kaiDecember 15, 20203min8990
“ဒေါင်းလည်ပြန်” ၂၁ရာစုလူသားတို့အတွက် အဆိုးဝါးဆုံးများသယ်ဆောင်လာသည့် သက္ကရာဇ်၂၀၂၀ ကုန်တော့မည်။ လည်ပြန်ကြည့်လျှင် ကမ္ဘာလူသားအသက် ၁သန်း၈သိန်းကျော်တွင် အမေရိကန်အသက် ၃သိန်းကျော်ပါခြွေသွားသည့် ကိုဗစ်-၁၉ရောဂါကို တနှစ်လုံးလိုလိုခုခံဖြေရှင်းနေရမည်။ မကြုံစဖူးလောင်ခဲ့သော တောမီးရာသီ ဇူလိုင်ကုန်မှ ဒီဇင်ဘာလယ်အတွင်း အမေရိကအနောက်ပိုင်းပြည်နယ်တို့၏တောမီး အကြိမ်၁၀၀ကျော် ၈.၂သန်းဧကနှင့် ဧက၄၇သန်းလောင်ကျွမ်းသွားသော သြစတေးလျှတောမီးကြီးကိုကြားရ/ခံစားကြရမည်။ဇွန်မှနိုဝင်ဘာလကုန်မုန်တိုင်းရာသီတွင်းအတ္တလန္တိတ်သမုဒ္ဒရာအတွင်း သမိုင်းစံချိန်ဖြစ်တည်ခဲသောခဲ့သော နာမည်တပ်မုန်တိုင်းအလုံး(၃၀)၏ အမေရိကနိုင်ငံကမ်းရိုးတန်းဝင်ဆောင့်ခဲ့သည် ၁၂လုံးဒဏ် ကိုသိရမည်။မေလကုန်တွင်လူမည်းအမျိုးသားဂျော့ဖလွိုက်အသတ်ခံရသည်မှ စလိုက်သည့် BLM လူမည်းအသက်တာလှုပ်ရှားမှုကြီး၏ဂယက်နှင့်ပါတ်သက်ကြရမည်။ကမ္ဘာ့စူပါပါဝါ အမေရိကား၏ နှစ်၂၄၄နှစ်ကြာ ဒီမိုကရေစီစနစ်ကြီးယိုင်နဲ့သွားသည်အထိ နိုင်ငံရေး လိမ်ဖယ်ခဲ့သည်ကို ကြုံကြရမည်။ သမ္မတထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ ရွေးကောက်ပွဲရလဒ်သည် ယခုစာရေးသည့်အချိန်အထိ ရှုံးသူမှအရှုုံးမပေးသေး၍ မပြီးပြတ်စဲဖြစ်၏။ တိုင်းပြည်၏တရားရေးမဏ္ဏိုင်အဆုံးအဖြတ်လည်း ကြားဝင်ညှိ၍မှမတတ်နိုင်။လက်မှိုင်ချရသည့်အခြေဆိုက်ကုန်၏။ စတုတ္ထမဏ္ဏိုင် မီဒီယာမူလည်း ကောလဟာလလွှင့်ရာတို့ဟုထင်ကုန်ကြသည်။ ၇၄သန်းကျော်ရှိသော သမ္မတထရမ့်အားမဲပေးလိုက်သူ အုပ်စုကြီးမှာ သူတဦးတယောက်၏နောက်လိုက်၍အများစုဆန္ဒကိုခုခံဆဲပါပေ။ပြည်တွင်းစစ်ကာလ(၁၈၆၁-၆၅)နောက်ပိုင်း အကြမ်းဆုံးသော ကွဲပြားခွဲခြားခံလိုက်ရသည့်အခြေအနေရယ်ပါ။ အစမ်းသပ်ခံလိုက်ရသည့်ဒီမိုကရေစီသည် ဇန်နဝါရီ၂၀တွင် ရွေးကောက်ခံသမ္မတသစ်ဂျိုးဇက်ဘိုင်ဒင်ကို […]


kaiDecember 14, 20205min4450
