kaiOctober 26, 20173min1722
ယခင်လတွေက Adjective Clause နဲ့ adverb clause လေးတွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ noun clauses လေးတွေအကြောင်း ဖော်ပြလိုပါ တယ်။noun clause လို့ခေါ်ရတာက ဒီစကားစုလေးတွေမှာ ကြိယာလည်းပါတယ်။ သာမာန်အားဖြင့် noun နာမ်လေးတွေနဲ့သာသုံးလို့ရတဲ့ ကတ္တားsubject နေရာနဲ့ ကံobject နေရာတို့မှာ သုံးလို့ဖြစ်ပါတယ်။noun clause အမျိုးအစား ၃ မျိုးကို ဖော်ပြလိုပါတယ်။လူသိများတဲ့ that clause လို့ခေါ်တဲ့ That နဲ့စတဲ့ စကားစုလေးတွေရှိသလို wh-clause လို့ခေါ်တဲ့ wh-question တနည်းအားဖြင့် what, when, where,why,how စတဲ့ wh-question လေးတွေနဲ့စတဲ့ စကားစုလေးတွေရယ်၊ နောက်ဆုံး ။ သို့မဟုတ် whether နဲ့စတဲ့ noun clause […]


ေမာင္ရိုးOctober 26, 20171min319812
#ဥယျာဉ်မှူး     အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ပုံပြင်မျှသာဖြစ်ပါသည် ။ ပုံပြင်ကို စကားပြောအဖြစ်ရေးရပါလျှင် အဖိုးကြီးတစ်ယောက်အသွင်ပြောဆိုရမည်ဖြစ်သဖြင့် မိမိ၏ အသက်အရွယ်အား မေ့လျော့နေစေခြင်းအလို့ငှါ ဝတ္ထုဇတ်လမ်းသဖွယ် ရေးသားလိုက်ရပါတော့သည် ။ အကယ်၍ . . . ဖေါ်ပြပါ အကြောင်းအရာတို့သည် တစ်စုံတစ်ဦး တစ်စုံတစ်ရာနှင့် အခြေအနေတစ်ချို့တိုက်ဆိုင်ခဲ့မည်ဆိုပါက ကြံကြံဖန်ဖန်တိုက်ဆိုင်မှုမျှသာ သဘောထားစေလိုပါကြောင်းးးးး . . . မိမိစိတ်သဘောဖြင့် ဖတ်ရှုရင်းခံစားဒေါသထွက်မည်ဆိုပါကလည်း လွတ်လပ်စွာ ဒေါသကြီးနိုင်ပါကြောင်းးးး . . . ဖတ်ရှုပြီးသော ပုံဝတ္ထုအား ဒေါသအလျောက်ဆဲမည်ဆိုပါကလည်း လွတ်လပ်စွာဆဲဆိုနိုင်ပါကြောင်းးး . . . . အောက်ဖေါ်ပြပါ ပုံဝတ္ထုအား ကျနော်မောင်ရိုးသည် ခရစ်သက္ကရဇ် 2007 ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအပြီးတွင် သီတဂူဆရာတော်ဘုရားကြီးဟောကြားတော်မူသော ” ဧကရဇ်မင်း၏ […]


kaiOctober 24, 20171min2146
“We’ve seen nationalism distorted into nativism, forgotten the dynamism that immigration has always brought to America,” George W. Bush (October 19, 2017) ထရမ့်ခေတ် လူဖြူကြီးစိုးရေးဖြစ်လာမှုကို သမ္မတဟောင်းဘုရှ်က အထက်ပါအတိုင်းဖွင့်ပြောလာရသည်။ ကွန်ဆာဗေးတစ်တို့၏အမျိုးသားရေးဟူသည် အစိုးရပေါ်လစီတွင်သွား၍တုတ်စည်းမိသည်ရှိသော် အမေရိကားပြည်တည်ထောင်ထားခြင်း၏ မူလရည်ရွယ်ချက် ကမ္ဘာသစ်နှင့်အမေရိကန်အိပ်မက်တို့ကိုပင် ပျက်ပြယ်ထိခိုက်စေလေသည်။ တကယ်တော့ ရှေးရိုးစွဲတို့၏ အမျိုးသားရေးဟူသည် တံခါးပိတ်ဝါဒဆီသို့သာ ဦးတည်စေ၍ အမေရိကနိုင်ငံကဲ့သို့ ရှေ့မှတွက်လျှင် ၁ဝထဲပါသည့် တိုင်းပြည်မျိုးသည်ပင် ခံနိုင်ခြင်းမရှိရာတည်း။ သို့ဆိုသော် မြန်မာပြည်ကဲ့သို့ နောက်မှတွက်လျှင် ၁ဝထဲဝင်သည့်နိုင်ငံအတွက်ကား ဆိုဖွယ်မရှိ။ ချိုင်းနားသည် ဆိုရှယ်လစ်ဝါဒနှင့် သူ၏ခေတ်သစ်ထောင်ကာ ကမ္ဘာကိုအုပ်စိုးမည်ဟု ယခုအောက်တိုဘာကွန်ဂရက်မှ ကြွေးကြော်နေပြီ၊ ဂျပန်သည် သူ၏ဖက်ဆစ်ဂျပန်စစ်အင်အားနိုင်ငံအဖြစ်ကို […]


