ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]


Mon LayApril 23, 20181min30910
ခရီးတွေသွားပြီး review တွေပြန်ရေးတယ် ခုတစ်ခါ အရမ်းကိုကြိုက်ခဲ့ရတဲ့ရုံတင်ကားတစ်ကားအကြောင်းကိုလည်းreview ရေးချင်ပါတယ်။ ဘာလို့ ဆိုခါတိုင်းပြနေတဲ့ ချစ်ကြိုက်ကွဲညား မဟုတ်ဘဲ ကွဲထွက်သွားတဲ့အပြင် နာမည်ကြီး မင်းသမီးကြီးတွေနဲ့ မင်းသမီးငယ်တွေပါ ဖက်ရှင်ဒီဇိုင်းကျကျ လှလှပပဝတ်ပြီး Fighting Action ပီပီသရုပ်ဆောင်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုမွန်လေးသိပ်ကြိုက်တယ်လေ။ ကိုယ်ကြိုက်တဲ့မင်းသမီးလည်းပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်းလန်ပြန်ထွက်ဆိုတော့…အိုးအို။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ မခိုင်ကြီးက မေနက္ခတ်တဲ့။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပေါ့။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော […]


kaiApril 23, 20181min79512
– မြန်မာနိုင်ငံ သမ္မတသစ် ဦးဝင်းမြင့်၏ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းကျိန်သတင်း။ – မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမျက်နှာဖုံးသတင်း။ – Burmese American Medical Association ၏နှစ်ပတ်လည်ညစာစားပွဲသတင်း။ – မောင်စွမ်းရည်၏”မန်းတက္ကသိုလ်ကလောင်ရှင်များအသင်းဆောင်းပါး။” – အကယ်ဒမီမေဝင်းမောင်နှင့်တွေ့ဆုံခြင်း။ – ဧပြီအလှပန်း မေလင်းဖြူ။ – မသန္တာအောင်(ဆေးပညာဘွဲ့)၏ အရိုးပွ၊ အရိုးကျိုးရောဂါ။ – ဒေါက်တာအောင်ဇော်ထိုက်၏ တိရစ္ဆာန်မှကူးစက်သောရောဂါများ။ – ဆရာထွန်း(တဆ-၂၂၂၁)- ဆေးဖက်ဝင်ကမ်းဇော်ဆီ။ – ဆရာမျိုးမြင့်ကေ ျာ်ရဲ့ အင်္ဂင်္လိပ်စာသင်္ခန်းစာဆောင်းပါး။ – မောင်မိုးညိုရဲ့ယာဉ်တိုက်မှုဖြစ်ခဲ့သော် အသိပညာပေးဆောင်းပါး။ – တိမ်မည်းရဲ့ အဝေးရောက်အလုပ်ခွင် ဆောင်းပါး။ လစဉ်ဖော်ပြနေကျ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံအက်ဆေး၊ ဗေဒင်၊ ဟင်းချက်နည်း သုတ၊ ရသစုံလင်စွာဖြင့် သင်္ကြန်အကြို ၂၀၁၈ခုနှစ်၊ ဧပြီလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ နီးစပ်ရာမြန်မာစတိုးဆိုင်များ၊ […]


Foreign ResidentApril 20, 20181min38840
Putin will NOT accept defeat and nuclear war is INEVITABLE – စစခြင်းတုန်းကတော့ ၊ US ရဲ့ ကိုယ်ပျောက်ဒုံး Stealth Cruise Missile ( JASSM ) ၂ စီး ၊ မပေါက်ကွဲလို့ ဆီးရီးယားက ရုရှားကို ပို့ပေးလိုက်ကြောင်း ဖတ်နေတာ ။ – နောက်တော့ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း နှင့် ၊ အင်တာဗျူးထားတဲ့ VDO ကို ကြည့်ပြီး ရေလည် စိတ်လေသွားတယ် ။ အဲ့ဒီ အင်တာဗျူးမှာ ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီးဖြေထားတာ ၊ – “Of course Russia […]


ဇီဇီApril 19, 20187min316613
ကြက်ကြော်ဆိုတော့က ဆီရှိရင်ကြက်ရှိရင် ကြော်လို့ရတယ်လို့ပဲ အကြမ်းဖျဉ်း ပြောကြမပေါ့နော့။   ခုပြောချင်တဲ့ ကြက်ကြော်ကတော့ Crispy Fried Chicken လို့ခေါ်တဲ့ ကြက်ကြွပ်ကြော် မျိုးပါ။ ခုတလော ကိုယ့်တို့နိုင်ငံမှာလည်း ခေတ်စားလာ ဆိုင်မှာ သွားစားကြ လုပ်နေတာတွေရပါတယ်။ အဲတာနဲ့ လေ့လာကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံဆီမှာ မတူညီတဲ့ နည်းစံနစ်နဲ့ အချိုးအစားတွေ ပါဝင်ပစ္စည်း အမျိုးအစားတွေ ကွဲပြားတဲ့ အလျောက်၊ သူတို့နိုင်ငံအလိုက် ရိုးရာ ကြက်ကြွပ်ကြော် တွေ ကွဲပြားသွားတာပါပဲ။   Crispy Fried Chicken ဆိုတာ သာမာန်အားဖြင့် ကိုယ်ပိုင် အနှစ်နဲ့ နယ်ထား နှပ်ထားမယ်။ ကိုယ်ပိုင်နည်းနဲ့စပ်ထားတဲ့ အမှုန့်တွေ (ဂျုံ၊ ပြောင်း၊ အာလူး၊ ဆန်၊ ပါမုန့်မှုန့်) စသည်ဖြင့်နဲ့ လူးမယ် ဆီမြုပ် […]