ယခုလမှာ ပေါ့ပေါ့ပါးပါး Conversation လေးတွေလုပ်နိုင်ဖို့ မှတ်သားထားသင့်တဲ့ expression လေးတွေကို dialog လေးတွေနဲ့ ဖော်ပြပေးလိုပါတယ်။ လွယ်ကူပြီး လှပထိမိတဲ့ Expression လေးတွေဖြစ်တဲ့အတွက် အခုလို Holiday ကာလမှာ မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါးလေး ပြောနိုင်ဆိုနိုင်အောင်ပေါ့နော်။ ဦးစွာ ပထမ up to you ဆိုတဲ့ စကားစုလေးကို လေ့လာကြရအောင်။ မြန်မာလိုတော့ ” မင်းသဘော”ပေ့ါနော်။။ ဆိုကြပါစို့။ ချစ်သူလေးနဲ့ စားသောက်ဆိုင်ကိုသွားကြတယ်။ ဘာစားမလည်းလို့မေးတဲ့အခါ ကိုယ်စားချင်တာကို ကိုယ်ပြောလိုက်ခဲ့မိရင်၊ သူ့သဘောနဲ့တွေ့ရင်ကောင်းသား။ အဲသဘောမတွေ့ခဲ့ရင်တော့ ပြဿနာစပြီလေ။ ဒီနေရာမျိုးမှာ expression လေးက သိပ်အသုံးဝင်ပါတယ်။။Spouse: What should we order, honey?You: Let’s look at the menu.Spouse: Well, […]


Mon LayDecember 12, 20202min3280
အချိန်တစ်ခုရောက်တဲ့ထိကြိုးစားပါထီဘာလို့ပေါက်ချင်လဲ…ထီထိုးထားလို့…ထီထိုးပြီးပေါက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ထီထိုးတယ်မလားအဲဲလိုပဲOnlineစလုပ်တယ်..ပစည်းယူတယ်..ကိုယ့်Leaderလိုရောင်းကောင်းမယ့်အထင်နဲ့မလား…ဘယ်အရာမှလွယ်လွယ်လေးမရဖူးနော်…ထီထိုးတိုင်းမပေါက်သလို…Onlineလုပ်တိုင်းလဲမအောင်မြင်ပါဖူး..အဓိကကစိတ်စွမ်းအင်ပါ…ပြင်းပြင်းပြပြရှိတဲ့အရာကပဲဖြစ်လာတာပါ….အဲ့တော့အကောင်းဆုံးကဘယ်တော့မှဇွဲမလျော့ပါနဲ့..အကောင်းဆုံးကြိုးစားနေသ၍ကိုယ့်အချိန်ဆိုတာပေါ်လာပါလိမ့်မယ်…..တစိုက်မတ်မတ်ကြိုးစားနေဖို့ပဲလိုတာပါ..ဒီစာကိုမြင်ရင်”ကိုယ့်အချိန်ရောက်လာတဲ့ထိတစိုက်မတ်မတ်ကြိုးစားပြီးအလုပ်လုပ်မယ်“လို့ရေးပေးပါ


Mon LayDecember 10, 20201min1150