သုရွင္October 24, 20171min2947
အကြီးဆုံးသောအမှား ******************* မင်းမှားနေတယ်လို့ သိလိုက်တယ်ဆိုရင် ဒါဟာ အနည်းဆုံး တော့ မင်းအနေနဲ့ အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ အမှန်ကိုစတင်လို့ရပြီဆိုတဲ့ အခွင့်အရေးပါ။ လူတိုင်းဟာ အမှားကို ကြောက်ကြပါတယ်။ အမှားရဲ့နောက် ဆက်တွဲ ရလာဒ်တွေကို ကြောက်တာဆိုရင်ပိုမှန်ပါတယ်။ ပေးဆပ်ရမှု၊ ဆုံးရှုံးမှု၊ နာကျင်မှု၊ ကြေကွဲဝမ်းနည်းရတာတွေပါ။ ပြောမှား၊ ဆိုမှား စတဲ့ သေးငယ်တဲ့အမှားတွေကနေ အလုပ်မှား မိတာ၊ သွားလာမှားတာ ၊ လမ်းမှားတာ နောက်ဆုံး ဘဝတစ်ခုလုံး ချိုးကွေ့သွားလောက်အောင် ဆုံးဖြတ်ချက်မှား တာမျိုး ရှိတတ်ပါတယ်။ မှားသွားတာကို သိလိုက်ရချိန်မှာ စိတ်ဓါတ်ကျ ပြီး စိတ်ဆင်းရဲရပါတယ်။ မမှားခဲ့ ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တလည်း ရတတ်တယ်။ မှားမှန် စောစောသိတာဟာ ပိုကောင်းပါတယ်။ နောက်ကျမှ သိလေ ပေးဆပ်ရတာ ပိုပြီး […]


ko sixOctober 22, 20171min2736
::::::::::::::::::::: နှုတ်ဆက်ခြင်းမှာ နှစ်မျိုးနှစ်စားရှိကြောင်းနှင့် တစ်ခုသော နှုတ်ဆက်ခြင်းတွင် အနက်အဓိပ္ပာယ်အရ ဖြေဆည်နှစ်သိမ့်နိုင်ရန် အလွန်ခက်ခဲသော ဒြပ်မဲ့တို့ ကိန်းအောင်းနေကြောင်းကို ဒီမနက်မှ ကျွန်တော် သိလိုက်ရပါပြီ။ ဟုတ်ပါသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ်က ကျွန်တော့်နာမည်ကို တွင်တွင်ခေါ်ကာ အားပါးတရ လာရောက်နှုတ်ဆက်ခဲ့ဖူးသူသည် ဒီကနေ့ မနက်ပိုင်းတွင်ကျတော့ နှုတ်စကားတို့ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်း အလျင်းမရှိပါဘဲ ကျွန်တော့်ကို လူ့ဘဝမှ ပြန်ထွက်သွားပြီဖြစ်ကြောင်း နှုတ်ဆက်လာခဲ့ပြန်ပါသည်။ တွေ့ဆုံ၍ နှုတ်ဆက်ခြင်းနှင့် ခွဲခွာခါနီး၍ နှုတ်ဆက်ခြင်းတို့တွင် နံပါတ်နှစ်မြောက် နှုတ်ဆက်ခြင်းက အံ့ဩစရာကောင်းလောက်အောင် နှစ်မျိုးနှစ်စား ရှိနေပြန်သည်က ရင်ထဲ နင့်ကနဲ ဖြစ်သွားစေတော့သည်။ ဟုတ်ပါသည်။ ကျွန်တော့်ကို နှုတ်ဆက်လာသည့် ဒီနေ့လိုမျိုး နှုတ်ဆက်ခြင်းအား ဘယ်လို ခွန်အားမျိုးနှင့် ရင်ဆိုင်ရပါမည်လဲ။ (a) အလုပ်ကို ရောက်လိုဇောဖြင့် ဆိုင်ကယ်ကို အရှိန်မြင့်ကာ […]


