တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။ အရင်လိုဆိုတာက ဟိုရူးကြောင်းမူးကြောင် ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။ ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။ အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . . ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ […]


kaiMarch 2, 20181min3454
အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စစ်အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံဖြစ်သည်။ အစိုးရတွင်မဆိုထားနှင့် သန်း၃၂ဝလူထုအတွင်း၌ပင် သေနတ်အလက်ပေါင်းသန်း၃၀ဝကျော်ကိုင်ဆောင်ထားကြသည်ဟု စစ်တမ်းများကပြဆိုပေရာ အမေရိကန်တို့သည်သေနတ်လက်နက်နှင့်ရင်းနှီးကျွမ်းဝင်ဆုံးများဟုဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ နိုင်ငံတည်ထောင်သူဖခင်ကြီးများသည် လူတိုင်းသေနတ်လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေထဲထည့်၍ အကာအကွယ်ပေးထားခဲ့သည်။ Amendment II – A well regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed. ရည်ရွယ်ရင်းမှာသေနတ်နှင့်အမဲလိုက်စားကြရန်မဟုတ်။ လက်နက်နှင်ဗိုလ်ကျစိုးမိုးလာမည့် အစိုးရနှင့်စစ်တပ်ကို ပြန်လည်ခုခံရန်ဖြစ်သည်ဟုဆိုပါသည်။ သို့ဆိုသော် အမေရိကားသည် လက်နက်ကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်လာခဲ့သလို လက်နက်ကြောင့်ပင် အပြစ်မဲ့လူအသေရဆုံးနိုင်ငံလည်းဖြစ်ပါသည်။ တမိနစ် ၁တောင့်မှသည် […]


kaiMarch 2, 20182min2222
ယခုလမှာ ခက်ခဲနက်နဲတဲ့ Adj clause ကို adv clause တို့ကို ခဏမေ့ထားပြီး လွယ်သလိုလိုနဲ့ ဒုက္ခပေးတတ်တဲ့ ၊တိမ်မလိုနဲ့ နက်တဲ့ prepositions လေးတွေကို လေ့လာကြပါစို့။ ဒီနှစ်က year of the dog ဆိုတော့ ခွေးလိမ္မာလေးတွေလိုပဲ ချစ်စရာကောင်းသလောက်နားနားလည်ဖို့ခက်တဲ့ prepositions လေးတွေအကြောင်း တင်ပြပေးပါမယ်။ ဦးစွာပထမ Time လို့ခေါ်တဲ့ “အချိန်” နဲ့ ပတ်သတ်တဲ့ prepositions လေး တွေကို ကြည့်ကြရအောင်။ “on” ဆိုရင် နေ့နဲ့သုံးရတယ် “in” ကိုလနဲ့သုံးရတယ် “in”ကို နှစ် နဲ့သုံးရတယ်။ ဥပမာ “He was born on the first Monday in February […]


