kaiJune 29, 20182min1581
ယခုလမှာ Grammar ကို လက်တွ့အသုံးချပြီး ဝါကျလေးတွေရေးတတ်လာေအောင်လေ့လာကြပါစို့။ ယခင်လက အင်္ဂလိပ်စာ ကောင်းကောင်းရေးတတ်လိုလျှင် ဝါကျ ၄မျိုးရေးတတ်ဖို့လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ပါပြီ။ Simple sentences Compound sentences Complex sentences Compound complex sentences ဖော်ပြပါဝါကျ ၄ခုအနက် အလွယ်ဆုံးလို့ ကျောင်းသူကျောင်းသားအများစု ထင်တတ်တဲ့ Simple sentences ကို အဓိကထားပြီးလေ့လာကြရအောင်၊အရင်လက ပြောခဲ့သလိုပါပဲ Simple sentences ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ဝါကျတွေကို ဆိုလိုပါတယ်။ ဦးစွာပထမလွယ်ကူတဲ့ ဝါကျလေးတွေကိုကြည့်ကြရအောင်။ ဖော်ပြပါ structure ကို အရင် လေ့လာဖို့လိုပါတယ်။ Subject + verb +/- object Subject +subject + verb […]


kaiJune 28, 20181min1781
“တရားဝင်သင့်/မဝင်သင့်..” မြန်မာပြည် ဇွန် ၂ဝရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ၊ မူးယစ်)၏ဆေးခြောက်နှင့်စိတ်ကျန်းမာရေး ဆောင်းပါးဖေါ်ပြကာ ဆေးခြောက်တရားဝင်သုံးစွဲမှု တောင်းဆိုခြင်း ကိစ္စမေးလာပါက “ဆရာကတော့ နိုး (No) ပါပဲ”ဟု ပုဂ္ဂလိကထင်မြင် ယူဆချက်ပေးခဲ့သည်။ ဆရာဝန်/တာဝန်ရှိခဲ့သူဖြစ်၍ သူသိသောသူ့အလုပ်သူလုပ်သည်ဆိုရမည်ဖြစ်သော်ငြား အဆိုပါအချက်တို့ကို ယခုခေတ်ကမ္ဘာနှင့်ချိန်ဆကြည့်နိုင်ရန် မြန်မာဥပဒေပြုအမတ်တို့တွင်တာဝန်ရှိလာပါသည်။ သို့ဆိုသော် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တို့၏ အသိဉာဏ်ရေးရာကြွယ်ဝမှုနှင့် နိုင်ငံရေးပါးဝမှုတို့သည် တိုင်းပြည်အနာဂတ်အတွက်လွန်စွာအရေးကြီးသောအခြေအနေရောက်နေသည်။ “Cannabis, Coca, Poppy & Methamphetamine” ဆေးခြောက်၊ ဟိုးယခင် ကိုကာကိုလာအဖျော်ရည်ပေါ်စဉ်က တွင်ထည့်ခဲ့သုံးခဲ့သည်ဆိုသော ကိုကာရွက်(ကိုကင်းထုတ်ရာအရွက်) နှင့် မြန်မာတို့၏ ရွှေတြိဂံနယ်မြေမှ ကမ္ဘာ့တန်းအထုတ်ဆုံးဖြစ်ခဲ့ဖူးသည့် ဘိန်း တို့သည် သဘာဝအပင်ထွက်များဖြစ်ကြ၍ ယာဘ-မြင်းဆေးမှာမူ ဓာတုဆေးဝါးဖြစ်သည်။ အဝတ်လျှော်စက်တလုံးစာမျှသာအရွယ်ရှိသော စက်များဖြင့် မြန်မာနယ်စပ်ရွာများတွင် Meth မူးယစ်အဆိပ်ဆေးဝါးများထုတ်ကြသည်မှာ မြန်မာသည်ကမ္ဘာ့အထုတ်ဆုံးတိုင်းပြည်သွားဖြစ်နေ၏။ သဘာဝပေးမဟုတ်မူ၍ပြင်းထန်သောသက်ရောက်မှုရှိကာ သုံးသူတို့မျိုးကန်းနိုင်သည်။ […]


