မောင် ပေApril 24, 20121min38013
မင်္ဂလာပါ ခင်ဗျား ။ နောက်ကြနေပေမယ့်လည်း အပြေးလေးလာပြီး သည်ညအတွက် အားပေးသူများ ကို ပျော်ရွှင်မှုပေးနိုင် သော အသင်းများကို လာတင်လိုက်ပါပြီ ။ သည်နေ ့ည ပွဲစဉ်များနဲ ့အချိန်များကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ 1.15 ဘာစီလိုနာ – ချဲဆီး ( ပကျော့ ချဲဆီး ၁-ဝ ဘာစီ ) ပရီးမီးယားလိဂ် 1.15 အက်စတွန်ဗီလာ(၁၅) – ဘော်တန်(၁၉) စီးရီးအေ 11.00 အက်တလန်တာ(၁၄) – ချီယေဗို(၉) 11.00 ကယ်ဂလီယာရီ(၁၆) – ကာတားနီးယား(၈) +++++++++++++++++++++ ဘာစီလိုနာ – ချဲဆီး ဘာစီလိုနာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ ရှုံး ၊ ရှုံး […]


htet wayApril 24, 20121min11818
ညီမလေးရေ လမ်းပေါ်မှာ လူတွေ အုံနေတော့ အကိုလည်း ဝုန်းကနဲဆို လူတွေက ကြည့်ချင်ကြတဲ့ သဘာဝအတိုင်း ကြည့်မိခဲ့ပါတယ်။ ဆိုင်ကယ် တစ်စီးက တိုက်သွားလို့ စိတ်ဝေနာသည် အမျိုးသမီးတစ်ယောက် လဲကျနေပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူးကွယ်။ဆိုင်ကယ် သမားကလည်း ဘာမှ မဖြစ်သလို မောင်းထွက် သွားခဲ့တယ်။လူတွေကလည်း ဘာသိဘာသာပါပဲ ။ ညီမလေးရေ စိတ်ဝေဒနာသည်ကို တိုက်မိရင် ဥပဒေ မရှိဘူးလားကွယ်။ အမျိုးသမီးကတော့ မျက်နှာ ရှုံ့မဲ့လို့ပေါ့။ ညီမလေးရေ စိတ်ဝေဒနာသည်တွေဟာ သနားစရာပါပဲကွယ် သူတို့ အတွက် အကိုတို့တွေက အကာအကွယ်ပေးရမယ် မဟုတ်လား။ ကူညီရမှာပေါ့ ညီမလေးရယ်။ ညီမလေးရေ တခါကပေါ့ မျက်လုံးနှစ်လုံးစလုံးမမြင်တဲ့ ဒုက္ခိတ ကိုမာလဲ့ ဆိုတဲ့ လူတယောက်နဲ့ ခင်မင်ခဲ့ဖူးပါတယ်။သူခမျာ မိဘညီကိုမောင်နှမလည်းမရှိရှာဘူးလေ။ဆောင်းဆို ကောက်ရိုးပုံမှာ ကွေးလို့။မိုးဆိုလည်း နီစပ်ရာ […]


virusApril 24, 20121min984
စမ်းရေတွေထက် စိမ် ့ရေတွေထက် ပိုပိုအေးတဲ့အချစ်တွေနဲ့ငါ မင်းဘဝတစ်ခုကိုပိုင်ဖို ့ ဖြားယောင်းကြည် ့ခဲ့တယ် ။ ။ ဘယ်တော ့မှမရတော ့ဘူးလား ကြေကွဲညနေတွေရဲ့အဆုံးသတ် အရင်လိုညနေတွေမှာ တိမ်တွေလိုမြောခွင် ့ရရင် အဲ့ဆည်းဆာအတွက် တစ်ခါလောက်တော ့ဂုဏ်ယူချင်သေးတယ် ။ ။ ဘယ်ဘဝရောက်ရောက်ပါချစ်သူ အရင်လိုကမ်းနေမယ် ့လက်တစ်စုံကတော ့ အရင်လိုပဲကြိုနေမှာပါ ။ ။ ပျက်ဆီးမှာမဟုတ်သလို ဖျက်ဆီးပစ်မှာလည်းမဟုတ်ခဲ့ဘူး ရင်နဲ့အမျှချစ်ရတာတွေအတွက် ဘယ်ဘဝဘယ်ဘဝတွေပဲရောက်ရောက် ချစ်မြဲချစ်နေမှာပါ အမြဲတမ်းအတွက်ပေါ့ ။ ။ ။ ။ ။ ။


