ko sixAugust 2, 20171min2072
” ညီမလေး ။ ၃ နာရီ ကားနဲ့ မြင်းခြံပြန်မှာဆို။ အချိန် သိပ်မရှိတော့ဘူး။ ခုပဲ နှစ်-မတ်တင်းနေပြီ” ဒီလိုပါပဲလေ။ အချိန်တန်တော့လည်း ခွဲကြရပြန်ပေါ့။ ကန်တင်းထဲမှ လေးလံထုံမှိုင်းတဲ့ ခြေလှမ်းတို့နဲ့ နှစ်ဦးသား ထွက်လာခဲ့ကြသည်။ ကျောင်းလမ်းတစ်လျှောက်လုံး နှုတ်စကားတို့ အလိုလို စွံ့အနေပါသည်။ သံယောဇဉ်ဆိုတာ အချိန်တိုအတွင်းမှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သစ်သီးလား။ အဲဒီ သစ်သီးကို သူနဲ့ကိုယ် ခူးစားမိခဲ့ကြပြီး ပန်းသီးဟု အမည်ရခဲ့သည်ရှိသော်…. ” ကိုကြီး…ဒီမှာ ရော့…။ အဲဒါ ညီမလေးရဲ့ လိပ်စာပါ” ဗလာစာရွက်ပေါ်မှာ Gel ink pen နဲ့ ရေးထားပြီး အပြာရောင် လက်ရေးလှလှလေးတွေကို တွေ့လိုက်ရသည်။ ထိုစာရွက်ကလေးကို ဖတ်ကြည့်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။ ” ကိုကြီး … […]


“ရှိစေကောင်း၏ မကောင်း၏ “ ပြီးခဲ့တဲ့လ ရန်ကုန်ကို ကျနော် ရောက်တော့ အဝေးရောက်မန်းလေးသားတွေဆုံကြတာပေါ့။ ရန်ကုန်မှာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဘို့ဆိုတာ တယ်မလွယ်လှပေဘူး။ နာရီဝက် တစ်နာရီလောက်ထို်င်စကားပြောဘို့အရေးကို နှစ်နာရီလောက်ကြိုတင်ပြီး အိမ်ကဒါမှမဟုတ်တည်းတဲ့ဆီကထွက်လာမှ ချိန်းတဲ့နေရာကိုရောက်နိုင်တာပါ။ ကားကြပ် ကားဆက်ပြတ် လမ်းပိတ် ဆိုတဲ့ လမ်းခရီးကိုနှောင့်နှေးစေနို်င်တဲ့အကြောင်းတရားကအများကြီးကိုး။ အဲ့ဒီနေ့ က သူငယ်ချင်းတွေဆုံကြမယ့်နေရာရွေးတော့ တစ်ယောက်က ကြည့်မြင့်တိုင်ကလာမယ်။ ကျနော် ကလှိုင်သာယာကလာမယ်။ တစ်ယောက် မြို့ထဲဘက်ကလာမယ်။ တစ်ယောက်က တာမွေကလာမယ်ဆိုတော့ ၄ယောက်လုံးနဲ့ကြားကျတဲ့နေရာဘဲရွေးလိုက်ပါတယ်။ ရွှေဂုုံတိုင်တံတားနားက မယ်ညို ဆိုတဲ့ဆိုင်မှာထိုင်ကြဘို့ ချိန်းလိုက်ပါတယ်။ ဒါတောင်လှိုင်သာယာက လာတဲ့ကျနော်က ၁၅မိနစ်လောက်နောက်ကျပြီးမှရောက်လာပါတယ်။ အခုတွေ့တဲ့သူငယ်ချင်းသုံးယောက်က မန်းလေးတုန်းက တစ်ကျောင်းထဲ တစ်တန်းထဲ အတူတက်ခဲ့တဲ့သူတွေ။ ကျနော်ကသာမန်းလေးမှာအခုချိန်ထိ နေနေတာ သူတို့က မန်းလေးကိုစွန့်ပြီးရန်ကုန်ရောက်နေကြတာ ဆယ်စုနှစ်တစ်ခု စွန်းနေပြီ။ စတွေ့တွေ့ခြင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းမေးကြ သားရေးသမီးရေးအကြောင်းပြောကြ စီးပွားရေး အလုပ်အကိုင်တွေအကြောင်း […]