Kyi LwinJune 20, 20181min5187
မင်္ဂလာပါ မြန်ဂေဇက်ရွာ လွမ်းလွန်းလွန်းလို့လာ မရောက်တာကြာ ကျန်းခန့်သာလို့ မာကြရဲ့လားဗျာ။   မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။


ကေကျုတို့ ရှစ်လေးလုံးပါတီကို ရွေးကော်က ကန့်ကွက်သူရှိလို့ နံမယ်ပြောင်းခိုင်းလိုက်တယ်။ မူလတင်တဲ့နံမယ်က ရှစ်လေးလုံးပါတီ နောက်တော့ ရှစ်လေးလုံးနံမယ်ကို တပါတီတစုတဖွဲ့အတွက် မသုံးရလို့ ပြည်တွင်းပြည်ပကနေ ကန့်ကွက်လို့ ရွေးကော်က ခေါ်တွေ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ အမည်ပြောင်းလိုက်ရတယ်။ ယနေ့ဆိုလျင် ပါတီတည်ထောင်ခွင့် တင်ထားတာ ခြောက်လပြည့်တော့မည်။ ပြစ်ချက်မရှိတဲ့ နိုင်ငံရေးပါတီလောင်းတခုကို ဟန့်တားပိတ်ပင်တာ ဥပဒေနဲ့ မညီပါ။ ကန့်ကွက်သူ နှစ်ရာကျော်ကြောင်း သတင်းများအရ သိရတယ်။ ကန့်ကွက်သူရှိတိုင်း လုပ်ကြေးဆို ရွေးကော်လူဂျီးများ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုလိမ့်မယ်။ တုန်ချိတုန်ချိ ငှက်အဆိုးရ လက်ထက်မှာ သိပ်မမျှှော်လင့် စကောင်းပေမဲ့ ဒီလောက်ထိတော့ မျက်နှာလွဲခဲပစ် မလုပ်သင့်ဘူး။ ကိုယ်နိုင်တုံး ဖိထောင်းရင် ကိုယ်ခံရတဲ့ အလှည့်ရောက်တဲ့အခါ အကျနာလိမ့်မယ်။ ဖဆပလ လက်ထက်မှာ ဦးနုအစိုးရ လူအများစု ထောက်ခံတယ်ဆိုပြီး အတိုက်အခံကို […]


“မင်းတိုင်းကျေ “ ကျနော်အလုပ်အတွက် ဘဏ်အတော်များများသို့ မကြာခဏ ရောက်လေသည်။ တံခါးဝတွင်တန်းစီရပ်နေသော ဝန်ထမ်းများထံမှ “ကျေးဇူးတင်ပါတယ်”ဆိုသောအသံကို ဘဏ်အဝင်တွင်ဖြစ်စေ အထွက်တွင်ဖြစ်စေ ကြားရမြဲဖြစ်လေသည်။ သို့သော်ကျနော်ရင်ထဲစိတ်ထဲတွင်မည့်သို့မျှ မခံစားရ။ ညွှတ်နူးသောစိတ်သည် ရောက်မလာခဲ့။ ကျနော်စိတ်ထဲတွင်ရောက်လာသောစကားလုံးသည်ကား ငယ်စဉ်ကတည်းက ကြားနေကျဖြစ်သော “မင်းတိုင်းကျေ “ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျနော်ငယ်ငယ်က အဆော့မက်ပါသည်။ အဖွားက လက်တိုလက်တောင်းခိုင်းစရာရှိလျှင် ကျနော်ကိုဘဲခေါ်ပါသည်။ သူခိုင်းလိုက်သည်ကိုအမြန်ပြီးအောင်လုပ် ပေးပြီးသူငယ်ချင်းများနှင့်ပြန်ကစားဘို့သာစိတ်ရှိပါသည်။ ဥပမာ အဖွားက တရုတ်ပဲငံပြာရည်ဝယ်ခိုင်းသည်ဆိုပါစို့။ အဖွားကြိုက်သော ပဲငံပြာရည်မှာ ၃၄လမ်း မှာရှိသော အရှုပ် တို့ စက်ရုံမှဖြစ်ပါသည်။ ကြာညို့ဆိုလျှင်လည်းထို့အတူ။ အရှုပ်တို့ စက်မှထွက်သော ပစ္စည်းက လေးလေးပင်ပင်ရှိသည် သုံးရသည်မှာ တာသွားသည် ဟုဆိုလေသည်။ ကျနော့်အမြင်ကား ဒီပဲမှနေ၍ ဒီလိုနည်းဖြင့်ချက်သော ပဲငံပြာရည်ဖြစ်စေ ကြာညို့ဖြစ်စေ အတူတူ ပင်။ ထို့ကြောင့် […]


“မနိုင်သော ပဲကြီးဟင်းများ “ ဒီနေ့မနက် မူဆယ်ကနေ ကျယ်ခေါင်ဘက်ကို ဝင်ဘို့ ဆင်ဖြူပေါက်ရောက်တော့ ဆိုင်ကယ်တန်းက ရှည်လျားစွာရှိနေလေသည်။ လင်းရောင်ခြည်လမ်းဟုခေါ်တွင်သောလမ်းလေးခွဆုံကိုကျော်ပြီးအတော်ဝေးဝေးအထိရောက်နေပေသည်။ ဆိုင်ကယ်များက ရုပ်ရှင်အနှေးပြကွက်လို တအိအိသာရှေ့သို့ ချီတက်နေ၏။ ဒီအထဲမှာမှ တန်းစီနေသူတို့သည်နောက်မှရောက်လာသောမိတ်ဆွေတို့ကိုအားရပါးရ လှမ်းခေါ်ပြီးဝင်စေလေသောအခါ တန်းစီနေသောဆိုင်ကယ်များသည် အမိူက်များဖြင့်ပြည့်နေသောရေမြောင်းလို တအိအိနှင့်သာမရွေ့ချင်ရွေ့ချင် ရွေ့နေလေတော့သည်။ သည်းခံခြင်းတရားဖြင့်ပြည့်စုံပြီးအလွန်တစ်ရာကူညီတတ်သူများကြောင့်လည်း နောက်မှရောက်လာပြီးကြားဖြတ်ဝင်သူများမှာအခက်အခဲမရှိ အချိန်မကုန် လူမပန်းဘဲ အလွယ်တကူ ရှေ့သို့ရောက်တော်မူလေ၏။ စည်းကမ်းမဖောက်ဘဲ စံနစ်တကျတန်းစီနေကြသော နိုင်ငံကြီးသားပီသသော သူတို့ မှာမူ ရှေ့သို့အတော်နှင့်မရောက်ဘဲရှိနေလေသည်။ ဆိုင်ကယ်တန်းစီနေသောသူသာများသည်မထင်ပါနှင့်။ လမ်းလျောက်ပြီးဝင်ကြမည့်သူများမှာလည်း နှစ်တန်း တန်းလျှက် လူရာချီ၍ တန်းစီနေကြလေသည်။ အများအပြောအရ တစ်ခါဝင်လျှင် တစ်နာရီကျော် နှစ်နာရီနီးပါး တန်းစီရသည်ဟု ဆိုကြလေသည်။ အလိုအလျောက်ဝင်ခွင့်ကဒ်ပြားကို လက်ဝယ်ရှိထားသူများကတော့ တန်းစီစရာမလိုဘဲတန်းဝင်နိုင်သော်လည်း စာအုပ်အနီနှင့် တစ်ခါသုံးကဒ်အစိမ်းကိုင်ဆောင်ထားသူများကတော့တမေ့တမော မတ်တပ်ရပ်ကာ မိုးရွာအစို နေပူအခြောက် စောင့်ကြရလေသည်။ […]


KyaemonJune 11, 201859min11313
