kotun winlattMarch 8, 20161min1293
ကျနော်နှင့် ပင်လယ်ရနံ့သင်းသော ဝတ္ထုတိုလေးများ @@@@@@@@@@@@@@@@@@@@@@ မြန်မာပြည်၏ အထက်ပိုင်းဒေသတွင် မွေးဖွားကြီးပြင်လာခဲ့ရသည် ကျနော့်အတွက် ပင်လယ်ဆိုသည့် စကားရပ်သည် သူစိမ်းဆန်လွန်းနေ၏။ ထိုပင်လယ် ပင်လယ်လေ ပင်လယ်ကမ်းခြေဆိုသည့် စကားလုံး ရုပ်ပုံများကိုကား စာအုပ်တွေထဲ တီဗီတွေထဲမှာသာ မြင်ဖူးတွေ့ဖူးခဲ့ရသည်။ ပင်လယ်ကမ်းခြေ၏ အလှတရားများအကြောင်း ပင်လယ်လေ၏ လတ်ဆတ်မှုအကြောင်းတွေကို စာဖတ်များထဲတွင် ဖတ်ရှုရပြန်တော့ ပင်လယ်ဆိုသည့် ရေပြင်ကျယ်ကြီးဆီသို့ တစ်ခါတစ်ခေါက်လောက်တော့ အရောက်သွားလိုလှပေသည်။ ပင်လယ်ကို မမြင်ဘူး မတွေ့ဘူးသည့် ကျနော့်၏ ဆန္ဒ ကျနော့်၏ အာသီသ ….. “ကျနော် ကဗျာဆရာတစ်ယောက်ကို ပင်လယ်ဝကို ခေါ်သွားဘူးတယ်ဗျ … ပင်လယ်ကြီးကို မြင်တော့ ကဗျာဆရာ ဘာလုပ်တယ်ထင်လည်း … ဟေးးးးး ပင်လယ်ကြီးရေ မင့်ရင်ခွင်ထဲ ငါအပြေးလာပြီဟေ့ လို့ ပြောပြီး ရေထဲဝုန်းခနဲခုန်ချလို့ ကျနော်တို့မှာ […]


kotun winlattMarch 7, 20161min1714
ရေးဖြစ်ခဲ့တာ နှစ်လကျော်ခဲ့ပေမဲ့ ရွာထဲမှာ အခုမှ တင်ဖြစ်တော့တယ် . . . ဆောင်းည အလွမ်းနှင့် ရေးဖြစ်ခဲ့သည့် ကဗျာလေးများ @@@@@@@@@@@@@@@@@@@@ ဆောင်းည … အအေးတွေပိုနေလိုက်တာ … ကောင်းကင်ကို မော့ကြည့်မိတော့ နှင်မှုန်တွေနဲ့ ဝေဝေဝါး….  ကြယ်လေးတွေက ချမ်းလွန်းလို့ ထင်ပါရဲ့ မှိတ်တုတ် မှိတ်တုတ်ပေါ့ … အရင်က ဒီလိုဆောင်ညမျိုးတွေဆို  ည ၁၂ နာရီလောက်မှ အလုပ်ကပြန်ရ …. အိမ်ရောက်ပြီဆို … ခြေဖျားလက်ဖျားတွေ အေးစက်လို့ တော်တော်နှင့် အိပ်မပျော်နိုင် … တစ်ခါတစ်လေကျတော့ အအေးဒဏ်ကို အံ့တုဖို့ မွန်းကြပ်မှုတွေ ဖောက်ထုတ်ပစ်ဖို့ အဝေးပြေးလမ်းမကြီးရဲ့ဘေးက ညလုံးပေါက်ဖွင့်တဲ့ ဆိုင်လေးဆီကို အရောက်သွား အနွေးဓာတ်ရစေဖို့ ယမကာစောင်လေး ပြေးခြုံရင်း မွန်းကြပ်မှုတွေကို ဖွင့်အန်ပြီး […]


