Mon LayDecember 4, 20201min2340
ဘဝမှ ကိုယ်လောက် ကြိုးစားတာ ကိုယ်ပဲရှိတယ်အကောင်းဆုံးပဲ လိုချင်တယ် ဒါကြောင့်ကြိုးစားတယ်ဘဝမှ ဆင်းရဲရင် အနှိမ်ခံရလို့ ဖောက်ထွက်တယ်။လူပဲ ကြွေနေတဲ့ ကြယ် ဘယ်ဖြစ်ချင်မလဲ ??လူပဲ ကြွေနေတဲ့ ပန်း ဘယ်ဖြစ်ချင်မလဲ ??ဒါပေမဲ့ တချို့အရာတွေက ဆုတောင်းတိုင်းမပြည့်သလိုအတိတ်ကံ အားနည်းလို မနေချင် မရချင်တဲ့ ဘဝရခဲ့ ရတာပဲလူ တိုင်း ပြည့်စုံချင်ကျတာပဲပန်းတိုင်း လှစေချင်လို့ကိုယ် နဲ့ ပက်သက်တဲ့ ပန်းလေးတွေတိုင်းငွေရှာနည်း လှပနည်းတွေ အကုန်ဝေမျှပေးတယ်။ အခုခေတ်မှာ ကိုယ်ခြေထောက်ပေါ်တောင်သေချာမထောက်နိုင်တဲ့ ယောကျာ်းတွေ ရှိနေတဲ့ အချိန်ကိုယ် စိုက်ပျိုးထားတဲ့ ပန်းလေးတွေကိုယ်တည်ပေးလိုက်တဲ့ ထမင်းအိုးတွေ အများကြီးပြောင်းလဲပေးလိုက်တဲ့ ဘဝတွေ အများကြီးလူဖြစ်ကျိုးနပ်ပါတယ်။မိန်းမတစ်ယောက် လုပ်နိုင်စွမ်းထက် ပိုပါတယ်။


Mon LayDecember 4, 20201min3591
လွန်ခဲ့တဲ့ ၁၀နှစ်က လစာ ၆သောင်း နဲ့ ဝန်ထမ်းဘဝအခု ဝင်ငွေ အဆ၆၆ဆအထိ ခုန်တတ်နိုင်တဲ့ လုပ်ငန်းရှင် ဘဝကိုယ်ဘဝ ကို ရိုးသားမှု သစ္စာရှိမှု ကြိုးစားမူ ဇွဲလုံးလတွေ ကိုအဖော်ပြုပြီး နင်းတတ်လာခဲ့တာပါ။ကိုယ့်အနောက်ကိုလှည့်ကြည့် ကျောပဲ ရှိတဲ့ ဘဝလောက မှာ နောက်ခံ Background ရှိမှ ချမ်းသာတာမဟုတ်ဘူးပညာတွေလည်းအရမ်းတတ်စရာမလိုဘူးဘဝကို ရိုးရိုးကျင့်ကျင့် မြင့်မြင့်ကြံပဲမြန်မာလူမျိုးတွေ လုံးချတဲ့စကားတစ်ခုရှိတယ် ကျွန်မကရိုးတယ် စီးပွားမရှာတတ်ဘူး ရိုးတာမဟုတ်အဲ့ဒါ အ တာဒါကြောင့် ကိုယ်ဟာ ဘာလဲ ❓အရင်သိအောင်လုပ်ပြီးမှ တိုက်ပွဲဝင်ပါ။ဘဝမှ တိုးတတ်ချင်တဲ့သူ အောင်မြင်ချင်တဲ့သူလူနေမူအဆင့်အတန်းမြှင့်မားချင်တဲ့သူဘဝကို ဖောက်ထွက်ချင်တဲ့သူမျိုးရိုးက ဝန်ထမ်းမျိုးရိုးကိုယ်ကဒီလို ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးစတဲ့အချိန် ဘယ်သူမှ အားမပေးခဲ့ဘူး။လုံးဝ အကြောမာတယ်။ကိုယ်မှန်တယ်ထင် ရင် ဆက်လျှောက်တယ်။ဘယ်သူမှ အားပေးစရာမလိုဘူး ထောက်ပံ့စရာမလိုအမှီအခို မဲ့စွာ ပွင့်တယ်။ကိုယ့်ကို ကိုယ် ခြင်္သေ့ လို့ခံယူတယ်။ […]


Mon LayDecember 2, 20202min33270