manawphyulayAugust 2, 20171min33303
ရွာသူရွာသားများရဲ့ ဝါသနာကို ရင်တွင်းမှာ မထားပဲ မြန်မာကို ကမ္ဘာက သိအောင် လက်စွမ်းပြစေဖို့ ယခုအခွင့်အလမ်းလေးကို လက်လွတ်မခံကြစေဖို့ သတင်းကောင်းပေးလိုက်ရပါတော့တယ်။ Credit: http://photocontest.cgap.org/ ၂၀၁ရ ခုနှစ် CGAP ဓါတ်ပုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေက ကမာ္ဘတဝှမ်းက ပြည်သူတွေနဲ့ ရပ်ရွာ အသိုက်အဝန်းကို ဘယ်လိုကူညီနေသလဲဆိုတာကို ပေါ်လွင်စေမယ့် ဓာတ်ပုံတွေကို ပေးပို့ပြီး ပါဝင်လိုက်ပါ။ http://photocontest.cgap.org/ လျှောက်လွှာပိ်တ်ရက် – စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇။ The 2017 CGAP Photo Contest is open for entries! Share your photos to join the ranks of talented photographers […]


အဘဂျီး မရှိထဲက ငတ်နေတာ၊ ငါးကြော်ဝေးစွ ထမင်းတောင် နပ်မမှန်ဘူး။ ဘယ်လို လုပ်ကြမဲ… ကြောင်အိမ်ထဲ ငါးခြောက် အပြည့်ပဲ၊ အနံ့လေး သင်းလို့၊ ခက်တာ သော့ခတ်ထားတယ် အနားသွားယောင်ရင်ကို မောင်းထုတ်တာ။ အိမ်ရှင်သစ်ကလည်း အကြာကြီး နေမည့်ပုံ… ဒုံးခပါပဲ။။။ ရေသောက် ဗိုက်မှောက် အိပ်နေရသော ကြောင်အပေါင်း ညည်းတွားသံ ဖြစ်သည်။ ဟုတ်လဲဟုတ်သည် ယခင် အိမ်ရှင်တုံးက အဘ အဘနှင့် ဘောမလျင် ငါးကြော် ငါးခြောက်များ စားရသည်။ ယခု အိမ်ရှင်သစ်ကတော့ ဆီမလာ ပျားမလာ.. ကိုယ်တိုင်လည်း ခြိုးခြံခြွေတာစားသည်၊ ကြောင်အိမ်ထဲရှိတာ လူအများနှင့် စားဖို့တဲ့၊ ကြောင်ဘိုးစဉ်ဘောင်ဆက် နေတာကြာပြီ။.. ဒီလို ပေါကြောင်ကြောင် စကားမျိုး တခါမှ မကြားဖူးပေ။ အဲ.. ရှေးပဝေဏသီကတော့ ရှိတယ်ဆိုလား၊ […]