  Mratt Kyaw Thu သဂျန် တုန်းက သံတွဲပြန်တယ်… အတိုတွေ၊ အပြတ်တွေ အရင်ထက်ပေါလာတယ်… ရွာကလူတွေလည်း ကိုရီးယားကား စွဲနေကြပြီ… သဂျန်က ဟိုးအရင်ကလောက် မစည်ဘူး… သံတွဲ ဈေးကြီးကို မြင်ရတာ စိတ်မကောင်းဘူး… (ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်) ငပလီက အရင်ကလောက် ကျွန်တော့်ကို မကြိုဆိုသလိုပဲ… (ဈေးလည်း ကြီးသေးတယ်) ယာယီဈေးမဖွင့်သေး…. ဈေးဟောင်းနေရာ ဈေးသစ်ပုံစံ မရှိသေး… လူတွေ စိတ်ညစ်နေကြ…. ကွမ်းဆိုင်တွေ နာမည်ကြီးလာကြတယ်…. ဖုန်းပြောတဲ့သူတွေ အများကြီး မြင်ရတယ်… ဆိုင်ကယ်တွေ အဆင့်မြင့်နေကြတယ်…. ထူးကဲက လဖက်ရည် အရင်အရသာ အတိုင်းပဲ… အံတော်ချောင်းထဲက ရေတွေ ပိုနည်းသွားပြီ…. မြို့ထဲမှာ အမှိုက်တွေ မတွေ့ရသလောက်ပဲ… ကြော်ငြာအသစ်တစ်ခုတွေ့တယ်… (ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့) […]


marblecommetApril 24, 20121min11615
ဒီစာကို ရေးဖြစ်သွားတာက ဂျာပွန်ကြီးကြောင့်ပါ..။ စိတ်ကို အရိုးခံအတိုင်း သွားချင်ရာသွားဖို့ လွတ်မထားခဲ့ရတာ အတော်ကြာပါပြီ။ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိပြီလို့ ဆိုနိုင်ပါတယ်။ မနေ့ကတော့ ဂျာပွန်ကြီးကို ချစ်သူ ခင်သူတို့ လေးစားသူတို့က… အခုတ်တရ တွေ့ကြဆုံကြတာပေါ့.။ ကမ်းကြီးကတော့ အလုပ်ထဲမှာ သင်္ကြန်နယ်ပြန်သွားကြ တဲ့ကောင်တွေကမရောက်သေး..။ တစ်ယောက်ချင်းစီရဲ့ တာဝန်နဲ့ ယန္တရားတစ်ခုလို လည်ပတ်ရတဲ့အလုုပ်မှာ တစ်ယောက်ယောက် ပျက်ကွက်ရင်  အလုပ်ဆက်လက်လည်ပတ်ဖို့က တော်တော်ကသီတာမလား.လေ..။ ဒီတော့ အဲဒီတစ်ယောက်စာ နှစ်ယောက်စာ အလုပ်တွေ တစ်ပုံကြီးကိုတစ်နေကုန်တစ်နေခန်းလုပ်နေ ရင်း ဂျာပွန်ကြီးနဲ့ အပေါင်းအပါတို့ရဲ့ ပါတီကိုတော့ သေချာပေါက်လွဲပါပြီလို့ ဝမ်းနည်းပက်လက် စိတ်လျှော့ထားလိုက်ပါတယ်။ စိတ်လျှော့လိုက်ကာမှ လုပ်သာ လုပ်နေရတယ် အလုပ်မှာလည်း စိတ်က ဘယ်ပါတော့မှာလဲဗျာ။ ဒါပေမဲ့ ဗျာချစ်လှစွာသော ရွာသား နော်တော်တွေ  အစ်ကိုတော်တွေရော…ဂျာပွန်ကြီးကရော ငကမ်းကို လာစေချင်ကြတယ်…။ […]


