kaiAugust 14, 20184min114714
Thakhin Kai Bwor August 6 at 3:20 AM ·  ✔ Burmese American Dental Association ရဲ့ ၁ရကြိမ်မြောက်သံဃိကဒါနအလှူ မျက်နှာဖုံးသတင်း။ ✔ Burmese Welfare Association ၏ EID Potluck အခမ်းအနားမျက်နှာဖုံးသတင်း။ ✔ Rock တေးသံရှင်ဇော်ထက်နဲ့ အမေးအဖြေ။ ✔ဆရာမောင်စွမ်းရည်၏ ကမ္ဘာကျော်ထိုင်းသင်ခန်းစာ။ ✔မောင်မိုးညို၏ FMLA သို့ တစေ့တစောင်း။  ✔ဒေါက်တာတင်လတ်၏ သွားရောဂါနှင့် ဆေးနည်းတိုများကျန်းမာရေးဆောင်းပါး။ ✔မသန္တာအောင်(ဆေးပညာဘွဲ့)၏ LUPUS ရောဂါကျန်းမာရေးဆောင်းပါး။ ✔လစဉ်ဖော်ပြနေကျ ဆရာမျိုးကျော်မြင့်၏အင်္ဂလိပ်စာသင်ခန်းစာဆောင်းပါး။ ကာတွန်း။ ကဗျာ။ ကမ္ဘာ့သတင်းဒိုင်ယာရီ။ မြန်မာ့သတင်းဒိုင်ယာရီ။ ဗေဒင်။ ဆောင်းပါး။ သုတရသစုံလင်စွာဖြင့် လစဉ်ထုတ်မြန်မာ့ဂဇက်ထွက်နေပါပြီ။ မြန်မာဆိုင်များမှာ အခမဲ့ရယူပါ။


ကျုပ် မသေခင် သုံးရက်လောက်မှာ Red Riders အဖွဲ့ကို ပို့စကဒ်လေး တစ်ခု ပို့လိုက်တယ်။ သို့ပေသော်လည်း ဒီဇာတ်လမ်းက ဘာလင်မှာ ဖြစ်ခဲ့သင့်သဗျ။ ဘာလင်သားများ ပေါ့လေ။ ဘာလင်သား သုံးစားမရတဲ့ လူကြီးလူကောင်းများ။ သူတို့က တစ်ခုခု ဖြစ်မြောက်အောင်လုပ်ချင်ရင် ခြေမြန်တော်ကလေးများ အဖွဲ့ကို လွှတ် လိုက်တာပဲ။   ဒီဇာတ်လမ်း ဘာလို့ ဘာလင်မှာ မဖြစ်ခဲ့သလဲ ခင်ဗျားတို့ သိပါလိမ့်မယ်။ ကျုပ်က Red Riders အဖွဲ့ကို ဘာကြောင့် စာရေးလဲ ဆိုတော့ နာမည်ကိုက မိုက်တာ။ ဘိုက်ကာ ကြီးတွေ။ ခြေမြန်တော်လေးများ လို မဟုတ်ဘူး။ သူတို့သာ စာရေး ပို့လိုက်ရင် လွှင့်ပစ်မှာ။စာထဲ ဘာရေးထားလည်း ဆိုတော့ –   “ဤစာရပြီး […]


