kaiFebruary 27, 20196min17581
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


Mon LayFebruary 26, 20191min2182
ခုမြန်မာလူမျိုးတွေတအားသွားသွားနေကြတဲ့ နိုင်ငံကတော့ ဗီယက်နမ်နို်င်ငံပါ။ သူကဈေးလည်း သက်သာသလို သွားရင်လည်း မွန်လေးတို့မြန်မာနိုင်ငံဆို နီးလည်းနီးတယ်လေ။ လေယာဉ်အ ချိန်ကလည်း ၁နာရီကျော်လောက်ပဲစီးရတော့ သွားရတာလည်း အဆင်ပြေတယ်။ မွန်လေးတို့ နိုင်ငံနဲ့ဆို အချိန်က နာရီဝက်ပဲစောတယ်။ အဲတော့ အသွားများတဲ့ဒီနိုင်ငံအတွက် ဆောင်ရန် ရှောင်ရန်လေးတွေမျှပေးချင်ပါတယ်။ #အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ပါ ဒါကတော့ ပြောစရာမလိုပါဘူး။ ဘယ်သူမဆို လှလှပပ သေသေသပ်သပ်ဝတ်ကြမှာပါ။ #ဘုရားကျောင်းကန်ရောက်ရင် ဂါရဝပြုပါ။ ပြောချင်တာကတော့ ဘုရားကျောင်းကန်တွေရောက်ရင် လက်အုပ်ချီချင်ချီ၊ မချီချင်ရင် ရိုင်းစိုင်းတဲ့ အပြုအမူမျိုးမလုပ်ရင်ရပါတယ်။ အဝတ်အစားကျတော့ လုံလုံခြုံခြုံလေးဝတ်ဖို့လိုပါတယ်။ #လက်ဝတ်လက်စားအများကြီးမဆင်ပါနဲ့ လက်ဝတ်လက်စားတွေကိုလည်း တောက်တောက်ပြောင်ပြောင် အများကြီးမဝတ်ပါနဲ့။ သူခိုး လမ်းပြဖြစ်မှာစိုးလို့ပါ။ #အိတ်များကိုသေချာလွယ်ပါ။ ဒါကတော့ ဘယ်ပဲသွားသွား ကိုယ့်အိတ်ကိုဂရုစိုက်ပါ။ ကျောပိုးအိတ်လွယ်ရင်လည်း လူများတဲ့နေရာတွေဆို ရှေ့ကိုပြောင်းလွယ်ပါ။ စစ်သားတွေတွေ့ရင် ဓါတ်ပုံမရိုက်ပါနဲ့။ စစ်လက်နက်တွေကိုင်ထားတဲ့ စစ်သားတွေတွေ့ရင် ဓါတ်ပုံမရိုက်ပါနဲ့။ […]