မြန်တြံ့သမဒသစ် အမည်စာရင်း တင်သွင်းမည့် မတ်လ ၁ဝရက်နေ့ နီးcatလာပီဂ ျ။ သတင်းအမ ျ ိုးစုံ ထွက်ပေမှည့် ပုပ်ကိုယ်နှစ်ဦး နှစ်ယောက်ပေါ် တည်မှီတဲ့ နိုင်ငံရေးပုံစံဆိုတော့လည်း ခန့်မှန်းရခက်တယ်။ သမဒဘယ်သူ ဖြစ်မည်လဲ အသာထား၊ ၅၉/စ နဲ့ငြိမှာလား ကေ ျာ်မှာလားတောင် အသိခက်တယ်။ အသေအခ ျာ တွက်ထားတွက်ထား နောက်ဆုံးမိနစ် ပြောင်းလဲဆုံးဖ ျက်ခ ျက် အဖြေဖြစ်လာနိုင်လို့ပဲ။ တိုးတက်တဲ့စနစ်၊ နိုင်ငံတွေမှာတော့ တင်ကြို နှပ်ကြောင်းပေးတယ်။ ဘိုလိုတော့ခ်ရင်ဒေါ့ Risk management ပေါ့ဂ ျာ.. Uncertainty ခေါ်တဲ့ မသေခ ျာမရေရာမှုကြောင့် ရလာမည့် ဆိုးက ျ ိုးဖြစ်တန်ကိန်းကို လေ ျာ့ပါးသက်သာအောင် စီမံထားတာပဲ။ ထားပါတော့ ထားပါဒေါ့.. ဟိုက […]


kaiMarch 6, 20161min74151
သမ္မတ ဦးထင်ကျော် တစ်ပြေးနေပါသည်။ ဦးထင်ကျော် ကိုယ်ရေးအကျဉ်း ~~~~~~ ။~~~~~ ကွမ်းခြံကုန်းမြိ ု့သား,၁၉၉ဝ ရွှေးကောက်ခံ ကိုယ်စားလှယ်, စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သား, ၁၉၄၆ ဇူလိုင်လ ၂ဝရက်နေ့ မွှေးဖွားသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း, ဒေါ်အောင်ဆန်းစုကြည် တို့မှယုံကြည်စိတ်ချရဆုံး ဖြစ်သည်,ဒေါ်အောင်ဆန်းစုကြည်ထက်အသက် တစ်နှစ်ငယ်သော်လည်း ,မက်သဒစ်ကျောင်း (ဒဂုံ၁) တွင်အမေစု နှင့်အတူပညာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၆၂ခုတွင် စီးပွားရေးတက္ကသိုလ်တက်ရောက်ခဲ့ ပြီးမဟာစီးပွားရေးဘွဲ့ကို ရရှီခဲ့သည်။ ရန်ကုန်ကွန်ပြူတာဌာန၏ ပထမဆုံး နိုင်ငံခြား ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ ၁၉၉၂တွင်အစိုးရဝန်ထမ်းအဖြစ်မှနှုတ်ထွက်ပြီး အမေစု ဦးဆောင်သောNLDသို့ဝင်ရောက် လုပ်ဆောင်ခဲ့သည်။ ဖခင်ဖြစ်သူ၏ကလောင်ခွဲဖြစ်သော ဒလဘန်း အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ တို့ကို ရေးသားဖော်ပြခဲ့သည်။ NLD၏ နံမည်ကြီးခေါင်းဆောင် ဦးလွင်၏သမီး ရန်ကုန်တိုင်း သုံခွမြိ ု […]


“ပျံ့ လွင့်” နိုးထစ နံနက်ခင်း မြူနှင်းတို့ မဝေ့တဝေ လွမ်းစေဘွယ် ရူ့ခင်း မြင်မိခြင်း  တခဏ ရင်ထဲက စိတ်တေလေ အသံမဲ့စွာ ထွက်ပြေး ဟိုးးးးးးးးး ဟို  အဝေးကို။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၃၁၆  


