Mon LayMay 30, 20182min5452
ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။ ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။ အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ် အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ တယ်။ သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။ ထိုင်းပိုက်ဆံ ဘတ် သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ ဗီယက်နန်ပိုက်ဆံ ဒေါင် သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ လာအိုပို်က်ဆံ ကစ် သူတို့ချစ်ရတဲ့ […]


Min Paing Myat ThuMay 30, 20182min8765
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]


zaw winMay 26, 20181min3983
မိုးရွာနေရင် လသာတယ်လို့မှတ်ထားလိုက် ပူလောင်နေတဲ့ မင်းရဲ့စိတ်တွေ အေးချမ်းသွားလိမ့်မယ်။ နေပူနေရင် နှင်းကျနေတယ်လို့ မှတ်ထားလိုက် သောကစိတ်တွေ ငြိမ်းအေးသွားလိမ့်မယ်။ အရာရာကိုသည်းခံပြီး ရင်ဆိုင်ကျော်လွှားလိုက် မင်းဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းသုတ 25.5.2018 18:15 P.M


Mon LayMay 25, 20181min3311
မြန်မာဂဇက်ကို ဖေ့ဘွတ်မှာလည်းဖတ်လို့ရတော့ ဒီဖတ်ခဲ့ရတဲ့ ရင်နင့်ဖွယ်၊သနားဖွယ်၊ အော့နှလုံးနာဖွယ် သတင်းလေးကို အများသူငါသိစေချင်တဲ့စိတ်နဲ့ တင်ပေးလိုက်ပါတယ်။ များမာျးလေးရှယ်ပေးကြပါ။ ကလေးတွေကိုသွားရောက်လှူဒါန်းလို့ရရင်သိပ်ကောင်းမှာပဲ။ ———————————————————————————————————————————- ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရာ လမ်းဘေးရှိ အိမ်လေးတစ်လုံး တွင် ကျေးရွာအုပ်ချုပ်ရေးခေါင်း ဆောင်များနှင့် အမျိုးသမီးအချို့ ကြမ်းပြင်ပေါ်တွင် ထိုင်နေကြ သည်။ သားရေကွင်းကို လက်ချောင်းများတွင် ရစ်ပတ် ဆော့က စားနေသော ဆယ်နှစ်အရွယ် မိန်း ကလေးတစ်ဦးလည်း သူတို့နှင့် အတူ ရှိနေသည်။ ဤကလေးအပါအဝင် မူလ တန်းကျောင်းသူ လေးဦး ရွာ၏ တစ်ပါးတည်းသော ဘုန်းကြီး၏ ကျောင်းတွင် လပေါင်းအတန် ကြာ သွားရောက်နေထိုင်စဉ် လိင်ကျွန်ပမာ ပြုမူခံရမှုများအ ကြောင်းကို ၎င်းတို့က ဝမ်းနည်း တုန်လှုပ်စွာ ပြောပြနေကြသည်။ ကလေးများ နေ့ခင်းဘက်တွင် စာသင်ကျောင်းသွား၊ […]


kaiMay 23, 20183min3604
Grammar ဆိုတာ မလေ့လာလို့မရပါဘူး။ ဒါပေမယ့် လေ့လာရတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းလေးတွေ၊ မှတ်သားဖွယ်ရာတွေ များလွန်းတော့ ငြီးငွေ့လာတတ်ပါတယ်။ ဒီတော့ ယခုလမှာ grammar rules တွေကို အသုံးချပြီးဝါကျ လေးတွေရေးတတ်အောင်လေ့ကျင့်ကြရအောင်။ ဦးစွာပထမ ဝါကျလေးမျိုးသားရှိကြောင်း နားလည်ဖို့လိုပါတယ်။ Simple sentence Compound sentence Complex sentence Compound complex sentence Simple sentence ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ ဝါကျမျိုးကို ဆိုလိုပါတယ်။ ဥပမာ- Tom and Henry are brothers. Sally can read and write in Spanish. အထက်ဖော်ပြပါ ဝါကျနှစ်ခုမှာ ပထမဝါကျ၌ Tom နှင့် […]


