Kaung Kin PyarDecember 7, 20171min2141
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မှတ်သားဖွယ်စကားကြီးတစ်ခွန်းကြားခဲ့ပြီးနောက်ပိုင်း အဲ့ဒီစကားကို ခုချိန်ထိ မမေ့နိုင်ဘူး…။ မနောက်ပါဘူး၊ အတည်ပြောတာ…။ အဲ့ဒီစကားက ဘာမှလဲ မထူးဆန်းသလို ကြားနေကျလို့တောင် ပြောလို့ရတဲ့ စကားပါ…။ သတိရစရာအကြောင်းကလဲ နေ့တိုင်းတိုက်ဆိုင်နေတော့ နေ့တိုင်းနီးပါ ဒီစကားကို သတိရရနေတယ်ရော.. တခါက အလုပ်မှာ နေ့လည်ထမင်းစားချိန် အတူဝိုုင်းဖွဲ့စားကြရင်း အရင်စောပြီးသွားတဲ့ အမတစ်ယောက်က သူ့ထမင်းချိုင့်ကို ဘေစင်မှာ ဆေးပါတယ်…။ သူက ရေဘားကို အဆုံးထိဖွင့်ပြီး သူ့ထမင်းချိုင့်ကဆပ်ပြာတွေကို ဆေးချနေတဲ့အချိန်ပေါ့…။ အဲ့အချိန် ရုံးကသူဌေးမ ထမင်းစားခန်းကနေ အပြင်ကိုထွက်ဖို့ ဖြတ်တယ်…။ သူဒီလိုဆေးနေတာကို မြင်တော့…စကားတစ်ခွန်းလှမ်းပြောတယ်…။ “ရေကို တစ်ဝက်ပဲဖွင့်ပါ” တဲ့ ကုမ္ပဏီက သစ်ကုမ္ပဏီဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အမြတ်အစွန်းတော်တော်လေးရနေတာပေါ့…။ ပြီးတော့ ကုမ္ပဏီခွဲတွေ အများကြီးအပြင်ကို နိုင်ငံခြားမှာပါ ကုမ္ပဏီတွေ ဖွင့်ထားနိုင်တဲ့အနေအထားရှိတဲ့သူတွေပါ..။ လွိုင်ကော်မှာ လက်ဖက်ရည်ဆိုင်သေးသေးလေးကနေ […]


zaw linDecember 6, 20171min2524
ဥဥဒီအထဲဝင်ကြည့်လိုက်တိုင်း မိတ်ဆွေတွေ အရေးကြဲ အတွေးတွေဆဲ မမြဲကြပါလားလို့တွေးမိတယ် ရွာကြီးဟာ အရင်ကလောက်မစည် လက်မညီကြတော့ပါလား သင်္ခါရတရားကြောင့်ဘဲထင်ပါရဲ့ အင်း တစ်နေ့နှစ်ပုတ်ကို နဲတယ်ထင်ခဲ့တဲ့ကိုယ်တောင် ယောင်တောင်ပေါင်တောင်နဲ့ ခေါင်းပြောင်အောင်စဉ်းစား အနုပညာသမားပေမို့ ရွာစားရေ ကလိုက်ပေစမ်း အဖွင့်တစ်ပုတ်။    


zaw linDecember 6, 20171min2303
အနီနဲ့အဝါ ဖြူပြာပြာခရမ်းချယ်လို့ ပိတ်စမှာစုတ်ချက်တင်းတယ် ချစ်သူ့ပုံလွှာ။   ကြော့ကေသာ လေပြေမှာနော့ကာကစားတယ် ကမ္ဗလာချည်နုထွေးရယ် ထွေးပွေ့ကြည်သာ။   တိမ်သလ္လာ နေညိုချိန်ရေသောက်ဆင်းတယ် ရောင်စဉ်ဖြာချယ်ပန်းချီရေးရင်ဖြင့် စုတ်ချက်မညှာ။   နုုမာယာ တီတီတာချိုခွန်းဖွဲ့ကာဖြင့် ရင်ခွင်မှာနွဲ့ကာဆိုးလေတော့ သဲနုငယ်ညှာ။   တွေးဝင်္ကဘာ ချစ်ရသူအလိုပြည့်စေဘို့ နှလုံးသွေးကိုဖေါက်ကာဆေးချယ်လို့ ချစ်ပန်းချီဆက်ကာသပြီမို့ ကြည်ဖြူကာမျက်တော်ပြေစေကြောင်း ကဗျာချယ်စီကာကုန်းပို့မယ် မြေကမာ႓တည်ကာသက်သေပေါ့ မျက်ပြေစေမင်း ။   ဒီပါကို