captainamericaApril 24, 20121min622
ကမ္ဘာမြေလုံးပေါ်ဍ် မြောက်ဘက် နေသာွးလမ်းကြောင်းတည့်တည့်လောက်တွင် ရွှေဝါပြည်ရှိ၏။ တောင်တန်းကြီးနှင့်ပင်လယ်တို.ကာပတ်ဝိုင်းရံထားသောကြောင့် ရှေးခေတ်အခါက အခြားသောတိုင်းပြည်တို.မှ လာရောက်ဝင်ထွက်ရန်ခဲယဉ်းသည်။မုန်သုန်သစ်တောကြီးများ သံ သွပ် ခဲပုတ် ကျောက်စိမ်း ငွေ ပယင်းနှင့် ကျောက်နီထွက်သော တောင်များရှိသည်။ရေနံထွက်သောမြေများဖြင့် သီးပင်စားပင်စိုက်ပျိုးရန်ကောင်းသော မြေဩဇာတို့ဖြင့် စိမ်းစိုနေသော မြေပြန်.လွင်ပြင် များရှိသည်။မြောက်ဘက်တောင်တန်းကြီးများမှဖြတ်ကာ အနောက်တောင်ဘက် အလျှားလိုက်စီးဆင်းသောရွှေဝါဝတီမြစ်ကြီးလည်းရှိသေးသည်။ ထိုမြစ်ကြီး၏ကမ်းဘေးတွင် ခိုင်းကျွှဲ ခိုင်းနွားတို.သည်ကွင်းပြင်ဖုံးမျှပေါပြည့်၏။ကုန်းတောင်တန်းကမူတို.ဍ္ဍ်မူ မြင်းများနှင့်အခြားတောတိရိစ္ဆန်များ ပျော်ပါးမြူးတူးကြ၏။ ထို.သို.သောအရပ်တွင်ရွှေဝါပြည်သားတို.သည် အချင်းချင်းဗိုလ်လုပြီး ပြည်နယ်ခွဲဝေလျှက် မြို.ပြနိုင်ငံများတည်ထောင်နေကြသည်။လွန်ခဲ့သောနှစ်ပေါင်း ၁၉၅ဝခန်.ကရောက်ဖူးသော အီရန်ကုန်သည်ကြီးတစ်ဦး၏မှတ်တမ်းတွင်အောက်ပါအတိုင်းမှတ်တမ်းပြုစုထားသည်။ရွှေဝါပြည်ကိုအစိုးရသောမင်းသည်ထင်ရှား ကျေုာ်စော၏။သူ၏စစ်သည်ရဲမက်များသည် ကသ္မိယ ပလူဝ က္ကုန္ဒုမြစ်ဝှမ်းတစ်လျှောက် နိုင်ငံရှိရဲမက်ဗိုလ်ပါများထက် များပြားသည်။စစ်ချီတတ်တိုင်းတိုက်ဆင် ပေါင်းငါးသောင်းကျော်နှင့်ချီတက်သည်။တပ်မတော်ကြီးတွင် စစ်သည်ရဲမက်မဆိုထားဘိ အဝတ်လျှော်သောခဝါသည်ဦးရေပင် သောင်းကျော်၏။ ထိုရွှေဝါပြည်ဍ္ဍ် အခြားဘယ်နိုင်ငံမျှမရက်တတ်သော အဝတ်အထည်မျိုးစုံကိုတွေ.ရ၏။ထိုအဝတ်အထည်မျိုးကိုဝတ်ဆင်ရန် ချုပ်လုပ်ပီးသောအခါ အလွန်နူညံ့ပျော့ပျောင်းသောကြောင့် လက်စွပ်ကွင်းထဲသို.ထုတ်ပေါက်လျှိုနိုင်၏။သားမြီးဖြင့်ပြုလုပ်သောယပ်များကိုလည်းမြင်ဖူးခဲ့ရသည်။ခေါင်းပေါ်ဍ္ဍ်ဦးချို တစ်ချောင်းသာရှိသော၎င်းတို.အခေါ်နှင့်ကြံခေါ်သည့်အကောင်မျိုးကိုလည်းတွေ.ခဲ့ရ၏။ကျွနုပ်တို.သည် ထိုရွှေဝါပြည်ဍ္ဍ်ကြံသားကိုစားခဲ့ကြရ၏။ရွှေဝါပြည် သစ်တောတို.ဍ္ဍ်ကြံကောင်အလွန်ပေါများ၏။အခြားနိုင်ငံများတွင်ကြံကောင်ကိုတွေ.ဖူးသော်လည်း ရွှေဝါပြည်တွင်တွေ.ရသော ကြံကောင်များလောက် […]