KyaemonFebruary 26, 201847min7881
       ၁၊ဖေ့ဘုက်ကမှတ်ချက်၊၊”၊မြစ်ဆုံမှဘဲလား၊” ၊လုပ်နေသူတွေကိုပြောပြလိုက်မယ်မြစ်ဆုံလုပ်မှလျှပ်စစ်ဓါတ်အားရမှာလား ၊တစ်ခြားနည်လမ်းမရှိတော့ဘူးလားဖြေကြည့်ပါ ၊ဖြေ ၊မြစ်ဆုံလုပ်မှမဟုတ်ပါ၊တခြားနည်းနဲ့လဲလျှပ်စစ်ဓာတ်အားရနိုင်တယ်၊ ဒီလိုမေးတာကပညာပါတယ်၊ထောင်ချောက်လေးထောင်ထားတယ်၊ ၊ဆိုလိုတာက၊တခြားနည်းနဲ့ရနိုင်ရင်တခြားနည်းနဲ့လုပ်ပေါ့၊ ၊အလကားလျှာရှည်နေတာလို့စာရှုပရိသတ်ကို ၊ယဉ်ယဉ်ကျေးကျေးနဲ့တိုင်တယ်ဂုံးချောပြီး ၊ယောင်လည်လည်ဖြစ်အောင်ထိုးနှက်နေတာပါ၊၊ ၊နားမလည်လို့မေးနေတာလား၊အကြောင်းစုံသိရက်နဲ့လူတွေကိုရှုပ်အောင်မေးနေတာလား? ——- ၊အမှန်မှာခုလောက်ဆို၊လူတွေကအကြောင်းစုံကိုသိကြပါပြီ၊ဒီလိုနဲ့မပြီးပါ၊ ၊လျှပ်စစ်ထုတ်လုပ်မှု၊ကုန်ကျစရိတ်ဆိုတာရှိတယ်၊မတူကွဲပြားကြတာကိုသိရဲ့လား? ၊ဘယ်ဟာကဘယ်လို၊စရိတ်အတိအကျကောသိရဲ့လား? ၊မျှပေးပါအုန်းလား? ၊သတိပြုရန်အချက်၊ ၊အခြားနည်းတွေရှိပေမဲ့လဲ၊၎င်းနည်းမျိုးစုံတို့ရဲ့လျှပ်စစ်ထုတ်လုပ်မှုကုန်ကျ စရိတ်တွေဟာ၊မြစ်ဆုံရေအားလျှပ်စစ်ရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်ထက်ကြီးမားကြပါတယ်၊ ၊မြစ်ဆုံလျှပ်စစ်ထုတ်လုပ်မှုကုန်ကျစရိတ်ဟာသက်သာမယ်ဆိုတာကို၊ ၊မျက်ကွယ်ပြုလျစ်လျူရှုထားတယ်၊ ဒီအချက်ကအင်မတန်အရေးကြီးတယ်၊ ၊ဥပမာအနုမြူဓာတ်ပေါင်းဖိုနဲ့ဆိုနှစ်ဆထိပိုကုန်ကျတယ်၊ Gas၊ဂက်စ်ဆိုရင်၃ဆခွဲထိပိုကုန်ကျတယ်၊ ၊မရှိဆင်းရဲတဲ့ပြည်သူကိုထောက်ထားငဲ့ညှာ၊ဦးထိပ်ပန်ဆင်ထားပုံမရပါ၊ ၊ပြည်သူတွေကလျှပ်စစ်ခ၊တစ်ပြားနှစ်ပြားတိုးတာကိုတောင်မခံနိုင်ပါ၊ ၊ဆန္ဒတွေပြကြတယ်မဟုတ်လား၊၊ ၊ရေနစ်သူကိုဘာဖြစ်လို့ဝါကူနဲ့ထိုးရမှာတုံး?စိမ်းကားရက်စက်မိမလားဆိုပြီး၊ ၊ကိုယ့်ကိုယ်ကိုပြန်မေးအုန်းလေ၊ ၊ကိုယ့်ဆရာ၊ကိုယ့်NGOအင်ဂျီအိုကအော်ခိုင်းတိုင်း၊မစဉ်းစားမဆင်ခြင်ဘဲနဲ့ ၊လိုက်အော်နေမဲ့အစား၊အဲဒီဆရာ့ဆရာတွေကို”မပြောပါရစေနဲ့၊ အကုသိုလ်သင့်မယ်ဆရာ””၊စေတနာရှိရင်လာပြီးရင်းပါအုန်းကူညီပါအုန်း” ၊ဆိုပြီးပြန်ပြောပေးရုံပါဘဲ၊ မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths XII   —— ၊နောက်ပြီး၊၊၊၊ ၊”ကုန်ကျစရိတ်”တင် မ ကပါ၊လျှပ်စစ်စွမ်းအား”၊ထုထယ် ပမာဏ”၊တော်တော့ကိုထုတ်လုပ်ပေးနိုင်တယ်၊ ၊ဒီတချက်လဲအင်မတန်အရေးကြီးတယ်၊ထပ်ရှင်းပြမယ်၊မသိဘဲနဲ့သူများ “၊ဘေတီးပေး”တာကိုလိုက်အာနေတာပါ၊ ၊အမေရိကန်ဟူဗားရေကာတာHoover […]


aye.kkFebruary 25, 20181min1551
စိတ်ရင်းနဲ ့ခင်မင်မှုမှန်သမျှက ဘယ်တော့မှ၊မဟောင်းသွားပါဘူး။ စိတ်ထဲမှာပုံရိပ်စစ်စစ်တွေက…အမြဲသစ်နေဆဲပါဘဲ။    