Mon LayMay 23, 20181min48831
ဒီတစ်ခါတော့ ဗုဒ္ဓဘာသာဝင်တို့နဲ့နီးစပ်မှုရှိတဲ့ ကိုးရီယားကားလေးတစ်ကားကို ပြန်ပြီး review ရေးချင်ပါတယ်။ ကားနာမည်လေးက Along with gods, Two world တဲ့။ ကိုရီးယားနိုင်ငံမှာ 2017က ရုံတင်သွားခဲ့တဲ့ကား။ ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးထားတဲ့ကားပါ။ အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးသွားပြီး ဘဝ ကူးပြောင်းသွားခဲ့ပါတယ်။ အဲ့ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက […]


kaiMay 22, 20181min1060
သမိုင်းမှတ်တမ်းမြေအုတ်ကျောက်အုတ်တို့ သက်သေရှိသည့် ပျူတို့မြို့ပြခေတ် အေဒီ၄ရာစုမှစတွက်သော် သက်တမ်း၁၆၀ဝနှစ်ကျော်ရှိသည့် မြန်မာ့မြေနေလူဦးရေသည် ယခုနှစ်တွင် ၅၃သန်းမျှရှိနေပြီဖြစ်ပါသည်။ လွန်ခဲ့သောနှစ်၁၀၀ဝခန့်က ပထမမြန်မာနိုင်ငံတော်တွင် ပေါင်းလူဦးရေ ၁သိန်း(သာ)ရှိခဲ့သည်ဆိုငြားအံ့။ အလွန်အပြစ်ကင်းကင်း သက်တမ်းပြည့်နေ မွေးဖွားတိုးတက်နှုန်းနှင့်ဆိုပါလျှင်) ကမ္ဘာ့လူဦးရေတိုးနှုန်းပျမ်းမျှ ၁.၂ နှင့် ဖေါ်မြူလာတွင်းထည့်တွက်ကြည့်လျှင် ယခုရာစုနှစ်ဦးတွင်လူသန်း၁၅ဝထက်မနည်းရှိနေရပါလိ့မ်မည်။ သို့ဆိုပါသော် ရှိရမည့်ထဲ လူသန်းပေါင်းများစွာ ဘယ်ဆီလေလွင့် ရောက်ကုန်ပါသနည်း။ “ဂိမာန် ဝဿန် ဟေမာန်” မြန်မာပြည်တွင် နွေ၊မိုး၊ဆောင်း ရာသီ၃ပါးရှိကာ အီကွေတာနှင့်နီးသဖြင့် နွေတွင် ခြစ်ခြစ်တောက်ပူပြင်းသည်။ နွေခေါင်ခေါင်တွင်ခရမ်းလွန်အန္တရာယ်ရှိစကေး(Ultraviolet index 11+) ဖြင့် ဖြာကျနေသော နေရောင်ခြည်သည် သက်ရှိဆဲလ်များကိုလောင်မီးကျသွားလောက်သည်။ မိုင်၁၂၀ဝ ပင်လယ်ကမ်းနှင့်ဆက်စပ်ပင်လယ်ပြင်ကြီးရှိငြား ဖမ်းလာသမျှ သားငါးတို့နေ့မကူးနိုင်၊ ပုပ်သိုးရိကျကုန်သည်။ လူသားတို့စွမ်းအားဖြင့် တည်ဆောက်ထားသော ပစ္စည်းဟူသမျှ နေရောင်အောက်တွင်ကျွတ်ရွပျော်ကျ၍ သက်တမ်းတိုစေသည်။ ထို့အတူ မိုးရာသီ၏မုတ်သုန်မိုးကြီးသည် သွန်ချသလိုရွာကာ ရှိသမျှပျိုးပင်ပျိုးပေါက် […]


