Mon LayDecember 30, 20203min39440
စိတ်ထားတတ်ရင်မြတ်တယ်လူ့လောကမှာကိုယ့်အပေါ်တိုက်ခိုက်ခံရတာတွေပုတ်ခတ်ခံရတာတွေများစွာကြုံဖူးမှာပါဒါပေမယ့်ဒေါသတွေကြီးပဲထွက်ခဲ့ပြီးသင်ခန်းစာမယူတတ်ခဲ့ကြဖူးမလားစဥ်းစားကြည့်ပါလားသူတို့တွေဆိုတာကိုယ့်စိတ်ခံနိုင်ရှည်စွမ်းကိုစိတ်ထားတတ်အောင်ကျင့်ပေးနေတာမို့ကိုယ်ဘယ်တော့မှပြိုလဲမပြပါနဲ့သူများအပူကိုယ်မယူပါနဲ့…သူတို့ဘာတွေပဲ ပြောပြောကိုယ်လုပ်စရာရှိတာလုပ်ရမှာပဲမဟုတ်လား..ကဲ့ရဲ့(7)ရက်..ချီးမွမ်း(7)ရက်မို့ဘယ်သူတွေဘယ်လိုလာတိုက်ခိုက်နေပါစေ ကိုယ်ပြုံးနေပေးလိုက်ပါဒေါသ နဲ့ဆိုအမှားပါတတ်လို့ချိုမြိန်သောလက်စားချေခြင်းနည်းနဲ့ရလာဒ်ရအောင်လုပ်ပြရမှာကိုယ့်တာဝန်နော်ဒီစာကိုမြင်ရင်”Onlineလုပ်လို့​ဘယ်လိုတွေတိုက်ခိုက်ပုတ်ခတ်ခံနေရပါစေစိတ်ထားတတ်အောင်ကျင့်ပြီးအောင်မြင်ပြမယ်“လို့ရေးခဲ့နော်


Mon LayDecember 26, 20202min31850
မွန်လေးရေ, Congratulationsပါ…မင်းလုပ်ငန်းရှင်ကြီးဖြစ်နေပြီ…မင်းသိရဲ့လား……မင်းစိတ်အရမ်းညစ်ခဲ့ရတဲ့ ၀◌န်ထမ်းဘ၀ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုမင်းလုပ်ကိုင်နိုင်နေပြီ။  အပျော်ကြီးပျော်ပလိုက်စမ်းပါ…. ထပ်ပြီး Congrats လုပ်ချင်တယ်…မင်းစိတ်ပင်ပန်းမှုဒဏ်ကိုရဲရဲကြီးခံနိုင်ရည်ရှိသွားပြီ…ကိုယ်ပိုင် လုပ်ငန်းနဲ့ ၀◌န်ထမ်းက အဲ့ဒါကွာတယ်လေနော်…၀◌န်ထမ်းဆို အချိန်တန်လကုန်ရင် မင်းလစာရမှာ..တိကျတဲ့ ၊ သိရတဲ့လစာရမှာ…အခုကကိုယ်ပိုင်လုပ်ငန်းလုပ်တော့ မင်းရဲ့၀◌င်ငွေက လကုန်မှပဲသိရမယ်…ဘယ်လောက်ရမလဲဆိုတာမင်းမသိနို်င်တော့..မင်းကြိုးစားဖို့လိုအပ်တယ်။ နေ့တိုင်းကြိုးစားရမယ်။ မင်းရဲ့အခုလုပ်ငန်းလေးကို ၂၀၁၄ မှာ အကောင်အထည်စဖော်ခဲ့ပြီး..တစ်လကို သောင်းဂဏန်းမြတ်တာကနေ အခု လက်ကားပေးနိုင်တဲ့အဆင့်အထိမင်းရင်းနိုင်လာခဲ့ပြီ။ မင်းအရမ်းပင်ပန်းခဲ့ရတာကိုး…deli ကို သူများအပ်လည်းရရဲ့နဲ့ လမ်းကြုံရင်ကိုယ်တိုင်သွားပို့တာတို့၊ အပို၀◌င်ငွေရအောင် လိုင်းကားတိုးစီးတာတို့ မင်းအရမ်း ပင်ပန်းခဲ့ရတော့….