Mon LayDecember 5, 20177min4140
မုံရွာမှာလည်ပတ်ခဲ့ပြီးတော့ ဒီတစ်ခါ မန်းလေး၊အင်းဝကို လည်ပတ်ခဲ့တာလေး ဆက်ရေးပါမယ်။ #မင်းကွန်းပုထိုးတော်ကြီး 😲😲 မင်းကွန်းကိုရောက်ဖို့ဆို လမ်းက၂လမ်းရှိပါတယ်။ ကားနဲ့သွားလို့ရသလို့ boat စီးပြီးလည်းသွားလို့ရပါတယ်။ မွန်လေးပထမတစ်ခါသွားတုန်းက တော့ ကားနဲ့သွားခဲ့ပါတယ်။စစ်ကိုင်းတံတားကိုဖြတ်ပြီးသွားခဲ့တာပါ..လမ်းမှာစစ်ကိုင်းတောင်လည်းဝင်ဖူးရင်းနဲ့ပေ့ါ။ ခုတခါကတော့ နိုင်ငံခြားဧည့် သည်တွေကိုပို့တဲ့နည်းအတိုင်းဘုတ်နဲ့သွားခဲ့ကြပါတယ်။ ဘုတ်ကစီးချိန် ၄၅မိနစ်တော့ကြာပါတယ်။ ရှုခင်းလေးကြည့်၊ဓါတ်ပုံလေးရိုက်၊မုန့်လေးစား ရင်း၊ လေလေးတွေတိုက်တာခံရင်း မှေးရင်းနဲ့ အိပ်ပျော်မလိုတောင်ဖြစ်သွားခဲ့ပါတယ်။ 😛 မင်းကွန်းပုထိုးတော်ကြီး (သို့မပာုတ်) ကမာ္ဘ့အကြီးဆုံးပုထိုးတော်ကြီးအကြောင်းလည်းဗဟုသုတအဖြစ်ဖတ်ကြည့်ကြပါဦးလို့။ စစ်ကိုင်းတိုင်း မင်းကွန်းမှာ တည်ရှိသော မင်းကွန်းပုထိုးတော်ကြီးကို ၁၈ ရာစုနောက်ပိုင်းမှာ ကုန်းဘောင်မင်းဆက် ၆ဆက်မြောက်ဖြစ်သော ဘိုးတော်ဘုရားမင်းမှ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘိုးတော်ဘုရားပာာ ဒီဘုရားကြီးကို မင်းကွန်းမှ မိုင် ၆ဝ ခန့်ဝေးသော ရွှေဘိုမှ မြင်ရအောင် ရွှေဘိုမှ ဖူးမြှော်လို့ရအောင်လို့ရည်ရွယ်ပြီး အလွန်ကြီးမားလှသော ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ သို့သော် ဘိုးတော် […]


သင့်အေးရိပ်December 4, 20177min17332
        အလုပ်နဲ့ဘဝ ——————————————————-   အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ… ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။   ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာ ဖြစ်တယ်။ အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..   အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။   အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊ ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ – […]


