ဘာလီဆိုတာ တကယ်တမ်းသွားလည်မယ်ဆို..၁ပတ်နဲ့လည်းမလောက်၊ ၁လလောက်နေရင်တောင် လောက်ချင်လောက်မှာ။ အဲလောက် ကျွန်းသေးလေးလေးမှာ လည်စရာတွေပြည့်နေတာပါ။ ဘာလီဆိုတာတကယ်က အရမ်းကိုလှတဲ့နေရာလေးတွေတစ်စုတစ်စည်းတည်း ရှိနေတဲ့နေရာလေးပါ.. ဘုရားကျောင်းတွေအကြောင်းပဲလေ့လာချင်သလား..ရှိတယ်။ကမ်းခြေမှာပဲ..လွတ်လွတ်လပ်လပ်နေချင်လား..အေးဆေး။ နားအေးပါးအေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုလေးတွေပဲငေးပြီးကြည့်ချင်လား..ရတယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက် instagram တို့ facebook တို့ပေါ်တင်လိုက်တာနဲ့..လှလိုက်တာ..wow လို့မန့်ခံရမယ့်နေရာလေးတွေတအားရှိတော့..မြန်မာလူမျိုးတွေသွားသင့်တဲ့နေရာတစ်ခုပါ။ အဲတော့ ဘာလီရောက်သွားတဲ့အခါ..ဘယ်နေရာလေးတွေကို အဓိကထားသွားသင့်ပြီး ဓါတ်ဖမ်းသင့်တာကို မွန်လေးကပြောပြပေးချင်ပါတယ်။ #Ubud Monkey Forest🐵🙈 Monkey Forest က မျောက်အကောင်ရေအများဆုံးနဲ့ ဘာလီမျောက်တွေကို စနစ်တကျထိမ်းသိမ်းအကာအကွယ်ပေးထားတဲ့နေရာပါ။ မျောက်တွေက လူယဉ်နေပြီ မြင်မြင်သမျှ လိုက်လုပါတယ်. လုံးဝမကြောက် ဘူး။ အိတ်တွေကို ဖွင့်ပြီးသေချာခိုးတတ်တယ်။ ဒါပေမဲ့ မျောက် သချိုင်္င်း၊ holly water လည်း ရှိသလို ရေတံခွန်တွေလည်းပောတယ်။ ဒါကြောင့်လည်ပတ်ဖို့ကောင်းတဲ့နေရာတစ်ခုပါ။ #Uluwatu Temple ဘာလီရောက်မှတော့ မသွားမဖြစ်ရောက်အောင်သွားရမယ့် နေရာလေးတစ်ခုပါ။ […]