ခင္ခFebruary 23, 20181min3365
” အခါခါ ” အပြစ်တင်မှု့ကို ခံရတဲ့အခါ ဝမ်းနည်းသွားပေမယ့် စိတ်မဆိုးရက်တာ အခါခါ ဂရုစိုက်မှု့ကို ခံရတဲ့အခါ ကျေနပ်ချက်ကို ထုတ်မပြပေမယ့် ပျော်ရွှင်မိတာ အခါခါ ဥပေက္ခာပြုမှု့ကို ခံရတဲ့အခါ နာကျင်နှလုံးသား တုန်ခါသွားပေမယ့် မမုန်းရက်မိတာ အခါခါ အမှတ်မထင် ဆူကာပူကာ ပြောခံရလည်း စိတ်တိုစွာနဲ့ ပြန်ပြောချင်ပေမယ့် နုတ်ဆိတ်မိ်ခဲ့တာ အခါခါ စိတ်ပူလို့ပြော မတုန်လှုပ်တဲ့သဘော အလေးမထား ဂရုမစိုက်ကြုံပေမယ့် အပြစ်မမြင်မိတာ အခါခါ လှည့်စားတဲ့အပြော သိရှိပေမယ့် ဖုံးကွယ်မှု့ကို လိုက်မဖော်ချင်လို့ ခေါင်းငြိမ့်ပေးမိတာ အခါခါ တစ်ခါတရံ လူတစ်ယောက်ရဲ့ အတ္တတွေကို ဟန်ဆောင်ဖုံးတာ မာယာပညာ တခုလားလို့ တွေးမိတာလည်း အခါခါ။ ခင်ခ။


ခင္ခFebruary 23, 20181min4078
အဖေကစက်ဘီးနင်း သမီးကလွယ်အိပ်လွယ် စတိတ်ဘဝကျောင်းသူအရွယ် နေ့တဒူဝပို့ရလည်း အဖေမောဘူးကွယ်။ အဖေကအိမ်ရှေ့ထိုင် ကျောင်းကားလာရင်ပြောပေးရန် တက္ကသိုလ်ဖယ်ရီရောက်လို့ရှိ ကားပေါ်တက်ပြီးသမီးကြည့် အဖေလက်ပြပြုံးစိစိ။ ဖေကြီးသမီးအလုပ်ရပြီ မနက်ဖြန်မနက်ဆင်းရမည် လုပ်ခရတော့အဖေ့ကျွေး စိတ်ကူးလေးနဲ့ပျော်လိုက်သေး သမီးပြောတော့အားရှိတယ် အဖေရင်ထဲအေးလှကွယ်။ လုပ်သက်လေးအတော်ရ လူပျိုရွယ်လေးအိမ်ခေါ်ပြ မိတ်ဆက်ပေးတဲ့သမီးမျက်နှာ ရှက်ကိုးရှက်ကန်းဖြစ်နေရှာ အလိုက်အထိုက်ဝင်စကားပြော အပြန်လိုက်ပို့သမီးရဲ့ကျော အဖေကြည့်ပြီးအလွမ်းတွေရော။ အခါတော်ပေးနတ်ရေးတဲ့ဖူးစာ သီချင်းသံတွေပျံလွင့်ကာ မိတ်သဟာတွေစုံလင်စွာ ပွဲပြီးအိမ်ရောက်ဇနီးမောင်နှံနှစ်ဖြာ လက်အုပ်ချီလို့ရှစ်ခိုးရှာ ဆုတွေပေးရင်းငိုချင်လာ အဖေကျေနပ်ပါတယ်ပြောဖြစ်တာ။ သမီးကျောင်းပို့ငယ်ကထဲက တူယှဉ်တွဲလို့ရှိခဲ့ရ ခုတော့တစ်ယောက်ထဲနင်းရပါ့ ဆည်းလည်းသံဆီဦးတည်လို့ တောင်ပေါ်ကထုံးဖြူဘုရားသို့ အဖေပုတီးစိတ်ဖို့သွားတာဗျို့။ ခင်ခ