padonmarFebruary 19, 20191min92613
ပုတိဖွား လူချမ်းသာ ………………… မွေးနေ့မွေးရက်ကို မဟာဘုတ်တိုင်ထောင်လိုက်တော့ ပုတိဖွားတဲ့။ ပုတိသဘောဆိုတာ ကပ်စေးနည်းတယ်။ မှန်လိုက်လေ။ ကိုယ်ကပ်စေးနည်းတယ်ဆိုတာ ငယ်ကတည်းက ကိုယ့်ဖာသာကိုယ် သိပါတယ်။ အမေပေးလိုက်တဲ့ မုန့်ဖိုးဆို ကျောင်းမုန့်ဆိုင်တွေမှာ ဝယ်စားရိုးထုံးစံမရှိ၊ အဖေဝယ်ပေးထားတဲ့ ခွေးရုပ်ကော်စုဘူးလေးထဲ ထည့်လိုက်ဖို့ပဲ ဆန္ဒရှိတာ။ တက္ကသိုလ်တက်တဲ့ တလျှောက်လုံး canteen မှာ ဝယ်စားဖူးတဲ့ အကြိမ်က လက်ဆယ်ချောင်း မပြည့်ဘူး။ အဝတ်အစားဆိုလည်း ဈေးပေါတာပဲ ကြိုက်တတ် ဝယ်တတ်တယ်။ ဈေးကြီး အဖိုးတန်ဆိုရင် ဗေဒင်မမေးနဲ့၊ အဲဒါ သူများဝယ်ပြီး လက်ဆောင်ပေးထားတာပဲ။(လက်ဆောင်တွေရလို့ တော်သေး) အစားအသောက်ကတော့ နဂိုတည်းက ကောင်းပေ့ဆိုတဲ့ ငါးမြင်းဗိုက်သားတို့ ဝက်သုံးထပ်သားတို့ ကြက်ပေါင်ကြော် တို့၊ Donut တို့ ဆိုတာတွေ မကြိုက်တတ်၊ငပိရည်တို့ မရမ်းသီးငပိထောင်းတို့ ချဉ်ပေါင်ကြော်၊ဘဲဥချဉ်ရည်၊သီးစုံပဲကုလားဟင်း ဆိုတာမျိုးမှ မက်မက်စက်စက်ကြိုက်တာ။ […]


Mon LayFebruary 16, 20194min2140
😀အမှန်ဆို ဒီဘုရားကသွားဖူးချင်နေတာကြာပြီ။ တည်ပြီးကတည်းက အမေနဲ့သွားချင်နေခဲ့တဲ့ဘုရား။ တကယ်တမ်းကျတော့ မမျှော်လင့်ဘဲ မှော်ဘီမှာ အဖွားအတွက် အလှူသွား လုပ် ရင်းနဲ့မှ ရောက်ဖြစ်ခဲ့ပါတယ်။😀အမှန်ဆို ဒီဘုရားကသွားဖူးချင်နေတာကြာပြီ။ တည်ပြီးကတည်းက အမေနဲ့သွားချင်နေခဲ့တဲ့ဘုရား။ တကယ်တမ်းကျတော့ မမျှော်လင့်ဘဲ မှော်ဘီမှာ အဖွားအတွက် အလှူသွား လုပ် ရင်းနဲ့မှ ရောက်ဖြစ်ခဲ့ပါတယ်။ #လမ်းကြောင်း 🚗🚗အမြန်လမ်းပေါ်ရောက်ရင် မိုင်တိုင် ၁၅ ဆိုဘုရားမုဒ်ဦးကို မြင်ရပြီ။ ညနေဘက်ဘုရားဖူးတာ ပိုကောင်းပါတယ်။ နေ့ခင်းဘက်ဆိုအရမ်းပူတယ်။ ရန်ကုန်က ၂နာရီ ၃နာရီဝန်းကျင်ထွက်ပါ။ဘုရားကို ၅နာရီလောက်ရောက်ရင်အတော်ပဲ။🚗#လမ်းကြောင်းအမြန်လမ်းပေါ်ရောက်ရင် မိုင်တိုင် ၁၅ ဆိုဘုရားမုဒ်ဦးကို မြင်ရပြီ။ ညနေဘက်ဘုရားဖူးတာ ပိုကောင်းပါတယ်။ နေ့ခင်းဘက်ဆိုအရမ်းပူတယ်။ ရန်ကုန်က ၂နာရီ ၃နာရီဝန်းကျင်ထွက်ပါ။ဘုရားကို ၅နာရီလောက်ရောက်ရင်အတော်ပဲ။ #ရွှေပြည်အေးဘုရား 🙏🙏 ဘုရားက ထိုင်တော်မူရုပ်ထုပါ။ မုံရွာက ရပ်တော်မူဘုရားကြီးလို၊ ရေးက ကိုရင်လေးဘုရားလို […]