CourageAugust 13, 20181min42349
ပေါက်ပန်းလေးဆယ် စကားဝိုင်း           ‘ဒီလိုရှိတယ် မောင်ကာကြီးရ’ တူးဝေးကိုယ်တော်တစ်ယောက် ဒီလိုစကားစလိုက်ပြီးဆို ဆက်လာမယ်စကားက အကောင်းအကန်းတော့မဟုတ်။ ပေါက်ပန်းလေးဆယ်တွေဖြစ်မယ်ဆိုတာ မောင်ကာကြီးက ခန့်မှန်းပြီးသားပါ။ ‘ဒီခေတ်ကြီးမှာ မိန်းမတွေက ပိုက်ဆံမရှိတာ မအောင်မြင်တာပဲကောင်းတယ်ကွ’ အလို ဒီဘဲကြီးထူးထူးဆန်းဆန်းစကားတွေဆိုလို့ပါလား။ ‘ကိုယ်တော့စကားကြီးကလဲမဟုတ်သေးပါဘူးဗျာ။ ဘယ်နှယ့် လူပဲဗျာ… ပိုက်ဆံရှိချင် အောင်မြင်ချင်တာပဲလေ။ ဒီလို ဆန္ဒတွေပြည့်သွားမကောင်းဘူးလား’ ‘နိုးနိုး… မကောင်းဘူး။ ပုဂ္ဂိလိက ဆန္ဒအရတော့ ကောင်းချင်ကောင်းပေမယ့် တို့တိုင်းပြည်တို့ဘာသာတို့ယဉ်ကျေးမှုအတွက်တော့ လုံးလုံးကိုမကောင်းဘူး။ ဘာကြောင့်ဆို မိန်းမတွေက ပိုက်ဆံရှိလာ အောင်မြင်လာရင် ပေါ်ပေါ်လှော်လှော်တွေအပြိုင်ဝတ် အရှက်တွေအပြိုင်ကင်း ဟိုဟိုဒီဒီလမ်းသလားနံ့ကျောစွဲပြီး ယဉ်ကျေးမှု၊ဘာသာရေး စံနှုန်းတွေနဲ့ဝေးဝေးလာကျရော’ သူ့စကားတွေက တော်တော်တော့ တော်တော်ဖြစ်နေပြီး။ ‘ဒီလိုကွာ။ မင်းပဲသေချာစဉ်းစားကြည့်။ မင်းပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့လူနဲ့ပိုက်ဆံမရှိတဲ့သူ ဘယ်သူကပိုပြီး ရင်ပေါ်တွေတင်မလုံတွေအဝတ်များလဲ’ ‘အင်း… ပိုက်ဆံရှိတဲ့လူတွေပိုများမယ်ထင်တယ်’ ‘အေး… ပြီးတော့ အောင်မြင်တဲ့သူနဲ့ […]


ko sixAugust 12, 20181min20748
••••••••••••••••••••••••••••••••• အကုသိုလ်ကို စိတ်သွားတိုင်းကိုယ်ပါ ကျင့်သားရနေတဲ့လူက စည်းဝိုင်းထဲကနေ စိန်ခေါ်တယ် ငါက တစ်ခွန်းတည်းနဲ့ ကိုယ့်တိုင်ကို တည့်မတ်လိုက်တယ် ရန်သူစစ်စစ်မဟုတ်ပါဘဲ ထိုးကြိတ်ရတဲ့ အားကစားကို အမုန်းဆုံးလို့။ ဒါကပဲ လူရွံစရာ အထာဖြစ်သွားသလား ဒါကပဲ ခပ်နိမ့်နိမ့်စီးနေတဲ့ မုန်လာခင်းတဲ့လား။ ဒါကပဲ ဝမရှိဘဲ ဝီခေါ်အောင်မောင်းနေတဲ့ လေတဲ့လား။ ဒါကပဲ အပျင်းပြေချနင်းခံနေရတဲ့ တောသား စာလုံးဖြစ်သွာရောလား။ ဒါကပဲ တန်းဆင်းဇုံက ကျောနံပါတ် ၁ဝ တဲ့လား။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီအတွက်နဲ့တော့ ခင်ဗျားအညံ့တွေ လာမရောပါနဲ့။ ခင်ဗျားရှူနေတဲ့ တစ်မူးဖိုးမှာ ကပ်ကိုဘိန်းလိုပဲ ပွဲထွက်လာစေဦးတော့ ဒီအနွတ္တညာမျိုးက မိန်းမလျာလက်ကိုင်တုတ်လို မေးငှေါ့တတ်ရုံလောက်ပဲ ထိုးချက်ပြင်းတာပါ ဥက္ကာမင်းမောင်ရယ်။ ကိုစစ်(Phys) 12.8.2018 Sun, 11 h 22 m