Fashion La Princesse Online Shop ကို သိပ်ကျေးဇူးတင်ပါတယ်။ကျွန်မဘဝ နွံထဲကနေ ရှုန်းထွက်နိုင်ခဲ့လို့သူများ မျက်နှာကြည့် ပေးမှ ကမ်းမှ မိဘတွေပေးနိုင်တဲ့ဘဝ က လွှတ်မြှောက်ခဲ့ ဘီ။မိသားစုအတွက် နှလုံးသားတွေပါရင်းပြီး မပျော်မရွှင်ပဲ နေခဲ့ရတဲ့ ဘဝက ရှုန်းထွက်နိုင်ခဲ့တယ်။ကျွန်မ နှစ်ပေါင်းများစွားမွှန်းကျပ်ခဲ့ရတယ်။ကိုယ်ဝမ်းနာ ကိုယ်သာသိ မသာယာခဲ့ရတဲ့ဘဝနဲ့ ရှင်သန်ခဲ့ရတယ်။မောက်မာမူတွေ အနိုင့်ကျင့် အထင်သေးမူတွေငွေမရှာနိုင်တော့ ခေါင်းငုံခံခဲ့ရတယ်။Fashion La Princesse Online Shop ကို စဖောက်တဲ့အချိန်မှ ကိုယ့်မာန နဲ့ ဘဝကို ရှုန်းထွက်ဖို့ စတင်နေ့ညမပျက် ကြိုးစားခဲ့တယ်။ငါ အောင်မြင်တဲ့နေ့ ငါ မနေချင်တဲ့ ဘဝက ရအောင်ရှုန်းထွက်မယ်လို အကြိမ်ကြိမ် ကျုံးဝါးခဲ့တယ်။မိဘကို ကိုယ်ပိုက်ဆံ ကိုယ်ထောက်ပံ့ချင်တယ်။ကိုယ်ငွေကြေးနဲ့ လှူချင်တယ်။လွတ်လပ်စွာအချုပ်အနှာင်မဲ့ ရှင်သန်ချင်တယ်။ပိုက်ဆံမရှိရင် ဘဝဆိုတာ ဘာလုပ်လုပ် အပြစ်ပြောစရာတွေကြီးပဲ။ဒါကြောင့်ပိုက်ဆံရှာတယ် ကိုယ်နာမည် […]


Mon LayDecember 9, 20203min1820
လက်မလျော့ဖို့ပဲလိုတာပါအလုပ်တစ်ခုစလုပ်တယ်…အောင်မြင်မှုရဖို့မလွယ်ကူပါဖူး.. အပြောအဆိုအတိုက်အခံတွေကြားထဲကဖြစ်အောင်လုပ်ပြနိုင်ဖို့ပဲလိုတာပါလုပ်ပြမယ့်အစားလက်လျော့လိုက်တာများခဲ့ပြီမလားအာ့ကြောင့်ဘယ်နေရာမှကိုယ့်ကိုအသုံးမကျဖူးထင်နေခဲ့တာပေါ့ဟိုအလုပ်ကလဲ ဘာမှမဖြစ်ဒီအလုပ်မှာလဲဘာမှမဖြစ်တာများနေပြီလေအဲ့တော့ကိုယ်တကယ်စလုပ်ဖို့စဥ်းစားလိုက်ရင်ရလာဒ်မရမချင်းအချိန်()လပေးပြီးTryကြည့်ပါ..()လဆိုတဲ့အတောအတွင်းငါအဆင်ပြေရဲ့လားဒီအလုပ်မှာပျော်ရဲ့လား..ငါကျွမ်းကျင်ရဲ့လားစသဖြင့်အဲ့အလုပ်နဲ့ပတ်သတ်ပြီးရေကုန်ရေခမ်းလုပ်ကြည့်ပါ..ကိုယ်ကဟန့်ကို့ပြီးလုပ်ရင်တော့ဟန့်ကို့တဲ့ရလာဒ်ပဲရမှာမမေ့နဲ့နော်အခုလက်ရှိထိကိုယ်အပေါ်ယံတွေပဲလုပ်နေခဲ့တာမြင်တတ်ပါစေဒီစာကိုမြင်ရင်”စမယ်လို့စဥ်းစားပြီးလုပ်တဲ့အလုပ်မှန်သမျှရလာဒ်တစ်ခုမရမချင်းလက်မလျော့ပဲလုပ်တော့မယ်“လို့ရေးခဲ့နော်


Mon LayDecember 9, 20203min1300