Mon LayApril 18, 201811min4422
😉😉ဗီယက်နမ်တိုးတွေမြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတုန်းက သယ်ရင်းတွေနဲ့မြောက်ပိုင်းဟနွိုင်းသွားရင်ကောင်းမလား….တောင်ပိုင်း ဟိုချီမင်းကိုပဲသွားရင်ကောင်းမလားဆိုပြီး တိုင်ပင်ပြီးတော့ ခုခရီးစဉ်ဟနွိုင်းကိုထားခဲ့ပြီး တောင်ပိုင်းနဲ့အလယ်ပိုင်းနဲ့ပဲရွေးပြီး Viet Jet နဲ့သွားခဲ့ပါတယ်။ 😊အဲ့လိုစီးပြီးသွားခဲ့တော့ ဟိုချီမင်းလေယာဉ်ကွင်းကနေ လေဆိပ်ထဲရောက်ဖို့ကားနဲ့တဆင့်ထပ်သွားရပါတယ်။ အဲလိုကားနဲ့သွားတဲ့အချိန်မှာ Vietnam Airline ကို ရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်။😳😳 အရမ်းကိုကြီးပြီး အရမ်းမိုက်တဲ့အဲလိုင်းပါ။ အဲဒါနဲ့မွန်လေးစိတ်ထဲမှာ ငါနောက်တစ်ခေါက်ဗီယက်နမ်သွားရင် ဒီအဲလိုင်းပဲစီးပြီးသွားမယ်လို့စိတ်မှာတေးမှတ်ထားလိုက်တာ..ခုညီမလေးက တစ်နိုင်ငံကိုတော့ အလည်သွားချင်တယ်လို့ ကိုယ့်ကိုပြောလာပါတယ်။ ဘာလီသွားမလားလို့ ဈေးစုံစမ်းပါတယ်။ Air Asia တောင် ၃၀ဝ လောက်ဖြစ်နေပြန်တော့လည်းဘတ်ဂျတ်ကြိုက်တဲ့မွန်လေးက လက်တွန့်နေတာပေါ့။ 😧😧 စင်ကာပူကျတော့လည်း promotion ချတတ်တဲ့အချိန်ပဲသွားချင်ပြန်တော့ ဘယ်နိုင်ငံကျန်သေးလဲစဉ်းစားတာ လက်မှတ်စုံစမ်းလိုက်တော့ ကိုယ်စီးချင်ခဲ့တဲ့Vietnam Airline က 144 ပဲရှိတယ် Promotion ချနေလို့တဲ့။ တအားပျော်သွားတာပဲ။ 🤗🤗အဲဒါနဲ့ဘွတ်ကင်တင်လို့ရတော့ မြန်မြန်ဘွတ်ကင်တင်ပြီးသွားဖို့၃လအလိုလောက် ကတည်းက လက်မှတ်ဖြတ်ပြီးဝယ်ခဲ့ပါတယ်။ 😝😝 #ဘယ်လိုသွားလို့ရလဲ ✈ […]


Mon LayApril 18, 20181min2020
ဒီဆောင်းပါးလေးကတော့ 7 days ဂျာနယ်ကနေ မွန်လေးတော်တော်လေးသဘောကျလွန်းလို့ ဂဇက်ကရွာသူရွာသားတွေကိုဖတ်စေချင်လို့ တင်ပေးလိုက်တာပါ။ တချို ့အခမ်းအနားတွေသွားရင် သားသားနားနားဝတ်သွားမှ လူကခေါ်ချင်၊ပြောချင်ကြတယ်။ မဟုတ်ရင် မတူမတန်သလိုလိုနဲ့။ အောက်ပါဆောင်းပါးလေးတော့ခုခေတ်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုစုပြီးရေးထားတာဖြစ်ပါတယ်။ လူတချို ့ရဲ ့ဟိတ်ဟန် ကိုအစွဲအလမ်းကြီးပုံကိုလည်း နှိုင်းယဉ်ထောက်ပြထားတာတွေ့ရပါတယ်။ လူတွေရဲ ့ဟန်ဆောင်အပြုံးတွေကလည်း ဘယ်လောက်ရွှံရှာဖွယ်ကောင်း ကြောင်းကိုလည်းရှင်းပြထားပါတယ်။ (တစ်) ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။ ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ […]


” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


ေမာင္ရိုးApril 15, 20181min3933
#နွေ . . နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . . ” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ” မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် … အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့ ” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ” ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့ ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . . အတာသင်္ကြန်မိုးကို တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။ ဈန်    


kaiApril 14, 20181min2743
ဧပြီလ၁၅ရက် ကဆုန်လဆန်းတရက်နေ့ကစတဲ့… တထောင့်သုံးရာ့ရှစ်ဆယ် မြန်မာနှစ်သစ်ဝယ်… မြန်မာ့ဂဇက်စာဖတ်သူအပေါင်း၊ မိတ်ဆွေတသောင်း ရွှင်လန်းချမ်းမြေ့ကြစေကြောင်း ဆုမွန်မေတ္တာပို့သပါ၏။ ပြက္ခဒိန်မှာတော့.. ဧပြီ၁၇။ ကဆုန်လဆန်း ၃ရက်နေ့က နှစ်ဆန်းတရက်နေ့တဲ့..။ (ထုံးစံအတိုင်း)မတိမကျ ကောက်တွက်ထားကြတဲ့ မြန်မာပြက္ခဒိန်နဲ့ ဟိန္ဒူတွေရဲ့ ဝေဒကတွက်တဲ့မဟာသင်္ကြန်ရက်နဲ့ ထိပ်တိုက်တွေ့တာလား.. ကမ္ဘာမြေကမော့ကြည့်ပြီး နက္ခတ်အပြောင်းအရွေ့ကိုယူတဲ့ ဝေဒနက္ခတ်ပညာနဲ့ သိပ္ပံနည်းပညာအရ မှန်ပြောင်းနဲ့ကြည့်ချတွက်တဲ့ နာဆာပညာနဲ့ ပဋိပက္ခဖြစ်တာလား.. မြန်မာ့အုပ်ချုပ်သူအာဏာရှင်တွေကပဲ.. ဖြစ်ချင်တာဖြစ်.. လုပ်ချင်တာလုပ်မဟေ့ဆိုပြီး.. ခရစ်သက္ကရာဇ်အတည်ယူလို့.. ဧပြီ၁ရမှာ… နှစ်ဆန်းတရက်စေသတည်းလုပ်ထားတာလား..။ ပုဂံခေတ်ကစတဲ့ ဟိန္ဒူယဉ်ကျေးမှုသင်္ကြန်.. ကာလရွေ့လျောလို့.. မြန်မာမှုအပြုလွန်ပြီး.. ဖြစ်ချင်တာဖြစ်လို့..လုပ်ချင်တာလုပ်ကြတာလား..။ ဖြစ်ချင်တာဖြစ်ကြစေ… အဲဒီရက်ကနေစပြီး..မြန်မာတွေ.. မဖြစ်ချင်တာတွေ.. မဖြစ်စေတည်းလို့လည်း..ဆုတောင်းကို..ထပ်ဖြည့်ပေးလိုက်ပါတယ်..။ ကျန်းမာလို့ ချမ်းသာကာ လန်းဖြာခြင်းမှာ.. စွမ်းလို့သာပါစေ..။ 😛


Swal Taw YwetApril 14, 20184min3974
ပျော်ရွှင်ချမ်းမြေ့ ့ျန်းမာကြပါစေ ခင်ဗျာ။ ၂၀၁၈ အေပြီလ ၁၃ ရက် သောကြာနေ့ မနက် ၈ မှ နေ့ လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့တဲ့ ကာတာနိုင်ငံ ဒိုဟာ မြို့ ရောက် မြန်မာများ ရဲ့ သင်္ကြန် ပွဲ မှတ်တမ်းဓါတ်ပုံ လေးတွေ တင်ပေး လိုက်ပါတယ်။ လူ ၁၀ဝ တက်ရောက်တယ်လို့ တဦး ချင်းစီမှာ ကပ်ပေး လိုက်တဲ့ Counting Sticker လေးတွေ က ညွှန်းပါတယ်။ မုန့် ဟင်းငါး မုန့်လုံးရေပေါ် ကျောက်ကျော ရွှေရင်အေး အပြင် အချိုရည် ရေသန့် မုန့် ထုပ်လေးတွေပါ တပိုင် တစု လှူဒါန်း မျှဝေ အပျော်တွေ […]


Mon LayApril 11, 20181min35563
သင်္ကြန်ရောက်တော့မယ်နော်….ဂဇက်ကလူတွေအပေါင်းမြန်မာ့နှစ်သစ်မှာ ပျော်ရွှင်မှုတွေအတိဖြစ်ပြီး ကံကောင်းခြင်းတွေနဲ့ကြုံကြပါစေလု့ိ မွန်လေး ဆုတောင်းပေးလိုက်ပါတယ်။