    ၊ရှေ့ဆောင်းပါး#၇၆မှအဆက် ၊တရုပ်နိုင်ငံကဘာကောင်းကျိုးတခုမှလုပ်မပေးဘူးလို့ဖေ့ဘုက်မှာရေးကြတယ်၊ ၊ဒါတွေကိုယုံပြီးဆက်အာနေကြတယ်၊ ၊အခြားနိုင်ငံတွေကမြန်မာနိုင်ငံကိုအနဲနဲ့အများကောင်းကျိုးပေးသလို၊ ၊တရုပ်နိုင်ငံကလဲကောင်းကျိုးပေးပါတယ်၊ ၊ရှေ့ဆောင်းပါးနဲ့ဒီဆောင်းပါးတွေကိုသေသေချာချာလေ့လာပါ၊၊ အခြားနိုင်ငံတွေထက်တောင်၊တရုပ်နိုင်ငံကမြန်မာနိုင်ငံကိုကောင်းကျိုး ၊ပေးနေတာကမငြင်းသာပါ၊လယ်ပေါ်မှာဆင်သွားသလိုထင်ရှားလှပါပေတယ်၊ (တာဝန်မကျေပြည်သူတွေကိုကွက်ကွက်ပြီးတင်၊ကလာဖန်ထိုးကြတဲ့သတင်း သမားတွေ၊အပြင်ပယောဂတွေ၊ရှိတယ်နော်၊တရုပ်နိုင်ငံကကောင်းကျိုးပြုသတင်းတွေကိုတွေ့ခဲတယ်၊ ၊မကြိုက်ရင်၊တကြောင်းနှစ်ကြောင်း၊ဂျောင်ပို့၊တင်ရင်တခဏ၊အင်္ဂလိပ်ပိုင်းဘဲပို့၊နဲ့ကစားလို့ရတယ်)  =====    (၊ကြားဖြတ်ပြီး၊ ၊မြစ်ဆုံရေကာတာလုပ်ရင်အကျိုးရှိမရှိကိုဘဲအာရုံပြုပြီးဆွေးနွေးဖို့ပါ၊ ၊တရုပ်နိုင်ငံကကောင်းကျိုးဘာတခုမှမလုပ်ဘူးဆိုပြီး၊မဆီမဆိုင် ၊(၊ဆိုင်သလိုလိုနဲ့)၊ရှုပ်အောင်ဆွဲထဲ့လာတယ်၊ (၊ဒီလိုပြောစတမ်းဆိုရင်၊တရုပ်နိုင်ငံကကောင်:ကျိုးပြုခဲ့တယ်ဆို ၊တာနဲ့ဘဲလုပ်ခွင့်ပေးမှာလား?၊တကဲ့တကယ်ကြတော့တရုပ်နိုင်ငံကကောင်းကျိုးပေးပါတယ်၊ ၊မြစ်ဆုံရေကာတာကလဲအကျိုးပေးမှာပါ၊ ၊အကျိုးအမြတ်ခွဲဝေမှုကလွန်စွာမှမျှတတာကိုဆောင်းပါး#၃၈မှာ ၊အသေးစိတ်ဖော်ပြခဲ့ပြီးသော်လည်း၊မဟုတ်တာတွေကိုဖေ့ဘုက်မှာထပ်ရေးတင် ၊လာလို့ဒီဆောင်းပါးရဲ့အလယ်ပိုင်းမှာထပ်ရှင်းထားပါတယ်)  —–   ၊မြန်မာနိုင်ငံအတွက်တရုပ်နိုင်ငံကကူညီမှုကောင်းကျိုးများဆက်ပြောမယ်   http://xinhuamyanmar.com/sino-myanmar/social/14269-2018-01-06-09-25-23 ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ သို့ အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ် ခြင်း အခမ်းအနား ကို […]


Mon LayJune 8, 20181min8015
မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေး မြို့ကို သွားလည်ရင်သမိုင်းအကြောင်းကို လေ့လာနိုင်တဲ့အပြင် မြန်မာနိ်င်ငံရဲ့အလှဆုံးနေရာတွေမှာ ဓာတ်ပုံရိုက်လို့လဲ ရပါတယ်။ဓာတ်ပုံရိုက်တာ ဝါဿနာပါတဲ့လူတွေအတွက် ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေကို ပြောပြမယ်နော်။ ဦးပိန်တံတား ဧည့်လမ်းညွှန်စာအုပ်တွေဓာတ်ပုံစာအုပ်တွေထဲကအလှဆုံးဓာတ်ပုံတွေကိုကြည့်ရင် ကမာ္ဘ့ဟောင်းဆုံးနဲ့အရှည်ဆုံးဖြစ်တဲ့ဦးပိန်တံတားမှာရိုက်ထားတာကိုတွေ့ရမှာပါ။ဦးပိန်တံတားနဲ့ရေကန်ဟာရေ အတက်ဆုံးဖြစ်တဲ့ဒီလိုအချိန်မှာအလှဆုံးပဲဖြစ်ပါတယ်။နေမဝင်ခင် ၂နာရီလောက်အလိုဟာတစ်နေ့လုံးမှာဓာတ်ပုံရိုက်လို့အလှဆုံးပဲဖြစ်ပါတယ်။ ရွှေကျောင်း မြန်မာ့ရိုးရာဗိသုကာလက်ရာနဲ့ဆောက်လုပ်ထားတဲ့ရွှေကျောင်းကတော့မူလတော်ဝင် နန်းတော်ရဲ့မူလအတိုင်းကျန်ခဲ့တဲ့တစ်ခုတည်း အဆောက်အဦးဖြစ်ပါတယ်။ရွှေကျောင်းကတော့နံရံနှင့်ခေါင်းမိုးမှာထွင်းထား တဲ့ဗုဒ္ဓပုံပြင်တွေကြောင့်ထင်ရှားပါတယ်။ ရွှေကျောင်းမှာဓာတ်ပုံလှလှလေးတွေထွက်အောင်ရိုက်ချင်တယ်ဆိုရင်တော့နေ့လည် ဘက်သွားတာအကောင်းဆုံးပါပဲ။ မန္တလေးတောင် မန္တလေးတောင်ကတော့မန္တလေးမြို့တစ်ခုလုံးကိုမြင်ရတဲ့နေရာပဲဖြစ်ပြီးဓာတ်ပုံဝါဿနာရှင်တွေ စိတ်ပျက်စေမှာမဟုတ်ပါဘူး။ မြစ်အကွေ့အကောက်တွေ၊ထိုးထွက်နေတဲ့စေတီတွေသာမက မန္တလေးမြို့မြင်ကွင်းကိုကအလွန်လှပပါတယ်။ ဒါပေမဲ့ဓာတ်ပုံလှလှရချင်တယ်ဆိုရင်တော့မနက်စောစောသွားရပါလိမ့်မယ်။ အင်းဝ ဒါဟာတော့မန္တလေးမြို့ထဲကနေရာတစ်နေရာမဟုတ်ပါဘူး။မန္တလေးမြို့ကနေတစ်ဆင့် သွားလို့ရတဲ့အင်းဝမြို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ အလျှောက်အင်းဝမှာဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ်။ ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့လူတွေအတွက်အင်းဝဟာမသွားမဖြစ်သွားသင့်တဲ့နေရာပဲဖြစ်ပါတယ်။ အပေါ်မှာပြောပြတဲ့နေရာတွေကမန္တလေးမြို့ကဓာတ်ပုံရိုက်လို့လှတဲ့နေရာအနည်း ငယ်ပဲရှိပါသေးတယ်။ကျန်တဲ့နေရာတွေလည်းရှိသေးတာမလို့မန္တလေးကိုသွားလည်ပြီးအလှဆုံးဓာတ်ပုံတွေရိုက်ခဲ့ပါလို့။  


aye.kkJune 8, 20181min3785
ဗေဒင်ဆို- အတော်များများကသိချင်ကြပါတယ်၊မေးကြပါတယ်။ မှန်တာတွေလည်းရှိတော့၊ ဗေဒင်မေးချင်သိချင်ကြတာဟာ၊ မဆန်းဘူးလို ့ကျွန်မမြင်ပါတယ်။ ဗေဒင်-မဟာဘုတ်ပညာနဲ ့ပတ်သက်လာပါက၊ မဟာဘုတ်ဗေဒင်ပညာရပ်ကိုလေ့လာထားဘူးလို ့ ပြောပြချင်တာလေးတွေ ၊ ကျွန်မမှာရှိနေပါတယ်။ ဗေဒင်-မဟာဘုတ်ပညာရပ်ကို၊ရိုးရှင်းလွယ်ကူစွာတွက်ချက်လို ့ရတဲ့အပြင် မှန်နေတာလည်းသိရလို့ပါ။ လူတစ်ယောက်ရဲ ့ဇာတာအရ။မွေးဖွားတဲ့သက္ကရာဇ်၊နေ ့နံသိပါလျင် ဗေဒင်မဟာဘုတ်-ပညာဖြင့်တွက်ချက်ကြည့်ပါက၊ တစ်ဦးနှင့်တစ်ဦး၊လက်ထပ်ယူသင့်,မယူသင့်၊ အိမ်ထောင်ရေးကံကောင်းမကောင်း,ချမ်းသာမယ်,မချမ်းသာဘူး ဆိုတာတွေ၊သိရပါတယ်။ ဗေဒင်မေးတာတွေနဲ ့ပတ်သက်ပြီးတော့၊ လူအများကတော့၊ကံကောင်းလို ့ဘဲဖြစ်ဖြစ်၊ ကံမကောင်းလို ့ဘဲဖြစ်ဖြစ်၊ သိချင်စိတ်နဲ ့ဗေဒင်မေးတာ,မြန်းတာတွေ ရှိနေပါတယ်။ ကျွန်မအနေနဲ ့ယခင်ကဗေဒင်-မဟာဘုတ်ပညာကို အပျာ်တမ်းလေ့လာခဲ့တာပါ။လေ့လာခဲ့မိလို ့လည်း၊ ဗေဒင်-မဟာဘုတ်ပညာဟာ- စိတ်ဝင်စားစရာကောင်းတဲ့ ပညာရပ်ဖြစ်နေတာ ကျွန်မသိခဲ့ရပါတယ်။ အထူးသဖြင့်၊ကျွန်မကိုဗေဒင်မေးကြတဲ့သူတွေ(ရင်းနှီးတဲ့မိတ်ဆွေ)ထဲမှာ အိမ်ထောင်ရေးကံကောင်းမှုရှိ,မရှိနဲ ့၊ဘယ်လိုလူမျိုးနဲ ့ဖူးစာဖက်-ရပါလျင် အဆင်ပြေမှုရှိမရှိဆိုတာနဲ ့ပတ်သက်ပြီးမေးကြတာတွေ ရှိပါတယ်။ ရှေးဟောင်းဗေဒင်ကျမ်းစာအုပ်အရ၊(မှတ်မိရသလောက်)နဲ ့၊ ဖူးစာအရေး(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ပြောပြ,ဟောပြပေးပါတယ်။ ကျွန်မလ့လာမှတ်သား၊သိရှိထားတဲ့အတိုင်း၊မေးလာသူတွေကို အိမ်ထောင်ရေးကံကောင်း,မကောင်းနှင့်၊ဖူးစာဖက်-ဖြစ်သင့်,မဖြစ်သင့်, ချမ်းသာမယ်,မချမ်းသာဘူးဆိုတာတွေ၊ နဲ ့ပတ်သက်ပြီး၊ဗေဒင်မေးသူတွေကို၊ ကျွန်မမှာအချိန်ပေးနေရလို ့၊ ကျွန်မအတွက်တော့အလုပ်ပိုပါတယ်။ (မေးလာသူကို၊မပြောပြရပါလျင်လည်း၊နေနိုင်တဲ့သူမဟုတ်လို ့ပါ)။ ဖူးစာအရေး(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ ကျွန်မကိုယ်တွေ ့မျက်မြင်လေ့လာထားမှု(ပြောပြ,ဟောပြမှု)များအရလည်း၊ ဗေဒင်-မဟာဘုတ်ပညာ၊မှန်ကန်မှုရှိနေတာ၊ကျွန်မကိုယ်တိုင်သိရှိခဲ့ပါတယ်။ ဒါကြောင့်လည်းမိမိတို ့ဇာတာများမှာ၊ဖူးစာအရေး(အိမ်ထောင်ရေး)နှင့်ပတ်သက်ပြီး ဖူးစာဖက်-အနေအားဖြင့်သင့်၏မသင့်၏,ကောင်း၏,မကောင်း၏၊ ဆိုတာတွေကိုသိရှိရလို ့၊မိမိတို ့ဇာတာ-မဟာဘုတ်မှာပါတဲ့အတိုင်း၊ ဖူးစာ(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ […]


kaiJune 6, 20181min108612