ပိုအောင်မြင်ချင်လေလေကိုယ့်အတွက်အချိန်ပိုပေးပြီးပိုကြိုးစားရလေလေပဲနော်တစ်ခုလိုချင်တစ်ခုပေးရတဲ့လောကကြီးမှာမွန်လေးတို့အတွက်ဘယ်အရာမှမလွယ်ပါဖူးကိုယ့်အတွက်ကြိုးစားနေတဲ့အချိန်တစ်ဖက်ကမိသားစုနဲ့အပေါင်းအသင်းတွေကိုဦးစားပေးလို့မရပါဖူး....တစ်ချို့ကပြောတယ်အိမ်ကသဘောမတူဘူး။ မကြိုက်ဘူးမို့ဒီအလုပ်ဟိုအလုပ်မလုပ်ရဖူး..အာ့ကြောင့်မတိုးတတ်တာဆိုပြီးအပြစ်တင်ဖူးတယ်မလားအမှန်ကစိတ်ကအဓိကပါ။ မွန်လေးတော်ပါဖူး..ဒါပေမယ့်ကိုယ်ဘာဖြစ်ချင်လဲ…ဘာလုပ်ချင်လဲ...အတိအကျသိပါတယ်..ကိုယ်သွားမယ့်လမ်းကိုဘယ်သူဘာပြောပြောရဲရဲကြီးလျှောက်ခဲ့လို့ဒီနေရာရောက်လာတာပါ...ပြောချင်တာကလူအများရဲ့သူတို့ ဖြစ်ချင်တဲ့ စကားတွေနားထောင် နေမယ့်အစား ကိုယ့်နှလုံးသားရဲ့စကားသံကိုအချိန်ပေးပြီးနားထောင်ပါတော့…လူအများရဲ့စကားသံနားထောင်ပြီးတုံ့တုံ့မလှုပ်တဲ့နေရာကနေအခုထပြီးလမ်းသစ်တွေ အတူတူဖောက်ကြရအောင်ကိုယ်လုပ်နိုင်တယ်ဆိုတာရဲရဲ ကြီးပြပြီးအောင်မြင်ပြလိုက်စမ်းပါမင်းလုပ်နိုင်တယ်ဆိုတာငါယုံတယ်


Mon LayDecember 7, 20201min2150
ပေးစရာလက်ဆောင်တွေကတော့ အများကြီးရှိမှာပေါ့နော်။ အဲ့ထဲကမှ အက်မင်က ခါးပတ် လေး ကိုလက်ဆောင်ပေးရင်..လက်ဆောင်ရတဲ့သူက ဘာတွေအကျိုးကျေးဇူးတွေရသွားမလဲလို့ ပြောပြ ပေးချင်ပါတယ်။  ခါးပတ်ဆိုတာ အားလုံးသိကြတဲ့အတို်င်း ဘောင်းဘီတို့မှာမြဲမြံစေချင်လို့ ၀◌တ်ဆင်ကြတဲ့သဘော၊ ၀◌တ်ပြီးရင်လည်း မြဲသွားတဲ့သဘောဆိုတော့ ကို်ယ်ကကိုယ်ချစ်ရတဲ့သူကို ကိုယ့်အချစ်တွေမြဲမြံ စေချင်ရင်၊ သူ့အချစ်တွေလည်း ပြန်ပြီး မြဲမြံစေချင်ရင် ခါးပတ်လေးပေးတာ အဓိပ္ပါယ်ရှိပါတယ်လို့ အက်မင်ကပြောချင်ပါတယ်။ လက်ဆောင်ပေးတယ်ဆိုတာ အဲ့လိုအဓိပ္ပါယ်ရှိရှိပေးတာ  ပိုကောင်းတာပေါ့နော်။ Fashion belt as a stylish gift ဆိုတဲ့အတိုင်း ကိုယ်က ခါးပတ်လေးကို လက်ဆောင်ပေး  လိုက်ရင် ပေးခဲ့ရတဲ့သူလည်း စတိုင်ကျလှပသွားပြီး သူလည်းပျော်သွားသလို ကိုယ်လည်းပျော် သွားရမှာအသေချာပါပဲရှင်။ စေ◌ျးကြီးတဲ့ပစ္စည်းလက်ဆောင်ပေးမှ အလှဆုံးဖြစ်သွားတာမဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်မျိုး၊ ကိုယ်ပေးလိုက်လို့ သူလေ့း လှသွားတာမျိုး၊ ဖက်ရှင်ကျသွားတာမျိုးလေးဖြစ်မှ  အလှဆုံးလေးဖြစ်သွားမှာပါ။ ဒီတော့ ကိုယ်ချစ်ရတဲ့သူကို လက်ဆောင်ပေးမယ်ဆို ပစ္စည်းစေ◌ျးနှုန်းဆိုတာထက် ကိုယ်ပေးလိုက်တဲ့ ပစ္စည်းရဲ့အရည်အသွေးကောင်းမကောင်းကလည်းအရေးကြီးပါတယ်။  အရည်အသွေးကောင်းကောင်းနဲ့ အဲ့လိုအဓိပ္ပါယ်ရှိရှိ ခါးပတ်လေးတွေလိုချင်ရင်တော့  www.facebook.com/fashionlaprincesseonlineshop မှာ၀◌င်ကြည့်ပေးနော်။ ခရစ်မတ်အတွက် လက်ဆောင်ပေးချင်တဲ့သူများကိုလည်း စောင့်မျှော်နေပါတယ်လို့


Mon LayDecember 7, 20201min1730
ခါးပတ်ကြိုက်တဲ့သူရော..မကြိုက်တဲ့သူရော..ခါးပတ်လှလှလေးတစ်ခုရှိတာနဲ့ ဘယ်လောက်ထိ  ခန္ဓာကိုယ်အချိုးအစားလှသွားသလဲဆိုတာလေးပြောပြပေးချင်လို့ပါ။ အက်မင်ဆို အရင်က  ခါးပတ် ပတ်ရတာမကြိုက်ဘူး။ ခါးမှာတစ်ခုခုကြီးစည်းထားသလိုလိုနဲ့ မနေတတ်။ ဒါမဲ့  ကိုယ်ရှေ့မှာ ခါးပတ်ပတ်ထားတဲ့ ကောင်မလေးတစ်ယောက်က ပတ်ထားတာတွေ့တော့မှ ခါး သေးသေးလေးနဲ့ ကြည့်လို့ကောင်းလိုက်တာဆိုပြီး အဲ့ထဲက သဘောကျသွားခဲ့တာပေါ့နော်….အဲ့ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း ပတ်တယ်။ ပြန်လည်းရောင်းဖြစ်သွားတာပေါ့နော်။  အမျိုးသမီးတွေဆိုလည်း ဂါ၀◌န်မှာ ဘာမှမပါတာထက်စာရင်..ခါးပတ်လေးနဲ့ဆိုတော့ ပိုပြီး သားနားသွားတာမျိုး။ အမျိုးသားတွေဆိုလည်း ဂျင်းဘောင်းဘီတို့၊ စတိုင်ပန်တို့မှာ ခါးပတ်မပါတာနဲ့ ပါတာဆို.. ဘယ်ဟာက ပိုကြည့်မယ်ထင်လဲ။ ခါးပတ်ပါတာမှတ်လား။ ဒီတော့ခါးပတ်တစ်ချောင်းရှိရုံ နဲ့ အရမ်းကိုစမတ်ကျသွားစေမှာနော်။  ဘောင်းဘီအရှည်မှာ ပတ်၀◌တ်တော့ အရပ်ကိုရှည်သယောင်ယောင်ဖြစ်သွားတာမျိုး။ ဗိုက်ထွက်နေတာကိုလည်း ချပ်သယောင်ယောင်ဖြစ်သွားတာမျိုး ..အဲ့လိုမျိုးလေးတွေကာကွယ်ပေးနိုင်တော့ ခါးပတ်လှလှလေးတွေက ရှိကိုရှိသင့်တဲ့အထဲပါတယ်နော်။ ပုံလေးတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်ရှင့်။ ခါးပတ်လှလှလေးတွေလည်း ရောင်းပေးနေတာမို့ ပုံစံလေးတွေကြည့်ချင်တယ်ဆိုရင်တော့  www.facebook.com/fashionlaprincesseonlineshop မှာ ၀◌င်ကြည့်လို့ရပါတယ်။ ခါးပတ်အပြင် အိတ်လှလှလေးတွေလည်း လက်လီလက်ကားရောင်းပါတယ်လို့။


