေကြတယ် လို့မဆိုသာပေမယ် ၊ ကြောက်လန့် ဖယ်ကြဉ် နေကြတာကတော့ ၊ […]


koyinmaungMay 1, 20121min17010
ဆရာကြီး အမည်ကဦးတင်အေး သင်ပြသည့်အတန်းကစတုတ္ထတန်း သင်ကြားသည့်ဘာသာကသချင်္ာ ကျောင်းသားများကိုဆုံးမရန်ကိုင်ဆောင်ထားသောပစ္စည်းကတော့ ကြိမ်လုံးမဟုတ်ပါ အပြားလေးလက္မခန့်ထုတစ်လက္မခန့်အရှည်သုံးပေကျော် ရှိသော စာသင်စာပွဲခုံအပျက်မှပျဉ်ပြားချပ်ဖြစ်ပါတယ် ဆရာကြီးထိုင်သောခုံပေးတွင်နံရံကိုကပ်၍ထောင်ထားတတ်ပါသည်.. ဆရာကြီးဦးတင်အေးသည် စည်းကမ်းအလွန်ကြီး သလို အသင်အပြကလဲအရန်းကောင်းတဲ့ဆရာကြီးပါ မနေ့ကပေးလိုက်သောသချင်္ာပုဒ်စာများကို ယနေ့ ကျောင်းခန်းထဲရှိ black book ပေါ်တွင် ထွက်၍အလှည့်ကျတွက်ခိုင်းတတ်ပါတယ် ညနေကျောင်းဆင်းချိန်တွင်အလီကို ၂ အလီမှာ ၂၄ အလီအထိ အတည့်ပြောင်းပြန် အတန်းသားအားလုံးသံပြိုင်သီဆိုခိုင်းတတ်ပါတယ် တပည့်တွေကလဲဆိုဖန်များတော့ ကျောင်းသားတိုင်းအလွတ်ရနေပါတော့တယ် ကျောင်းဆင်းလို့အိမ်ပြန်ရောက်သည့်အခါမှာလဲ ကျောင်းစာအရင်လုပ်ရန် ပြီးမှ ကစားရန်မှာကြားထားပါတယ် ဆရာကြီးကိုယ်တိုင် ကျောင်းဆင်းလို့အိမ်ပြန်ရောက်ပြီး တပည့်များရှိသည့်ရပ်ကွက်ထဲသို့ တကျော့ စက်ဘီးလေးစီးပြီးပြန်လာတတ်ပါတယ် ဆော့နေတာများတွေ့လို့ကတော့ နောက်တနေ့ ကျောင်းရောက်လျှင် စာအယင်အမေးခံရတတ်ပါတယ်.. ရွာသားတို့ရေ အဲ့ဒီလိုမေးလို့ ရလျှင်ကိစ္စမရှိပါ အရလို့ကတော့ လေးတစ်လက္မအပြားနဲ့ဖင်နဲ့နှစ်ပါးသွားပါတော့တယ် ကျနော်အဓိကပြောချင်တာကအဲ့ဒီပျဉ်ပြားအကြောင်းပါ.. အများအားဖြင့်ဆရာဆရာမများ တပည့်များကိုဆုံးမသည့်အခါ ကြိမ်လုံးကိုသာသုံးတတ်ကြတာပါ ဆရာကြီးဦးတင်အေးတယောက်သာပျဉ်ပြားနဲ့ရိုက် ဆုံးမတတ်တာပါ ဒါကြောင့်လဲ […]


သားငယ္May 1, 20121min1447
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။ အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကိုအင်္ကျီ အိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။ သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁ဝ ခေါက်အထိ ဆိုလာပြန်တယ်။ ထိုအခါ သမီးဖြစ်သူက ၁ဝခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။ အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁ဝ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။ ထိုအခါ ဖခင်ဖြစ်သူက […]