Baiyoke Sky dinner 🌃🍽️ လို့ပြောလိုက်တာနဲ့ 🇹🇭 Bangkok 🇹🇭 မြို့ကြီးရဲ့ 🌇 ညနေပိုင်းသာယာလှပနေတဲ့ Skyline၊ စိတ်ကျေနပ်မှုကို အတိုင်းထက်အလွန် ပေးစွမ်းနိုင်မဲ့ buffet ညစာကိုပဲ မြင်ရောင်မိလိမ့်မယ်လို့ထင်ပါတယ်။ Baiyoke Sky hotel မှာ အထပ်ပေါင်း (၈၄) ရှိပြီး Buffet Dinner ကိုတော့ အထပ် ၇၅ မှာ စားလို့ရကာ ဘန်ကောက်တစ်မြို့လုံးရဲ့ ညအလှအပကို ခံစားကြည့်ရှုရပါတယ်။ သူကဟိုတယ်ပေါ့နော်။ ဒါမဲ့ buffet dinner က အမျိုးစုံပြီး စားကောင်းတဲ့အပြင် နာမည်ပါကြီး တော့ မြန်မာတိုးတွေတော်တော်များများ ဒီဟိုတယ်မှာ ညစာကျွေးလေ့ရှိပါတယ်။ မွန်လေး ပထမ ဆုံးစ စားဖူးတာတော့ Royal Active Travel က တိုးလီဒါလုပ်ရင်း စစားဖူးခဲ့တာပါ။  နေရာကတော့ 120, 359 Soi Ratchaprarop 3, Makkasan, Ratchathewi , အနီးစပ်ဆုံးပြောရရင် Pratunam market နားတ၀◌ိုက်မှာပါ ဟိုတယ် lobby က အထပ်(၁၈)ထပ်မှာရှိပါတယ်။ ဒါပေမဲ့ မွန်လေးတို့ကတော့ (၁၉) ထပ်ကို တိုက်ရိုက်သွားပြီး dinner booking ကို စစ်ပါတယ်။  အထပ်ကမြင့်တော့ ဓါတ်လှေကားဆိုတာ နားအူတတ်တယ်။ ‌ဒါပေမဲ့ ကိုယ်တွေရဲ့ဂိုက်မက အဲ့နေရာမှာတော်တယ်။ ကိုယ်တွေအဲ့လိုဖြစ်မှာဆိုးလို့ တောက်လျှောက် အကြာကြီး မစီးခိုင်းဘဲ…ဓါတ်ဖမ်းလို့ရတဲ့နေရာမျိုးဆို..ဓါတ်ဖမ်းရအောင် ခဏရပ်ပေးခဲ့တယ်။ ပြီးတော့မှ နောက်ဓါတ်လှေကားထပ်စီးခိုင်းတယ်။  အဲ့လိုလုပ်ပေးတာတောင် အထပ်မြင့်လာလေလေ ဓါတ်လှေကားစီးတာ ကနားအူတာပါပဲ…သက်တော့သက်သာပါတယ်လေ။ […]


Mon LayNovember 29, 20201min34510
တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူလေး လုပ်ဖြစ်ပါတယ်။ ပံ့သကူဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သော စွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်။.လမ်းဆုံလမ်းခွတွေ လူသူလေးပါး အသွားအလာများတဲ့ နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီး မည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချ ထားခဲ့ရမယ်…ဒီလို ပြုလုပ်ခြင်းအားဖြင့်…. ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ တိုးပွားလာလိမ့်မယ် ပံ့သကူပစ်ခြင်းအစ…. အခါတစ်ပါးမှာ… #အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး…ဟာ ဝတ်ရုံထားတဲ့ သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်… အမှိုက်ပုံတွေမှာ…ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်…. ((((တိုက်တိုက်ဆိုင်ဆိုင်ဘဲ…ထိုနေ့ဟာလည်း #တန်ဆောင်မုန်းလပြည့်နေ့ရဲ့နံနက်အစောပိုင်း အချိန်အခါဖြစ်ပါတယ်…..)))) ဒါကို…ကြိုတင်သိမြင်နေခဲ့တဲ့…. ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော #ဇာလိနီနတ်သမီး…..ဟာ…. သူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်…. မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ… နတ်အဝတ်၃ထည်ကို မသိမသာ စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး…. ပံသကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ ကျမ်းအချို့မှာ ပြဆိုထားပါတယ်….. ဒါ့ကြောင့်… #ပံ့သကူအစဇာလိနီက….လို့တောင် ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့….အသိပေးလိုက်ပါတယ်။။ မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့ မပစ်ပါနဲ့…အဲဒီလိုစိတ်နဲ့ပစ်ရင်တော့… ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး…. […]


Mon LayNovember 29, 20201min2200
ငါကတော့ online လုပ်ငန်းလေးစလုပ်တာ….ကလေးကစားသလို သတိရကြော်ြငါထတင်လိုက်စာရင်းမရှိ အင်းမရှိ Target မရှိ Plan မရှိ ….ပေါ့တာပေါ့အဲတော့ လောကကြီးက ရှင်းရှင်း ပေါ့ပေါ့တွေးသူပေါ့ပေါ့ပဲပေးလိမ့်မယ်။ကျွန်မ Online ကို အောက်ခြေလေးကစခဲ့တာဒါပေမဲ့ အရင်ထဲက စာရင်းနဲ့ အင်းနဲ့လုပ်ငန်းရှင်တစ်ယောက်လို စိတ်ထားပြီး အလုပ်ကိုလေးစား ကြိုးစားခဲ့တယ်။ကံကောင်းလို့အောင်မြင်တာလား တကယ်တော်လို့အောင်မြင်တာလား အချိန်က သက်သေပြမယ်။လူတစ်ယောက်ရဲ့ ပင်ကိုယ် စွမ်းရည် မြင့်မားလို့ သူများထက် ပို တွေးတတ်လို့ ဟိုအရင်ထဲ online ကို ခြေချခဲ့တာဘဝပေးအခြေအနေအရ ၀◌န်ထမ်းဘ၀တုန်းက ကိုယ့်ကိုအမျိုးမျိုး စိတ်ညစ်အောင်လုပ်ခဲ့ကြတဲ့သူတွေကို ခဏငြိမ်ပြီး ဝေးဝေးခုန်မယ့် ခြင်္သေ့လိုနောက်တလှမ်းဆုတ်ခဲ့တာ အခု ပြန်ခုန်ပြီ..ကိုယ်ပိုင်လုပ်ငန်းနဲ့ ပြန်လာပြီလာစမ်း ရှိ သမျှ ငါ့ အစွမ်း ရည်ရွယ်ချက် ရည်မှန်းချက် သိပ်ကြီးတဲ့မိန်းမတစ်ယောက်အထင်တော့မသေးနဲ့ ရေရှည် သွားမှာတစ်ကောင်ထဲ ခြင်္သေ့ ပဲသူများထက် ပိုမြင်တယ် […]


Mon LayNovember 26, 20201min26540