Mon LayDecember 7, 20203min1590
လူတွေဆိုတာ..သူများလုပ်တဲ့အလုပ်ကိုအဆင်ပြေတာမြင်ရင်လိုက်လုပ်တတ်ကြတာသဘာဝပါပဲ..ဥပမာကိုယ်Online စီးပွားရေးလုပ်လို့..အဆင်ပြေရင်နောက်လူတွေကလဲလိုက်မလုပ်ပဲနေပါ့မလား…သဘာဝလေနော်လွန်ဆန်လို့မှမရတာ အဲ့တော့စီးပွားတူတိုင်းရန်သူမဟုတ်ပါဖူး..ကိုယ်သာစိတ်ထားတတ်ရင်အေးချမ်းပါတယ်…သူလဲအဆင်ပြေအောင်လုပ်နေသလိုငါလဲငါ့ရည်မှန်းချက်အတွက်ကြိုးစားနေတာပဲဆိုပြီးစိတ်ထားလားဒါမှမဟုတ်…ကိုယ်လုပ်နေတုံးနောက်လူတွေတတ်လာတာကိုမြင်ပြီးပူပန်စိတ်နဲ့ နေနေရတာလား…သေချာတယ်..လက်ရှိနေရာတောင်ပျောက်နိုင်တယ်ဆိုတာပဲ ပင်လယ်ရေတစ်ယောက်ထဲလုသောက်လို့ကုန်မှမကုန်တာ..အဓိကကနောက်ပေါက်ပဲတတ်တတ်.. ရှေ့ကစီနီယာတွေပဲတတ်တတ်ကိုယ်လမ်းကိုယ်လျှောက်ပြီးသူများမကြည့်သရွေ့ကိုယ့်ရဲ့ဘဝမှာကိုယ်ကဘုရင်မပဲဆိုတာမမေ့နဲ့လေနော် ဒီစာကိုမြင်ရင်”ဒီနေ့ကစပြီးရှေ့နောက်မကြည့်ပဲရည်မှန်းချက်တွေအတွက်လမ်းတည့်တည့်ပဲလျှောက်တော့မယ်“လို့ရေးပေးပါ


Mon LayDecember 6, 20203min1990
လောကမှာအခက်ခဲဆုံးက ကြိုးစားနေတဲ့သူတစ်ယောက်ကိုရိုက်ချဖို့အခက်ဆုံးပါပဲလူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့လောကကြီးမှာကိုယ့်ကိုမနာလို…မကျေနပ်တိုက်ခိုက်တဲ့သူတွေအမျိုးမျိုးကြုံရမှာသဘာဝပါပဲအဲ့သဘာဝကိုလွန်ဆန်လို့ရတဲ့အကောင်းဆုံးနည်းလမ်းက ကြိုးစားပြတာပါ…ဥပမာ..သူငယ်ချင်းတွေကနင်ဒီအလုပ်နဲ့အဆင်မပြေလောက်ဖူးတခြားအလုပ်လုပ်ဒီအလုပ်ကOnlineစျေးသည်..ရှက်ဖို့ကောင်းတယ်ဘာညာပြောရင်..ဘာဖြစ်လဲသိမ်ငယ်တယ်…အဲလိုနေရာမှာကိုယ်သာ ငါကြိုးစားနေသ၍ရလာဒ်ရမယ်ဆိုတာငါသိတယ်ဆိုဘယ်သူဘာပြောရဲမလဲပြောခဲ့တဲ့သူတွေရဲ့မျက်လုံးပြူးအောင်သူတို့စကားမမှန်ပါဖူးဆိုပြီးပြဖို့က ကြိုးစားရုန်းကန်မှရမှာမဟုတ်လားထိုင်ငြီးလို့ရလာမှာလားဖြစ်မလာသေးတာကြိုတွေးပြီးကြောက်နေမှာလားဒီစာကိုမြင်ရင်”ငါကြိုးစားနေသ၍အောင်မြင်မှုတွေရမှာမို့မပျင်းမရိဆက်ကြိုးစားသွားမယ်“လို့ရေးခဲ့နော်