KyaemonAugust 12, 2018108min7781
၊အကျိုးအမြတ်ခွဲတမ်း ၊မြန်မာရတာအလွန်နဲပြီး၊စီပီအိုင်အဖွဲ့ကအကျိုးအမြတ်ယူတာများလွန်းကြောင်းဖေ့ဘုက်မှာ အချို့ကမဟုတ်မဟပ်ရေးလာပြန်တယ်၊မသိလို့လဲဖြစ်နိုင်တယ်၊ ၊များများပြော၊ထပ်ခါတလဲလဲပြောရင်ယုံလွယ်သူတွေကယုံသွားမယ်ဆိုပြီး   ၊တမင်အမှောင့်လုပ်တာလဲ၊ဖြစ်နိုင်တယ် ၊လူတွေမခံမရပ်နိုင်အောင်ဖွနေတာလဲဖြစ်နိုင်တယ်၊ စီပီအိုင်ကတချိုး(အငယ်ပိုင်း)၊မြန်မာက၉ချိုးလောက်(အကြီးပိုင်း) ရမဲ့အကြောင်းကို ၊ဆောင်းပါး #၇ရ ၊အလယ်ပိုင်းမှာရှင်းလင်းပြီးပါပြီ၊   ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – LXXVII ====== ၊ဖေ့ဘုက်ကမှတ်ချက်တွေ၊ ——-  အကျိုးခံစားပြည်သူခံစားရမှာမဟုတ်ဘူး သူများနိုင်ငံခံစားရမှာ လာအိုလို ရေကာတာ ပျက်စီး ရေလျံလာမှ ပြည်သူကပိုဒုခရောက်နေမယ် ၊ဖြေ၊ထင်ကြေးနဲ့စိုးရိမ်မှုတွေပါ ၊မြန်မာက၉၀%နီးပါးနဲ့အများဆုံးခံစားရမှာပါ ၊လုံးဝမခံစားရပါဘူးဆိုတာ က ၊ကလေးတွေကိုဗြောင်ညာသလိုပါ၊ ၊ယုံလွယ်သူတွေကိုမခံမရပ်ဖြစ်အောင်ဖွနေတာပါ၊ ၊လိမ်ညာပြီးတော့ဆွပေးဘေတီးပေးနေတာပါ၊ ဒိအပြင်၊ ၁၊လာအိုလိုရေလျံတာတို့၊ ၂၊ရစ်တာ၉အဆင့်ထိ၊ပြင်းထန်လွန်းတဲ့ငလျင်တို့ —-  ၊ကိုပါ၊ကျော်လွှားနိင်၊ခံနိုင်အောင်၊ဆောက်လုပ်ရေး အင်္ဂျင်နီယားအတတ်ပညာနဲ့အညီ၊ရေးဆွဲစီမံထားတယ်။ ၊ဆွစ်ဇာလန်Swiss နဲ့ဂျပန်၊ရေကာတာကျွမ်းကျင်သူအဖွဲ့တွေနဲ့လဲ  အကြိမ်ကြိမ်ထပ်ဆင့်စီစစ်နိုင်အောင်မြန်မာအစိုးရကစီမံခဲ့တယ်၊ ၊စီပီအိုင်အပေါင်းပါအဖွဲ့တွေကကမ႓ာမှာအကြီးဆုံး 3 Gorges Dam၊ရေကာတာနဲ့မလေးရှားကအကြီးဆုံးBakun ၊ရေကာတာတွေအပြင်တရုပ်နိုင်ငံကရေကာတာ၂၀ဝကိုအောင်အောင်မြင်မြင်ဆောက်နိုင်ခဲ့တယ်၊ — ၊ကမ႓ာ့ရေကာတာကြီးများအသင်းကြီးICOLD […]


ko sixAugust 11, 20181min16157
တန်းဖိုးထားမှုတွေက အပွင့်လား အသီးလား အရွက်လား အပင်လား ဘယ်ဟာကို ပစ်မှတ်ထိနေလဲမသိရ။ ဆာလာအိတ်တစ်လုံးထဲမှာတော့ သူ့အိပ်မက်တွေကို ဖူးကားနေအောင်ထည့်သို့လို့ တောအုပ်ထဲကို လျှောက်သွားတယ်။ သင်ခန်းစာအနေနဲ့ ဝေးဝေးလံလံမှာ ထောက်ချောက်ရှိမရှိ မတွေးနဲ့။ နီးနီးကပ်ကပ်က ကျည်ဆံမှာသာ ခင်ဗျားဘဝကို သတင်းထောက်နေတာ။ ယုံချင်ယုံ မယုံချင်နေ ဖောက်မှစားလို့ရတဲ့ ကံကို ခုပဲ ထသွားပြီး နားရွက်ကို တံတွေးစွတ်လိုက်တော့ အချိန်က ခါးစောင်းမှာ ရေတံခွန်လို ချိတ်နေပီ ကိုယ့်လူ။ ကိုစစ် (Phys)