ခင္ခFebruary 23, 20181min3118
မိတ်ကပ်လေး လိမ်းလို့ချယ် နှုတ်ခမ်းနီလေး ဆိုးလို့ရယ် သိပ်လှတဲ့မေ့သမီး နတ်သမီးရှုံးလောက်တယ်။ ငယ်တုန်းကပါးကွက်ကြား သနပ်ခါးလိမ်း ဆိုလို့များ ပါးလေးကိုထိုးလို့ပေး ချစ်စရာလေးအပြုအမူ အလှကြိုက်တဲ့သူ မလိမ်းဘူးဟယ် စနောက်ပြောတော့ သူနှုတ်ခမ်းလေးကဆူ။ ရှိုးတွေထုတ်ပြီး အမေ့လာမေးတယ် သမီး လှ လား ကွယ် မလှဘူးပြောရင် စိတ်ကောက်တတ်လို့ ပြန်တောင်ချော့ရတယ် လှတယ်လို့ပြောတော့ သူကျေနပ်လို့ မေမေ့ပြေးနမ်းတယ်။ အရွယ်ကြီးလည်း မေမေ့စိတ်ထဲ ကလေးလေးပါကွယ် ကမ္ဘာပေါ်မှာအလှဆုံးက မေမေ့ သမီးချောပါ ဟ။ ခင်ခ


ခင္ခFebruary 21, 20181min3484
  ကျောက်ပြင်ပေါ် ရေလေးစွတ်လို့ လက်ချောင်းကို အားပြုလို့သွေး မြန်မာ့သနပ်ခါးလေး။ ့ပါးပြင်ပေါ် ပါးကွက်လူးတော့ ယဉ်ယဉ်လေးနဲ့ သူ့အသွင်အပြင် သိပ်လှတယ်ထင် မေ့အလှကဗျာတင်။ ခင်ခ (မူရင်းဓာတ်ပုံရှင်ခရက်တစ်ပါ)


ko sixFebruary 17, 20181min2163
။။။။။။။။။။။။ ပန်းတစ်ပွင့် ဖူးပွင့်လို့အားကုန် ပျိုးထောင်သူ ရင်မှာအေးအောင် ပွင့်ဖတ်တို့စုံ။ ကြည့်လှည့်ကြကုန် ရိုးတံက အသာစိမ်းနဲ့ ဒီခြံဝယ် အရင်ပွင့်တယ် ပျားပိတုန်းတို့ပြုံ။ ရနံ့ကမွှေးထုံ ပျော်လိုက်ပ ဤလူ့ဘုံလယ် ကြည့်မဝ ဖြစ်ရပုံ ပန်ချင်သူ သူအရွေးမှာ ခြွေပေးဖို့ ခြေလက်တုန်။ နှမြောလို့မကုန် ရောင်းဖို့ရန်အဖြေထက် ပင်ယံမှာ အမြင်တင့်ချေတော့ ဒီဘဝင် ကြည်ရွှင်အေးအောင် ငြင်းပယ်လိုက်ရုံ ။ ။ ကိုစစ်