Mon LayDecember 4, 20201min2460
ဘဝမှ ကိုယ်လောက် ကြိုးစားတာ ကိုယ်ပဲရှိတယ်အကောင်းဆုံးပဲ လိုချင်တယ် ဒါကြောင့်ကြိုးစားတယ်ဘဝမှ ဆင်းရဲရင် အနှိမ်ခံရလို့ ဖောက်ထွက်တယ်။လူပဲ ကြွေနေတဲ့ ကြယ် ဘယ်ဖြစ်ချင်မလဲ ??လူပဲ ကြွေနေတဲ့ ပန်း ဘယ်ဖြစ်ချင်မလဲ ??ဒါပေမဲ့ တချို့အရာတွေက ဆုတောင်းတိုင်းမပြည့်သလိုအတိတ်ကံ အားနည်းလို မနေချင် မရချင်တဲ့ ဘဝရခဲ့ ရတာပဲလူ တိုင်း ပြည့်စုံချင်ကျတာပဲပန်းတိုင်း လှစေချင်လို့ကိုယ် နဲ့ ပက်သက်တဲ့ ပန်းလေးတွေတိုင်းငွေရှာနည်း လှပနည်းတွေ အကုန်ဝေမျှပေးတယ်။ အခုခေတ်မှာ ကိုယ်ခြေထောက်ပေါ်တောင်သေချာမထောက်နိုင်တဲ့ ယောကျာ်းတွေ ရှိနေတဲ့ အချိန်ကိုယ် စိုက်ပျိုးထားတဲ့ ပန်းလေးတွေကိုယ်တည်ပေးလိုက်တဲ့ ထမင်းအိုးတွေ အများကြီးပြောင်းလဲပေးလိုက်တဲ့ ဘဝတွေ အများကြီးလူဖြစ်ကျိုးနပ်ပါတယ်။မိန်းမတစ်ယောက် လုပ်နိုင်စွမ်းထက် ပိုပါတယ်။


Mon LayDecember 4, 20201min3701
လွန်ခဲ့တဲ့ ၁၀နှစ်က လစာ ၆သောင်း နဲ့ ဝန်ထမ်းဘဝအခု ဝင်ငွေ အဆ၆၆ဆအထိ ခုန်တတ်နိုင်တဲ့ လုပ်ငန်းရှင် ဘဝကိုယ်ဘဝ ကို ရိုးသားမှု သစ္စာရှိမှု ကြိုးစားမူ ဇွဲလုံးလတွေ ကိုအဖော်ပြုပြီး နင်းတတ်လာခဲ့တာပါ။ကိုယ့်အနောက်ကိုလှည့်ကြည့် ကျောပဲ ရှိတဲ့ ဘဝလောက မှာ နောက်ခံ Background ရှိမှ ချမ်းသာတာမဟုတ်ဘူးပညာတွေလည်းအရမ်းတတ်စရာမလိုဘူးဘဝကို ရိုးရိုးကျင့်ကျင့် မြင့်မြင့်ကြံပဲမြန်မာလူမျိုးတွေ လုံးချတဲ့စကားတစ်ခုရှိတယ် ကျွန်မကရိုးတယ် စီးပွားမရှာတတ်ဘူး ရိုးတာမဟုတ်အဲ့ဒါ အ တာဒါကြောင့် ကိုယ်ဟာ ဘာလဲ ❓အရင်သိအောင်လုပ်ပြီးမှ တိုက်ပွဲဝင်ပါ။ဘဝမှ တိုးတတ်ချင်တဲ့သူ အောင်မြင်ချင်တဲ့သူလူနေမူအဆင့်အတန်းမြှင့်မားချင်တဲ့သူဘဝကို