ဒီလိုဗျာ.. .. လာမည့် နှစ်သစ်ကူး အရင်တုံးက လုပ်သလို စုပေါင်းရွာအလှူ ပြုချင်တယ်။ အဲဒါ ဒီဇင်ဘာလကုန် သို့မဟုတ် ဇန်နဝါရီလဆန်း မှန်းတယ်။ အလှူက ပဲခူး အင်းတကော်မှာ ရှိတဲ့ ဆရာမ ချစ်မြတ်နိုး (ခ) ဒေါ်ကုသလစာရီကျောင်း လိုရာသုံးဖို့ပါ။ ဆရာမက လူသိထင်ရှား ကြော်ငြာကောက်ခံတာ တားမြစ်တာမို့ ကိုယ်ချင်းကိုယ်ခြင်းပဲ ကောက်ပါမည်။ အယင်က ပတ်ဘလစ်ဖွင့်လဲ ရွာထဲကလူပဲ အများဆုံးလှူတာပါ။ ရှင်းအောင်ထပ်ပြောရလ ျင် ယခု အလှူကောက်တာ ကိုယ့်သဘောနဲ့ပါ။ ဆရာမ ဝေနေယျအချို့ကို အသိပေးတာကလွဲလို့ ခွင့်ပြုချက် မယူထားပါဘူး။ ရငွေကို သဘာဝတရားရိပ်သာ အကောင့်ထဲသွင်း ဒါမှမဟုတ် ရွာသူအန်တီဝေါင်း ဘဏ်အကောင့်ထဲ လက်ခံဖို့ ကြံထားပါတယ်။ သဘာဝ ရိပ်သာ အကောင့်ထဲ ထည့်လျင် ပိုရှင်းတာမို့ […]


ကျောက်ကျိယန်၏ လ ျှို့ဝှက်မှတ်တမ်း စာအုပ်ကို တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ အနှစ်၂ဝ ပြည့် နှစ်ပတ်လည် မတိုင်ခင် ထုတ်ဝေလိုက်သည်။ (၂၀၀၉ခုနှစ်က) နိုင်ငံတော် အကျဉ်းသား စာအုပ်မှ ကောက်နှုတ်တင်ပြချင်တာ ….. တိန်အင်န်မင်ရင်ပြင် ဖြိုခွင်းမှုကို သူဆန့်ကျင်ပြီးနောက် ဖြုတ်ထုတ်သတ် လုပ်ခံရ သော တရုတ်ကူမြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ကျောက်ကျိယန် ကြုံတွေ့ရသည့် နောက်ဆက်တွဲ အကျိုးဆက်များ ….. ….. ကျောင်းသား ဆန်ဒပြပွဲအပေါ် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ကျနော့်အမြင် နဲ့ အင်အားသုံး ဖြိုခွဲရေး ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းပယ်ခဲ့လို့ ဘယ်လို အကျိုးဆက် ရရှိမည်၊ ဘယ်လို ပြုမူဆက်ဆံ ခံရလိမ့်မည်ကို သိပြီးသားပါ။ ကိုယ့်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျင် အဆုံးမှာ  ရာထူး အထုတ်ပယ်ခံရဖို့ စိတ်ပိုင်းဆိုင်ရာ […]


KyaemonDecember 2, 201731min6911