တလုပ်သဗုံ ကြေးမုံဂျီး ရွာထဲမယ် မြစ်ဆုံရေကာတာ လော်ဘီပို့စ်တွေတင် တလုပ်ကူမြူနစ်ပါတီနဲ့တလုတ်အစိုးရ ကောင်းကြောင်း၊ နယ်ချဲ့ ကိုလိုနီအနောက်နိုင်ငံနဲ့ ဖက်ဆစ်ဂျပန် ဆိုးကြောင်း ဝါဒဖြန့်တာ တွေ့တော့ ခံစားခဲ့ရတဲ့ တလုပ်ပြည်သူတွေအတွက် ယူကြုံးမရ ဖြစ်မိတယ်ဂျ။ တဆက်ထဲ သူတင်တဲ့ တလုပ်မတွေ မီနီစကပ်ဝတ် အလှပြတာ မြင်တော့ သွားရည်ကျမိတယ်။ မဟာဂေါင်းဆောင် အုတ်ကထ မော်စီတုံးကိုလည်း လေးစားမိတယ်။ တလုပ်ပြည် အတိတ်သမိုင်းကြောင်း တူးဆွမိတော့ ကူမြူနစ် ကြေးမုံဂျီး တခါမှ မဟဖူးတဲ့ အခြင်းအရာ ဘွားကနဲ တွေ့တယ်။ အားလုံးလဲ ကြားဖူးမှာပါ ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာ၊ ၁၉၆၆ ကနေ မော်စီတုံး ကွယ်လွန်ချိန် ၁၉၇၆ အထိ တလုပ်ပြည်တွင် ဖြစ်ခဲ့တယ်။ ဆွေမျုးိပေါက်ဖေါ် မြန်တြံ့ပြည်မှာလဲ အားကျမခံ ဗကပများ ပါတီတွင်း […]


KyaemonOctober 21, 201720min3681
။ကျောက်ခေတ်လို၊ရသေ့လိုနေလိုသူများရှိကြမှာပါ၊ သို့သော်အများပြည်သူတွေကဒီလိုဟုတ်မယ်လို့မထင်ပါ၊ အနောက်နိုင်ငံတွေ၊ကိုရီးယားဂျပန်တရုပ်စင်ကာပူတို့လို မီးကိုနိုင်နင်းလို့တင့်တင့်တယ်တယ်နေလိုကြမှာပါ၊ အလိုက်အထိုက်ဖွံ့ဖြိုးချမ်းသာပြီးအလုပ်အကိုင်ကိုယ်စီနဲ့ သူများနိုင်ငံမှာသွားကျွန်ခံဘို့မလိုပါ၊     myanmargazette.net/230219 ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – XLV (# ၄၅)   myanmargazette.net/224185   ၊မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths – IX  (# ၉)     ၊ဗီယက်နမ်ကပုံတွေပါ၊ငါးဖမ်းဝါးလှောင်အိမ်ကိုခြေကျင်အစား စက်ဘီးနဲ့သယ်၊        လူအားနဲ့တောင်သိပ်မနိုင် ပန်းသယ်တွေကစက်ဘီးနဲ့သယ်ပြီးလိုက်ရောင်း၊   ၊မော်တော်ဆိုက်ကယ်နဲ့ဝက်တွေဈေးပို့၊ပန်းအိုးကြီးတွေလိုက်ပို့။   ၊ရေအားလျှပ်စစ်ကိုကောင်းကောင်းကြီးနိုင်လို့ဈေးသက်သာတဲ့မော်တော်ဆိုက်ကယ်တွေကိုထုတ်ရောင်းနိုင်တယ်၊ အငယ်စားလုပ်ငန်းရှင်တွေလဲ၊မော်တော်ဆိုက်ကယ်တွေနဲ့အလုပ်ဖြစ်၊     ၊အိမ်နီးချင်းကပီပါdrumသယ်၊နံနက်စောစောစီးစီးနံပြားဆင့်ပြီးသယ်ပို့၊ သမုဒ္ဒရာဝမ်းတထွား၊ပင်ပန်းလှ၏     […]


Mon LayOctober 21, 20175min4623
Vitenam ရဲ့ Attraction Sight တွေအကြောင်းသိချင်မယ်ထင်လို့ အခုအရင်ဆုံး UNESCO ရဲ့ World Heritage Site အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ Halong Bay ကိုသွားတဲ့ တစ်ညအိပ်ခရီးစဉ်လေးအကြောင်းနဲ့ခရီးစဉ်လေးမှာဘယ်လိုအစီစဉ်လေးတွေပါတယ်ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာလေးပြောပြပေးမယ်နော်။ သွားခဲ့တဲ့ခရီးစဉ်လေးကတော့ Junk ( Cruise) ပေါ်မှာတစ်ညအိပ်တဲ့ Jointed Tour လေးပေါ့နော်။ မနက် ၈နာရီလောက် မှာ Hanoi က ကိုယ် နေတဲ့ဟိုတယ် မှာ English Speaking Guide က လာခေါ်ပေးပါတယ်။ Hanoi ကနေ ၄နာရီလောက်ကားမောင်း ပြီးချိန်မှာတော့ အရမ်းကို လှပတဲ့ သဘာဝတရားတွေရှိရာ Halong Bay ကိုရောက်ပြီပေါ့။ မြစိမ်းရောင်ရေပြင်ကျယ်ကြီးထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ အစိမ်းရောင် Limestone Mountain တွေရယ် မြင်လိုက်ရတော့စိတ်ထဲအေးချမ်းသွားတယ်လို့ခံစားရတယ်။  တကယ့်ကိုသဘာဝတစ်ရားကြီးရဲ့အလယ်ကိုရောက်သွားတာ။ […]


aye.kkOctober 21, 20171min2587
အတိတ်ဆိုတာ လူတိုင်းမှာရှိတယ် ကောင်းတဲ့အတိတ်ရှိသလို မကောင်းတဲ့အတိတ်လဲရှိတယ်။ ကောင်းတဲ့အတိတ်က ကိုယ့်စိတ်က ဆင်ခြင်တုံတရားရှိပြီးတွေးခေါ်တတ်တဲ့စိတ်ကြောင့်, သိနားလည်တဲ့စိတ်ကြောင့် ကောင်းတာတွေကိုပြုလုပ်ထားတဲ့အတွက် ကောင်းတဲ့အတိတ်ဖြစ်စေပါတယ်။ ကောင်းတာတွေပြုလုပ်ထားမိခဲ့အတွက်လည်း အချိန်ကာလ၊ဘယ်လောက်ပဲကြာကြာ ကိုယ့်စိတ်ထဲမှာ တိုက်ဆိုင်တဲ့အခါတိုင်းဖြစ်ဖြစ်၊ပြန်တွေးမိတဲ့အချိန်တိုင်းဖြစ်ဖြစ် ကြည်နူးပီတိခံစားရစေပါတယ်။ အဲဒီအတွက်လည်းလက်ရှိပစ္စုပ္ပန်မှာ ကောင်းတဲ့အကျိုးတရားတွေခံစားရပါတယ်။ မကောင်းတဲ့အတိတ်က ကိုယ့်စိတ်က ဆင်ခြင်တုံတရားမရှိ၊မတွေးခေါ်တတ်တဲ့စိတ်ကြောင့် မသိနားမလည်တဲ့စိတ်ကြောင့် မကောင်းတာတွေပြုလုပ်ထားမိတဲ့အတွက် မကောင်းတဲ့အတိတ်ဖြစ်ပါတယ်။ ကိုယ်ပြုလုပ်ထားမိတဲ့အမှားတွေကိုဆိုချင်တာပါ။ ကိုယ့်စိတ်က မခံချင်တဲ့စိတ်ကြောင့်ဖြစ်ဖြစ် မသိနားမလည်တဲ့စိတ်ကြောင့်ဖြစ်ဖြစ် မကောင်းတာကိုပြုလုပ်ထားမိခဲ့လျင် ကိုယ့်စိတ်ထဲမှာ ပြန်ပြီးစဉ်းစားမိတဲ့တိုင်း၊ ကိုယ့်စိတ်မှာခြောက်လှန် ့ခြင်းခံနေရသလို အပြစ်ရှိနေသလိုဝမ်းနည်းတဲ့စိတ်တွေဖြစ်ပေါ်ခံစားရစေပါတယ်။ မိမိကိုယ်တိုင်ကပြုလုပ်ထားမိလို ့ ဖျောက်မရတဲ့အတိတ်ဆိုးဖြစ်နေခဲ့ပါလျင် အမြဲကိုယ့်စိတ်မှာခြောက်လှန် ့ခြင်းခံနေရသလို၊ ခံစားနေရတတ်ပါတယ်။   မခံချင်တဲ့စိတ်ကြောင့်ဖြစ်စေ မသိနားမလည်တဲ့စိတ်ကြောင့်ဖြစ်စေ အမှားမပြုလုပ်မိခဲ့ဘူးဆိုပါလျင် အတိတ်ဆိုးဆိုတာလည်း၊မဖြစ်လာနိုင်ပါဘူး။ အားလုံး- ကိုယ်ပြုလုပ်မိမှားတဲ့အတိတ်ဆိုးမှ၊အစဉ်ကင်းဝေးနိုင်ကြပါစေ။              