Mon LayAugust 6, 20187min4932
ဒီတစ်ပတ် ညဘက်Chill ချင်နေတာ ဘယ်ဒိုးရင်ကောင်းမလဲစဉ်းစားလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် The Bar Burdubai ကညီမလေးတစ်ယောက်က လာစားပါဖိတ်ပါတယ်လှမ်းဖိတ်တာနဲ့ အရင်ထဲက ကိုယ်လည်းသွားချင်နေတာနဲ့အတော်ပဲဆိုတော့.ဒီတစ်ပတ်တော့ သွားမယ်ကွာဆိုပြီး ရောက်သွားခဲ့ပါတယ်။ #တည်နေရာ 🏘 နေရာလေးက UFL ဘက်ကလာရင် အင်းလျားလမ်းရောက်ရင် ညာဘက်ကွေ့ပြီး ခေမရ်ဆိုင်မရောက်ခင်ဘေးက လမ်းထဲဝင်ပါ။ ညာဘက်ခြမ်းမှ MoMoKo ဆိုတဲ့ ဆိုင်လေးတွေ့ရင် Heineken ဆိုဒ်ဘုတ်ဘေးကလမ်းလေးထဲဝင်ပါ။ လျှောက်လမ်းလေးအတိုင်းလျှောက်လာရင် အနောက်ဘက်နားလောက်မှာ The Bar BurDubai ကိုတွေ့ပါလိမ့်မယ်။ #အပြင်အဆင် 👍🏻👍🏻🌟🌟 ဝင်ဝင်ခြင်း ညာဘက်မှာ gardenလေးရှိတယ်။အေးအေးဆေးဆေး ခြံထဲထိုင်ချင်ရင်တော့ အဲ့မှာထိုင်လို့ရပါတယ်။ နေပူ၊မိုးရွာမှာ မစိုးရိမ်နဲ့နော်၊ အမိုးလေးနဲ့အေးဆေး Ro လို့ရတယ်။ 🌿☘️🌱 ဒါမှမဟုတ် စားရင်းသောက်ရင်း Djနဲ့ မြူးချင်လား၊ ဒူဘိုင်းရောက်သွားသလိုခံစားချင်ရင်တော့ စားသောက်ခန်းထဲမှာထိုင်ပါ။ 🎼🎼မွန်လေးက […]


  ကိုယ်က အတင်းတုပ်တဲ့ လူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူစုံတုန်း ဇာတ်လမ်းလေး တစ်ပုဒ် လောက်  ပြောပြချင်သေးတယ်။ နည်းနည်းတော့ ကြမ်းမယ်။ အညစ်အပတ်ကလေးလည်း ပါမယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေကို အားပေးအားမြှောက်နဲ့ ဆွဲဆောင်တဲ့ ဇာတ်လမ်းမျိုးရယ်တော့ မဟုတ်ဘူး။ လူ့သဘာဝ အောင့်အီးမရတဲ့ ဆန္ဒပုန်းတွေကို မထော်မနန်း ဖော်ထုတ်မိလို့ ကို့ရို့ကားယားနဲ့ ထောင်နန်းစံရလုနီးသွားတဲ့ တရုတ်ဆယ့်တစ်ယောက် အကြောင်းလေး ပြောပြချင်တာ။   ကိုင်း..အဲဒီတော့ ပြောမယ်၊ တစ်ခါတုန်းက ချီကာဂိုမှာ တရုတ်ဆယ့်တစ်ယောက် ရှိသတဲ့..။   အဲ…အဲဒီလို မစ ချင်ဘူး။ ဒီလို ပြောင်းပြီး အစချီမယ်။ ကိုယ့်သူငယ်ချင်း ဖရဇ် လန်းဂ် ဆိုတာ ချီကာဂိုမှာ နေတယ်။ သူက အဝတ်လျှော်တဲ့ လုပ်ငန်းတစ်ခု ပိုင်တာ။ […]