day 2 ကတော့ သင့်ကိုပျော်ရွှင်စေမယ့် အရာများတဲ့။ ပျော်ဖို့ကောင်းတာတွေကတော့ အများကြီးမှ အများကြီးပဲပေါ့။ အဲ့ထဲကမှ ကိုယ်တကယ်ကြိုးစားထုတ်မှုရှိပြီး ရရှိလာတဲ့အောင်မြင်မှုမျိုးကိုပဲဖော်ပြပေးလိုက်ပါတော့မယ်။ ၁/ မွန်လေးကခရီးသွားဘလော်ကာဆိုတော့ ခရီးသွားဘလော်ကာမှန်း အသိအမှတ်ပြုပေးခဲ့ကြတဲ့၊ ဖိတ်ခေါ်စာတွေရေးခိုင်းခဲ့ကြ၊ လက်ဆောင်တွေပေးခဲ့ကြတဲ့အခါ ဘာနဲ့နှိုင်းလို့မရအောင် အရမ်းပျော်ရပါတယ်။ ၂/ ကို်ယ်ပိုင်စီးပွားရေးကို ကိုယ့်ဒူးကိုယ့်ချွန်လုပ်ပြီး တစ်လတစ်လ ၀◌န်ထမ်းလစာထက် များများးပိုရတဲ့အခါမျိုးဆို ပျော်ရပါတယ်။ ၃/ လစဉ်ကိုယ်ရှာတဲ့ ငွေကနေ မိသားစုကို ထောက်ပံ့လို့ရနေတဲ့အတွက် ပျော်ပါတယ် day 3 ဆက်ပါမည်။


Mon LayNovember 23, 20201min28640
မွန်လေး ရက်၃၀ challenge လေးလုပ်ထားလို့ပါ အခု day 1 က describe your personality တဲ့။ ကိုယ့် ကိုယ်ရည်ကိုယ်သွေးအကြောင်းကို စပြောရမှာဆို‌တော့ အကောင်းကနေစပြောမယ်နော်။ မွန်လေး ဘာပဲလုပ်လုပ် လုပ်ချင်ပြီဆို ဇွဲရှိရှိနဲ့လုပ်တတ်တယ်။ မပျင်းဘူး။ မခိုဘူး။ ရည်မှန်းချက်  ကြီးတယ်။ လုပ်ပြီဆိုရအောင်လုပ်တာ။ မလုပ်ရင်လည်းမလုပ်ဘူး။ တခါတလေလောဘကြီးတတ်လို့ ရောင့်ရဲတင်းတိမ်ဖို့ ကိုယ့်ကိုယ်ကို ကြိုးစားရတယ်။  စိတ်ထားကောင်းထားတယ်။ စိတ်ပုတ်၊ စိတ်ယုတ်မရှိဘူး။ ကိုယ်လည်းမတရားမလုပ်ဘူး။ ကိုယ့်ကိုမတရားလုပ်ရင်လည်းမခံဘူး။ မဟုတ်မခံ ပြန်ပြောတတ်တယ်။ စွာတယ်။ မျှမျှတတနဲ့ သမာသမတ်ကျတာပဲကြိုက်တယ်။ ကိုယ့်အပေါ်မကောင်းလုပ်ရင် ကပ်ကပ်လန်အောင်ပြန်အော်တတ်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်။ အအိပ်မက်တယ်။ အစားမက်တယ်။ ခရီးသွားရတာကြိုက်တယ်။ လူတစ်ယောက်က ကိုယ့်ကို မခင်ခင် ကိုယ်ကစပြီးခင်တတ်တယ်။ သူကကိုယ့်ကိုပြန်မခင်လို့ကတော့ နောင်ခင်ဖို့ မွန်လေးမှာ ဆန္ဒမရှိ။ ဒါပါပဲ။ #day1challenge #30dayschallenge


Mon LayNovember 22, 20201min1820
ယခုလူငယ် နောင်ဝယ်လူကြီးမိန်းကလေးလူငယ်လုပ်ငန်းရှင်တိုးတတ်မူ အောင်မြင်မှု ခေတ်အမြင် idea အလန်းစားနဲ့ ကိုယ်ဘဝကိုလည်း အသက် ၃၀ ရောက်ရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ကိုင်နိုင်ရမယ်ဆိုပြီး အသက် ၂၄ ထဲက အွန်လိုင်းလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်..