အခုအဲ့ပင်ပန်းမှုရဲ့အသီးအပွင့်ကိုမင်းခံစားနေရပြီ။ ဆက်ကြိုးစားပါ။ ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ဖြစ်အောင်သွားပါ။  မင်းပတ်၀◌န်းကျင်ကလူတွေထဲမှာ မင်းကိုချစ်လို့ အားပေးဖို့စောင့်ကြည့်နေတာမျိုးရှိသလို…မုန်းလို့ လှောင်ဖို့စောင့်ကြည့်နေတာမျိုးလည်းရှိနေမှာပဲ။ အဲ့တော့ စိတ်ဓါတ်တွေပြိုလဲမသွားပါနဲ။ ယိုင်လဲသွားခဲ့ရင်တောင် အဲ့လိုလူတွေရှိလို့ မင်းပြန်ထပါ။ ထပ်ကြိုးစားပါ။ မင်းအနောက်မှာ မင်းအားကိုးလို့ရမယ့် သူမရှိသေးဘူး။ မင်းကိုယ်မင်းပြန်ထမှရမယ်။  မင်းကသိပ်ကိုရည်မှန်းချက်ကြီးတော့ ..တခါတလေ..ကျန်းမာရေးလည်းဂရုစိုက်ဦး။ ကြိုးစားတာကောင်းပါတယ်..မကောင်းဘူး..မပြောဘူး..ဒါပေမဲ့ ကျန်းမာရေးကအရေးပါတော့..ကျန်းမာရေးကောင်းမှ မင်းရည်မှန်းချက်တွေပြည့်အောင်လုပ်နိုင်မှာမို့…စောစောအိပ်စေချင်တယ်။ အားဆေးပုံမှန်မသောက်ဘူးနော်…အမြဲသောက်ပါ။  ပြီးတော့ တစ်ပတ်မှာ ၁ရက် အားလပ်ရက်လေးထားပါ။..အားလပ်ရက်မထားနို်င်ရင်တောင်မှ အားလပ်ချိန်လေးတော့ တစ်နေ့မှာ ဘယ်နှစ်နာရီဆိုတာသတ်မှတ်ပြီးထားစေချင်တယ်။ မင်းဘ၀က rich kid မဟုတ်တော့ သူများတွေလိုနီးပါး ဖြစ်ချင်လို့ ကြိုးစားတာသိပေမဲ့..ရေရည်မှာ ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။ မင်းကစိတ်ကြီးတယ်။ စိတ်မြန်တယ်။ လျှော့ပါ။ ဒါမကောင်းတာပဲ။ အမှားလုပ်မိတတ်တယ်။ ဂရုစို်က်စေချင်တယ်။ မင်းဖြစ်ချင်တာတွေဖြစ်သွားခဲ့တဲ့နေ့ကျရင်လည်း မာနမထောင်လွှားပါနဲ့။ အရင်လို ပုံမှန်လေးနေပါ။ ဘုရားတရားလုပ်၊ တရားများများထိုင်စေချင်တယ်..နောင်ဘ၀ကူးကောင်းအောင်ပေါ့။ ကျေးဇူးရှင်တွေကိုလည်းသိတတ်ပါ။  မင်းကိုချစ်တဲ့သူ..မင်းကချစ်တဲ့သူတွေနဲ့ အချိန်ပေးပါ။ သူတို့နဲ့ အပြင်မှာမုန့်ထွက်စားတာတို့…စကားပြောတာတို့လုပ်ပေးပါ။ မင်းအရမ်း၀◌ါသနာပါတဲ့ Travel Blogger ကြီးဖြစ်ချင်တယ်ဆို… Europe ထိရောက်အောင်သွားပါ။ အရှေ့တိုင်းရော..