******တာဝန်ယူမှု တာဝန်ခံမှု******** မြန်မာနိုင်ငံမှာ အကြီးဆုံး အလုပ်သမားအဖွဲ့အစည်း တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အဖွဲ့အစည်း ဥပဒေနဲ့ အညီမဟုတ်တဲ့ အလုပ်သမားရဲ့ရပိုင်ခွင့်ကိုကျတော့ အလုပ်ရှင်ကို မပေးမနေရ လည်ပင်းညှစ်တောင်းပေးဖို့တာဝန်ယူတတ်ပြီး ရသွားတဲ့ အလုပ်သမားကိုယ်ကျတော့ လုပ်ငန်းခွင်စည်းကမ်းကို လိုက်နာဖို့ မလိုက်နာရင် အလုပ်ရှင်ဖက်က အရေးယူဆောင်ရွက်နိုင်ဖို့  ကျတော့ တာဝန်ခံမှုမရှိတဲ့ အလုပ်သမားအဖွဲအစည်း မင်းတို့ ကြိုက်တဲ နာမည်တပ်ပြီး အဖွဲ့စည်းဖွဲ့ထားပါစေ အလုပ်သမားဖက်ကိုပဲ တာဝန်ယူတတ်နေသမျှ ဘယ်အလုပ်ရှင်ရဲ့ ယုံကြည်မှုကိုမျှရမှာမဟုတ်ဘူး မင်းတို့ကို ချီးထုပ်တစ်ခုလို ရွှံနေမှာဘဲ အလုပ်သမားဖက်က ဥပဒေ စည်းကမ်းနဲ့ မညီလို့ အလုပ်ရှင်ဖက်ကရပ်တည် ဆောင်ရွက်ပေးလိုက်တယ်ဆိုတဲ့ အဖြစ်အပျက်လေးတစ်ခုလောက် ရှိရင် ပြောပြ ခဲ့ကြပါ ဘာဘဲတောင်းဆိုတောင်းဆို ဥပဒေနဲ့အညီ ဟုတ်လားမဟုတ်လား ဘာမှ မသိဘဲ  အလုပ်ရှင်ဖက်ကို “ပေးလိုက်ပါလို့” ဘဲပြောတတ်တဲ့ အဖွဲ့အမည်ခံလူတွေ အဖွဲ့အစည်း နာမည်မပျက်ခင် […]


aye.kkMay 17, 20181min4664
ကျွန်မလေးစားမိတဲ ့ကျွန်မရဲ ့ဓမ္မမိတ်ဆွေကို စာစီကုံးရေးဖွဲ ့ရပါလျင်၊ရေးကုန်မည်မထင်ပါ။ ကျွန်မပင်စင်ယူပြီးနောက်ပိုင်း၊ရိပ်သာဝင်ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ မရည်ရွယ်ပါဘဲ၊ရိပ်သာမှာဆုံခဲ့ကြပါတယ်။ တစ်နှစ်နီးပါးအားထုတ်တဲ့ကျွန်မနဲ ့၊(၂)နှစ်ကျော်(၃)နီးပါးကြာမြင့်အောင် အားထုတ်ခဲ့တဲ့သူ ့ကို၊ကျွန်မထက်ပိုအားထုတ်နိုင်ခဲ့တာကို သိရပြန်တော့ ကျွန်မအနေနဲ ့က၊သူ ့အပေါ်မှာလေးစားပြီးရင်း၊လေးစားရပါတယ်။ တစ်နှစ်နီးပါးရိပ်သာမှာနေခဲ့တာမို ့၊ရာသီဥတုသုံးလီနဲ ့ညီမျှမှုရှိတဲ့အစားအသောက် အသုံးအဆောင်တွေ၊တစ်နှစ်ပတ်လုံးလိုလို၊လှူဒါန်းနေတာတွေကိုလည်း၊ ကျွန်မကိုယ်တိုင် မြင်တွေ ့ခဲ့ရပါတယ်။ ရာသီအလိုက်၊လိုက်လျောညီထွေအောင်လှူတတ်တာကိုလည်း၊ကျွန်မအနေနဲ ့ သူ ့အပေါ်မှာလေးစားလို ့မဆုံးနိုင်ပါဘူး။ ဆောင်းဦးမှာအအေးဓါတ်ဝင်လာတာနဲ ့၊တရားအားထုတ်နေကြတဲ့၊ရဟန်း,ယောဂီ,သီလရှင်, ဝေယျာဝစ္စအဖွဲ ့နဲ ့ကျောင်းမှာရှိတဲ့၊ရဟန်း,ယောဂီ,သံဃာအကုန်၊တစ်ကျောင်းလုံးအတွက် အဝတ်အထည်(အနွေးထည်)၊စောင်၊သဘက်၊ခြေအိပ်အဆုံး၊လှူဒါန်းပါတယ်။ ဆွမ်းကတော့ အကြိမ်ကြိမ်ကပ်ပြီး၊အမြဲလိုလိုကုသိုလ်ယူနေတာမို ့၊သူဆွမ်းကပ်လှူတိုင်းလည်း ကျွန်မကိုကုသိုလ်ရအောင်၊အတူတကွကပ်လှူစေခဲ့ပါတယ်။ သူနဲ  ့ကျွန်မ၊ရိပ်သာအတူတူဝင်ဖြစ်တဲ့ကာလတွေမှာ၊ အမှတ်တရဖြစ်ဆုံးက၊ကျွန်မမွေးနေ ့ပါ။ကျွန်မမွေးနေ ့မှာ၊အမှတ်တရအဖြစ် ပရိတ်ကြီး(၁၁)သုတ်၊တရားစာအုပ်တွေကို၊သူကိုယ်တိုင်မှာပေးပြီး၊ကျောင်းကယောဂီအကုန်၊ တရားစာအုပ်အလှူ(ဓမ္မဒါန)ပြုလုပ်ပေးတာပါ။ ကျွန်မကိုဆရာတော်ကိုယ်တိုင်ကသီလရှင်ဝတ်ပေးတော့၊သူလည်းမနေနိုင်ကုသိုလ်ပါဝင်ပြန်ပါတယ်။ သူ ့အနေနဲ ့သီလရှင်ဝတ်ပေးခဲ့တာတွေလည်း အများကြီးရှိနေခဲ့တာ၊မျက်မြင်တွေ ့ခဲ့ရပြန်ပါတယ်။ သူ ရဟန်းပြုပေးခဲ့တာတွေလည်းမနည်းပါဘူး။ လူ ့ဘဝနေရတဲ့အခိုက်ကလေးမှာ၊သူက ကုသိုလ်တွေကိုသာရအောင်စုဆောင်းနေ တာမို ့၊ကျွန်မစိတ်ထဲမှာသူ ့အပေါ်အားရကျေနပ်မိတဲ့အပြင်၊သူကကျွန်မအတွက် လေးစားအတုယူစရာ,အားကျစရာကောင်းတဲ့သူဖြစ်နေပါတယ်။ ကျွန်မရိပ်သာကနေသူ ့ထက်အရင်စောထွက်လာတာမို ့၊ဥပုသ်နေ ့တွေလိုမျိုးမှာ သူကကျွန်မကိုတွေ ့တဲ့အခါတိုင်း၊ထပ်မံပြီး ရိပ်သာပြန်ဝင်ဖို ့ကိုလည်း၊အမြဲလိုလို တိုက်တွန်းနိူးဆော်ပြန်ပါတယ်။ သူနဲ ့အတူတူလည်း၊ကျွန်မကိုသာသနာပြုလိုက်လုပ်နိုင်ဖို ့တောင်းဆိုပါသေးတယ်။ သူ ့ရည်ရွယ်ချက်တွေထဲမှာ၊သူပိုင်ဆိုင်တဲ့မြေတွေပေါ်မှာနဲ ့၊ရိပ်သာတွေမှာ သာသနိက အဆောက်အဦတွေဆောက်လုပ်လှူဒါန်းပြီး၊သာသနာပြန် ့ပွားအောင်လုပ်ကိုင်နိုင်ဖို ့ပါဘဲ။ သူရိပ်သာကပြန်ထွက်လာရင်လည်း၊သူအားရပါးရ၊စီးပွားထပ်ရှာပြီးရသမျှတွေကို ဘာသာရေးမှာအသုံးချချင်ကြောင်း၊သူပြောပြလို ့ကျွန်မသိရပါတယ်။ သူ […]