အဲ့လို planထားခဲ့တဲ့အတိုင်း အခုအသက်၃၀ မှာ ကိုယ်ပိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်နေပါပြီ။ အခုထိအလုပ် သက်တန်း ၆နှစ်ရှိပြီရပ်တည်ခဲ့တာအပိုမကြွားဘူး လေမကြီးဘူးလောကကြီးကို အလုပ်နဲ့ သက်သေပြခဲ့တယ်။မွန်လေး ဒီထက်မကကြိုးစားသွားမယ်။အမိုက်စားတွေ လာမယ်။လူငယ်လုပ်ငန်းရှင် အလားအလာရှိတယ်တကယ်ကြိုးစားတယ်ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တယ်ဘဝကို လက်တွေ့နဲ့တည်ဆောက်တဲ့အမျိုးသမီး လူငယ်လုပ်ငန်းရှင် ကိုမှ ယုံကြည် လက်တွဲချင်တယ်ဆို အချိန်မရွေး🙏welcomeဘယ်သူ့ ပုံစံတူ ဘယ်သူ့idea တူကိုဘဝမှာ သူများဖောက်ထားတဲ့လမ်းအလွယ်မလိုက်ခဲ့ဘူးဘယ်သူလူမှ လိုက်ခိုး လိုက်မိတ်ဆက်တာ သမိုင်းမှာလည်းမရှိခဲ့ဘူး နောက်လည်းရှိလာမှာမဟုတ်ဘူးကိုယ့်စီးပွားရေးသမိုင်းကို သိက္ခာရှိရှိတည်ဆောက်မယ်။ကိုယ့်ကို လက်တွဲခေါ်ချင်သူထက် ကိုယ်တတ်လာမှာအောင်မြင်လာမှာ ကြောက်သူ ပိုများခဲ့တယ်။ကိုယ်နဲ့ ပက်သက်သမျှ လူတိုင်း ကိုယ့်လိုမဖြစ်အောင်ဘယ်သူမဆိုလက်တွဲခေါ်ခဲ့တယ်။ယုံကြည်ရင် ကျွန်မ လက်ကိုတွဲထား အမြင့်ဆုံးအထိ အတူတတ်မယ်။Agent တွေကို နင်းပြီးတတ်မဲ့သူထဲ ကျွန်မ မပါယုံမှ လက်တွဲပါ။🥰🥰🥰


Mon LayNovember 22, 20201min1720
လေလိုင်းစီးပွားရေး ကို ရအောင်လုပ်ပါလုပ်တတ်အောင် ကျွမ်းကျင်အောင်လုပ်ထားပါခေတ်နောက်ကျမကျန်ခဲ့ပါစေနဲ့ကမ္ဘာလုံးစီးပွားရေးကိုရအောင်တတ်ပါInternet Business လုပ်နေပြီ ဖြစ်တဲ့ မွန်လေးနဲ့ လက်တွဲပါ။အခုနောက်ပိုင်းအစိုးအလုပ်တွေတောင် online system နဲ့သွားနေဘီသူဌေး လုပ်ငန်းရှင်တွေတောင် online ပေါ် အပြိုင်တတ်နေဘီသင့်တို့ကော ဘုပြောဘေးထိုင်လုပ်မနေနဲ့လေလိုင်းပေါ်မှ ပိုက်ဆံရှာတတ်အောင်လုပ်ပါမွန်လေး က နေ့စဉ် လိုင်းပေါ်တင် ပြီး ပစ္စည်းတွေရောင်းပေး..group တွေဖွဲ့ပြီး ရောင်းပေးနေတာမို့မကြောက်နဲ့ လက်တွဲလိုက်ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီsocial အသုံးချ ပြီးစီးပွား ရှာကြည့်ပါလုပ်တတ်သွားရင် ခဏ အတွင်းအောင်မြင်နိုင်တယ်မွန်လေးအွန်လိုင်းလုပ်လာတာ ၆နှစ်ထဲရောက်လာပြီ..သီးသန့်ထွက်ပြီးလုပ်တာ ၁၁လထဲရောက်နေပြီ..အရမ်းအဆင်ပြေတယ်..သူများလုပ်ငန်းလုပ်စရာကိုမလိုတာ…ကြိုးစားဖို့တော့လိုတာပေါ့နော်.


Mon LayNovember 21, 20201min1450
စားသုံးသူက စီးပွားရေးလုပ်ငန်းတွေကို ချမ်းသာစေတယ် လာဘ်စားခြင်းက နိုင်ငံရေးသမားတွေကို ချမ်းသာစေတယ် အကြွေးယူသူတွေကို ဘဏ်တွေကို ချမ်းသာစေတယ် ၀◌န်ထမ်းတွေက အလုပ်ရှင်ကို ချမ်းသာစေတယ် စီးပွားရေးသမားတွေက မိမိကိုယ်ကို ချမ်းသာအောင်လုပ်တယ် သင်ဘယ်ထဲမှာ ပါနေလဲ…ပြန်စမ်းစစ်ပါ…


Mon LayNovember 19, 20201min2220
ကိုယ့်ကို ဘယ်သူ ဘယ်လောက် လှောင်လှောင်ပြောင်ပြောင် ကိုယ်သွားနေတဲ့လမ်းက မှန်နေတယ်ဆို စိတ်သန့်သန့်နဲ့ သူများပြောတာ ခေါင်းထဲ မထည့်ပဲ ဆက်လျှောက်ပါ။ ဘေး တို့ အနောက်တို့မှာ ကိုယ်ပြေးနေတဲ့ ပြေးလမ်း မှာ ရပ်သွားအောင် လုပ်နေတဲ့သူတွေရှိတယ်။  Don’t care. ကျွန်မ ကို ဘယ်သူမှ တွန်းတိုက်လို့မရဘူး။ သူများစိတ်နဲ့ အသက်မရှင်ဘူး။ အောင်မြင်မူ ပန်းတိုင်တစ်ခုထဲသာ အာရုံစိုက်တယ်။ ကျန်တာ လာသမျှ ခေါင်းထဲကိုမထည့်တာ။ အရမ်းသူများပြောမှ ကြောက်တာ။ သူများ မုန်းမှာကြောက်တာ။ သူများတွေ ကို ခေါင်းထဲ သိပ်ထည့်လွန်းရင် ကိုယ်ဟာ သူများစိတ်နဲ့ အသက်ရှင်သူပဲ။ ကိုယ်အကြောင်း ကိုယ် စိတ်ဝင်စားပါ။ကျွန်မ အကြောင်းစပ်စုနေသူများ အလုပ်အရမ်းကြိုးစားရင် လုပ်ငန်းတွေ အိမ်တွေ ခြံတွေ မြေတွေ Condo တွေ […]


Mon LayNovember 18, 20201min1590
၁/ ငါလုပ်ကြည့်လို့ရတာပဲ ၀◌န်ထမ်းဘ၀ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း..ငါလုပ်ကြည့်လို့ရတာပဲ ၂/ ငါပြောင်းလဲကြည့်မယ် ၀◌န်ထမ်းဘ၀ကနေ…လုပ်ငန်းရှင်ဘ၀ကို ငါပြောင်းလဲကြည့်မယ္ ၃/ အောင်မြင်အောင် အတတ်နိုင်ဆုံးကြိုးစားမယ် လုပ်ငန်းရှင်ဘ၀ကို စပြောင်းတော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိတယ်။ ဒါမဲ့ အောင်မြင်အောင် အတတ်နို်င်ဆုံးကြိုးစားမယ်…လာစမ်းပါ..အဲ့အခက်အခဲတွေ..ငါ့ဇွဲနဲ့တိုက်ထုတ်ပစ်မယ် ၄/ ဖြစ်နိုင်ချေနည်းနည်းရှိသေးတာပဲ ဒီလောက်အွန်လိုင်းမှာ စေ◌ျးရောင်းသူတွေကြားထဲ ငါတိုး၀◌င်နိုင်ပါ့မလား,,,,ငါဆို လုပ်လာတာ ၆နှစ်ရှိပြီပဲ..ဘာကြောက်နေရမလဲ…ငါ့မှာဆိုင်ခန်းဖွင့်ဖို့ အိမ်ကအောက်ထပ်လေ..ဆိုင်ပါတွဲ ဖွင့်မယ်..ဖြစ်နိုင်ချေနည်းနည်းရှိသေးတာပဲ ၅/ မလုပ်နိုင်စရာတော့မရှိပါဘူး တစ်လကို ၀◌န်ထမ်းဘ၀ ကရတဲ့ လစာကိုအနည်းဆုံးထားပြီးရှာမယ်..