အနောက်တိုင်းရော…ပြဲပြဲစင်အောင်သွားဖို့…ငွေစုပါ။ လိုအပ်တဲ့နေရာမှာငွေသုံးပါ။  အခုနောက်ပိုင်းမင်းငွေကို အရင်လိုသိပ်မဖြုန်းတာတွေ့လို့၀◌မ်းသာပါတယ်။ ငွေတန်ဖိုးနားလည်လာပြီ။ ပြီးတော့ ၀◌ယ်ချင်တဲ့ ပစ္စည်းတစ်ခုကို ဘယ်တော့မှ အရစ်ကျအတိုးနဲ့မ၀◌ယ်လေနဲ့။ အခန့်မသင့်ရင် ဒါမျိုးက နာမည်ပျက်ကိန်းဖြစ်တတ်လို့ပါ။ ဒါကိုမင်းနားလည်ပါတယ်။  ၂၀၂၁ မှာလည်း အခုလိုစိတ်ဓါတ်တွေကြံ့ကြံ့ခိုင်နိုင်ပြီး လုပ်ငန်းရှင်ဘ၀ကိုပဲကြိုးစားလျှောက်လှမမ်းပါ။ အောင်မြင်မှုနဲ့နီးလာလေလေ..မင်းခက်ခဲကြမ်းတမ်းနေရင်တောင်…ဆက်ကြိုးစားပါ။ အစွမ်းကုန်ကြိုးစားပါ။ 


Mon LayDecember 26, 20201min3420
မွန်လေးရေ, Congratulationsပါ..မင်းအခုလ ဒီဇင်ဘာထိ အသက်ရှင်နေထိုင်ခွင့်ရပြီး ကျန်းမာစွာနဲ့ ဘ၀ကိုဖြတ်သန်းနေနိုင်နေတယ်။ ၂၀၂၀ အစကို ပြန်ပြောကြမယ်နော်။ မင်းရဲ့ ခရီးသွားဆောင်းပါးတွေရေးသားမှု၊ ကြိုးစားအားထုတ်မှုကိုလူတွေသိမြင်လာလို့ မင်းကို  ဇန်န၀ါရီလလောက်တုန်းက ငွေဆောင်က guesthouse တစ်ခုရဲ့ review ရေးခိုင်း ခြင်းကို မင်းရခဲ့တယ်။ ထပ်ကြိုးစားပါ။ ဒါမင်းဖြစ်စေချင်တဲ့အရာပဲ။  ပြီးတော့ ကိုဗစ်ဖြစ်သွားတယ်။ မင်းဆောင်းပါးတွေဆက်မရေးတော့ဘဲ..ရောဂါအခြေအနေပို့စ်တွေပဲ ဆက်ဆက်တင်နေတယ်။ မင်းဘာဖြစ်သွားခဲ့တာလဲ။ နောက် မင်းဆက်မတင်တော့ဘဲ..အရင်ကသွားခဲ့ဖူးတဲ့..ခရီးသွားစရာမလိုသေးဘဲ…ထပ်ရေးလို့ရသေးတဲ့ အကြောင်းအရာတွေနဲ့ မင်းpage ကိုပြန်လာပြီး ပြန်ရေးလာတာတွေ့တယ်။ အဲ့လိုပဲဖြစ် နေရမယ်လေ။ Blogger တစ်ယောက်က follower တွေကို ထိန်းထားဖို့..သူ့တို့ကို တစ်ခုခု  message ပေးဖို့ မင်းကအမြဲကြိုးစားနေရမှာလေ…မင်းဆက်ကြိုးစားပြီးရေးသင့်တာ ပေါ့။ မင်းပြန် ရေးလာတယ်။ Good ပါ…keep going နော်။ ခရီးသွားရင်း မင်းဟိုတယ်တွေတည်းခဲ့ရတယ်မှတ်လား..ပြန်ရေးပေးလေ…ခရီးသွားရင်း ဘာတွေအမှတ်တရဖြစ်စေခဲ့လဲ…ဘာတွေရှောင်ရမလဲ…ဘာတွေစားလို့ရလဲ..ဘာတွေမြင်တွေ့နို်င်လဲ..မင်းရေးလေ…မင်းမအားဘူးဆိုတာနားလည်တယ်။ အရင်လို၀◌န်ထမ်းမဟုတ်တော့ဘူး။ ကိုယ်ပို်င် အ လုပ်လုပ်မှ စားရမှာ ဖြစ်ပေမဲ…အားတဲ့အချိန်လေးမှာ စာလေးတွေဆက်ရေးပါလို့ အားပေးချင်တယ်။ မင်းကဇွဲရှိတယ်။ ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်လေ. Travel Blogger ကြီးဖြစ်ချင်တယ်ဆို….