ko sixAugust 4, 20181min230411
================ လျှာသာ ချွေးဒီးဒီးကျလာမယ် က နိုင်သလောက် ချိုမှိုင်မှိုင်ကို ရမ်းခါနေတုန်း ချ နိုင်သလောက် ဘမျိုးဘိုးတူကို ခင်းကျင်းနေတုန်း ရွ နိုင်သလောက် မိမွေးတိုင်းဖမွေးတိုင်း လမ်းသလားနေတုန်း ဖွ နိုင်သလောက် အရပ်တကာ လောကနတ်စိမ်း ဝင်နေတုန်း သ နိုင်သလောက် ခွက်ပေါက်ကို ဖာထေးနေတုန်း မ,နိုင်သလောက် အတ္တဟိတကို အစောတလျင် ပွေ့တင်နေတုန်း ဝ နိုင်သလောက် ဆယ်သက်စာ ထည့်သိုနေတုန်း ရ နိုင်သလောက် လက်တန်ကို ဆန့်ထုတ်နေတုန်း ထ နိုင်သလောက် မီးတောက်ကို လေပင့်နေတုန်း တကယ်ပါ ပြောနေရတာပဲ အဖတ်တင်တယ် အ, နိုင်သလောက် ကိုယ့်ဂိုးကို ကန်သွင်းနေတာကိုတော့ သူ့ကိုသူ လုံးလုံးမသိရှာဘူး။ ကိုစစ် ( ရူပဗေဒ ) 4,8,2018


kaiJuly 31, 20181min3712
  မိမိတို့၏ သွားများကိုဂရုမစိုက်ဘဲ သွားကျန်းမာရေးကိုလျစ်လျှူရှုထားပါက တနေ့တွင် သွားနှင့်ပါတ်သက်၍ ဝေဒနာမုချခံစားနိုင်ပါသည်။ အထူးသဖြင့် အစပိုင်းတွင် သွားပိုးပေါက်သေးသေးမှ ကြီးကြီးသို့ပြောင်းသွားကာ သွားကိုက် သွားနာဖြစ်စေနိုင်ပါသည်။ အချို့လူများတွင် ကွမ်းစားပြီး သွားရောဂါဘာမှမဖြစ်ဟုဆိုကာ အသက်လေးဆယ် ကျော်လာလျှင် သွားများယိုင်နဲ့လာ၍ သွားများတချောင်းပြီး တချောင်း ဆုံးရှုံးနိုင်ပါသည်။ သွားကိုက်သွားနာဖြစ်ပြီဆိုလျှင် သွားပိုးပေါက်တွင်းသို့ ဆေးမျိုးစုံထည့်တတ်ကြပါသည်။ လေးညှင်းပွင့်၊ ဆော်ဒါမှုန့်၊ အရက်၊ အက်စပရင်မှုန့်၊ ပါရာစီတမောမှုန့်၊ ငရုတ်ကောင်းမှုန့် စသည်ဖြင့် ဆေးနည်းတိုများ ထည့်တတ်ကြပါသည်။ သွားနာပြီး မျက်နှာရောင်လာလျှင် မောရိယမန်းဆေးနှင့် အခြားမြန်မာမန်းဆေး ငန်းဆေးများအပြင်မှာ လိမ်းကြပါသည်။ မည်သည့်ဆေးများသုံးသုံး ရောဂါကိုသေချာစွာ စစ်ဆေးကုသမှုမရှိဘဲ မည်သည့်ရောဂါမှ မပျောက်ဆုံးနိုင်ပါ။ ခဏတာ ဝေဒနာသက်သာနိုင်သော်လည်း အမြဲမပျောက်ပါ။ သွားပိုးပေါက်ဖြစ်ရသည့်အကြောင်းရင်းကို ရှင်းပါမည်။ ကျွန်ုပ်တို့၏သွားတွင် အပြင်လွှာကိုကြွေသွားလွှာ (Enamel) ကိုခေါ်ပါသည်။ အလယ်လွှာကို […]


kaiJuly 31, 20183min2052
Simple sentence လေးတွေကို adjective လေးတွေ adverb လေးတွေနဲ့ ဝေဝေဆာဆာ တန်ဆာဆင်ပြီး လှပခန့်ညားသွားအောင် ရေးလို့ရကြောင်း အရင်လက ဖေါ်ပြခဲ့ပါတယ်။ ယခုဆက်လက်ပြီး simple sentence လေးတွေကို prepositional phrase လေးတွေနဲ့ လှပအောင် တန်ဆာဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ အဓိကအားဖြင့် prepositional phrase နှစ်မျိုးနှစ်စား ရှိပါတယ်။ အချိန်ကိုပြတဲ့ phrase နဲ့နေရာကိုပြ တဲ့ phrase ရယ်လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ နှစ်မျိုးစလုံးကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်သူအတွက် simple sentence လေးတွေကို လှပခန့်ညားအောင် ရေးဖိုက မခက်လှပါ။ ဥပမာ- The clever boy is having lunch with his cute […]


