ဘဲဥApril 27, 20123min1044
လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလည်းခြင်း (ဆောင်းပါးရှင် မောင်မောင်ဝမ်း) မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ… ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ.. အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်းတို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ… တိုင်းပြည်ရဲ့ပြသနာကို.. အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားပြောင်းလဲ ပြင်ဆင်ရေးကိစ္စမှာ.. သူတို့က အထက်စီးက ရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့.. အတော်စက်ဆုပ် မိတယ်ဗျာ။ မိမိ […]


black chawApril 27, 20123min53187
Marketing သိတ်အရေးကြီးပါတယ် ကျောင်းဒကာ။ နားလည်ထား၊ သိထားရင် မမှားဘူးပေါ့ဗျာ။ ကုန်ပစ္စည်းလိုက်ဖြန့်နေမှ Marketing သိဖို့လိုတာမဟုတ်ပါဘူး။ ဆိုက်ကားသမားတွေလည်း Marketing အကြောင်း အကြမ်းဖျင်းတော့သိထားရင် ကောင်းတာပါပဲဗျာ။ ဥပမာ။ ဘလက်ချော ဆိုတဲ့ကောင် နင်းတဲ့ဆိုက်ကားများ တော့ ဘယ်တော့မှ မစီးနဲ့ဟေ့။ ဘယ့်နှယ့်ရှင် ဈေးခြင်းတောင်းလေး ကူသယ်ခိုင်းတာ စောင့်ကြီးအောင့်ကြီးနဲ့။ ဆိုက်ကားနင်းနေတာကို လေယဉ်မောင်းနေရတယ်များ မှတ်နေလားမသိဘူး။ မနက်မိုးမလင်းသေးဘူး အရက်ကလည်း သောက်ထားပြီ။ ပေါက်ဖေါ်လေးတို့ဆို ခိုင်းစရာတောင်မလိုဘူး။ အန်တီ ဘာကူသယ်ပေးရမလဲ ဆိုတာချည်းပဲ။ နောက်ကို ပေါက်ဖေါ်နင်းတဲ့ ဆိုက်ကားပဲ စီးတော့မယ် ဒါဗျဲ။ ဆိုက်ကားနင်းတာတောင် အလိုက်သိ ဖင်ပေါ့တဲ့လူနင်းတဲ့ ဆိုက်ကားမျိုးကို လူတွေက ရွေးစီးချင်ကြပါတယ်။ ဒီနေရာကနေ ဟိုနေရာကို နင်းပို့ပြီး ပေးဆိုက်ကားခ ဆိုရုံလောက်နဲ့တော့ အောင်မြင်တဲ့ ဆိုက်ကားသမား တစ်ယောက်မဖြစ်နိုင်ပါဘူး […]


marblecommetApril 27, 20121min25636
ကမ္ဘာကြီးလည်တာကို အကြောင်းပြပြီး သံသရာထိ  လိုက်လည်ဖို့ မိုက်မှားနေမိသူ အသက်   မီးတောက်လေး တစ်ပွင့်ရဲ့ (၃၂)ကောဌာသ (၃၂)ဌာလီ ဒါန၊ သီလ၊ ဘာဝနာ ဒုက္ခ . . .နဲ့ . . . ပုံအပ်မိတဲ့  သံယောဇဉ်တွေ အပြစ်ကျတဲ့ နေ့ပါပဲ . . .။   ကြုံလို့ ခွင့်တောင်းပါရစေ ရန်သူမျိုးငါးပါးက မကင်းလွတ်နိုင်သရွေ့ သတိ သံဝေဂနဲ့ ကုသိုလ် . . .အကုသိုလ်အလွှာကြား ဗျာ…မများရတဲ့ ဉာဏ်ပညာကို  ပေးပါအမေ . . .။   ကြုံလို့ ခွင့်တောင်းပါရစေ ကြာမျိုးငါးပါးဆီ မလှော်ခတ်နိုင်သေးသရွေ့ သေငယ်ဇောနဲ့ ပါးလှပ်ကြုံလှီ အသက်ဓာတ်ကလေးကို အတ္ထာဟိ အတ္ထနော နာထော   […]


Mr. humanApril 27, 20121min684
ကျိုက်လတ်မြို့နယ် ရဲစခန်းမှ အရေးကြီးကုန်ပစ္စည်ျနှင့် ဆောင်ရွက်မှုများဆိုင်ရာ ဥပဒေပုဒ်မ – ၈ (၁)ဖြင့် ကျွဲများကို တရားမဝင် သယ်ဆောင်ခြင်း အတွက် မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မြို့နယ် တရားရုံးမှ  ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကို ဥပဒျေနှင့် အညီ အမိန့်ချမှတ်ခဲ့သည်။(ဧရာဝတီဂျာနယ် အတွဲ၁အမှတ်၂၄) ယခုအခါ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ကျွဲနွားများတရားမဝင် သယ်ဆောင်ခြင်း ဥပဒေပုဒ်မ _ ၈(၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သော  ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာအဓီက တရားခံ ကို အာမခံပေး ၍ လွတ်ထားပါသည်။အမှုကြန့်ကြာနေသည့် အတွက် ပြည်သူများမှ အဆိုပါအမှုအားထိရောက်စွာ အရေးယူပေးနိုင်ရန် ဆန္ဒရှိနေပါကြောင်း ကြားသိရပါသည်။ ကျောင်းကုန်းမှ ပန်းတနော်ကိုဖြတ်ကာ သားကောင် သတ်ပြီး အသားကားများ ညည့်နက်ပိုင်းတွင် ဖြတ်သန်း သွားလာ လျှက် […]