၀◌န်ထမ်းဘ၀ကရတဲ့ လစာထက် အများဆုံးကြိုးစားရှာမယ်..၂၀၂၁ မှာ လုပ်စရာရှိတယ်..မလုပ်နို်င်စရာတော့ မရှိပါဘူး ၆/ အသက်ရလာတော့လည်း အတွေ့အကြုံများတာပေါ့ ကြုံတွေရတဲ့အခက်အခဲတွေကတော့ မနည်းစိတ်ရှည်ရတယ်.အထူးသဖြင့်လူတွေနဲ့ဆက်ဆံရတော့ စိတ်ရှည်သည်းခံရတယ်..sale ဖြစ်အောင်..။ ကိုယ်ချင်းစာနာစိတ်ရှိတဲ့လူတွေနဲ့ ကြုံရသလို လူချင်းစာနာထောက်ထားမှုမရှိတဲ့သူတွေ..လူလိမ်တွေနဲ့လည်း ကြုံရတယ်..အသက်ရလာတော့လည်း အတွေ့အကြုံများတာပေါ့ ၇/ ဖြစ်လာတော့လည်း ရင်ဆိုင်လိုက်ရုံပေါ့ ကိုဗစ်ဖြစ်လို့ ဆိုင်ကိုခုထိမဖွင့်ရဲသေးဘူး..၀◌န်ထမ်းခန့်မလို့ဟာလည်း ကိုဗစ်ကြောင့် မခန့်ရဲသေးဘူး.. ဆိုင်ကအိမ်နဲ့တွဲဖွင့်ထားလို့ ကြောက်ဖို့ကောင်းတယ်လေ..ဒီတော့လိုင်းမှာပဲအားစိုက်ရောင်းရတာပေါ့.. ဖြစ်လာတော့လည်း ရင်ဆိုင်လိုက်ရုံပေါ့..ဘယ်တတ်နိုင်မလဲ ၈/ ငါ့ငါခံစားရတာ ဘယ်သူနဲ့မှမဆိုင်ဘူး ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ့်ဖာသာရွေးချယ်ပြီးပြီ။ ကောင်းတာရော…ဆိုးတာရော..ကိုယ်ခံရမှာပဲ..လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ အိမ်နဲ့ အတိုက်အခံလုပ်ခဲ့၇တာ..အဲ့တော့ ခံစားရရင်လည်း ငါ့ငါခံစားရတာ..ဘယ်သူနဲ့မှမဆိုင်ဘူး..ဆက်လျှောက်သွားမယ်…ဖြစ်ချင်တာဖြစ်အောင် လုပ်မယ်ဒါပဲ.. ပုံကြည့်ချင်ရင်တော့ https://www.facebook.com/monsuccesseducationcenter/ – ဒီမှာကြည့်ပေးနော်


manawphyulayNovember 16, 20201min5352
သမီး….. ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုယ်တိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။ သမီး…….. ကိုယ်အလေးချိန်လျှော့မယ်။ ဝိတ်လျှော့မယ် ဆိုတာမျိုး စကားအဖြစ်ပြောကြည့်တာပဲ ကောင်းပါတယ်။ သမီး သိရမှာ ကျန်းမာရေးဟာ အဓိက အကျဆုံးပါပဲ။ ဘယ်လောက်ပဲ ပိန်ပိန်၊ ဘယ်လောက်ပဲ စလင်းကျကျ မကျန်းမာရင် အလကားပါပဲ။ လှပတာထက် ကျက်သရေ ရှိတာက ပိုမိုတင့်တယ်တတ်ပါတယ်။ ကျက်သရေရှိဖို့ဆိုရင် အတွေးအခေါ်ရှိဖို့လိုအပ်ပါတယ်။ အတွေးအခေါ်ရှိဖို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သမီးက ဖက်ရှင်ကျကျ မ၀တ်စားတတ်ဘူး ဆိုရင် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုပြီး ကျက်သရေ ရှိတတ်ပါတယ်။ သမီး……. လူဆိုတာ […]