‘တရုပ်ဆည်အလွဲများ”ဆိုတဲ့ဦးမျိုးဝင်းသူရဲ့ဆောင်းပါးအရှည်ကြီးကိုဖေ့ဘုက်မှတ်ချက်တွေအနေနဲ့တင်လာပါတယ်၊ ၊၎င်းဆောင်းပါးကိုဆွေးနွေးမယ်၊ ၊ပြီးတော့၊ရေအားလျှပ်စစ်ကဖူလုံပြီးလူတွေကကြိုးစားလို့ဝူးဟန်ဒေသကတိုးတက်ဖွံ့ဖြိုးလာတာတွေကိုလိုက်ကြည့်မယ်၊ ၊ရေကာတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်၊ဆောင်းပါးရှင်ဦးဝင်းမျိုးသူကညွန်ချုပ်ဟောင်းဦးထွန်းလွင်နဲ့ရွှေကလောင်ရှင်ဦးသန်းထွဋ်အောင်တို့ ၊ထက်သဘောထားအမြင်ကျယ်ပါတယ်၊သူတို့နှစ်ဦးကရေကာတာကိုမလုပ်စေချင်ပါ၊လုံးဝကန့်ကွက်တယ်၊        ဦးဝင်းမျိုးသူကပြောတာကရေကာတာဆောက်လုပ်တာကိုမဆန့်ကျင်ပါ၊အားနဲချက်တွေကိုပြုပြင်ထိန်းသိမ်းနိုင်ဘို့ကိုသူက ။တောင်းဆိုနေတာပါ၊ ၊သို့ပင်ငြားလည်း၊အများပြည်သူအကျိုးနဲ့ပတ်သက်နေလို့ဦးမျိုးဝင်းသူရဲ့၊ဆောင်းပါးထဲက ၊အမှားတွေကိုဖော်ထုတ်ရပါမယ်၊     ၁၊တင်ထားတဲ့ပုံကသူဆွေးနွေးနေတဲ့ဇီပင်ပူးရေကာတာပုံမဟုတ်ပါ၊ ၊မြစ်ကျဉ်း၃တန်ရေကာတာကြီးဆိုတာလူတော်တော်များများကတောင်သိနေပါတယ်၊ ဇီပင်ပူးရေကာတာကိုအောက်တွင်တင်လိုက်ပါတယ်၊   ၂၊ဇိပင်ပူးရေကာတာလုပ်လို့ရေလဲဖြည့်ရော်ဝင်န်ချောင်ငလျင်လှုပ်ပါရောဆိုပြီးလူပေါင်းရှစ်သောင်း၊ ၊သေကြေစေခဲ့တယ်လို့ပြောပါတယ်၊ ၊အဲဒီလိုပြောတာကထင်ကြေးပါ၊သိပ္ပံနည်းကျကျခိုင်လုံတဲ့သက်သေမထူထောင်နိုင်ကြပါ၊မခိုင်လုံပါ၊ ၊ဒီလိုထင်ကြသူများရှိသလို၊မဟုတ်ရပါဘူးလို့ဆန့်ကျင်ပြောစောဒကတက်သူတွေလဲအများကြီးပါ၊ ၃၊ဇီပင်ပူးကငလျင်ကြောနဲ့တမိုင်ကွာ အဲဒီလိုရေးတာကမမှန်ပါ၊တရုပ်ပါရဂူတွေရေးတာကဇီပင်ပူးကပြတ်ရွေ့သုံးခုပေါ်မှာလို့ပါပါတယ်၊ ၊အံ့ဩမိမှာပါ၊ငလျင်ကြောပေါ်မှာဘာပြုလို့ဆောက်တာလဲ၊ကယ်လီဖိုးနီးယား၊အီရန်၊ဂျပန်တို့ကလဲ၊ ၊ဒီလိုဘဲငလျင်ကြောပေါ်ဖြစ်စေ၊အနီးအနားမှာဖြစ်စေဆောက်ကြတယ်၊အင်္ဂျင်နီယာပုံစံ ၊နဲ့နိုင်နိုင်နင်းနင်း ထိန်းသွားတာပါ၊ ၊ဒီအချက်ကိုဖော်ပြသင့်ပါတယ်၊ ၊မြစ်ဆုံမတူကွဲပြားတာကိုမဖော်ပြထားပါ၊ (လူတွေကိုချောက်လှန့်သလိုဖြစ်သွားတယ်) ၊မြစ်ဆုံကတမိုင်မကမိုင်၈၄လောက်စစ်ကိုင်းပြတ်ရွေ့နဲ့ကွာဝေးပါတယ်၊ ၊ရန်ကုန်သထုံမျဉ်းဖြောင့်မိုင်၇၂ထက်ပိုဝေးပါတယ်၊ ၊အကွာအဝေး မ ကပါ၊တောင်တန်းတွေခြားပြီးကာစီးထားလို့မြစ်ဆုံကစစ်ကိုင်းပြတ်ရွေ့နဲ့မထိတွေ့နိုင်ပါ၊ ဒါကြောင့်၊ရေကာတာဆည်ရေကြောင့်ငလျင်ဖြစ်လာတယ်လို့အချို့ကဇီပင်းပူးကိုစွပ်စွဲတာမျိုးဆွဲဆောင်ပြီးပြောလိုတာမျိုး၊ ဆိုရင်လုံးဝမမှန်ကန်ပါ၊ ၊မြစ်ဆုံ၊ဆောင်းပါး#၂၊၃၊၄ကိုညွှန်း၊၊ ၊၄၊မြစ်ဆုံကပိုမြင့်တယ် ၊ဒီလိုရေးတာကမှားနေပါတယ်၊ဇီပင်ပူးက၅၁၂ပေ၊မြစ်ဆုံက၄၅၈ပေဖြစ်ပါတယ် ၊ဦးထွန်းလွင်လို၊ရွှေကလောင်ရှင်ဦးသန်းထွဋ်အောင်လိုအမှားတွေဖြစ်နေတယ်၊       ၊ဇီပင်ပူးလိုရေထုဖိအားကပြတ်ရွေ့ပေါ်ကျပြီးငလျင်ဖြစ်မယ်ကိုသွားပြီးဆက်စပ်တွဲချိတ်ရုံ ၊မကပါ၊မြစ်ဆုံကဒိထက်မြင့်လို့ဒိထက်ပြင်းထန်မယ်လို့ချောက်လှန့်နေတာပါ၊ ၊အထက်ပါဆိုထားတဲ့အထိုင်းမြစ်ဆုံကစစ်ကိုင်းပြတ်ရွေ့ပေါ်မှာမဟုတ်၈၄မိုင်ဝေးပါတယ် တာင်တွေကာဆီးလို့မြစ်ဆုံရေတစက်ကမှစစ်ကိုင်းပြတ်ရွေ့ကိုလဲမထိတွေ့ပါ၊ ၊ဆည်ရေကြောင့်ငလျင်ဖြစ်မဲ့အဆိုကိုရင်းချင်ပေမဲ့မရပါ၊   INDIAN EXPERTSအိန္ဒိယပါရဂူများ ၂၀၀၈ကတရုပ်ငလျင်ကို၊ဘယ်ရေကာတာကမှမဖန်တီးပါ  Dam had […]


kaiNovember 28, 20172min2182
အရင်လက Noun clause လေးတွေအကြောင်းစတင်ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် if/whether တို့နဲ့စတဲ့ noun clause ရယ် wh question များနဲ့စတဲ့ noun clause တို့ကို ဦးစားပေးဖော်ပြခဲ့ပါတယ်။ ယခုလမှာတော့ လူသုံးများတဲ့ That နဲ့စတဲ့ noun clause လေးတွေအကြောင်းကို ဖော်ပြပေးပါ့မယ်။ ဖော်ပြပါ chart လေးကို လေ့လာကြပါစို့။ ဒီ chart လေးကိုကြည့်လိုက်ရင် that clause လေးမျိုးလေးစားရှိတာကို တွေ့နိုင်ပါတယ်။ ပထမဆုံးအုပ်စုကတော့ indirect object လုံးဝမပါတဲ့အုပ်စုပါ။ ဖော်ပြထားတဲ့ ကြိယာတွေကို အလွတ်ရအောင် ကျက်မှတ်ထားပါ။ ဥပမာ ဝါကျလေးတွေကို ကြည့်လိုက်ပါအုံး။ I agree that Myanmar should be a democratic […]


တိန်အင်းန်မင် ရင်ပြင် လူသတ်ပွဲ သိကောင်းစရာ အချက် ၆ချက် ……. လွန်ခဲ့သော ၂၈နှစ် ဗုဓဟူးနေ့ တနေ့တွင် ဒီမိုကရေစီ လိုလားသူ ဆန်ဒပြသမားများ သီတင်းပတ်ပေါင်းများစွာ စခန်းချရာ ပီကင်းမြို့ရှိ ရင်ပြင်ကို တရုတ်စစ်တပ် အကြမ်းဖက်နှိမ်နှင်းရွေ့ ပြန်လည်ရယူခဲ့သည်။ တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲမှ သတ်ဖြတ်ခံရသူ အရေအတွက် မသိရဘဲ ထောင်ပေါင်းများစွာ ပစ်သတ်ခံရဟု ခန့်မှန်းကြပြီး ဒီမိုကရေစီ လွတ်လပ်ခွင့် တောင်းဆိုမှုများကို ချုပ်ငြိမ်းစေခဲ့သည်။ ရာစုနှစ် တစိတ် ကြာပြီးနောက် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းအား တရုတ်အစိုးရ၏ နှံ့စပ် စီစစ်စွာ အသေးစိတ် ဖုံးကွယ်မှုကြောင့် ရံဖန်ရံခါ ကျွန်ုပ်တို့ မှတ်ညဏ်ဝယ် တင့်ကား တစင်းရှေ့ အာခံ မတ်တပ်ရပ်နေသော လူတဦး၏ ပုံရိပ်ထက်ပို သတိရကောင်းမှန်း မသိတော့ပေ။ […]


kaiNovember 27, 20171min1542
၂၀၁ရကိုလည်ပြန်ကြည့်ချရေးရင်း ၂၀၁၈ကိုကြိုဆိုမျှော်တွေးမည်ဖြစ်ပါသည်။ အော်စကာဆုပေးထုံးစံများအတိုင်း ဆုပေးနီးသည့် ၄လပိုင်းအတွင်း ရုံတင်ရုပ်ရှင်များသည်သာ “ရ”တတ်သည်ဖြစ်၍ ယခုသတင်းဝေဖန်သုံးသပ်သည်ကိုလည်း အမေရိကားနှင်မြန်မာပြည်၏နောက်ပိုင်း၄လကိုသာ အဓိကထားမည်ဖြစ်ပါကြောင်း။ ထရမ့်နဲ့ပူတင် ထရူတင် ရုရှန်းတို့နှင့်ပူးပေါင်းကြံစည်ကာ သမ္မတရွေးပွဲအနိုင်ရခြင်းမဟုတ်ဟု သမ္မတကြီးထရမ့်မှ ဖိငြင်းနေရင်းနှင့်ပင် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်မှ ရောဘတ်မူလာတို့အဖွဲ့ တလှမ်းခြင်းတိုး၍နင်းလာပေသည်။ အက်ဘီအိုင်မှ ညွှန်ကြားရေးမှုးဟောင်းရောဘတ်မူလာသည် အလွန်စနစ်ကျပြီး ပိတ်ဖမ်းရာတွင်နာမယ်ကြီးသူဖြစ်၏။ ၎င်းအား တရားရေးဝန်ကြီးဌာနမှ ယခုနှစ်မေလလည်တွင်စတင်ခန့်အပ်ပြီးနောက် ၆လကျော်ယခုအချိန်တွင် သမ္မတ၏သားနှင့်သားမက်ဆီသို့ပင် စစ်ဆေးရေးများစိတ်စိတ်ဝင်လာနေပြီဖြစ်သည်။ ညောင်မြစ်တူးရင်းဖြင့်ပုတ်သင်ဥများပေါ်သည်ဆိုရမည်လား၊ အမြစ်လှန်ရင်း ညောင်ပင်အောက်မှ ရေချမ်းစင်အိုးကျကွဲသည်လားမဆိုနိုင် ငွေကြေးခဝါချမှုတွင် နာမယ်ထွက်လာသော ပနာမားပြည်ရှိ အခန်းထောင်ချီသည့် ပနားမားတာဝါ အရောင်းအဝယ်များတွင် ထရမ့်အော်ဂနှိုက်ဇေးရှင်းပါဝင်ပါတ်သက်မှုများပါ ပြိုပြဲထွက်လာသည်။ ထရမ့်နှင့်ပူတင်မည်မျှခင်မင်ကြသည်ကို ၂၀၁၈နိုဝင်ဘာရှိ ကွန်ဂရက်အထွေထွေရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ အတိုက်အခံဒီမိုကရက်ပါတီမှ မဲအများစုရ၍ ကွန်ဂရက်တွင်အမတ်ထိုင်ခုံပိုရခဲ့ပါလျှင် အယုံအကြည်မရှိအဆိုတင်သွင်းနိုင်ခြင်းအပါအဝင် အိမ်ဖြူတော်ထိုင်ထရမ့်၏အခြေအနေ သိသာစွာယိုင်နိုင်သည်။ နိုင်ငံရေးတွင် ကျပြီဆိုလျှင်ကား ပုဝါကမ်းရဲသူပင်မရှိလောက်။ ပါဝါလူဖြူနဲ့ […]