Facebook ပေါ်မှာ့ကျင့်ဝတ်ဆိုတာ ဘယ်မှာလဲ။ ကျင့်ဝတ်ဆိုပြီး တွင်တွင်အော်နေတဲ့ နာမည်ကြီးတွေမှာတောင် ရှေ့ဖုံးနောက်ပေါ်အဖြစ်ရယ်ပါ။ လူတွေဟာ ဖြစ်ပျက်သမျှအရာရာတိုင်းကို FB ဆိုတဲ့ ကမာ္ဘကြီးတစ်ခုထဲ မှတ်ချက်တွေကောင်းအပေးခံရဖို့ အချိန်နှင့်တစ်ပြေးညီ အလုအယက်တင်နေကြတယ်။ ပြုလုပ်သမျှ အရာတိုင်းကလည်း FB တင်ဖို့ချည့်သက်သက်ဖြစ်နေတယ်။ (ဥပမာ တရားနာနေသူ၊တရားထိုင်နေသူ တစ်ယောက်ဟာ ဘယ်လိုစိတ်နဲ့ တရားနှလုံးသွင်းပြီး တရားနာနေဟန်၊တရားထိုင်နေဟန်ကို ဓာတ်ပုံအရိုက်ခံပါသလဲ။) ပရဟိတအဖွဲ့တွေ၊နာရေးကူညီမှုအသင်းတွေဟာ နာရေးပုံတွေ၊အနိဌာရုံတွေ ခွင့်ပြုချက်မဲ့ တင်ခွင့်ရနေကြတယ်။ မီးလောင်၊ရေကြီး စတဲ့ ဘေးအန္တရာယ်တစ်ခုခုကျရောက်လိုက်တာနဲ့ ဆင်းရဲ၊ချမ်းသာ ဘယ်လူတန်းစားမဆို ဒုက္ခသည်တွေအသွင် လူတကာ စုပ်တစ်သပ်သပ်နဲ့ အသနားခံဘဝရောက်ကုန်ရှာတယ်။ လူတိုင်းဟာ မိမိတို့ပြုမူနေထိုင် သွားလာမှုတိုင်းမှာ မိမိကိုယ်မိမိမပိုင်သလိုဖြစ်လာကြတယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို လူအများရဲ့ဆုံးဖြတ်၊သုံးသပ်၊အမိန့်ချ၊ဝေဖန်မှုတွေကြားအလဲထိုးခံနေကြရတယ်။ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့လူတွေဟာ ဟိတ်ဟန်ကြီးကြီး ဆရာကြီးအသွင်ယူထားသူများရဲ့အာဘော်တွေနဲ့ ယှဉ်ပြောနေကြရတယ်။ တစ်ခါတစ်ရံ အတုအယောင်များရဲ့ဝေဖန်မှုကို အစစ်အမှန်တွေက ခံနေကြရတယ်။ ကောသလမင်းရဲ့ […]


အယာတိုလာ မာမွတ်ခိုမ် သူ့ကိုယ်သူ ရွာသူကြီးဟု လွန်စွာ ဂုဏ်ယူသည်။ ဟေ့ တမိုးအောက် တယောက်ထွန်း ပြိုင်သူဆို ဗိုလ်မထားတဲ့ ငါဟဲ့သူကြီး ဟု မကြာမကြာ လက်မောင်းခတ် ကြွေးကြော်သည်။ အထူးအာဏာရ သူကြီးမင်းဖြစ်ရွေ့ နှစ်လုံးပြူးကြီးလည်း ရှိသည်၊ ထိုနှစ်လုံးပြူးကြီးအား သဂျီးဂတော် ဒေါ်ညိုလက် ဝကွပ်အပ်ထားပြီး အမြဲတစေ တိုက်ချွတ်ဆေးကြောစေသည်။ တနေ့သော် ရွာထဲ လိုအပ်သည်များ ညွှန်ကြားရန် ကွင်းဆင်းစစ်ဆေးသည်တွင် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ တွေ့မြင်ခဲ့ရာမှ ဇာတ်လမ်း အစပြုလေသည်။ လှေသူကြီး အမ်တီဝေ ပါလား နေကောင်းတယ်နော်…. ရေငုပ်သင်္ဘောဒီဇိုင်း အင်ဂျင်နီယာ တီဝေအား နှုတ်ဆက်နေသံဖြစ်သည်။ အလို.. သူကြီးဆိုပါလား။ မျက်နှာမသာမယာနှင့် ရှေ့ဆက်စနည်းနာဦးမှ…။ ကေသုံးလုံးမိုတယ်လ်နား အရောက်.. မိုတယ်လ်ပိုင်ရှင် အင်း(Inn)သူကြီး လေမားမားခများ ဓမာရုံအတွက် အလှူငွေ […]