ဖောက်ထွက်ချင်တဲ့သူမျိုးရိုးက ဝန်ထမ်းမျိုးရိုးကိုယ်ကဒီလို ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးစတဲ့အချိန် ဘယ်သူမှ အားမပေးခဲ့ဘူး။လုံးဝ အကြောမာတယ်။ကိုယ်မှန်တယ်ထင် ရင် ဆက်လျှောက်တယ်။ဘယ်သူမှ အားပေးစရာမလိုဘူး ထောက်ပံ့စရာမလိုအမှီအခို မဲ့စွာ ပွင့်တယ်။ကိုယ့်ကို ကိုယ် ခြင်္သေ့ လို့ခံယူတယ်။ […]


Mon LayDecember 2, 20202min33480
Baiyoke Sky dinner 🌃🍽️ လို့ပြောလိုက်တာနဲ့ 🇹🇭 Bangkok 🇹🇭 မြို့ကြီးရဲ့ 🌇 ညနေပိုင်းသာယာလှပနေတဲ့ Skyline၊ စိတ်ကျေနပ်မှုကို အတိုင်းထက်အလွန် ပေးစွမ်းနိုင်မဲ့ buffet ညစာကိုပဲ မြင်ရောင်မိလိမ့်မယ်လို့ထင်ပါတယ်။ Baiyoke Sky hotel မှာ အထပ်ပေါင်း (၈၄) ရှိပြီး Buffet Dinner ကိုတော့ အထပ် ၇၅ မှာ စားလို့ရကာ ဘန်ကောက်တစ်မြို့လုံးရဲ့ ညအလှအပကို ခံစားကြည့်ရှုရပါတယ်။ သူကဟိုတယ်ပေါ့နော်။ ဒါမဲ့ buffet dinner က အမျိုးစုံပြီး စားကောင်းတဲ့အပြင် နာမည်ပါကြီး တော့ မြန်မာတိုးတွေတော်တော်များများ ဒီဟိုတယ်မှာ ညစာကျွေးလေ့ရှိပါတယ်။ မွန်လေး ပထမ ဆုံးစ စားဖူးတာတော့ Royal Active Travel က တိုးလီဒါလုပ်ရင်း စစားဖူးခဲ့တာပါ။  နေရာကတော့ 120, 359 Soi Ratchaprarop 3, Makkasan, Ratchathewi , အနီးစပ်ဆုံးပြောရရင် Pratunam market နားတ၀◌ိုက်မှာပါ ဟိုတယ် lobby က အထပ်(၁၈)ထပ်မှာရှိပါတယ်။ ဒါပေမဲ့ မွန်လေးတို့ကတော့ (၁၉) ထပ်ကို တိုက်ရိုက်သွားပြီး dinner booking ကို စစ်ပါတယ်။  အထပ်ကမြင့်တော့ ဓါတ်လှေကားဆိုတာ နားအူတတ်တယ်။ ‌ဒါပေမဲ့ ကိုယ်တွေရဲ့ဂိုက်မက အဲ့နေရာမှာတော်တယ်။ ကိုယ်တွေအဲ့လိုဖြစ်မှာဆိုးလို့ တောက်လျှောက် အကြာကြီး မစီးခိုင်းဘဲ…ဓါတ်ဖမ်းလို့ရတဲ့နေရာမျိုးဆို..ဓါတ်ဖမ်းရအောင် ခဏရပ်ပေးခဲ့တယ်။ ပြီးတော့မှ နောက်ဓါတ်လှေကားထပ်စီးခိုင်းတယ်။  အဲ့လိုလုပ်ပေးတာတောင် အထပ်မြင့်လာလေလေ ဓါတ်လှေကားစီးတာ ကနားအူတာပါပဲ…သက်တော့သက်သာပါတယ်လေ။ […]