aye.kkFebruary 17, 20181min4096
တစ်ရက်မှာတော့ နေ ့လည်ခင်း၊ထမင်းစားချိန်လေးမှာ၊ကိုယ်နေတဲ့နေရာနဲ ့သူ နေတဲ့နေရာက သိတ်မဝေးလှလို ့၊ထမင်းသွားစားဖြစ်ခဲ့ပါတယ်။ သူကတော့၊တာလော့မှာလည်းနေထိုင်ပါတယ်။ တာလော့ဆိုတာ၊တာချီလိတ်မြို ့ပေါ်က၊အထင်ကရရှိလှတဲ့ရပ်ကွက်တစ်ခုပါ။ အရင်ရောက်ဖူးတဲ့နေအိမ်ကတော့၊ပါလျံမှာရှိတဲ့သူ ့နေအိမ်ခြံဝန်းကိုရောက်ဖူးတာပါ။ သူနေထိုင်တဲ့ပါလျံရပ်ကွက်လေးက၊ကျွန်မတာဝန်ဆောင်ရွက်နေတဲ့ရုံးနဲ ့လည်း အတော်လေးနီးပါတယ်။ အဲဒီအချိန်တုန်းကတည်းက၊ သူကတာလော့ရပ်ကွက်မှာရှိတဲ့ သူ ့ရဲ ့အိမ်ရှေ့မှာ၊ ကျောက်ဘီဒိုဆိုင်လေးဖွင့်ထားပြီးဈေးရောင်းပါတယ်။ ကျွန်မတာဝန်ကျတဲ့နေရာနဲ ့က၊နီးနီးလေးပါဘဲ။ တစ်ခါတစ်ရံမှာ၊ကျွန်မသူ ့ကိုသတိရတဲ့အခါ၊သူ ့အိမ်မှာထမင်းစားဖြစ်ပါတယ်။ ကျွန်မရောက်တဲ့အချိန်မှာ၊သူကဇောင်းလျားသီးတွေကိုသကြားရည်စိမ်ထားတာတွေကို ဆရာတော်ဘုရားဆီယူသွားဖို ့အတွက်ပြင်ဆင်နေတာတွေ ့ရပါတယ်။ ကျွန်မကမေးတော့၊ဆရာတော်ဘုရားရဲ ့ကျန်းမာရေးအတွက်၊လုပ်ပေးတာလို ့ပြောပြပါတယ်။ ကိုယ်တိုင်အပင်ပန်းခံပြီး၊စေတနာထားဆောင်ရွက်နေတာကို၊ကိုယ်တိုင်မြင်လိုက် ရပြန်တော့၊သူ ့စေတနာကို လေးစားမိရပြန်ပါတယ်။ တစ်ညနေခင်းမှာ ပါလျံမှာရှိတဲ့သူ ့အိမ်လေးကိုသွားဖို ့အတွက်၊ကျွန်မနဲ့အတူ အလုပ်လုပ်ဖော်သူငယ်ချင်းကခေါ်တာမို ့ ကျွန်မလိုက်သွားဖြစ်ပါတယ်။ သူ ့ခြံဝန်းလေးထဲရောက်တာနဲ ့၊လူအနည်းငယ်တွေ ့မြင်ရပြီး ခြံဝန်းနောက်ဖက်မှာ၊သူစိုက်ထားတဲ့၊ကန်ဇွန်းပျိုးခင်းထဲမှာအလုပ်ရှုတ်နေကြတာကို တွေ ့မြင်လိုက်ရပါတယ်။ ကျွန်မတို ့လာတာမြင်တော့၊သူကဝမ်းသာအားရစွာနဲ ့ လှမ်းအော်ခေါ်လိုက်ပါတယ်။ သူ ့စိုက်ခင်းထဲရှိရာလာဘို ့အတွက်နဲ ့၊ကန်ဇွန်းရွက်တွေဝိုင်းကူခူးပေးဘို ့ သူက၊အကူညီတောင်းပါတယ်။ ကျွန်မကို၊သူက ဝေယျာဝစ္စ ကုသိုလ်မှာပါဝင်ရစေချင်လို ့သာ၊ အကူညီတောင်းတယ်ဆိုတာကို၊ကျွန်မကသိလိုက်ပါတယ်။ ဘုန်းကြီးကျောင်းအတွက်၊သူ ့ရဲ ့ ခြံထွက် အသီးအနှံတွေနဲ ့ ဟင်းသီးဟင်းရွက်တွေကို သွားလှူဒါန်းပါတယ်။ သူ ့နေအိမ်ခြံဝန်းထဲမှာလည်း၊ စားပင်တွေ အတော်လေးစုံလင်အောင် စိုက်ပျိုးထားတာတွေ ့ရပါတယ်။ ကျွန်မစိတ်ထဲမှာတော့၊သူ […]