aye.kkOctober 21, 20171min2283
မိမိဘဝတွင် မိမိချစ်သော, မိမိပိုင်ဆိုင်ထားသော အရာရာမှန်သမျှတို ့ကို ၊ မိမိမှ စွန် ့လွတ်နိုင်ဖို ့အတွက် ဝန်လေးကြသည်။ ပုထုဇဉ်မှန်သမျှ မစွန် ့လွတ်နိုင်ကြဟုပြောလျင်၊ ပို၍မှန်မည်ထင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့်စွန် ့လွတ်ရပါကလည်း အောက်မေ့ကြေကွဲ,ဝမ်းနည်း,ပူဆွေး,တမ်းတ,နှမြောတသ၊ ဖြစ်ကြရသည်။ မစွန် ့လွတ်ချင်ပါသော်လည်း၊ဆုတ်ကိုင်ထား၍ကလည်း မဖြစ်နိုင်ပါ။ မဖြစ်နိုင်တာကို သိနေသည့် စိတ်။ ထိုစိတ်က မိမိကိုပို၍ခက်ခဲစေသည်။ ပင်ပန်းစေသည်,ဆင်းရဲစေသည်,ပူလောင်မှုတို ့ကိုသာ ဖြစ်ပေါ်စေသည်။ မိမိဘဝတွင် မိမိအတွက် အရေးပါသော အရာရာမှန်သမျှ၊ ပိုင်ဆိုင်ထားမှုမှန်သမျှတို ့သည် စိတ်ကိုချည်နှောင်ထားနိုင်ကြသဖြင့် ၊ စိတ်၏ မွန်းကြပ်မှုတို ့ကိုသာ ခံစားဖြစ်ပေါ်စေသည်။ ထိုစိတ်သည် နွံနှင့်တူလှသည်။ နွံနှင့်တူသဖြင့်  ရုန်းထွက်နိုင်ဖို ့၊ မလွယ်ကူ။   မိမိ၏ဘဝတွင် မိမိချစ်သောအရာရာမှန်သမျှ မိမိပိုင်ဆိုင်မှုမှန်သမျှတို ့သည်၊ အမြဲတမ်းမဖြစ်နိုင်သည့်အတွက် ထိုနွံမှ ရုန်းထွက်နိုင်မှသာလျင်၊ စိတ်၏ပေါ့ပါးလွတ်လပ်မှု,ချမ်းသာအေးမြမှုကို ရရှိခံစားနိုင်မှာ၊ အမှန်ဖြစ်ပေသည်။ ချစ်သောနွံမှရုန်းထွက်နိုင်ပါစေ။   […]