ဆက်ရေးပါ..ချပြပါ…မင်းကိုယ်တိုင်ကအားပေးမှ မင်းကိုအားပေးတဲ့ သူတွေရှိမှာပေါ့…ဆက်ရေးပါလို့ပြောချင်တယ်။ ၂၀၂၁ ရောက်တော့မယ်…ကိုဗစ်ဖြစ်နေသေးလို့..ခရီးတွေဆက်မထွက်နိုင်သေးရင် လည်း…စာတွေဖတ်ပြီး…ပြန်ရှယ်ပါ…ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတတွေပေါ့။  Fighting!!! အားပေးနေပါမယ်။


Mon LayDecember 25, 20201min37710
ဘဝမှ လူတစ်ယောက်ကိုမုန်းတီးတိုင်းမာန်တတ်လာတိုင်းကိုယ် ဘဝကို အမြဲ သုံးသပ်ကြည့်မိတယ်။မွန်လေး အသက် ၃၀အခု လူ့သက်တန်း ၇၅ နှစ် ပျှမ်းမျှထားလိုက်မယ်၄၅နှစ်အသက်ရှင်ရမယ် ရက်ပေါင်း 16200သာအသက်ရှင်ဖို့ရက်ကျန်မယ်။ဒါတောင်နေထိုင်ကောင်းမှဒီလောက်ပဲ ကျန်တော့တဲ့ ရက်မှ ငါ ကောင်းမှုကုသိုလ်ဘယ်နှစ်ခု လုပ်ပြီးဘီလဲ??မိဘတွေကို ဘယ်လောက်ကျေးဇူးဆပ်ပြီးပြီလဲ??တစ်နေ့ ၅ပါးသီလ ဘယ်နှစ်နာရီ ထိန်းနိုင်လဲ??နောက်ဘဝ ငါ ဘာတွေ အာမခံချက်ယူပြီးဘီလဲ??တခြားသူများအတွက်ကနောက် ကိုယ်ဘဝသံသရာများ အမြဲကြည့်တယ်။လောဘဒေါသမောဟတွေထက် သတိဝင်စေပါတယ်။ဘဝကို ဒီတရားသဘောနဲ့ အမြဲသတိကပ်တယ်။ငါ ဆိုပြီးသိ်ပ်ဘဝင်မမြင့်နဲ့ လူတိုင်းသေမျိုးကြီးပဲနောင်သံသရာအတွက် အထုပ်ပြင်ထားကျပါ။ငါကြောင့်ဘယ်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမရောက်စေရ ငါ ရှာတဲ့ ငွေ သန့်ရှင်းပါစေ။ဒီဘဝကော နောက်ဘဝတွေပါ အသိသတိကပ်ကြီးမားတဲ့နှလုံးသား ပြည့်ဝတဲ့ လူ ဖြစ်ပါစေ


Mon LayDecember 23, 20201min37030
ကိုယ် ဘဝကို ရိုးမယ်ဖွဲ့ ပြီးသာ အော်အော်ငိုလိုက်ချင်တယ်။မိဘ ဆွေမျိုး အသိုင်းအဝိုင်း ဝန်ထမ်းမျိုးရိုးနောက်ခံအင်အား အဖွားတွေလက်ထက်ရှိပေမဲ့ ကိုယ်မိဘလက်ထက်ကျတောင့်တင်းမူမရှိဘဝကို ရှုန်းကန်လိုက်ရတာဆိုတာပိုက်ဆံရဖို့ကို အခက်အခဲမျိုးစုံကျော်ဖြတ်လိုက်ရတာအတိုက်အခိုက်တွေကလည်းများလိုက်တာဘဝမှ ဆွဲခေါ်သူထက် တွန့်ချချင်တဲ့သူ များလိုက်တာရင်ထဲမှ ဒဏ်ရာများစွာနဲ့ ရှင်သန်လိုက်ရတာကိုယ့်ကိုလာကြောရင် ကိုယ်ကို အနိုင်လာကျင့်ရင်တောင်တစ်ယောက်ထဲ ကျိတ်ခံရလိုက်တာအင်အားကြီးတဲ့လူတွေများတချက်ချက်တိုက်ချလိုက်ရင် ပြိုကျမတတ် ရင်တွေနာလိုက်တာဒါပေမဲ့ဘဝကို