၁၉၈၈ခေတ်လွန်ကာလများကို “မဟာမြန်မာရွေ့ပြောင်းမှုကြီး”ဟု ဤသူဆိုသုံးဖူးသည်။ ၁၉၈၈ အာဏာသိမ်းနောက်ပိုင်း လူငယ်လူရွယ်အပေါင်း မြန်မာနိုင်ငံမှ ပြောင်းရွေ့ထွက်ခွာကြရာတွင် မြန်မာ့သမိုင်းတွင်မရှိစဖူးလောက်အောင် များပြားသည် တွက်ဆမိ၍ ဤသို့သုံးနှုန်းခြင်းပါ။ အဆိုပါရွေ့ပြောင်းမှုကြီးသည် မာလာ(၂၀၀၆) နာဂစ်(၂၀၀၈)၊ဂီရိ(၂၀၁၀) စသည့်ဖျက်အားပြင်း မုန်တိုင်းကြီးများနှင့် ဆက်စပ်အသက်ဆက်ဝင်သွားကာ ပေါင်းဆယ်စုနှစ် ၃ခုမကကြာသည်။၂၀၁၆နောက်ပိုင်းတွင် ရိုဟင်ဂျာတို့အား တိုင်းပြည်မှ ရှင်းထုတ်ပြန်၏၊ ထိုတွန်းထုတ်မှုတွင်စစ်အင်အားပါသုံးခဲ့လေရာ ဂျီနိုဆိုက်ခေါ်လူမျိုးသုဥ်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာ့စာရင်းပေါက်သွား၍ ထိုစဥ်က အစိုးရဖြစ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် စစ်တပ်တို့ကို တရားစွဲအမှုဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တက်ရှင်းရင်းရှင်းရင်း ဆုပ်မြုပ်သွားသည်ကို အားလုံးသိကြပါသည်။ထိုကိစ္စတို့မပြီးပြတ်သေး၊ ၂၀၂၁တွင် မြန်မာစစ်တပ် နောက်တဖန်အာဏာသိမ်းပြန်၏။ ယခုအကြိမ်တွင် ၁၉၈၈၏ မဟာမြန်မာရွေ့ပြောင်းမှုကိုကျော်မည့်အလားတွက်ဆမြင်နိုင်သည်။မက်ဂါမြန်မာရွေ့ပြောင်းမှု(MMM Mega Myanmar Migration)ဟု ခေါ်ရမည်။ “ဒုက္ခသည်မဟုတ်- ပြောင်းခိုသူ”မြန်မာစာ/စကားအရ ဒုက္ခသည်ဟူသည် ဒုက္ခတို့သယ်ဆောင်ထားသည့်အဓိပ္ပါယ်ပေါက်နေရာ ကူသူတို့အတွက်နိမိတ်မကောင်း၊ ကာယကံရှင်များကလည်းကြိုက်နှစ်သက်ခြင်းမရှိပေ။ ဤသူအနေဖြင့် “ပြောင်းခိုသူ”ဟုသုံးနှုန်းပါသည်။ ၁၉၈၈ […]