mgwaloneApril 27, 20121min762
  လွန်ခဲ့တဲ့ ၂၀၁၂ ဇန်နဝါရီနောက်ပိုင်း အင်းလေးကို ရောက်ခဲ့တဲ့ ခရီးစဉ်တွေတုန်းက ရိုက်ထားခဲ့တဲ့ ပုံလေးတွေကိုပြန်ခံစားကြည့်တာပါ။


               “စိတ်အလင်းဆောင်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူတော်အတွင်း…………….. ”   လှိုဏ်ဂူထဲကို ဝင်တာနဲ့ ရေကျသံတွေ ကြားနေရပါတယ်။ အထဲမှာ မှောင်မနေအောင်လျှပ်စစ်မီးတွေသွယ်တန်းလို့ထားပေးပါတယ်။ အထဲမှာတော့ ခေါင်မိုးက ကျနေတဲ့ ကျောက်စက်ရေတွေက တစ်တောက်တောက်။ မြင်မြင်သမျှ ကို လက်ဆော့နေတော့ ကင်မရာပေါ်ရေကျလာမှာလဲ အတော်ကြောက်။ အထဲမှာရေတွေရှိနေတော့ ခပ်ဝဝကျနော် ချော်လဲမှာလဲ ဂရုစိုက်ရ ပုံတွေရိုက်ရနဲ့တကယ် ကို မအားရတာပါ။ အထဲမှာမီးထွန်းပေမယ့် နည်းနည်းလေးမှောင်တော့ပုံရိုက်ရတာခက်ပါတယ်။ ထူးဆန်းတာကတော့ အမြဲတမ်းကျောက်စက်ရေတွေနဲ့ထိနေတဲ့ကျောက်တုံးတွေက ကျောက်စိမ်းရောင်ထနေ။ အပေါ်မော့ကြည်တော့ကျောက်ပန်းဆွဲ။ ဘေးပါတ်ဝန်းကျင်မှာတော့ ဘုရားဆင်းတုတော်တွေ။ အောက်မှာတော့စမ်းချောင်းလေးတွေ။ အထဲကိုတော်တော်လေးဝင်မိတော့ အသက်ရှုကျပ်လာပါတယ်။ နောက်တစ်ဆင့်ထပ်တက်စရာ တစ်နေရာတွေ့တော့ မဒမ်ပေါက်ကတော့ ပြန်လှည့်သွားပါတယ်။ ကျနော်ကတော့ ထပ်ပြီးဆက်တက်သွားပါတယ်။ အပေါ်တက်ရတာ လှေခါးက နည်းနည်းတော့မတ်တဲ့အပြင်ကျဉ်းလာတော့မောပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ စေတီပုထိုးတွေ ကို ခက်ခက်ခဲခဲ့တည်ထားတာမြင်ရတော့ […]


kanjosanApril 27, 20121min1478
ရန်ကန်ုရောက်တုန်း ဗိုလ်ချုပ်ပြတိုက်ကို သွားဖြစ်အောင်သွားလိုက်ပါတယ်…  အိမ်အတွင်းထဲက ဓါတ်ပုံရိုက်ခွင့်မရှိလို့ ရိုက်မလာခဲ့ပါဘူး… အပြင်ကနေဘဲ ရိုက်ခဲ့တဲ့ပုံတွေပါ


စကားပြောရင် သေချာပေါက် မဖြစ်နိင်တာနဲ့ ကိုယ်ပြောဂျင်ဒါကို အလေးအနက် ပြုလေ့ရှိပါဒယ်။ ဥပမာ – ကမာ္ဘလည်တာရပ်မှ နင့်ကိုငါမုန်းမယ်၊ ပင်လယ်ရေ မခန်းသရွှေ့ချစ်တယ်။ တခါတလေ ကိုယ့်ပတ်ဝန်းကျင်က အရာတွေနဲ့ အပျော်ကိုးကားပြောတယ်။ ဥပမာ – သဂျီး သက်သတ်လွတ်စားမှ၊ တရုတ်ကြီး ဝက်သားမစားလျင်၊ မြန်မာပြည် ဒီမိုကရေစီ ရတဲ့နေ…။ အဲဒီထဲဂမှ မဖြစ်နိုင်ထင်တဲ့ အရာတခု ဖြစ်လို့လာဂဲ့ပါပြီ..။ ဒါကြောင့် ယတိပြတ် မပြောဂေးလို့ never say never die အင်္ဂလိပ်စကားပုံ ရှိထားခဲ့ဒါဘာ။ တရုတ်မှတရုတ်ဆိုပြီး မာန်တက်နေဒဲ့ ကြေးမုံဂျီးဒို့လည်း သတိပြုဇရာဘာ..။ ရာဟူးသတင်းမှာ ဂလိုဆိုဘာဒယ်။ တရုတ်အားဂဇားသမားများ လန်ဒန်အိုလံပစ် မတိုင်ခင် ပြည်တွင်းဖြစ် ဝက်သား၊ အမဲသား၊ သိုးသားတွေကို မစားရလို့ အမိန့်ထုတ်တယ်။ ဆေးစစ်တဲ့အခါ တားမြစ်ထားတဲ့ […]