အရှုံးမပေး သေမှ သာ မာန်လျော့မယ်ကြိုးစားနေမူ ဘာနဲ့မှ ရပ်လို့မရစေရဘူး။ဘဝဆိုတာ အခုမှစတာ အသက်၃၀ နဲ့ လုပ်ငန်းရှင်ဖြစ်နေဘီနောင် ၁၀ နောင် ၁၅ နှစ်တတ်သွားဖို့ပဲရှိတယ်။လွယ်တော့မလွယ်ဘူး ဘဝကို ဖောက်ထွက်ရတာလွယ်တော့မလွယ်ဘူး ရှုန်းကန်ရတာစိတ်ထဲမကောင်းတာ ဘဝမှ ဘာမှ လွယ်လွယ်ကူကူမရဘူး အမြဲတမ်းခက်ခဲပြီး မှ ရတာ အဲဒါကို ရင်နာမဆုံးပဲ ဒါပင်မဲ့ ကျွန်မဘဝ အသက် ၂၅ နှစ်ထဲကသစ်ပင်လို ရှင်သန်သွားလိုက်တာ ရေခံမြေခံခံယူချက်ကောင်းလို့ ဘဝထောင်တတ်သွားတာယုံတယ် […]


kaiDecember 21, 20202min3860
Los Angeles County က ကြီးမှူးကျင်းပသော “LA COUNTY HELPS PEOPLE STAY HOUSED DURING PANDEMIC” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ဒီဇင်ဘာ၇ရက်၊ ၂၀၂၀ခုနှစ်၊ မွန်းလွဲ၁နာရီက Zoom တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Dana Pratt, Chief of Tenant Protections, LA County Department of Consumer and Business Affairs; Azusena Favela, Deputy Director, LA County Department of Consumer and Business Affairs; Emilio Salas, Acting Executive Director, LA County Development […]


kaiDecember 21, 20202min3380
Los Angeles County က ကြီးမှူးကျင်းပသော “L.A. COUNTY DIGS IN TO BATTLE COVID” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ဒီဇင်ဘာ၃ရက်၊ ၂၀၂၀ခုနှစ်၊ မွန်းလွဲ၁နာရီက Zoom တွင် ကျင်းပခဲ့ပါသည်။ Hilda L. Solis, Supervisor, First District, Los Angeles County Board of Supervisors, Antonia Jimenez, Director, Department of Public Social Services; Antonia Jimenez, Director, Department of Public Social Services; Dr. Erika Flores-Uribe, Emergency Medicine, Los Angeles County+USC […]


kaiDecember 21, 20202min2380