kotun winlattMarch 5, 20161min1574
နွေဦးရာသီ @@@@@ နှင်းမှုန်များဖြင့် စီချယ်အပ်သော ချမ်းအေးသည့် နံနက်ခင်းတို့သည် တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ကြလေပြီ …။ နှင်းမှုန်များ၏နေရာတွင် တာဝန်ယူပေးကြမည် နွေဦးနံနက်ခင်းတွင် အိမ်ရှေ့ဗာဒံပင်မှ ရွက်ဟောင်းတို့သည် တလွင့်လွင့် ကြွေကျနေကြလေပြီ…။ ကြွေကျသွားသည့် ရော်ရွက်ဝါတို့၏နေရာတွင် ရွက်သစ်လေးတွေ စိမ်းစိမ်းလန်းလန်းဖြင့် ဝေဆာလာကြတော့မည်။ အိမ်ဝင်းအတွင်းရှိ သရက်ပင်တို့မှာလည်း အဖူးအဝါဖျော့ရောင်လေးများဖြင့် ဝေဝေဆာဆာ …။ မြင်နေကြ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာတို့တွင် နွေသရုပ် မြူခိုးတို့ကား မှိုင်းမှိုင်းမှုန်မှုန် …. အိမ်ရှေ့လမ်းလေးမှ ဖုန်မှုန့်တို့သည်ကား တလူးလူးတလွှင့်လွှင့် ….. နွေဦးရာသီ စလေပြီ ….။ ငယ်ငယ်က အလယ်တန်းကျောင်းသားဘဝက ဆရာတစ်ဦးက အတန်းထဲမှာရှိတဲ့ ကျောင်းသားကျောင်းသူများကို မိမိတို့ အားသန်ရာစာပေများကို စီကုံးရေးသားပြီး သူ့အားပြသစေသည်။ ထိုအချိန်က ကျနော်ရေးဖြစ်ခဲ့တဲ့ နွေကဗျာလေးကို သွားပြီးအမှတ်ရမိ၏။ ကျနော်ရေးဖြစ်တဲ့ […]


sorrowMarch 5, 20161min1348
လူသားတွေရဲ့ကမ္ဘာက တိုးတက်လာတာနဲ့အမျှ .. လူသားရဲ့လောဘ နဲ့မောဟ ဝါကြွားလိုမှုနဲ့ မာနက .ပိုပိုကြီးမားကျယ်ပြန့်လာတယ်… သို့သော်…ကမ္ဘာဟောင်းရဲ့ လူတွေကြားမှာ အချင်းချင်းသိရှိနိုင်မှုက အကန့်အသတ်နယ်နမိတ် တစ်ခုအနေနဲ့ပဲ ရှိနေတုန်းပဲ ….အဲ့တာနဲ့ လူသားတွေက…မဆုံးနိုင်တဲ့ဝါကြွားမှုနဲ့ လောဘ တွေအတွက် ကမ္ဘာအတုတစ်ခုကို ဖန်တီးလိုက်ကြတယ်..ကမ္ဘာအတုက.လူသားလောဘကနေ ဖန်တီးလိုက်တဲ့ အပြောင်မြောက်ဆုံးလက်ရာတခုပါပဲ …. အရင်ကမ္ဘာဟောင်းရဲ့ ဆက်သွယ်ရေးကိရိယာတခုက ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေဖြစ်လာတယ်…အပြိုင်အဆိုင်က ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေကစတယ်… တံဆိပ်အမျိုးမျိုး …အဆင့်အတန်းအမျိုးမျိုးနဲ့ …သော့တစ်ချောင်းအတွက်…ဘဝအပျက်ခံရဲတဲ့သူတွေတောင်ရှိလာကြတယ်… လူသားတွေရဲ့ မသိစိတ်ကဖြစ်တည်နေတဲ့ …အချင်းချင်း ရန်လိုမှုတွေ… ကြွားဝါလိုမှု ..အတုအယောင်တွေအကုန်လုံးက ကမ္ဘာအတုထဲမှာလွတ်လပ်စွာချပြလို့ဖြစ်နိုင်ပါတယ်..လူသားတဦးစီတိုင်းအတွက်…မာန..လောဘ..ဒေါသတွေကို ချပြနိုင်တဲ့ ..နံရံတံတိုင်းတခုစီ ..ကမ္ဘာတုထဲမှာပြိုင်ဆိုင်ကြတယ်…. နာမည်အမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ….အရောင်အဝါအပြည့်နဲ့ ..နတ်သား.နတ်သမီးတွေလိုမျိုး …ကမ္ဘာအတုထဲမှာ စစ်မှန်မှုဆိုတာ တခုမှမရှိပါဘူး…ချီးကျူးသံ ..အားကျသံဆိုတာတွေကလဲ …တကယ်တမ်းတော့ စွဲမက်စေတဲ့ ပျားရည်ဆမ်းထားတဲ့အဆိပ်တခုသက်သက်ပါပဲ… လူသားတွေရဲ့ထူးဆန်းတဲ့စိတ်က …ကိုယ်ခန္စာလှပတဲ့သူတွေက […]