ဇောက် ထိုးApril 24, 20121min1269
ဒီနှစ် သင်္ကြန်…အပျံ့ဆုံးသတင်းက..လူငယ်တွေ သရုပ်ပျက်။ အမျိုးသမီးများ အဝတ်အစား..ဘီယာသောက်မှု။ ဘာကြောင့်ဒီလိုဖြစ်လာတာလဲ။ မြန်မာက ကမ္ဘာမှာလဲ အမွဲစာရင်းထဲဝင်နေတယ်။ မလှူလို့လို့ပြောရအောင်ကလဲ…ဝါဆိုသင်္ကန်းပွဲ။ ဝါတွင်းသီလပွဲ။ သီတင်းကျွတ်ကထိန်ပွဲ။ ရပ်ကွက်ဘုရားပွဲ။ ရပ်ကွက် တိုင်းက ဆွမ်းလောင်းအသင်း။ သားသျမီးများရှင်ပြုပွဲ။ အားလုံးပေါင်းရင် ပွဲအရေးအတွက်က 12=ထက်အများကြီး။ ဒါမျိုးအလှူတွေဘယ်နိုင်ငံမှာများ ဒီလောက် များသလဲ။ ဒီလိုဆို မလှူလို့လို့ပြောဦးမလား။ လူငယ်တွေယဉ်ကျေးမှု။ ယဉ်ကျေးမှုသင်တန်းတွေ။ သင်္ကြန်ဒုလ္လဘတွေဆို မနည်းမနော။ သင်္ကြန်တရားစခန်းတွေ တပုံတခေါင်း။ ညတရားပွဲတွေ ပရိသတ်ထောင်သောင်း.. ဓမ္မကထိကတွေ ရက်ရဖို့က လပေါင်းများစွာ။ အလှူငွေတွေ ဘုရားလက်ထက်က ဂါထာတစ်ပုဒ် တစ်ထောင်..ဒီနေ့ ဂါထာတပုဒ် သိန်းဂဏန်း အမြောက်အများ။ တမြို့နဲ့ တမြို့ တရားနာများသွားလိုက်ကြသေး။ ကားအကြီးကြီးတွေနဲ့ လူတွေအများအပြား။ စီဒီခွေနဲ့နားထောင်ရင် ငွေသိပ်မကုန် ပေမယ့် ငွေတွေအများကြီးကို အကုန်ခံပြီး အဝေးကြီးတွေကို တရားနာသွားကြတာ။ […]