kaiJuly 29, 20181min1912
ယခုနှစ်၏ ဩဂုတ်လ ၈ရက်နေ့တွင် ၈လေးလုံးအရေးတော်ပုံ နှစ်၃ဝပြည့်သည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏အစိုးရလည်းသက်တမ်းပြည့်၅နှစ်၏ တဝက်ရပြီဖြစ်ပါသည်။ တိုင်းပြည်အနှံ့ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ထုလိုက်စိုက်ထားခြင်းကိစ္စနှင့် ဒေသခံတိုင်းရင်းသားတို့အသံများထွက်လာသည်နှင့်အမျှ ပြီးစီးသွားသော ၂၁ရာစုပင်လုံညီလာခံတွင်လည်း ဖယ်ဒရယ်၊ခွဲထွက်အသံများကြားလာနေရသည်။ အထူးသဖြင့် မြန်မာတိုင်းရင်းသားစုံ ပြောင်းခိုအခြေချနေကြသော အမေရိကားပြည်တွင်မှု လွတ်လပ်သောနိုင်ငံနှင့် လွတ်လပ်သောလူမျိုးများအထိပင် မြန်မာတိုင်းရင်းသားတို့ ထလုပ်နေကြသည်။ ဟိုမှာဖက်ပြည်တွင်းမှသည်းမခံနိုင်သည်များ ပေါက်ထွက်ကုန်သည်ဆိုပါစို့။ သို့နှင့် သမိုင်းပြန်လှန်ပါသည်။ ၂၁ရာစုအမြင်ဖြင့် ယခုလှန်ချလိုက်သောသမိုင်းသည် ပုံမှန်အမြင်အတွေးအခေါ်တို့မှ ကွဲမည်ဖြစ်ပါသည်။ Think Different ဟုသာယူကြစေလို.. မြန်မာ/ဗမာ ၁၈၂၆ခုနှစ်ထုတ် ဆရာယုဒသန်၏ “A DICTIONARY OF THE BURMAN LANGUAGE” စာမျက်နှာ ၂၈ရတွင် “မြန်မာ”ကို အောက်ပါအတိုင်းရေးထားသည်။ {{ မြန်မာ, (commonly written မြမ္မာ, and pron. ဗျမ္မာ, ) adj, of, […]


ko sixJuly 27, 20181min3893
အသည်းကွဲဖို့ မေ့ခဲ့တဲ့ ကျွန်တော် ======================(Short story) လောကကြီးသည် ဆန့်ကျင်ဘက်အရာများဖြင့် အလွန်တရာ ဆန်းကြယ်လှသည်။ ထို့ထက် ဆန့်ကျင်ဘက် အရာနှစ်ခုကြား ဖြစ်တည်လာတတ်သော အချစ်သည်က ပို၍ပင် ဆန်းကြယ်နက်ရှိုင်းလွန်းလှသည်။ ……………………… အလွန်အမင်း မုန်းတီးနေခဲ့ဖူးသော မိန်းမတစ်ယောက်တွင် တန်းဖိုးထားလေးစားစရာ အလွန်ကောင်းသည့် ချစ်ခြင်းမေတ္တာတရားကို တွေ့လိုက်ရချိန်တွင် အထင်နှင့်အမြင်တို့သည် အလင်းနှင့်အမှောင် တို့လို သေသပ်စွာ ကွဲလွဲခဲ့ကြပြီ။ သူသည်……… ထိုကောင်မလေးသည်……… ကျွန်တော် အတိတ်က ထင်ခဲ့သလိုမျိုး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော မိန်းမတစ်ယောက် မဟုတ်ပါဘဲ ရိုးတံမြင့်မြင့်နှင့် ပွင့်လန်းနေချင်သည့် နှင်းဆီဖြူ တစ်ပွင့်သာဖြစ်ကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော် နားလည်လိုက်သည့် အချိန်တွင် ပန်းဝင်ကြိုးသည် တစ်စုံတစ်ရာကြောင့် လှုပ်ခါနေသည်ကိုပါ သိလိုက်ရပါသည်။ အစနှစ်ဖက်ကို တင်းနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းတွင် […]