kaiMay 15, 20181min4859
ပြီးခဲ့တဲ့ရက်များအတွင်းက လူမှုကွန်ယက်တွေမှာပြန့်နှံ့ခဲ့တဲ့ အမေရိကနိုင်ငံရောက်အခြေချနေထိုင်တဲ့ လူငယ် နှစ်ဦးရဲ့စကားပြော ခန်းဗီဒီယိုဖိုင်တခုကိုအမှတ်မထင်ကြည့်ရှုမိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ဆွေးနွေးချက်ကိုအတိုချုပ် ပြောရရင်တော့ အမေရိကမှာ ပြောင်းရွှေ့အခြေချနေထိုင်ကြရတဲ့ဘဝဟာ အလွန်ကြမ်းတမ်း ကြောင်းဆိုတဲ့အ ချက်ပါဘဲ။ ဒါဟာငြင်းစရာမလိုတဲ့အချက်ဆိုတာကို စာဖတ်ပရိတ်နားလည်ထားပြီးသားပါ။ ဒီဗီဒီယိုဖိုင်ဟာရုတ်တရက်ကြည့်ရင်ဟုတ်တာတွေပြောနေတာဘဲလို့ယေဘူယျထင်စရာရှိစေမဲ့ စိုးရိမ်စရာ/အထင်လွဲစရာ သတင်း မှားဖြစ်နေတာမို့ မောင်မိုးညိုအနေနဲ့စိုးရိမ်မိရာက ဒီဆောင်းပါးရေးဖြစ်တာပါ။ သူတို့လေးတွေရဲ့ဆွေးနွေးချက် အကြောင်းရင်းခံကတော့၊ ဘာလုပ်လုပ်၊ ဘာဝယ်ဝယ်ဝယ်၊ ဘာသုံးသုံးအကြွေးတွေချည့်ပါဘဲဆိုပြီးငြီးတွားရင်း၊ “အကြွေး”စနစ်ကိုအပြစ်ပုံချကြတဲ့အကြောင်းပါ။ အထူးသဖြင့် ဗီဒီယိုပါဆယ်ကျော် သက်ရွယ်လူငယ်တွေဖြစ်နေ တာမို့၊ ပြောင်းရွှေ့အခြေချသူမြန်မာလူငယ်တွေကြားမှာ၊ မှားယွင်းတဲ့အယူအဆ၊ ထိုးဖေါက်ဝင်ရောက် နေရာ ယူနေပြီဆိုတဲ့လက္ခဏာတွေ ဝမ်းနည်းဖွယ်တွေ့နေရပါတယ်။ အဲ့ဒီအပြန်အလှန်ပြောဆိုကြတဲ့စကားဝိုင်းမှာ “အကြွေး”ဆိုတဲ့ဝေါဟာရကိုအလေးထားပြောသွားတာ ကိုတွေ့ ရပါတယ်။ အမေရိကနိုင်ငံအပါအဝင် တိုးတက်တဲ့နိုင်ငံကြီးငယ်မဟူမှာ credit ဆိုတဲ့ စနစ်ကိုစတင် အသုံးပြုခဲ့၊ ပြုနေကြတာနှစ်ပရိစ္ဆေဒအတော်ကြာပါပြီ။ သမိုင်းနဲ့ချီပြောရရင်ပထမနဲ့ဒုတိယကမ္ဘာစစ်ကာလထဲက ဒီအယူ အဆသစ် စတင်ပေါ်ထွန်းခဲ့ခြင်းပါ။ စီးပွားပျက်ကပ်တွေကြောင့်လူ့ဘဝကနေနေ့ချင်းညချင်းဒုက္ခအတိရောက်ကြ သူတွေသိန်းသန်းနဲ့ချီတဲ့အဖြစ်တွေကိုကာကွယ်နိုင်မဲ့အစီအမံတွေကိုကြံစည်တီထွင်ရာကနေ၊ လူတိုင်းကြုံတွေ့ရ […]