ဇီဇီOctober 19, 20172min329313
အစ က တဂျီးရယ် သနပ် ခေတ်စားတုန်း သနပ် အကြောင်း ရေးပါ့လား လာမြှောက်ပေးတယ်လေ။ :a: ခင်ဇော်က သနပ်သာ ကြိုက်တာ မလုပ်တတ်ဘူးး ပလိုစီဂျာ နည်းနည်းများတယ်။ နောက်ပြီး သနပ်က အခြေခံအရ ဗမာ့နည်းမဟုတ်ဘူးလားလို့။ 😀 အာ့နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စား ဗမာ့ချဉ်ဖတ်များ စုပေးမယ်ပေါ့။ အာ့ကျ “ကောင်းတယ် ကောင်းတယ်” တဲ့။ ဟို ထောက်ပြုတ်ဝက်မည်းတို့ ထောင်ထွက်ဝက်ဖြူ တို့ နာမည်တွေပါ ချဉ်ဖတ်ထဲ လာထည့်ခိုင်းနေလို့ ပြေးပေါက်မှားနေသေးး!! :kwi: ခင်ဇော်လည်း ကိုယ်တိုင်က သာ ချဉ်ဖတ်ရယ်။ ချဉ်ဖတ်နည်းတွေလည်း လည်တည်တည်။ ငါးပိရည်သမားမို့ အတို့အဖြစ် ချဉ်ဖတ် မျိုးစုံတော့ စားဖူး ကြိုက်ဖူးတာပေါ့လေ။ 😐 ဘိလပ် လို […]


၁၇၆၅ – ၁၇၆၉ ခုနှစ် ကာလအတွင်း လေးကြိမ် ဖြစ်ပွားသော တရုတ် မြန်မာ စစ်ပွဲ အကြောင်း မနေ့က တင်ခဲ့ ပြီးပါပြီ။ ယခု ဘာသာပြန်မှာ နောက်ဆုံး စစ်ပွဲပြီနောက် အကြောင်းအရာများ ဖြစ်သည်။ မူရင်းပို့စ်တွင် အသေးစိတ် ရေးသော စစ်ပွဲလေးကြိမ်ကိုမူ အရင်ပို့စ်တွင် အခြားတနေရာမှ ဘာသာပြန်တင်ပြီး ဖြစ်ရွေ့ ချန်လှပ်ထားပါသည်။ ။။။။။။ လူ နှစ်သောင်း နှင့် လက်နက်၊ ခဲယမ်းမီးကျောက် အမြောက်အများ ဆုံးရှုံးသော တရုတ်စစ်ဦးစီးများ စစ်ရပ်ဆဲရေး စာချျုပ် အချက်အလက်များ သတ်မှတ်သည်။ တရုတ်တပ်ကို ခြံထဲကနွားလို ဝိုင်းထားလို့ ရက်ပိုင်းအတွင်း အစာရေစာ ပြတ်ပြီး တယောက်ပဲ ကျန်တဲ့အထိ ချေမှုန်းပစ်နိုင်မှာ သိတဲ့ မြန်မာ စစ်ဗိုလ်များ စာချုပ်ပါ […]


တရုတ်နိုင်ငံ ကွင်မင်းဆက် အင်ပါယာ ဘုရင် ကွင်လောင် (Qianlong) မှာ ပုန်ကန်ထကြွမှု များစွာကို နှိမ်နင်းအောင်မြင်ပြီး တရုတ် နယ်နမိတ် ချဲ့ထွင်ခဲ့သူဖြစ်သည်။ လူမျိုးတုံး သတ်ဖြတ်မှု ဆိုလောက်အောင် နယ်ချဲ့သိမ်းပိုက်ရန် လူများစွာအား ရက်ရက်စက်စက် သတ်ဖြတ်သဖြင့် သူ့အကြောင်း ငြင်းခုံ ပြောဆိုနေဆဲ ဖြစ်သည်။ လွယ်လင့်တကူ အောင်ပွဲခံမည် ထင်မှတ်ရွေ့ မြန်မာနယ်စပ် ယူနန် အခြေစိုက် ကျောက်စိမ်းရောင် တပ်မတော်အား အရိုင်းအစိုင်း မြန်မာတွေကို တိုက်ခိုက်ရန် စေလွှတ်သည်။ နောက်ပိုင်း ပဋိပက်ခ စစ်ပွဲများကြောင့် တရုတ်စစ်သား ခုနှစ်သောင်းကျော် အသက်ဆုံးရှုံးပြီး ကွင်မင်းဆက် ဆင်နွှဲခဲ့သမျထဲ အထိနာဆုံး ရှေ့တန်းစစ်မြေပြင် အမည်တွင်သည်။ ။။။။ ကျောက်စိမ်း တပ်မတော်မှာ တရုတ် ကွင်နိုင်ငံ စစ်တပ်၏ အဓိက လက်ရွေးစင် ပင်မတပ် […]