kotun winlattMarch 4, 20161min26115
လက်ဖက်ရည်ဆိုင်နဲ့ ကျနော် @@@@@@@@@@@@ “ဟေ့ကောင်တွေ …. မင်းတို့က လက်ဖက်ရည်သောက်ကြမှာလား …..” “ဟ … လက်ဖက်ရည်သောက်မှာမို့ လက်ဖက်ရည်ဆိုင်ကို လာထိုင်တာပေါ့ကွ …. လက်ဖက်ရည် မသောက်ပဲ လက်ဖက်ရည်ဆိုင် လာထိုင်ပါ့မလား” ဒီလို အဖျော်ဆရာနဲ့ ကျနော်တို့အဖွဲ့ တစ်ဦးနဲ့ တစ်ဦး အဲလေ … တစ်ဦးနဲ့ တစ်ဖွဲ့ စကားနာလေးထိုးလိုက်ရမှ ကိုယ့်ရှေ့မှောက်ကို လက်ဖက်ရည်ခွက်ရောက်တဲ့ ဆိုင်ကလေး ….. “ငါတို့ ဝိုင်းကို နံပြားတစ်ချပ်လောက် လုပ်ပေးပါဦးကွ…” “ကုန်ပြီ … မရတော့ဘူး … စားချင်တယ်ဆိုရင် … ရောက်ကတည်းက မှာလေကွာ… အခုအချိန်မှ မှာလို့ ဘယ်ရတော့မှာလဲ” “အေးပါ … မင်းက ရောင်းကောင်းတဲ့နေဆိုတော့ ပြောပြီပေါ့ … ရောင်းမကုန်တဲ့နေ့ဆို နံပြားစားဦးမလားက […]


kotun winlattMarch 3, 20161min20311
စာဖတ်ခြင်းမှသည် ……. @@@@@@@@@@@@ စာဖတ်ခြင်းအလေ့အထ ဘယ်အချိန်လောက်ကတည်းက စပြီးသန္ဓေတည်ခဲ့ပါလိမ့်လို့ ကျနော်ပြန်စဉ်းစားကြည့်မိတယ်။ စာဆိုတာနဲ့ စပြီးထိတွေ့ခဲ့ရတဲ့အရွယ်ကို ပြောရရင်တော့ သူငယ်တန်းစနေတဲ့ ၁၉၈၅ ခုနှစ် ဇွန်လ ၁ ရက်ဖြစ်ပါလိမ့်မယ်။ အဲ့ဒီနေ့က အကျင်္ ီအဖြူ ဘောင်းဘီတို အစိမ်း လွယ်အိတ်အသစ်လေးနဲ့ ကျနော့်ကို အဖေက ကျောင်းလိုက်အပ်ပေးတာ မှတ်မိနေပါတယ်။ အဖေ့ လက်တစ်ဘက်က ကျနော့်ကိုတွဲ ကျန်လက်တစ်ဘက်က လက်ဘက်ရည်အချိုထည့်ထားတဲ့ ရေနွေးဓာတ်ဗူးကြီးကိုဆွဲလို့ ပညာရင်နို့သောက်စို့နိုင်ဖို့ရာ ကျောင်းတော်ကြီးက ဆရာ/မတွေထံ ကျနော့်ကို အပ်နှံပေးခဲ့တာပါ။ အဖေက ကျနော့်ကို ကျောင်းအပ်ပေး… သက်ဆိုင်ရာစာသင်ခန်းကို ပို့ပေးပြီး အိမ်ပြန်သွားခဲ့တာပေါ့။ ကျနော်ကတော့ ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ ကျန်နေခဲ့ရတယ်။ မျက်စိသူငယ် နားသူငယ်များဖြစ်နေခဲ့သလား။ ပျော်ပဲပျော်နေခဲ့သလားဆိုတာတော့ သေချာမမှတ်မိ။ စာသင်ခန်းထဲမှာ လွယ်အိတ်အသစ်လေးထဲက ကျောက်သင်ပုန်းအသစ်လေးပေါ် ဆရာမက […]