kanjosanApril 27, 20123min1806
မန်းလေးပြန်ရောက်ခိုက် အမျိုးတွေရှိရာ အမရပူရမြို့နယ်ရှိ တောင်ကိုင်းရွာလေးသို့ တစ်ခေါက်သွားရောက်လည်ပတ်ပြီး အဲ့ဒီမှတစ်ဆင့် နဂါးရုံဘုရားရှိရာ မုံတောရွာသို့ အမျိုးများနှင့်တွေ့ရန် တစ်ခေါက်လည်ပတ်ခဲ့ပါတယ်.. တောင်ကိုင်းရွာဟာ မန်းလေးထုံးဘိုလမ်းခွဲမှ အရှေ့ကိုတတ်ပြီး မြှောင်းဘောင်အတိုင်း ဆက်သွားပါက သုံးလေးရွာလောက် ဖြတ်သွားပြီး ဒုဌဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပါတယ်… ဆိုင်ကယ်ဖြင့်ဆိုပါက တောလမ်းအတိုင်း ၁ နာရီလောက်ကြာ မောင်းပါက ရောက်ရှိပါတယ်… သံပရာ၊ သရက် ခြံများ၊ စပါး၊ နှမ်းစသည့် မိရိုးဖလာ စိုက်ပျိုးရေးလုပ်ကြပါတယ်… အဲ့ဒီရွာမှာရှိတဲ့ အဖွား၏ အဒေါ်တော်သူ နှင့်တွေ့ဆုံစကားပြော အမျိုးများနှင့် စကားပြောပြီး ခဏနား နေ့လည်စာ စားသောက်ကာ မုံတောရွာကို ခရီးဆက်ဖြစ်ပါတယ်… တောင်ကိုင်းမှ မုံတောရွာသို့ နာရီဝက်ကြာကြာ တောလမ်းမှ ဆိုင်ကယ်ဖြင့် သွားရပါတယ်….   တောင်ကိုင်းရွာရှိ အသက် ၉၀ ကျော် ကျန်းမာနေဆဲ အဖွား မုံတောရွာ ရောက်သည်ဆိုလျှင်ဘဲ အဲ့သည်ရွာရှိ အမျိုးများကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံနှုတ်ဆက် ဂါရဝပြုပြီး ရွာရှိ နဂါးရုံ ဆုတောင်းပြည့်ဘုရားကို သွားရောက် […]


Patriotic BurmaApril 27, 20121min947
I found this phrases on my facebook page and I shared it for Gazette villagers.If it’s alredy posted,forgive me. “ကျမတို့က ကျမ်းကျိန်လွှာပြဿနာကို ထွက်ပေါက်မရှိတဲ့ နိုင်ငံရေးလမ်းစဉ်အထိ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အထိ တွန်းပို့နေတာ မဟုတ်ဘူး။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲတခုဖြစ်တယ်။ နိုင်ငံရေးပြဿနာ မဟုတ်ဘူး။ မကြာခင် ပြေလည်သွားပါလိမ့်မယ်။ ကျမအနေနဲ့ အားလုံးက သဘောတူရမယ်ဆိုတာမျိုး စိတ်တူကိုယ်တူ ဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဒါက ဒီမိုကရေစီပဲ။ ကျမ ထောက်ခံသူတွေကို ပြောချင်တာက ဒါက သိပ်မကြာခင် ပြေလည်သွားမှာပါ” “ကျမအနေနဲ့ စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်ရမယ့်နေရာလို့ မမြင်ပါဘူး။ ထိပ်တိုက် […]


Swal Taw YwetApril 27, 20123min1376
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၂) by May Aye Oo on Tuesday, April 24, 2012 at 4:47am ·  လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မလား?  ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်မလား?  ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်ပြီး လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မယ်။   ယဉ်ကျေးလိမ္မာသင်တန်း ၄၄/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်၊ ရေဦးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ ၁ရ – ၂ဝ ဧပြီလ-၂၀၁၂  ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့မှာတော့ မနက်စောစော ၆ နာရီ ရထားနဲ့ မန္တလေး ကို ထွက်ခွာခဲ့ပါတယ်..။ သင်္ကြန်ရက် ရထားစီးရတာ.. မတတ်သာလို့ စီးရတာပါ..။ အရမ်း .. […]