Mon LayFebruary 11, 20191min3682
# လေယာဉ်လက်မှတ်ဗီဇာ မလိုအပ်တဲ့နိုင်ငံတွေဆိုရင် သူ့ကိုအရင်စဉ်းစားတယ်။ အနည်းဆုံး ၃လ မှ ၆လလောက်ကို လေယာဉ်လက်မှတ် ဝယ်ထားမယ်ဆိုရင် ဈေးချိုစွာနဲ့ ရရှိနိုင်ပါတယ်။ အဲလိုင်းကိုလည်း ဘယ်အဲလိုင်းက promotion တွေချနေလည်း မေးပါ။ ဗီဇာလို တဲ့နိုင်ငံကျ ဗီဇာအရင်လျှောက်ပါ။ အဲလိုင်းမှာ ဘွတ်ကင် ဖောင်ယူပါ။ ဗီဇာကျမှ လေယာဉ်လက် မှတ်ဝယ်ပါ။ #ရာသီဥတု ကိုယ်သွားမယ့် နေရာရဲ့ရာသီဥတုကိုအင်တာနက်ကနေရှာပါ။ အဲကျမှ ကိုယ်သွားမယ့်နေ ရာက အေးရင် အနွေးထည်တွေယူသွားလို့ရသလို ပူတယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးလေးတွေ၊ မိုးရွာတတ်တယ်ဆိုရင်လည်း rain coat အပါးလေးတွေ တခါတည်းယူ သွားလို့ရအောင် ပါ။ #ဟိုတယ် မိုတယ် အင်း 🏩🏦🏡🏠🏣သူလဲတူတူပါပဲကြိုတင်ဘွတ်လုပ်ထားမယ်ဆိုရင် ဈေးနှုန်းသက်သာစွာရနိုင်ပါတယ်။အနည်းဆုံး ၁လ မှ ၃လ ထိ ကြိုတင် ဝယ်ယူထားရင် အတော်ပါပဲ။ […]


ပြောရရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ။ အမွေကိစ္စဆိုတာလည်း ရှုပ်တယ်မဟုတ်လား။ အကြောင်းစုံလေး ပြောပြပြီး ရွာထဲက လူကြီးတွေအကြံဉာဏ်လေးလည်း လိုချင်လို့ပါတယ်။ အဖြစ်က ဒီလိုပါ။ . ကျွန်တော်တို့ မောင်နှမက (၅)ယောက်ပါ။ ကျွန်တော်က အငယ်ဆုံးပေါ့။ အစ်ကို နံပါတ်(၁)ကတော့ ထိုင်းနယ်စပ်ဘက်ကိုသွားပြီးကတည်းက သတင်းမရတာ (၂၂)နှစ်လောက်ရှိပြီ။ အစ်ကိုနံပါတ်(၂)ကတော့ ဆုံးသွားရှာပြီ သူ့ဆီမှာ မိန်းမနဲ့ ကလေးကတော့ကျန်ခဲ့တယ်။ အစိုးရဝန်ထမ်းဆိုတော့ နေပြည်တော်မှာနေတာပါ။ လက်ရှိ နံပါတ်(၃)အစ်မ အိမ်ထောင်နဲ့မိသားစုနဲ့ရယ်။ နံပါတ်(၄)အစ်မ အိမ်ထောင်ကွဲ သမီးတစ်ယောက်နဲ့ရယ် ကျွန်တော်နဲ့ရယ်ပါ။ အမေမဆုံးခင်မှာ အိမ်ကို ကန်ထရိုက်လေးပေးထားတာ အားလုံးပြီးတော့ သုံးခန်းရပါတယ်။ ကျွန်တော်ကတော့ အိမ်ထောင်ကွဲ နံပါတ်(၄)အစ်မနဲ့ သူ့သမီး ကျွန်တော့်တူမလေးနဲ့နေပြီး။ တစ်ခန်းကိုတော့ နံပါတ်(၂)အစ်မကနေပါတယ်။ နောက်တစ်ခန်းကိုတော့ ငှားထားလိုက်တယ်။ အဲ့မှာ ဖောက်တာက တူတူနေတဲ့ နံပါတ်(၄)အစ်မပါ။ […]