Faces Magazine Jan_2018 ဗိုက်ကလေးပေါ် လက်တင်ပြီး တစ်နေရာကိုငေးနေတဲ့ မြ ဆိုတဲ့ မိန်းကလေးကိုကြည့်ရတာဟာ သိပ်ပြီးတော့ မူမမှန်ချင်ဘူး။ တခါတခါ ငိုလိုက်ရယ်လိုက်နဲ့ရှိနေတတ်ပေမယ့် ဒီကနေ့တော့ ထူးဆန်းစွာပဲ မြ ဟာ နုတ်ဆိတ်လို့နေခဲ့တယ်။ ကြည့်ရတာ ငိုရလွန်းလို့ပဲ မောသွားခဲ့လေသလား။ ဒါမှမဟုတ် ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီးပြန်တွေးရတာက မြ ဟာ မကြံကောင်းမစည်အပ်တာတွေများ တွေးနေခဲ့သလားလို့ပေါ့။ ဟော လာကြပြီ။ ရပ်ထဲ ရွာထဲက လူကြီးတွေလာကြပြီ။  ဒီတော့ မှ မြ ဟာ ကျောက်ရုပ်တစ်ရုပ်လို့ ငြိမ်သက်နေရာက လူးလူးလွန့်လွန့်ရှိလာခဲ့တယ်။ မြ ရဲ့ မျက်ဝန်းတွေကိုကြည့်တော့ ငြိမ်သက်နေသယောင်ပါပဲ။ ဒီတော့ ကျွန်မက ထိုင်ရာကနေထပြီး ရောက်လာတဲ့ လူကြီးတွေကို ဧည့်ဝတ်ပြုဖို့ရာပြင်ရတယ်။ ကျွန်မကို ကူဖော်လောင်ဖက်အဖြစ် […]


Mon LayMay 9, 20181min59743
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]