Mon LayFebruary 17, 20181min2504
နိုင်ငံရေးမပြောချင်ပါဘူး..စိတ်မဝင်စားလို့..ဒါအမှန်တိုင်းပြောတာ။ ဒါပေမဲ့လည်း ပြောရဦးမယ်..ခုတော့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာအရင်အစိုးရလက်ထက်ဦးသိန်းစိန်လက်ထက်ထဲကနေ ခုချိန်ထိပေါ့နော်။ ဒီမိုကရေစီရတော့ မြန်မာနိုင်ငံဟာ တော်တော်ပွင့်လင်းလာတာတွေ့ရပါတယ်။ လူတွေလက်ရဲဇက်ရဲရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ကို ဝန်မလေးကြတော့ဘူး။ယောကျာ်းတွေကလည်း ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ကြတော့ဘူး။ သက်ငယ်မုဒိမ်းတွေလည်း ၁ နေ့ကို ၂မှုတဲ့။ မိန်းမတွေကလည်း ကုသိုလ်ရဖို့ အတိုလေးတွေဝတ်လာကြသလို ကြွားချင်လို့ အသက်အန္တရယ်နဲ့နီးတဲ့ ရွှေတွဲလွဲလေး တွေနဲ့ဖြစ်လာတယ်။ နာမည်အကြီးဆုံးကတော ့V day မှာ ဟိုတယ်ခန်းတွေပြည့်တယ်ဆိုပဲ။ တချို ့ဆို ဟိုတယ်တွေက ပူဖောင်းတွေနဲ့တောင် ကြိုဆိုတယ်ဆိုပဲ.. ဖေ့ဘွတ်မှာပုံနှင့်တကွတွေ့လိုက်ပါရဲ့။ အဲလောက် မတရားဒီမိုကရေစီကျင့်သုံးတာကို အီးယူ (EU – European Union) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နှေးကွေးတယ်ဆိုပဲ။..အကယ်လို့ မြန်မာနိုင်ငံရဲ ့ဒီမိုကရေစီ သာ မြန်သထက်မြန်လာမယ်ဆိုရင်ဖြင့်…ပြောကိုမပြောချင်တော့ပါဘူး..ပြောလည်းမပြောတော့ပါဘူး….ဗာျ…..မြန်မာဂဇက် ကရွာသူရွာသားတို့ရေ။


ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား ————————–   ဂျစ်ပစီတစ်ယောက်… နတ်သမီးပါတဲ့ အိပ်မက် မက်သလိုပဲ. . . ဆားနည်းနည်း ပေါ့တယ်။ – ဘယ်လိုပဲဖြစ်ဖြစ် . . . အိပ်မက်ထဲမှာ ကိုယ့်အသက်ရှုသံ ကိုယ်ပြန် ကြားခဲ့ရတာအတွက် ကျေနပ်ရတယ်။   – မောက်မာရင့်သီးပြီး ကိုယ့်မြင်းကိုကိုယ် အထီးအမ မသဲကွဲတဲ့ အဝါရင့်ရောင် တိမ်စိုင်တို့ရေ. . . မှတ်ထားစမ်း. . . ပစ်မှတ်ကို လွယ်လွယ်မှန်ရိုးထုံးစံ ရှိမှတော့. . . အမှန်တရားရုပ်တုဟာ . . . နတ်ဘုရားဆန်စွာ ကိန်းခန်းကြီးမနေဘူး။       သင့်အေးရိပ် 16/02/2018 (Photo credit=  internet)   […]