KyaemonFebruary 10, 201955min6470
၊  áŠá€™á€źá€…á€şá€†á€Żá€śá€›á€ąá€€á€Źá€á€Źá€†á€€á€şá€œá€Żá€•á€şá€–á€­á€Żá€ˇá€œá€­á€Żá€œá€Źá€¸á€á€˛á€ˇá€Ąá€•á€­á€Żá€„á€şá€¸á‹ ၂၀၁၈ ၊အောက်တိုဘာ ၂၆ ကထောက်ခံမဲ(၊ကြိုက်မဲ)(၄၆၉၀၆၂) ၊ကိုရရှိခဲ့တယ်၊ တချိန်တုန်းက၊မြစ်ဆုံရေကာတာဆက် မလုပ်ဖို့ဆန့်ကျင်တဲ့အပိုင်း၊ ၊ဦးထွန်းလွင်တို့က(၂၀၈၈၇၂)ကန့်ကွက်မဲကိုရရှိခဲ့တယ်၊ ၊အကြမ်းဖျဉ်းနှိုင်းရမယ်ဆိုရင်၊၂၀၁၈ ၊အောက်တိုဘာ ၂၆၊မှာကြိုက်မဲကကန့်ကွက်မဲ ထက်(၂.၂၅ဆ)သာလွန်ခဲ့ပါပြီ၊ ခုတခါ၊၂၀၁၉၊ဖေဖော်ဝါရီလ ၃၊ကျပြန်တော့ထောက်ခံမဲ(ကြိုက်မဲ)က (၅၃၂,၄၆၆)၊အထိအံ့မခန်း တိုးတက်လာပြန်လို့(၂.၅၅ဆ)၂ဆခွဲကျော်၊ဖြစ်လာတယ်၊ဦးရေတိုးရုံမက ၊အဆရဲ့”၊တမတ်”၊နှုန်းကို ၊တောင်တက်လိုက်သေးတယ်၊ ၂၀၁၉၊ဖေဖော်ဝါရီလ ၅ ၊မှာဆိုရင်၊ကြိုက်မဲ(၅၃၃,၇၂၄)အထိတက်မြဲတက်နေပါတယ်၊ ၊ဒီမိုကရေစီအရဆိုရင်၊တစ်မဲသာရုံနဲ့အနိုင်ယူနိုင်ပါပြီ၊ (၂.၅၅ပြန်)၊ဆိုတော့အပြတ်အသတ်နိုင်တယ်လို့ပြောလို့ရပါတယ်၊ ၊ ၊တက်ကြွနိုးကြားတဲ့၊ပြည်သူလူထုတို့ကနိုင်ငံတော်ခေါင်ဆောင်တို့ရဲ့ဆန္ဒနဲ့အမြော်အမြင်ကိုထောက်ကူ ၊ပံ့ပိုးပေါင်းစပ်လိုက်ရင်၊အလုပ်လုပ်ရလွယ်ကူချောမွေ့သွားမှာပါ၊ ၊ ၊မြစ်ဆုံအမှားနဲ့အမှန်ဆောင်းပါးဖတ်ကြိမ်(၁၄သန်း)ကျော်လာပြီ၊ ၊ ၊ဦးကြင်ဥရဲ့ဝင်ကစွပ်ကဗျာလို၊မကြုံစဖူး၊မြင်ဖူးမှယုံစဖွယ်၊ ၊ဖေ့ဘုက်/၊မြန်မာဂေဇက်စာရှူပရိသတ်တို့က၊သန်းနဲ့ချီပြီးစဉ်ဆက်မပြတ်ဖတ်ကြသည်၊၊ ၊ဖြစ်ရပ်မှန်အမှန်တရားကိုသိလိုကြသည်၊ ၊တိုင်းပြည်အကျိုးရှိမရှိကိုသိလိုကြသည်၊ အမှန်တရားအတိုင်းစီရင်စေလိုကြသည်၊ တရုပ်၊ယိုးဒယား၊၊စင်ကာပူတို့လိုတိုးတက်ဖွံ့ဖြိုးလိုကြသည်၊ ၊ဆင်းရဲတွင်းခေတ်နောက်ကျတာကနေ၊ရုန်းကန်ထွက်လိုသည်၊ ၊အခြေအမြစ်မရှိတဲ့နားကြားသတင်း၊ကျောထောက်နောက်ခံ၊ကိုးကားချက်မရှိတဲ့ ၊လုပ်ကြံသတင်းတွေကိုခွါပြစ်လိုကြသည်၊ ဆန့်ကျင်ဘက်အာဘော်နဲ့စူးစမ်းချက်တွေကိုကြားနာလိုကြသည်၊ ၊ဖေဖော်ဝါရီ ၅ ၊မှာဆိုရင် ၁၄,၀၃၆,၇၄၇၊ ၊ဖေဖော်ဝါရီ ရ ၊မှာဆိုရင် ၁၄,၀၈၇,၉၀၉၊ ၊မြစ်ဆုံဆောင်းပါးဖတ်ကြိမ်ရှိကြပြီး၊ (။ကြိုက်လက်မထောင်ကြိမ်)တာလဲ(၅.၃၆သိန်း)ကျော်လာပြီ၊ ၊မှတ်ချက်ပြုသူတွေကလဲတစ်သောင်းရှစ်ထောင်ကျော်လာပြီ၊ တခြားနေရာမှာထက်ဖတ်ကြိမ်၊မှတ်ချက်ပြုကြိမ်၊ရှယာဝေငှကြိမ်များတယ်၊ ၊ထောက်ခံကြတဲ့ရုပ်ပုံနဲ့မှတ်ချက်တွေလဲတော်တော်များလာတယ်၊ကျေးဇူးတင်ပါတယ်၊ ၊ […]