KyaemonNovember 26, 201718min4923
  ၊ဇာတ်တော်ကြီးကဖြစ်ရပ် ၊ငယ်ငယ်တုန်းကပါ၊မဟောသဓာဇာဟ်တော်ကြီးကိုကျောင်းဖတ်စာအဖြစ်သင်ယူဆည်းပူးခွင့်ရခဲ့ပါတယ်၊ ခုထိလဲမဟော်သဓာဖြတ်ထုံးဆိုလူတိုင်းအံ့ဩချီးကျူးကြတယ်၊  ၊တခါကရွာသားတွေမဆုံးဖြတ်နိုင်လို့အမျိုးသမီးနှစ်ဦ၊နဲ့ကလေးငယ်တဦးကိုသူ့ဆီခေါ်လာတယ်၊ ၊အမျိုးသမီးနှစ်ဦးကသူ့ကလေးပါ၊ကိုယ့်ကလေးပါဆိုပြီးကလေးလုနေကြတယ်။  မဟော်သဓာဘုရားလောင်းက၊ ကလေးကိုနှစ်ပိုင်းပိုင်းပြီးအမျိုးသမီးနှစ်ဦးကိုတပိုင်းစီပေးခိုင်းလိုက်တယ်၊ ၊ရွာသားတွေကဘာပြောရမှန်းမသိဖြစ်သွားတယ်၊အငြင်းပွါးတဲ့အမျိုးသမီးတဦးကငြိမ်လို့တဦးကမလုပ်ပါနဲ့ မလုပ်ပါနဲ့ကလေးကိုဟိုအမျိုးသမီးအား၊ပေးလိုက်မယ်ဆိုပြီးတောင်ပန်လာတယ်။ အဲဒီချိန်မှာဘုရားလောင်းကတောင်းပန်လာတဲ့အမျိုးသမီးကသာမိခင်အစစ်အမှန်လို့ရွာသားတွေတိုပြောပြတယ်၊ ၊မိခင်ရဲ့မေတ္တာပေါ်လွင်ထင်ရှားနေပါတယ်၊  ၊ရှေးယခင်က DNAဆိုတာစီစစ်တဲ့ပညာနဲ့စက်ပစ္စည်းမရှိပေမဲ့တော်တော်ထိရောက်တာပါ။   ၊ဆက်လက်ပြီးဖေ့ဘုက်ကအငြင်းပွါးမှတ်ချက်တွေကိုတင်ပြပါ့မယ်၊ ဓာတ်ပုံအပြည့်နဲ့ဆောင်းပါးတွေကိုကြည့်ပြီးအမှားအမှန်တွေကိုခွဲခြားနိုင်လောက်ပါတယ်၊   ၊ပြီးရင်ညွန်းထားတဲ့ ၊နေရာကိုရှာပြီး”၊ကြိုက်”ဆိုတာလက် မ ၊ထောင်တဲ့ပုံကိုနှိပ်ပေးဘို့မမေ့နဲ့နော်၊ကျေးဇူး၊   ၊ရေကာတာမလုပ်ဖို့မှတ်ချက်များ ၊ငါတို့ရဲ့အသက်သွေးကြောမကြီးဖြစ်တဲ့ဧရာဝတီမြစ်ကြီးဟာပျင်စီးခြင်းငါးပါးဖြစ်သွားမယ် ၊ဒုတိယတွင်​း​ရေ​တွေခမ်​းကုန်​မယ်​ အမိဧရာဝဒီကိုကာကွယ်​ပါ လယ်​သမားမျျားလုပ်​စရာမရှိ ဆန်​စပါး၇​ှားပါးလာနိုင်​ပါတယ်​ ဧရာဝတီမြစ်ဆိုတာမြန်မာပြည်ရဲ့ပင်မကျောရိုးပါ မင်းတို့ငါတို့တောင်မှာအလည်ကျောရိုးမရှိရင်ဘယ်လိုရပ်တည်မလည်း ဒါကိုလုံးဝတားမြစ်ရမယ်ကွ နိုင်​ငံ​ပျောက်​မဲ့ စီမံကိန်​းပါလို့​ပြော​နေတာကို အန္တရာယ်ပါရေရှည်ကိုကြည်ရမှာပါ ရေအားလျပ်စစ်ထုတ်ယင်မြစ်ကိုထိခိုက်မှာနဲပတ်ဝန်းကျင်ထိခိုက်မှာနဲဆိုတော့အဲဒိလိုကိစ္စတွေဖြစ်ယင်တာဝန်ခံဖြေရှင်းပေးတဲ အပိုင်းတွေသဘာဝကိုပြန်လည်ဖြည့်စည်းပေးရမယ့်အပိုင်းတွေပါလား အိန္ဒိယမှာဖြစ်နေတာတခုကရေအားလျပ်စစ်တိုဆည်လှောင်တာတမံအကြိးကြိးတွေကြောင့်ဂင်္ဂါမြစ်ထဲရေမရှိတော့ပဲ ၊လူတောင်လမ်းလျေက်သွားလို့ရနေလို့တဲ တိုင်​းသူပြည်​သားတွကိုနှစ်​​ပေါင်​း​မြောက်​များစွာစားဝတ်​​နေ​ရေး​တွေကိုအကျိူးပြုခဲ့တဲမြစ်​မင်​း​ရောဝတီမြစ်​ကြီကို တရုတ်​ကျွန်​ုမြစ်​စုတ်​​ရော​ဝတီမြစ်​ကြီးဖြစ်​​အောင်​မလုပ်​ကြပါနဲ့ ၊စစ်ကိုင်းထိရှိတယ်ရေမတက်ရင်သူတို့ဘယ်လိုစိုက်ကြမလည်း ၊ဒီမြစ်ဆုံပင်လယ်ရေတက်လာပြီးမြစ်ဝကျွန်းတွေမှာဘာမှစိုက်စါးလို့ရမှာမဟုတ်ဘူး ၊မြစ်​မဆုံပါရ​စေနဲ့မြစ်​ဆုံတဲ့အခါမြန်​မာနိုင်​ငံသား​တွေဟာမင်​းတို့ရဲ့ကျွန်​ဖြစ်​သွားမှာ​ပေါ့ ၊တခြားသုနဲ့လုပ် တရုတ်ကိုရောင်း အဲဒါမှတော်သေး ရကားတားလုပ်ရင် ဧရာဝတီ မျိုးကမ်းသွားမှာ စဉ်းစားကြပါ ၊တတိယအပ်​​ပေါက်​​လောက်​က​နေ​ရေစိမ့်​ထွက်​ပြိးကြိးလာရာက​နေတာရိုးကျိုးကျနိုင်​တယ်​ မခန့်မှန်းနိုင်လောက်အောင်ဖြစ်နိုင်တယ် မလုပ်နဲ့ကွာမတိုးတက်ရင်နေဧရာဝတီတော့အပျောက်မခံနိုင်ဒါ်ဗမာစိတ်ဓာတ်ဘဲ ၊လက်​ရှိ […]


(သမိုင်းသင်တာ မအအောင် လို့ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောစကား မှတ်ဖူးပါသည်။ စာဖတ်သူများလည်း ကူမြူနစ် မဟုတ်တရုတ် ကြေးမုံဂျီးတို့ ခေတ်သစ် နိုင်ငံရေးသမိုင်းထံမှ သိကောင်းစရာ တခုခု ရစေရန် ရည်သန်လျက် ကြိုးစား ဘာသာပြန်ထားသည်။ ဘာသာပြန် ပရို မဟုတ်သဖြင့် အမှားအယွင်း အကျအပေါက်များ ရှိလျင် ကိုယ့်ဖာသာ ဖြည့်ဖတ် နားလည်ပေးကြပါ။) ………………………………….  ……………………..   တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ ၁၉၈၉ (တိန်အင်န်မင်မှာ ဘာတွေ တကယ်ဖြစ်ခဲ့သလဲ…) အနောက်ကဗာတွင် လူအများ တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲကို ဒီလို မှတ်သားကြသည်…… ၁။ ၁၉၈၉ ဇွန်လတွင် ဖြစ်ပွားသော ဒီမိုကရေစီရေး ကျောင်းသား ဆန်ဒပြပွဲ ဖြစ်သည်။ ၂။ တရုတ်အစိုးရမှ စစ်တပ် နှင့် […]