LA County ကကြီးမှူးကျင်းပသော ” “Help for Small Businesses in a Worsening Pandemic” ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ၁၀ရက်၊ မွန်းလွဲတစ်နာရီကကျင်းပခဲ့ရာ Ernesto Bobadilla, Consumer & Business Affairs Specialist, LA County Department of Consumer & Business Affairs; Carl Kemp, Environmental Health Public Affairs Manager, LA County Department of Public Health; Sarah Fisher, Economic Justice & Community Partnerships Manager, LA County Aging […]


Mon LayDecember 20, 20201min33300
Happy Sunday vibes!!ခါးပတ်ချစ်သူအပေါင်း..ကျန်းမာချမ်းသာပြီး ကိုဗစ် ရောဂါဆိုးမှကင်းဝေးကြပါစေ…မင်မင်အမြဲဆုတောင်းပေးလို့..မင်မင်ဆီက အားပေးတဲ့သူတွေ..ပြန်ရောင်းပေးတဲ့ဖောက်သည်တွေ..Q ဝင်ရရင်တောင်..ကိူဗစ်Negative ပါ..ယုံမလားတော့မသိ…ကိုယ့်ဆီက ပစ္စည်းဝယ်ရင် စွမ်းပါတယ်ဆိုနေ.တစ်မိသားစုလုံးကိုဗစ်ဖြစ်တာတောင်..ကိုယ့်ကိုပစ္စည်းရောင်းပေးတဲ့ဖောက်သည်တစ်ယောက်ထဲ..N ပါဆိုနေ..မေတ္တာဓါတ်တွေထူးပါတယ်ဆိုနေ


Mon LayDecember 17, 20201min2240
Online မှာ ပေါ်လိုက်ပျောက်လိုက် မုန့်လုံးရေပေါ် Brandတွေအများကြီးခဏပဲ online ပေါ်မှ တစ်ခေတ်ထလို့ရမယ်ရေရှည်မသွားနိုင် ပလုံသွား ပျောက်သွား မထင်မရှား ဖြစ်သွားတဲ့ Brand တွေ အများကြီး အဓိကကQuality မကောင်းလို့ သုံးစွဲသူ Customer မထိန်းနိုင်တာနောက်တစ်ခု Brand ပိုင်ရှင်က သူအတွက်ကြီးပဲ ကြည့်ပြီး တစ်နပ်စား လုပ်သွားတာနောက်တစ်ခုက စျေးကွက်မနိုင်တာ အခြေမခိုင်တာonline စီးပွားရေးကောင်းလို့ ဘာမှ အတွေအကြုံမရှိငွေထုတ်ပေးမယ့်သူရှိလို့ ထ လုပ်တာနောက်တစ်ခု Product ပိုင်ရှင် စိတ်ဓာတ်မမှန်တာonline စီးပွားရေး ချက်ချင်းပေါက်ဖို့ တအားလွယ်သလိုပြုတ်ကျဖို့လည်း တအားလွယ်တယ်။အဲ ထဲ မပါအောင် သေချာ ထိမ်းသိမ်းထားတဲ့ မွန်လေးရဲ့ ခါးပတ်တွေ၊ အိတ်တွေ၊ မျက်မှန်တွေအောင်မြင်ဖို့လွယ်တယ် တချို့လူတွေပြောသလို ပစ္စည်းQuality မကောင်းရင်စျေးကြီး ဂျင်းဖြစ်နေရင် မင်းသမီးဖင်ချွတ်ကြော်ငြာတောင် ရေရှည် မပေါက်ဘူး။ […]


Mon LayDecember 17, 20202min2320