Mom-600x800.jpg

ဘဝမှာ အကြီးမားဆုံးအတ္တတစ်ခုကို ပြောပါဆိုရင် အမေ လို့ပဲ ပြောရမယ်ထင်တယ်။ ငယ်ငယ်ကတည်းက စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့ရတဲ့အရာက အဖေနာမည်ဖြည့်ရတဲ့အရာပါပဲ။ ဘာလို့ အဖေ့နာမည်ပဲ ဖြည့်ရပြီး အမေ့နာမည်ကို မဖြည့်ရတာပါလိမ့်။ အမေဆိုတာ အရေးမပါတာလား။ အမေဆိုတာ သိစရာမလိုတာလား။ အဖေ့နာမည်တစ်ခုတည်းနဲ့ ကိုယ့်ဘဝက ပြီးပြည့်စုံသွားတာလား။ ကျွန်မမှာ အတွေးတွေ အများကြီးပါပဲ။ အထူးသဖြင့် စာမေးပွဲမှာ ဆုရလို့ ဂုဏ်ပြုလွှာတွေ ရလာတိုင်း အမေ့နာမည်မပါဘဲ အဖေ့နာမည်ပဲပါရင် အမြဲတမ်းစိတ်မကောင်းဖြစ်ရတယ်။ မိဘနှစ်ပါးမှာ ဘယ်သူကမှ ပိုအရေးမပါရင်တောင် အတူတူအရေးပါကြတာပါပဲ။ သားသမီးတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတိုင်းအတွက် အမည်ခံရမယ်ဆို အဖေရော အမေပါ အမည်ခံသင့်ပါတယ်လေ။ ငယ်ငယ်ကဆို ကျွန်မနာမည်ကိုပြောလိုက်တိုင်း အဖေ့သမီးလို့ လူတိုင်းသိကြပေမယ့် အမေ့သမီးလို့ သိကြတာ ရှားတယ်။ တစ်ချို့ဆို အဖေနဲ့အမေ့ကိုတောင် တွဲမသိကြလို့ ကျွန်မကို […]