ဆုတောင်းနှင့် နောင်တ ———- ထိုရုပ်တုကို ကိုင်ပြီး ဆုတောင်းလျှင် ဆုတောင်း ပြည့်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျွန်တော် ထိုရုပ်တုကို သေသေချာချာ ကိုင်၍ ဆုတောင်းမိသည်။ ”စင်ကြယ်သောလူတစ်ယောက် ဖြစ်ရပါလို၏” ဆုတောင်းပြီး၍ လှည့်မထွက်ခင်မှာ ရုပ်တုအား ကြည်ညိုစွာ ကြည့်လိုက်မိချိန်တွင်. . . ကျွန်တော် ရုပ်တုကို ကိုင်ပြီး ဆုတောင်းမိတာ မှားပြီဟု သိလိုက်သည်။ ရုပ်တု ကိုယ်ထည်ပေါ်တွင် . . . . . . . . . . . . . . . ကျွန်တော့်လက်မှ အညစ်အကြေးတို့ကြောင့် ညစ်ထေးသွားတာကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ————————– သင့်အေးရိပ်


ko sixJuly 29, 20171min2113
နှစ်ရောင်စပ်ပုံပြင် (2) အခန်း-၃ အစားထိုး ပရယ်တီကယ် Major -9 နှစ်ချိန်စာ အတွက် လုပ်ပြီးတာနဲ့ ဌာနထဲမှ ထွက်လာခဲ့သည်။ဒီနေ့ ကျောင်းနောက်ဆုံးတက်ရသော နေ့လည်းဖြစ်သည်။ ရှေ့တစ်ပတ်ဆိုရင် ပထမပညာသင်ကာလ စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သည်။ အဆောင်ပြန်ပြီး စာကျက်ဖို့သာ ရှိတော့သည်။ မမနုတို့ ကန်တင်းဆိုင်မှ စာကျက်ရင်း အပျင်းပြေစားဖို့ မုန့်ဝယ်လိုက်ဦးမယ်လို့ တွေမိပြီး မမနုတို့ဆိုင်ဘက် သွားလိုက်မိသည်။ မမနုကိုတော့ မတွေ့ရ။ မမနုတို့အမေကိုသာ ဈေးရောင်းနေသည်ကို တွေ့ရသည်။ အမေကြီးက ကိုယ့်ကိုမြင်မြင်ချင်း…… “အတော်ပဲကွယ်…ဒီသမီးလေးကို အဝေးသင်ဌာနဘက် ပို့ပေးလိုက်ပါဦး။ ဒီမှာ မုန့်ရောင်းနေရတာ မအားသေးလို့ကွယ်။မင်း မမနုကလည်း ဈေးကုန် သွားဝယ်နေလို့ ” မမနုတို့ အမေကြီးတို့ဆိုတာ ကိုယ်နဲ့ ပထမနှစ် ကျောင်းသားဘဝကတည်းက မိသားစုတွေလို နေခဲ့ကြတာပါ။ ကိုယ့်မှာ […]


ko sixJuly 28, 20171min2135
အခန်း – ၁ နောက်ကြောင်းရာဇဝင်ဆိုတာ လူတိုင်းမှာရှိသော အရာသာဖြစ်သည်။ အတိအကျဆိုရလျှင် ရာဇဝင်ဆိုသည်မှာ သမိုင်းအဖြစ်အပျက်များကို မှတ်တမ်း တင်ထားသော အရာသာ ဖြစ်သည်။ သူ့နောက်ကြောင်းမှာကြတော့ …… မှတ်တမ်းရေးထွင်းထားသော အရာမဟုတ်သဖြင့် သမိုင်းဟုခေါ်ဆို၍ မရနိုင်သလို ရာဇဝင်ဟု ခေါ်ဝေါ်ပါက သင့်လျော်မည်မဟုတ်။ ဒါဆို ဘာလဲလို့ မေးစရာရှိလာပြီ။ ဟုတ်သည်။ သူ့နောက်ကြောင်းက မှတ်တမ်းလည်း မရှိပါ။ လူမသိသူမသိနဲ့ ပုံပြင်လေးတစ်ပုဒ် သက်သက်မျှသာ။ ပုံပြင်ဟုဆိုသော်လည်း နားထောင်ကောင်းရုံ သက်သက်မဟုတ်။ ပန်းချီ သီအိုရီသဘောတရားအတိုင်း မတူညီသော အရောင်နှစ်မျိုးပေါင်းစပ်ရေးဖွဲ့လိုက်၍ အသစ်ထပ်ပြီး ဖြစ်ပေါ်လာသော မူလအရောင်တွေနဲ့ ကွဲပြားခြားနားသည့် အရောင်သစ် တစ်မျိုးလိုမျိုး။ မတူညီသော ကံကြမ္မာအခြေအနေနှစ်ခုတို့ ပေါင်းစပ် ရေးဖွဲ့လိုက်၍ ဖြစ်ပေါ်လာသောပုံပြင် အသစ်တစ်ပုဒ် ဖြစ်ပါသည်။ ထိုပုံပြင်အသစ်ကလေးကို ကျွန်တော်က တိတ်တိတ်ကလေးနဲ့ […]


