အာမီ ဆိုတဲ့ အသံကြားရင် ကြောက်ဒူးတုန်နေ ရ တဲ့ အခြေအနေတွေ ဖြတ်သန်းခဲ့ပြီး သကာလ ကျော် ချစ်တဲ့ အာမီကို စတင်တွေ့ရှိခဲ့လေပြီ။ (အဟိ) ဒီ တစ်ပတ်တော့ ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့ အနေနဲ့ (ဟင်၊ အလိုလိုက်တာ မြန်လိုက်တာ) ကျန်းမာရေးနဲ့ မညီဘူး ပြောပြော၊ အလုပ်ရှုပ်တယ် ပြောပြော၊ လူစုံလေ လူများလေး စားကောင်းလေ၊ ပါဝင်ပစ္စည်းစုံလင်လေ ပိုက်ဆံကုန်လေ (အဲ) အရသာရှိလေ ဖြစ်တဲ့ Army Stew လုပ်စားရအောင်။ တောထဲမှာ ရနိုင်တဲ့ အသားနဲ့ အရွက်မျိုးစုံကို ဟင်းရည်ထဲ အကုန်ပစ်ထည့် ဆယ် စားရတာမျိုးမို့ Army Stew ခေါ်သလားမသိ ရမ်းသမ်းမှန်းဆမိတယ်။ Army Stew ခေတ်စားတာက ကိုရီးယားနဲ့ ယိုးဒယားမှာဖြစ်ပြီး […]