ရန်ကုန် နေစရာနေရာတစ်ခုဟာ သိပ်ကိုအရေးကြီးမှန်း ပိုပြီးသိလာရတဲ့အခါမှာတော့။ အမေ့ကို ပိုသတိရမိလာတာပါပဲ။ မုဆိုးမတဖြစ်နဲ့ နေစရာတနေရာကို ခက်ခက်ခဲခဲဝယ်နိုင်တဲ့ ဇွဲကို မချီးကျူးဘဲမနေနိုင်ပြန်ဘူး။ အခုတလော အမေဆုံးပြီးနောက်ပိုင်း အရမ်းကိုပူပန်မှုများတဲ့အချိန်တိုင်း သတိရမိနေပြန်ရော။ အခုနေတဲ့တိုက်ခန်းလေးကိုလည်း ကိုယ်စွန့်ခွာရတော့မယ်ဆိုတဲ့အသိရယ်။ အမေ့လို ကိုယ်ပိုင်နေစရာလေးရအောင် လုပ်ရတော့မယ်ဆိုတဲ့ အသိက အမေ့ကို ပိုပြီး သတိရစေခဲ့တယ်။ အမေစုဆောင်းခဲ့သလိုမျိုး ကိုယ်လည်းရုန်းကန်ရတော့မယ်ဆိုတာတွေးရင်း နေစရာအိမ်လေးတစ်လုံး (သို့) တိုက်ခန်းလေးတစ်ခန်း (သို့) ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို ဒီလကုန်ရင် ရောက်ရှိတော့မယ်ဆိုတာ တွေးရင်း။ မေမေ့ကိုသတိရလို့ရေးတဲ့စာ ရင်နှင့်ရင်း၍ အောင်မိုးသူ


kaiFebruary 8, 20191min92714
မြန်မာ့ဂဇက် ၂၀၁၉ ဖေဖော်ဝါရီလထုတ်၊( Vol 7/Issue 2 – No.122. 32 Pages, Printed in Los Angeles )* မောင်လူပေရဲ့ ဝက်နှစ်ဗေဒင်* မောင်စွမ်းရည်ရဲ့ မန္တလေးသတင်းစာဆရာကြီးဦးကြည်မြ* ဘလက်ချောတွေ့ဆုံတဲ့ ဂီတပညာရှင် ပက်ထရစ်* ဖေဖော်ဝါရီအလှပန်းအဖြစ် Shumawa Kyaw* တိမ်မည်းရေးတဲ့ စမတ်ဖုံးရဲ့ လျို့ဝှက်အစွမ်း ၂၁ခု* မောင်မိုးညိုရဲ့ ရေး..(၃)ရေး..* မသန္တာအောင် (ဆေးပညာဘွဲ့) ရေးတဲ့ ခန်းခြောက်ခြင်းရှိုးဂရင်းစ်ရောဂါစု (Sjogren’s syndrome)* လစဉ်ပါနေကျ ကာတွန်း၊ ဗေဒင်၊နေ့စဉ်မြန်မာ/ကမ္ဘာသတင်းဒိုင်ယာရီ၊ အင်္ဂလိပ်စာသင်ခန်းစာ၊ တိုင်းရင်းဆေးကဏ္ဍ၊ ဆယ်လီဘရိတ်တီသတင်းများနဲ့အတူ..ဖေဖော်ဝါရီလ ၂၀၁၉ ထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။မြန်မာစတိုးဆိုင်များ၊ စားသောက်ဆိုင်၊ ဆေးခန်းများ၊ဘုန်းတော်ကြီးကျောင်းများမှာ အခမဲ့ရယူပါ..။https://issuu.com/myanmargazette/docs/myanmar_gazette_feb_2019