ko sixJuly 27, 20171min2014
တန်ဖိုးနည်း အိမ်ယာအကြောင်းက စပြောတယ် ပြီးတော့ တန်းဖိုးနည်း အစားစာ တန်ဖိုးနည်း အသွားအလာ တန်ဖိုးနည်း မသထာရေစာမှာ ကမ်းကပ်လို့ တန်ဖိုးနည်း ရောဂါကို တန်ဖိုးနည်း ဆေးဝါးနဲ့ ကုသလို့ တန်ဖိုးနည်း အဖော်အချွတ်တွေမှာ တန်ဖိုးနည်း ဓာတ်စခန်းဖွင့်လို့ တန်ဖိုးနည်း အတွေးအခေါ်နဲ့ ချက်ပြုတ် တန်ဖိုးနည်း ငွေကြေးတွေ ဖောင်းပွ တကယ်က တန်ဖိုးရှိဖို့ သိန်းတစ်သောင်းထီ ပေါက်နေဖို့ မဟုတ် တန်ဖိုးနည်း နားတွေ တန်ဖိုးနည်း မျက်စိတွေ တန်ဖိုးနည်း ဦးနှောက်တွေ ဗားရှင်းမမြင့်သေးသ၍ တန်ဖိုးနည်း စကားတွေပဲ ထွန်းကားနေမယ် ဆိုတော့ကာ အရေးကြီးတာ တန်ဖိုးနည်း အိ်မ်ယာ မဟုတ် တန်ဖိုးနည်း အစားစာ မဟုတ် တန်ဖိုးနည်း နည်းနည်းဆိုတာတွေ လုံးဝ မဟုတ် အမှန်က တန်ဖိုးနည်း […]


kaiJuly 26, 20173min2264
ယခုလမှာ Structure လေးတွေကို ခဏမေ့ထားပြီး punctuation လို့ခေါ်တဲ့ comma, period , semi – colon တို့အကြောင်း လေ့လာကြရအောင်။ အထူးသဖြင့် အင်္ဂလိပ်စာပေလေ့လာသူတိုင်း စိတ်ဝင်စား ကြတဲ့၊ သုံးလိုကြတဲ့ comma လေးကို ကြည့်ကြရအောင်။ comma လေးဟာ တခါတရံမှာ အမှန်တကယ်အရေးပါပါတယ်။ အရင်လက ဖော်ပြခံရတဲ့ adjective phrases လေးတွေကို ကြည့်လေ။ တခါတရံမှာ comma လေးနဲ့ သုံးပြီး တခါတရံမှာ comma လေးတွေ မပါမှ မှန်ပါတယ်။ ဥပမာ – “Peter, living with his parents, works for Cisco .” ” The man […]