ဆူးApril 24, 20121min27440
သီတဂူ သုမေဓာ ဆေးရုံ ဆေးဝါး ဒါန အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ https://myanmargazette.net/107492/health-fitness/ သီတဂူ ဆရာတော် ဘုရားကြီး နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ တည်ရှိတဲ့ မြတောင် ကျောင်းတိုက်မှ ဆရာတော် မြတောင်ကြီး ဦးဆောင် ဆောက်လုပ်သော သီတဂူ သုမေဓာ ဆေးရုံကြီး ၏ ဆေးဝါးဒါန အဖြစ် အများပြည်သူ အယုတ်လတ် အမြတ်မရွေး ကျန်းမာရေး စောင့်ရှောက်နိုင်ရန် အတွက်ငှာ ရည်သန် အာရုံပြုလျက် အလှူ့ဒါကာများဖြစ်ကြသော မန္တလေးဂေဇက် အဖွဲ့ဝင်များနှင့် အခြားသော ပြင်ပမှ ပုဂ္ဂိုလ် အသီးသီးတို့၏ အလှူငွေများကို ပန်းတနော်မြို့နယ် မြတောင်ကျောင်းသို့ ရန်ကုန်မှ နေ၍ ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းရန် အတွက် သွားမည် ဖြစ်ပါသည်။ အလှူသွားရန် […]


မိုခ်ိဳApril 24, 20121min1007
စင်ကာပူ   BOTANIC GARDEN  ကဓါတ်ပုံလေးတွေပါ။ နောက် မှ သစ်ခွပန်းတွေ သပ်သပ်တင်ပါအုံးမယ်။   ဒီအပေါ်က ပုံကို ဒါ့ပုံ ချာမ ဘယ် လို postion နဲ့ ရိုက်ထားလဲ ဆိုတာ ရွာထဲက ဒါ့ပုံ ဆြာ တွေ ဖြေဖို့ ပဟေ လိ ဝှက် လိုက်ပြီ။   ဒါကတော့ အဲဒီ က သန့်စင် ခန်း ထဲမှာ ကပ်ထားတာ သဘောကျလို့ရိုက်လာတာ။ ရွာ သူားတွေက ကျမထက် ပိုပြီး  E တော် ပြီးသားဆိုတော့ ဘာသာတော့ ပြန်ပြတော့ဘူး ။ ကျမ ရန်ကုန် တုန်း ကရွှေဝယ် တိုင်း သူတို့ ချိန်တဲ့ အစေ့ […]


ဒီခေါင်းစဉ်ကို တွေ့လိုက်ရင်ပဲ ခရီးသွားခေါင်းစဉ်တစ်ခုဆိုတာ လူတိုင်းသိမှာပါ … ဟုတ်ပါတယ် … သင်္ကြန်ရုံးပိတ်ရက်ရှည်မှာ ခရီးတစ်ခုထွက်မယ်လို့ ကြိုတင်စီစဉ်ထားပြီး သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့က နေ စပြီးတော့ အဲဒီခရီးစဉ်ကို ထွက်လာခဲ့ပါတယ် … ထွက်လာတယ်ဆိုရင်ပဲ ကိုု်ယ်မရောက်ဘူးတဲ့ နေရာကိုရောက်တော့မှာမို့  အပျော်တွေ အပြည့်နဲ့ ပေါ့ဗျာ …ရောက်တော့လဲ နေထိုင်လို့ကောင်းလိုက်တာဗျာ … ရာသီဥတု … ရှုခင်း … မြို့သူမြို့သားတွေရဲ့ ယဉ်ကျေးပျူငှာမှု … ရိုးသားမှု … စသည်တို့ကို မြင်တွေ့လိုက်တဲ့ အခါမှာတော့ ရန်ကုန်ကို ပြန်ကို မပြန်ချင်တော့ဘူး … သာမောဖွယ် ရှုခင်းများကို ရွာသူရွာသားတွေဆီကို share ပေးလိုက်ရပါတယ် ….   ပင်းတယလှိုဏ်ဂူတော် အတွင်းတစ်နေရာ