naywoon niApril 30, 20121min16411
မျှော်လင့်ချက်မိုးရေစက်တွေကို သဲထဲကိုတော့သွန်ချမပစ်လိုက်နဲ့ဦး ဟော့ဒိက ပျိုးပင်လေးတွေက အသင်ရွာချပေးမဲ့ မိုးကိုမျှော်လင့်နေကြတာ သိသိကြီးနဲ့တော့……။ ငါတို့တစ်တွေဟာ…….. ဒီအိပ်မက်တွေကို ပရိဿတ်လက်ခုတ်သံမျှော်လင့်ပြီးမက်ခဲ့ကြတာမဟုတ်ဘူး တစ်ကယ့်လက်တွေ့ဘဝနဲ့ရင်းနှီးပြီးကာမှ တို့တစ်တွေအားလုံးဆုံးဖြတ်ချက်နဲ့မက်ခဲ့ကြတာ….. လမ်းခုလပ်ကြမှလမ်းခွဲထွက်မသွားကြပါနဲ့……။ တစ်ခါလာလည်းမဲပြာပုဆိုးနဲ့တဲ့ ဟိတ်ဟန်ထုတ်ပြီးမျက်လှည့်ဆရာအိုက်တင်တွေနဲ့ လူတွေကိုလမ်ညာနေရတာမငြီးငွေ့ကြသေးဘူးလားကိုယ့်ဆရာ….. တစ်ခါတစ်လေလည်းမျက်နှာဖုံးလေးချွတ်ကြပါဦး မင်းတို့အလိမ်အညာတွေက အစဉ်အလာကြီးဖြစ်နေပါဦးမယ်တဲ့……။ အဲဒိတော့ မျှော်လင့်ချက်မိုးရေတွေကို သဲထဲတော့ သွန်ချမပစ်လိုက်ကြပါနဲ့……..။ နေဝန်းနီ


virusApril 30, 20121min831
မမြင်နိုင်ပေမယ် ့ ရှိနေတဲ့သံယောဇဉ်မှာ ဘယ်တော ့မှမပြတ်တောက်မယ် ့ ချစ်ခြင်းတွေ ဘယ်တော ့မှမေ ့မရမယ် ့ နေ ့ရက်တွေရယ် သေချာခြင်းတွေကပဲ ငါ ့ကိုကြီးစိုးနေတယ်။ ။ မေ ့မရတဲ့နောက်မှာတော ့ စွဲလန်းနေတဲ့ရူးသွပ်ခြင်းတွေဆိုတာ မင်းတစ်ယောက်အတွက်ပဲ နောက်နောက်နောက်ဘဝတွေတိုင် အဆုံးမဲ့ချစ်ခြင်းတွေပဲပေးချင်ခဲ့တာ။ ။ နောက်ထပ်လည်းမမျှော်ပါရစေနဲ့ ထပ်ချစ်စရာလည်းမရှိတော့ဘူး သေသည် ့တိုင်အောင် တစ်ယောက်ထဲပဲချစ်နေမှာပါ။ ။ ပြောင်းလဲခြင်းတွေဘယ်လောက်များများ ဘယ်တော ့မှမပြောင်းလဲမယ် ့ငါ ချစ်ခြင်းတွေပွေ့ပိုက်လို ့ ဘယ်ရောက်ရောက်ရှိနေမှာပါချစ်သူ ။ ။ မပြောပါရစေနဲ့ချစ်သူ လမ်းခွဲဖို ့ဆိုတဲ့စကားတွေ သေလောက်အောင်ကြောက်လို ့ မပေးပါနဲ့ချစ်သူ ငါကထားရာနေ စေရာသွားမယ် ့သူပါ။ ။


naywoon niApril 30, 20121min3357
နာတာအောင့်ခံရင်း မျက်နှာသစ်…။ အိမ်နားက ညီလေးက လှမ်းမေးတယ်..။ ဒီလိုအောင့်နေတာလို့ ပြောလိုက်တော့ “ ဒေါက်တာကြီးဆီ သွားကြည့်ပါလား” တဲ့ ဒေါကတာကြီး ဆိုတာက တစ်ချိန်က ဆေးရုံမှာ ဆေးရုံ အုပ်လုပ်သွားခဲ့သူပေပဲ..။ သူလည်း မြို့တောင်စ မှာဆေးခန်းဖွင့်ထားတယ်…။ ခွေးတွေ မွေးထားပြီး အရမ်းဆိုးလို့ ညဘက် ဘယ်သူမှမသွားရဲကြဘူး…။ ဒါနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့ထွက် ဆိုက်ကား တစ်စီးတစ်လေ များဖြတ်သွားမလားကြည့်တယ်…။ ကုန်တွေ လူတင် ထားတဲ့ဆိုက်ကားတွေပဲတွေ့တယ်..။ အောင့်တာက တင်းတင်းကြီးဖြစ်နေတယ်..။ လမ်းလျှောက်လို့ မကောင်းဘူး…။ မြန်မြန် လျှောက်ရင် မီးစနဲ့ ထိုးထားသလားအောင့်မေ့ရအောင် ပူလာတယ်…။ ဒါပေမဲ့ ဆိုက်ကားမှမတွေ့တာ …။ ဆိုက်ကားတွေ့မဲ့လမ်းဆုံရောက်အောင်တော့ ဖြေးဖြေးချင်းလျျောက်သွားရမှာပဲ……။ လမ်းဆုံရောက်တော့လည်းမတွေ့ဘူး……။ ခပ်လှမ်းလှမ်းမှာ ဆိုက်ကားဂိတ် တစ်ခုရှိတယ်…။ တစ်ပြ နီးပါးလောက်သွားမှရောက်မှာ ဆိုတော့ […]


