UN ကုလသမဂ္ဂတွင် အဖွဲ့ဝင် (၁၉၃)နိုင်ငံရှိသည်။ ဆိုင်ရာခံဝန်ချက်စာချုပ်ချုပ်၍ အဖွဲ့ ဝင်ဖြစ်ကြသောနိုင်ငံများသို့ ချိတ်ဆက်ကူညီခြင်းရှိသလို အပြန်အလှန်ကူညီကြသည်။ UN၏မူလဖြစ်တည်မှုအရ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို စစ်ရေးဖြင့် အင်အားသုံး ဖြေရှင်းကြားဝင်ရန် မဖြစ်နိုင်သလောက်အခြေပါ။ ထို”စည်း”ကိုမည်သည့်အကြောင်းပြချက် ဖြင့်ဖေါက်မိသည်ဖြစ်စေ နောင်အနာဂတ်တွင် သမိုင်းတရားခံဖြစ်ကိန်းဆိုက်နိုင်၍ဖြစ်၏။ လူသိန်း/သန်းသေကျေပျက်ဆီးနေသည့်အခြေဆိုက်နေလျှင်သာ အထူးစဉ်းစားပေးသည့်စားပွဲပေါ်တက်လာမည်။ ICC, ICJ တရားရေးသည်လည်း အမည်သညာခေါ်စရာသာရှိသည်။ လက်တွေ့တရားဆိုင် အမှုရှုံး၍ အရေးယူမှုမှာ ပြစ်မှုထင်ရှားတဦးတယောက်အတွက်ပင် အနှစ် ၂၀အထက်ကြာလေ့ရှိသည်တွေ့ရမည်။ မည်သို့ဆိုစေ မြန်မာအတွက် ဒေါ်လာငွေသန်း ချီသုံးနေ့/ညအလုပ်လုပ်သည့်ရုံးတခု /ကုလအထူးကိုယ်စားလှယ်တဦးခန့်ပေးထားပါ၏။ US မှာမူကား မြန်မာ့အရေးကိုဖြေရှင်းပေးရမည်ဟူ၍ မဟာမိတ်ပဋိဉာဉ်စာချုပ် လည်းမထိုးထား ကတိမရှိ။ မြန်မာပြည်တွင်ယခုထိကျဆုံးသေကျေကြသော လူအရေ အတွက် (၈၆၃ဦး -ဇွန် ၁၄)ဟူသည် အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီလ ၁ရက် တနေ့ထဲ၌ အမေရိကပြည်ထောင်စုတွင်း ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့သူ အမေရိကန် (၁၉၁၃)ဦး၏တဝက် […]