ကိုယ်တိုင် ကြိုးစားပြီး   Producer Presenter Script Editor အကုန်လုံး Program Host အဖြစ်လုပ်ခဲ့တဲ့ ပရိုဂရမ်လေး စပွန်ဆာရသွားပြီတဲ့။   ရွာထဲက လူအများ DVB Channel မှာ Movie Crazy ဆိုတဲ့ ကျတော့် ပရိုဂရမ်လေး လာရင် အားပေးပါဦး။   အောင်မိူးသူ  


တစ်ခါက ပိုစ်တစ်ခုရဲ ့အောက်မှာ လူတွေသေတဲ ့အခါ မှတ်ဉာဏ် မင်မိုရီ ပို ့လွှတ် လက်ခံတယ်ဆိုတဲ ့ အယူအဆတစ်ခု သဂျီးက ကော်မန် ့နဲ ့ ချပြခဲ ့ဖူးတယ်။ ဒီအယူအဆနဲ ့ ပတ်သက်ပြီး တူညီတယ်ထင်ရတဲ ့ အဖြစ်အပျက်တစ်ခုကို ကျနော် တောတွင်းပျော် ပြောပြချင်ပါတယ်။ ရွာသူားတွေ အတွေးပွားဖို ့ မီးတစ်စ တောတွင်းပျော် တို ့ပါတော ့မယ်။ _ _ _ _ _ _ _ _ _ _ _ _ _ တောတွင်းပျော်တို ့ အမေ ့ရွာကို ပြောင်းလာကာစပါ။ တောတွင်းပျော်တို ့အိမ်တောင်ဖက် […]


hmeeFebruary 29, 20161min25617
“ဝဋ်လည်ခြင်း” “မီးမီး ဟာ” ကိုကိုကြီး အရင်ယူထားတာ” “ မပေးဘူး” လုကြပေပြီ။ တယောက် ကိုင်ထားပြီဆိုလျှင်ဖြင့် တယောက်က လိုချင်သည်။ အမှုမဲ့ အမှတ်မဲ့ ချထားသော ပစ္စည်းသည် တယောက်ကများ ကောက်ကိုင်ပြီဆို ကျန်တယောက်ကလည်း အဲ့သည့်ဟာကိုမှ လိုချင်သည်။ လုကြသည်။ ခုတင် ချစ်ကြည်ရေးရနေသော ဧည့်ခန်းသည် ချက်ချင်းပင် စစ်တလင်းပြင် ဖြစ်လေတော့သည်။ ရန်မီးပွား မကြီးခင် ဒေါ်ကုလသမဂ္ဂ ဝင်ရလေပြီ။ “ပေး အဲ့ဒါ မေမေ့ကိုပေး” မပေးချင်ပေးချင်နှင့် မိခင်ကို လာပေးသည်။ “မေမေ ဘာပြောထားလဲ မလုရဘူး တူတူ ကစားရမယ်လို့ မပြောထားဘူးလား” နှစ်ယောက်သား ကိုယ့်အပြစ်နှင့် ကိုယ်မို့ ခပ်ကုပ်ကုပ်ရပ်ကာ ပြိုင်တူ ခေါင်းငြိမ့်ပေသည်။ “ အေး အခုလို လုတဲ့ အတွက် […]