HM SApril 30, 20123min28023
ယဉ်ကျေးလိမ္မာ၊ ဂရုဏာထားတဲ့ အပြုအမူတွေ ပျောက်ဆုံးသွားပြီလား? ရိုင်းစိုင်းသလိုဖြစ်သွားရတဲ့ အမူအကျင့်တွေအတွက် ကျွန်တော်တို့မှာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့…အဲဒီအပေါ်မှာ ဆင်ခြေပေးလို့တော့ မရပါဘူး။ ဒါဖြင့် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ပိုယဉ်ကျေးလာအောင်လုပ်ကြမလဲ? ကမာ္ဘလောကကြီးတစ်ခုလုံး ပျက်သုန်းသွားတော့မယ် (ဒါမှမဟုတ်) ချောက်ထဲကျတော့မဲ့ ကမာ္ဘကြီး တစ်ခုလုံးကို ဒူးတစ်ဖက်ထဲနဲ့ ထိမ်းထားရတဲ့ အခြေအနေမျိုးမှာတောင် တစ်ချက်လောက်ပဲ ငဲ့ကြည့်ပြီး အပူအပင်မရှိ လပေါ်အထိ မက်ဆေ့ ပို့နေနှိုင်ကြတဲ့ လူတွေရှိပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ နေရာတကာမှာ တွေ့နေရပါပြီ။ ဒီဖြစ်ရပ်တွေအားလုံးက လူတွေဟာ ဘယ်တုန်းကမှ ပိုပြီးရိုင်းစိုင်းလာမှုမရှိပါဘူးဆိုတဲ့ အနုမာနသုံးသပ်ချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ အားဖြည့်ပေးနေသလိုပါပဲ။ “အလျင်စလို လုပ်ဆောင်ရမှုတွေ၊ အရင်နဲ့စာရင် အားလပ်ချိန်တွေ ပိုပြီးရှာပါးလာတာတွေကြောင့် ယနေ့အခါမှာ လူတွေဟာ လွန်ခဲ့တဲ့အနှစ်(၅၀) လောက်နဲ့စာရင်ပိုပြီးရိုင်စိုင်းလာကြပါတယ်” […]


alinsettApril 30, 20121min1516
ANTON CHEKHOV ၏ စာအုပ်များကို ကျွန်တော် ချစ်ပါသည် ။ သူ၏ ဝတ္ထုတို အတတ်ပညာ..ကို အားကျမိသလို…. အဆူံးသတ်မှာ..ဘာမှ ထူးထူးခြားခြား.. ဖြစ်ပျက်မသွားတတ်သော.. ဇာတ်လမ်းများကြောင့်..စိတ်ဝင်တစား..ဖတ်ချင်ခဲ့ပါသည် ။ ကမ္ဘာကျော် စာရေးဆရာကြီး.ချက်ကော့ဗ် ( 1860 – 1904 ) ကို စိတ်ဝင်စားစွာ..ဖြင့်.သူ၏ စာအုပ်များကို..ရှာဖွေ.ဖတ်ရှု.မိပါသည် ။ မကြာခင်ကမှ.. CHEKHOV ၏ WARD SIX စာအူပ့်ကို ဆရာ ဖေမြင့် ဘာသာပြန်ပေး ၍… ကျွန်တော်…သေချာ ဖတ်မိပါသည် ။ မူရင်းစာအုပ်ကို ကျွန်တောိ်…မဖတ်ရပါ ။ ( ဆရာဖေမြင့်..WARD SIX ကို..ဘာသာပြန်..ထုတ်ဝေခဲ့သည်မှာ..ကြာပါပြီ ။ ဟိုစဉ်က..မထူးခြားနိုင်သော..စာအုပ်ကလေး..ဟုသာ ထင်ပြီး..လက်ရှောင်နေခဲ့မိသည် ။) 2012 ၊ ဧပြီ..လ…အားလပ်ရက်များမှာတော့..ဆရာဖေမြင့် ၏ […]


moe moeApril 30, 20121min611
မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ၎င်းရပ်ကွက်သည် တဲအိမ်များ၊ ပျဉ်ထာင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ ၊ည ၁ဝ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။ အိမ်ခြေ (၂၀)ခန့် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။ စတင်လောင်ကျွမ်းမှု ကို မသိရသေးပါ။ မီသတ်ယာဉ်(၃၀)စီးခန့်ရောက်ရှိလာပြီး မီးအားအချိန်မှီ ထိန်းသိမ်းနိုင်အောင် ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းခဲ့ရကြောင်းသတင်းရရှိခဲ့ပါသည်။