padonmarFebruary 6, 20192min4707
ဇန်နဝါရီ လ အတွက် မှတ်သားဖွယ်လေးပါ။ နှစ်သက်လို့ ရမ်းသန်း ဘာသာပြန်ပါတယ်။ မှားတာတွေ့ရင် ပြင်တော်မူ။ Go confidently in the direction of your dreams. Live the life you have imagined. သင့်အိပ်မက်တွေ လမ်းညွန်ရာ ယုံယုံကြည်ကြည် သွားလိုက်ပါ။ သင်စိတ်ကူးရာ ဘဝမှာ စိတ်ချလက်ချ နေလိုက်ပါ။ ………………….. You have one life to live. Do your work with passion. And give your best. သင်နေဖို့ရာ အသက်တခုသာ ကရုဏာနဲ့ အလုပ်လုပ်ပါ။ အကောင်းဆုံးသာ ပေးလိုက်ပါ။ ……………………………….. Quote […]


Mon LayFebruary 6, 20192min2992
#Myanmar Vacation Festival 2019 #Pullman_Hotel #Yangon ဟိုတစ်နေ့က #Pullman Hotel မှာလုပ်တဲ့ #Myanmar Vacation Festival 2019 ပွဲကို သယ်ရင်းနဲ့၂ယောက် သွားဖြစ်ခဲ့ပါတယ်။ ကုိုယ်ရောက်သွားတဲ့အချိန်က မနုမြတ်( Nu Myat Around the world) ရယ် ကိုသီဟ (Thiha, the traveler) တို့က How to become a travel blogger ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ယောက်မေး၊ တစ်ယောက်ကဖြေနေတာလေးနဲ့ ကြုံခဲ့ပါတယ်။ ကိုယ်သိပ်စိတ်ဝင်စားသွားတဲ့ခေါင်းစဉ်ပေါ့နော်။ တကယ်ပဲ ဘလောကာ ဖြစ်လို့မလွယ်ပါဘူး. အဓိက အချိန်ရယ်၊ငွေကြေးရယ်ပေါ့။ စာရေးဖို့အချိန်ပေးရသလို၊ အချက်အလက်တွေစုဆောင်းဖို့လည်း အချိန်ပေးရတယ်။ ပြီးတော့ ငွေထောက်ပံ့မယ့်သူမရှိရင် ကိုယ့်ဖာသာအိတ်စိုက်ပြီး အရင်ဦးဆုံးခရီးသွားရတယ်။ နောက်ပို်င်းမှ နာမည်တစ်လုံးရ […]


padonmarFebruary 2, 20191min4936
Every little act counts in creating a sustainable tomorrow. လှုပ်ရှားမှု သေးသေးလေးတိုင်းဟာ ပိုကောင်းတဲ့ မနက်ဖန်တွေကို ဖန်တီးရာမှာ အကျုံးဝင်နေပါတယ်။ Let’s recycle more wasteless today. ဒီနေ့အဖို့ အမှိုက်ကင်းကြမယ်၊ ပြန်သုံးကြမယ်။ …………………………….. နှစ်စဉ်နှစ်တိုင်း ပလပ်စတစ်အမှိုက် တန် ၈သန်းလောက်ကို ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်နေကြပါတယ်။ဒါဟာ နေ့တိုင်း မိနစ်တိုင်းမှာ အမှိုက် တွေ ကုန်တင်ကား တစီးစာ စွန့်ပစ်နေတာနဲ့ ညီမျှပါတယ်။ ဒီနှုန်းအတိုင်းသာ စွန့်ပစ်နေကြရင် 2050 ခုနှစ်မှာ ပင်လယ်ထဲ ငါးတွေထက် ပလပ်စတစ်တွေက ပိုများနေပါလိမ့်မယ်။ ဒါပေမယ့် အခုက စပြင်ကြမယ်ဆိုရင် နောက်မကျသေးပါဘူး။ ……………………………………………………… မကြာခင်က လက်ဆောင်ရထားတဲ့ စားပွဲတင် ပြက္ခဒိန်လေး […]