ရောင်းမကောင်းသေးတဲ့ဒဏ်ခံနိုင်ရမယ်Onlineကိုလုပ်တယ်…လွယ်တယ်ထင်ပြီး ရက်ရက်နေကိုယ်အားကျတဲ့Leaderလို…သူများတွေလိုရောင်းကောင်းမယ်ထင်တဲ့အနေနဲ့အလုပ်လုပ်တယ်..ရောင်းမကောင်းရင်စိတ်ဓာတ်ကျတယ်..အဲ့တော့ပြောချင်တာက..ဘယ်အရာမှလွယ်လွယ်ကူကူမရပါဖူး..အစဖြစ်လို့ ပိုခက်ပါတယ်....အခုရောင်းကောင်းနေတဲ့သူတွေလဲ..အရင်ကရောင်းမကောင်းတဲ့ဒဏ်ကိုခံစားခဲ့ရတဲ့သူတွေကြီးပါပဲ.ခံစားနေရာကနေပြောင်းပြန်လှန်နိုငိအောင်ကြိုးစားခဲ့ကြလို့Stockတွေများများနဲ့Leaderကြီးတွေဖြစ်လာတာပါစိတ်ဓာတ်မကျပဲဇွဲရှိရှိကြိုးစားနေဖို့ပဲလိုတာပါဒီစာကိုမြင်ရင်”ရောင်းကောင်းဖို့အတွက်ရောင်းအားမရှိသေးတဲ့နေရာကိုအရင်ဖြတ်ကျော်ရမယ်..ငါဖြတ်ကျော်နိုင်တယ်“လို့ရေးပေးပါ


Mon LayDecember 16, 20201min1990
ကြိုးစားနေရတယ်။ပုတ်တဲ့သူတွေက လိုက်ပုတ်တာပဲယုတ်တဲ့သူတွေက လိုက်ယုတ်တာပဲ ဘယ်လိုပဲ လာလာ ကြိုးစားနေတဲ့ သူ ကလည်းကြိုးစားနေတာပဲသူများကို ပျက်စီးစေချင်တဲ့သူဟာကိုယ်အရင် ပျက်စီးရစမြဲပဲ။Fashion La Princesse က ခါးပတ်တွေ ဒီလ အသားကုန်ပေါက်ချက်ခါးပတ်လေးတွေ အခု ဘူး၅၀ ကျော်ရောင်းကုန်နေပြီ လတောင်မကုန်သေးမျက်မှန်တွေလည်း အလက် ၂၀ ကုန်ချက်ခါးပတ်တွေနဲ့ မျက်မှန်တွေရယ် ငါ ရဲ့ နာကျဉ်မူတွေကို သက်သေပြပြီး ဒီထက်ပေါက်ပေးပါ။ချစ်တယ်နော်အ


Mon LayDecember 16, 20201min3560
မွန်လေးရဲ့ခံယူချက်လူတွေ ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ရက်ဘာမှ မလိုချင်ပါဘူးအရမ်းမအောင်မြင်ရင်နေပါကိုယ်သွားနေတဲ့လမ်းပေါ်သူများမျက်ရည်သူတပါး ပူဆွေးမှု မပါစေရဆုအမြဲတောင်းတာ ဘယ်ဘဝရောက်ရောက်အကုသိုလ်နဲ့ စီးပွားမရှာရပါစေနဲ့။နောက်ကျောကိုဓါးနဲ့အထိုးခံရလည်းအေးချမ်းနဲ့ အပြုံးနဲ့ ပြုံးပြနိုင်ဖို့ပြည့်ဝတဲ့ နှလုံးသားပဲ လိုချင်တယ်။ရန်သူ ပြိုင်ဖက် ၁ဝဝဝယှဉ်ပြိုင်နိုင်ခြင်းထက်လဲကျနေသူ စွဲ ထူ နိုင်ချင်တယ်။ကိုယ်နဲ့တွေ့တဲ့ လူတိုင်း အဆင်ပြေစေချင်တယ်။သည်းခံနိုင်တဲ့ ကြီးမားတဲ့ နှလုံးသားစဉ်းစားတွေးခေါ်နိုင်တဲ့ ကြီးမားတဲ့ ဦးနှောက်ကိုယ်ချင်စားတတ်တဲ့ ခံစားချက်ပဲ လိုချင်တယ်။စိတ်ချမ်းသာရပါတယ်။