KyaemonJuly 24, 201723min3121
  ဦးတွန်းလွင်ကပြောသလိုရေကာတာလုပ်လို့ယန်ဇီနဲ့အခြားမြစ်ကြီး  ရစင်းကကောသွားတယ်ဆိုတာမဟုတ်မမှန်ပါ၊       ဒါကိုချေပရှင်းလင်းရင်းတရုပ်ပြည်ကသက်ဆိုင်ရာရှူခင်းတွေကိုလိုက်လေ့လာတင်ပြခဲ့ပါတယ်၊ ဆက်လက်ပြီးယန်ဇီပေါ်ကချုံကင်းမြို့ကြီးတဝှိုက်ပြပြီးနောက်၊နန်ဂျင်မြို့ကြီးတဝှိုက်ကိုလိုက်ပြဆဲဖြစ်ပါတယ်၊  နန်ဂျင်းအကြောင်းမဆက်ခင်၊ယန်ဇီမြစ်ကမကောတဲ့အပြင်ရေကြီးနေတဲ့ပုံတွေကိုကြားဖြတ်ပြီးကြည့်ရအောင်၊     (သင်ခန်းစာ၊ရေကြီးတဲ့ပြသနာတွေကိုရေကာတာတွေနဲ့ထိန်းရတယ်၊ရေကာတာလုပ်တာကရေရှားချိန်မှာ ရေတွေလွှတ်ပေးနိုင်တယ်၊အကောင်းမြင်တတ်ဘို့လိုတယ်)   (ယုတ်စွအဆုံး၊ရေကြီးတာကိုများစွာသက်သာနိုင်တယ်)           ==========================================   နန်ဂျင်းအဆက်     နန်ဂျင်းUsnisa Palace ဓမ္မာရုံကြီးကခန့်ညားထယ်ဝါပြီး၊လျောင်းတော်မူဘုရားရုပ်ထုကလဲသပ္ပာယ်ကြည်ညိုစရာကောင်းတယ်   ပန်းတွေကိုတရိုတသေနဲ့ပူဇော်နေ၊  ၊ရောင်စုံမီးအလှနဲ့မီးထိုးနိုင်တယ်       Niushou၊တောင်တန်းကဓ္မာရုံ(ရဟန်းတွေစည်းဝေးညီလာခံရာ)ခန်းမကြီး, ( Qixia Temple)လို့လဲခေါ်တယ်၊     မြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုဖူးမျော်နိုင်ရန်ဖွင့်လှစ်ပွဲအခမ်းအနားကိုကျင်းပ၊ ၂၀၁ဝ ဇွန် ၁၃ ‘Buddha remains’ unveiled in in Qixia Temple 2010-06-13 01:56:57 GMT2010-06-13 09:56:57 […]


တပ်ချုပ်ကြီး စားပါခမျာ၊ တပ်ချုပ်ကတော်ကြီးလဲ အားမနာပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှတ် သုံးဆောင်ပါ။ ဒုချုပ်ကြီးနဲ့ ကျန်ဗိုလ်ချုပ်ကြီးတွေဝိုင်းမှာလဲ လိုလေသေးမရှိ ဟင်းအလျှံအပယ် စီစဉ်ထားပါတယ်။ စစ်ရုံးတခုလုံးကို ကျွေးတာမို့ အသားဟင်း တမျိုးထဲ ဖြစ်တာ ခွင့်လွှတ်ပါ။ အသီးအရွက်ကြော်၊ အရည်သောက်၊ ငပိရည် တို့စရာ ကတော့ ဖေါခြင်းသောခြင်းပါပဲ။ ရပါတယ်ကွာ.. စစ်သားပဲ၊ တပ်ထဲမှာဆို ကလားပဲဟင်းနဲ့ငါးပိ ရောကြိတ်ရတာ။ ခုလို စေတနာနဲ့ကျွေးတာ ဝမ်းသာတယ်။ ငါတို့အူမစိုတော့တာ ကြာပြီ၊ အရပ်သား အစိုးရတက်ကထဲက ဆိုပါတော့။ တပ်မတော်မရှိရင် တိုင်းပြည် ချောက်ထဲကျမှာ၊ အားရှိအောင် တဖြဲနဖြဲ စားရတယ်.. စားချင်လို့ မဟုတ်ဘူး။ ကလားရန် အဆိုးဆုံးပဲ ဒါကြောင့် ပါကစ်စတန်ကလုပ်တဲ့ တိုက်လေယဉ်ပျံတွေ ဝယ်ထားတယ်။ ဘာဆိုင်လို့လဲ ဗိုလ်ချုပ်၊ ဆိုင်တာပေါ့ကွယ်… ငါတို့ဝယ်တော့ သူတို့တပ်ထဲ လေယာဉ်ပျံ […]