◆ New York မှာ ကျင်းပခဲ့တဲ့ မြန်မာအဖွဲ့အစည်းတွေပူးပေါင်းကျင်းပခဲ့တဲ့ NHFMM ရန်ပုံငွေပွဲ မျက်နှာဖုံးသတင်း။ ◆ Florida ပြည်နယ်။ Jacksonville က မြန်မာသင်္ကြန်မျက်နှာဖုံးသတင်း။ ◆ U.S. က အမေများနေ့အခမ်းအနားတွေ။ ◆ မောင်စွမ်းရည်ရဲ့ အမေ-အမေ-အမေ။ ◆ တေးသံရှင်အောင်ရင်နဲ့ အမေးအဖြေ။ ◆ တိမ်မည်းရဲ့ SCAMS နှင့်ကာကွယ်ရန်နည်းလမ်းများ။ ◆ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ခါးနာရောဂါများ။ ◆ ေ ဒါက်တာတင်လတ်ရဲ့ Sleep Apnea ဆောင်းပါး။ ◆ မောင်မိုးညိုရဲ့ အမေရိကန်ဗီဇာအမျိုးမျိုးကိုင်ဆောင်ထားသူများ သတင်းဆောင်းပါး။ ◆ လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျော်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ ဟင်းချက်နည်း။ အလှပန်း။ သုတ၊ ရသ […]


aye.kkJune 4, 20181min4507
မိုးရာသီမှာပွင့်တတ်တဲ့ပန်းတွေထဲမှာ- ကျွန်မနှစ်သက်သဘောကျမိတဲ့၊ပန်းတစ်မျိုးကတော့ ခြင်းလုံးပန်းပါဘဲ။ ခြင်းလုံးပန်းက၊မျိုးဥချထားတာရှိရင် မျိုးပွားလွယ်ပြီး၊မိုးလေးတစ်မ,နှစ်မ(တစ်ခါ,နှစ်ခါမျှ) လောက်ရွာလျင်ဖြင့်၊မျိုးဥတွေကရေဓတ်စုပ်ယူရရှိတာနဲ ့ပွင့်လာနိုင်တဲ့ပန်းမျိုးပါဘဲ။ မျိုးဥအဖိုပင်ဆိုရင် မပွင့်ပါဘူး၊ရိုးတံနဲ ့အရွက်ပဲထွက်ပါတယ်။ အမမျိုးဥအပင်ကသာ၊ အပွင့်ပွင့်ပါတယ်။ အရိုးညှာတံအရောင်က(အစိမ်းနုရောင်)ဖြစ်ပြီး၊အရိုးညှာတံအရှည်က အရှည်လက်တစ်တောင်ခန် ့မျှ၊အထိရှိတာတွေ ့ရပါတယ်။ အမမျိုးအပင်မှာသာ၊အရိုးညှာတံထိတ်မှာအပွင့်ပါရှိလာပြီး၊အဖိုမျိုးဥကတော့အပွင့်မပွင့်ပါဘူး။ အရိုးညှာတံနဲ ့အရွက်ပဲထွက်ပါတယ်။ အမမျိုးဥဆိုပါလျှင်၊မြေကြီးထဲကနေထိုးထွက်လာနိုင်တာနဲ ့အပွင့်ပါ၊ပါရှိလာပြီး တစ်ပါတည်းပွင့်ပါတယ်။ ခြင်းလုံးပန်းပွင့်အရွယ်အစားက၊ဘောလုံးပုံစံအရွယ်ဝိုင်းဝန်းနေပြီး၊ပွင့်ဖတ်လွှာတံ(ချွန်ချွန်မြမြ) မှာ၊အနီရောင်,ပန်းရင့်ရောင်၊အရောင်(၂)မျိုးတွေ ့ရှိရတတ်ပြီး၊ပွင့်ဖတ်လွှာ ချွန်ချွန်မြမြလေးတွေ(တုတ်ချောင်းလေးတွေလိုမျိုး)၊၊အများအပြားပါရှိပါတယ်။ ခြင်းလုံးပန်းရဲ ့၊ပွင့်ဖတ်လွှာတံ(တုတ်ချောင်း)ရဲ ့ထိတ်လေးတွေမှာပါရှိနေတဲ့ ဝတ်ဆံအမှုံက၊အဝါရောင်ပါ။ ပန်းရင့်ရောင်ပွင့်ဖတ်လွှာအတံနဲ ့ ဝတ်ဆံအဝါရောင်မို ့၊သိတ်ပြီး(ပနာတင့်)လှပမှုရှိတဲ့ပန်းလေးပါဘဲ။ တကယ်လည်း လှပါတယ်။ တစ်ခါပွင့်လျင်၊ ခြင်းလုံးပန်းအပွင့်က(အပင်မှာတင်)၊(၄)ရက်၊(၅)ရက်မျှအထိ၊ တာရှည်ခံတာသိရပါတယ်။ အိမ်မှာပန်းအိုးထဲအလှထားရင်တော့၊ရေလဲပေးနိုင်သလောက်ခံမှာပါ။ (ရက်ရှည်ကြာတဲ့အထိတော့မခံလောက်ပါ)။ ခြင်းလုံးပန်းက၊ပိတောက်ပန်းထက်သစ္စာရှိတဲ့ပန်းလို ့၊ကျွန်မတင်စားချင်မိပါတယ်။ ပိတောက်ကတော့၊တစ်နှစ်လုံးနေမှ၊တစ်ခါသာပွင့်တယ်ဆိုပေမယ့်လည်း၊ အပင်ပေါ်မူတည်ပြီး၊မိုးရွာလျှင်တော့လည်း၊ပိတောက်ပန်းတွေ၊ ပြန်ပြီးပွင့်နိုင်တဲ့စွမ်းအားရှိတာမျိုးတွေ ့ရှိရပါတယ်။ ခြင်းလုံးပန်းက တစ်နှစ်မှာမှ၊တစ်ခါမျှသာပွင့်နိုင်ပြီး၊ မိုးဦးကျရောက်လာမှဘဲပွင့်ပါတယ်။မျိုးဥတစ်ဥမှာတစ်ပွင့်ဘဲပွင့်ပါတယ်။ ခြင်းလုံးပန်းအပင်က၊အလေ့ကျပေါက်တဲ့ပန်းအမျိုးအစားမဟုတ်ပါဘူး။ ခြင်းလုံးပန်းရဲ ့၊မျိုးဥကမျိုးပွားလွယ်ပြီး၊သူ ့မျိုးဥတွေကို မြေကြီးထဲမှာ ညီညီညာညာနဲ ့ ချစိုက်ထားပါလျှင်၊အပွင့်ထွက်လာတဲ့အခါ လှလွန်းပါတယ်။ခြင်းလုံးပန်းကို၊နောက်တစ်မျိုး (ဘော်လုံးပန်း)လို ့ခေါ်ဝေါ်ကြတာကိုလည်း၊သိရပါတယ်။ (ကာလံ,ဒေသံ)အလိုက်ခေါ်ဆိုကြတာကွာမှာပါ။ဘောလုံးကတော့ပြောင်လုံးချောပါ။ (မပြောလည်းသိကြပါတယ်)။ […]


အညွန့်ခူးစားခံရခြင်း ****************** ဒီနေ့ ဂုဏ်ထူးတွေပလူပျံနေတဲ့ ဘော်ဒါတစ်ခုရဲ့ အောင်စာရင်းကို ရှယ်တဲ့သူကရှယ်.. အားကျတဲ့သူကအားကျပေါ့.. ကိုယ်တွေကတော့ အတွေးတစ်မျိုးရယ်.. အစကတည်းက ဝင်ခွင့်နဲ့စစ်ချပြီး တော်တဲ့သူတွေပဲ ရွေးခေါ်သင်တဲ့ကျောင်းက အောင်ချက်ကို စိတ်မဝင်စားတာတော့ အမှန်ပါပဲ.. ကိုယ်တိုင်လည်း စာသင်တဲ့ဆရာမ လုပ်ခဲ့ဖူးတော့ စာတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်နဲ့ စာမတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်ကို ကောင်းကောင်းသိပါတယ်.. ပြီးတော့ ဒီကျောင်းသားတွေအကုန်လုံး ဒီလိုတော်အောင် တကယ်ပျိုးထောင်ပေးခဲ့တာ သူတို့မဟုတ်ပါဘူး.. ကျောင်းသားတွေရဲ့ ငယ်ဆရာတွေပါ.. ကိုယ် ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်.. ဆယ်တန်းနှစ်မှာ စာတော်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကျောင်းပြောင်းသွားခဲ့တယ်… ငါးတန်းကတည်းက တက်လာပြီး ဆယ်တန်းမှ ပြောင်းသွားတော့ ဆရာ ဆရာမတွေ ရင်နာကြတာ.. သူက ဂုဏ်ထူးတွေအများကြီးထွက်မှာ သေချာတဲ့သူ.. တစ်သက်လုံး ကိုယ်တွေပျိုးထောင်လာခဲ့ပြီး တကယ်တမ်း ကျောင်းဂုဏ်ဆောင်ရမယ့်အချိန်မှ တစ်ခြားကျောင်းကို […]