တပ်ချုပ်ကြီး စားပါခမျာ၊ တပ်ချုပ်ကတော်ကြီးလဲ အားမနာပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှတ် သုံးဆောင်ပါ။ ဒုချုပ်ကြီးနဲ့ ကျန်ဗိုလ်ချုပ်ကြီးတွေဝိုင်းမှာလဲ လိုလေသေးမရှိ ဟင်းအလျှံအပယ် စီစဉ်ထားပါတယ်။ စစ်ရုံးတခုလုံးကို ကျွေးတာမို့ အသားဟင်း တမျိုးထဲ ဖြစ်တာ ခွင့်လွှတ်ပါ။ အသီးအရွက်ကြော်၊ အရည်သောက်၊ ငပိရည် တို့စရာ ကတော့ ဖေါခြင်းသောခြင်းပါပဲ။ ရပါတယ်ကွာ.. စစ်သားပဲ၊ တပ်ထဲမှာဆို ကလားပဲဟင်းနဲ့ငါးပိ ရောကြိတ်ရတာ။ ခုလို စေတနာနဲ့ကျွေးတာ ဝမ်းသာတယ်။ ငါတို့အူမစိုတော့တာ ကြာပြီ၊ အရပ်သား အစိုးရတက်ကထဲက ဆိုပါတော့။ တပ်မတော်မရှိရင် တိုင်းပြည် ချောက်ထဲကျမှာ၊ အားရှိအောင် တဖြဲနဖြဲ စားရတယ်.. စားချင်လို့ မဟုတ်ဘူး။ ကလားရန် အဆိုးဆုံးပဲ ဒါကြောင့် ပါကစ်စတန်ကလုပ်တဲ့ တိုက်လေယဉ်ပျံတွေ ဝယ်ထားတယ်။ ဘာဆိုင်လို့လဲ ဗိုလ်ချုပ်၊ ဆိုင်တာပေါ့ကွယ်… ငါတို့ဝယ်တော့ သူတို့တပ်ထဲ လေယာဉ်ပျံ […]


kaiJuly 23, 20171min3203
အယုံအကြည်မရှိသမ္မတ သမ္မတထရမ့်အာဏာရသည်မှာ ၆လကျော်ရှိပေပြီ။ ရုရှန်းတို့နှင့်ရှုပ်ထားသမျှ လှုပ်လေပေါ်လေဖြစ်ကုန်၍ သူ့ခမြာ အလုပ်ကောင်းကောင်းမလုပ်နိုင်ရှာ ရှင်းလင်း/ဖြုတ်ထုတ်ပွဲကြီးများနှင့်သာ လုံးလည်လိုက်၍နေပါသည်။ ဟိုလိုရှင်း၍ဒီလိုပေါ် ဒီလိုရှင်းကာဟိုမှာပေါ်နှင့် ရှေ့ဖုံးနောက်ဖိ ဘေး၌ပွင့်ကုန်၏။ ဟိုးယခင် ဝါးတားဂိတ်ခိုးဝင်မှုအရေးကြောင့် နှုတ်ထွက်လိုက်ရသည့် သမ္မတရစ်ချက်နစ်ဆင်လမ်းစဉ်လိုက်ကာ ဖွင့်ဖေါ်မီဒီယာတို့အား ရန်သူအဖြစ်”ချ”ပေရာ ချခံရသည့်သူများမှာ အခြေခံဥပဒေအရအကာအကွယ်ရထားသည့် စတုတ္ထမဏ္ဍိုင် ခိုင်ပြီးသူများဖြစ်နေ၍ (သမိုင်းအစဉ်အလာအရ) တိုက်သူသာ မူးလဲမည့်သဘောဖြစ်သည်။ သို့နှင့် သမ္မတကြီးခမြာ နိုင်ငံ့အရေးဖြစ်သော သူကတိထားခဲ့သည့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဥပဒေအသစ်ပြန်ဆွဲရေး၊ အခွန်စနစ်ပြင်ဆင်ရေး၊ ယုတ်စွအဆုံး ကမ္ဘာနိုင်ငံရေးကစားကွက်များပင် ထိထိရောက်ရောက်မလုပ်နိုင် ခံစစ်နှင့် ချာချာလည်နေပါသည်။ ဤအတိုင်းဆက်သွားပါလျှင် အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်ယုံမက လူပါထွက်ရတော့မည့်သဘောတည်း။ ရစ်ချက်နစ်ဆင်ခေတ်က အယုံအကြည်မရှိအဆိုတင်သွင်းခြင်းမှသည် နှုတ်ထွက်ရသည်အထိ ၂နှစ်ကျော်ကြာခဲ့သည်ဆိုကြပေရာ ယခုသမ္မတ မည်မျှခံမည်နည်း။ အချစ်များနှင့်ရုရှားမှ From Russia with Love မည်သို့ဆိုစေ။ သမ္မတထရမ့်သည် ပေးထားသည့်ကတိများတည်အောင်ကြိုးစားသည်။ ပထမရက်၁၀ဝအတွင်း၌လည်း တိုင်းပြည်စီးပွားရေး၊ […]


အောင်မငှီး.. မီးကျီတရဲရဲနက်၊ ပူလောင်လှဂျိကလား… ငါဘယ်ရောက်နေပါလိမ့်၊ ထွက်ပြေးဖို့ ခြေလက်တွေလဲ လှုပ်မရ။ ဝယ် ဟယ် ဟယ်….. ဘီလူးကြီးလားမသိ ခေါင်းမှာဂျိုကြီးနက်… အစွယ်က နည်းနည်းနော်နောမဟုတ်၊ မျက်လုံးကလဲ နီနီကြီး။ ဟဲ့ကောင် ငကြောင်ကြီး.. အခု ဘာတတ်နိုင်လဲ၊ လူ့ပြည်မှာတုံးက အများတကာကို စော်ကားပုတ်ခတ် လှောင်ပြောင်သရော်တဲ့ကောင် ပါးစပ်ထဲ မီးကျီမီးခဲထည့်မယ်။ တိန်… ငရဲပြည်ရောက်နာလား၊ အနော်တခါမှ သူများကို အဲလိုမပြောဘူးကြောင်းပါ ငရဲမင်း။ သယ်.. ငါ့ကို လိမ်ဝံ့သလော။။ ဟောသည်မှာ ဖဘမှတ်တမ်း.. နင်သူများကို ယုတ်ယုတ်မာမာ ပြောထားတာတွေ။ မှန်လှပါ.. ဖဘဆိုတာ ဥနှောက်သုံး အင်တာနက်မှာ ရေးတာမို့ စွဲချက် အထမမြောက် တရားရှင်လွှတ်သင့်ကြောင်းပါ။ အေး ဒါဆိုလဲ ခေါင်းကို မီးဖုတ်မယ်။ ဖျား ဖျား…. ကယ်တော်မူပါ။ […]


Mon LayJuly 22, 20178min3075
#Yangon  Water  Boom‍♂️ #Thar Kay Ta Water boom ဖွင့်နေတာတော့ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ကိုယ်ကတော့ ဒီတစ်ခေါက်မှပဲရောက်ဖြစ်တော့တယ်။လူညှိုတာမရတာနဲ့..တကယ်တန်းသွားတော့လည်းသယ်ရင်း၃ယောက်ထဲရယ်ပါ။ ၃ယောက်ထဲဆိုတော့ပျော်ဖို့ကောင်းပါ့မလားလို့စိုးရိမ်နေခဲ့တာ..နိုးနိုးနိုး..အရမ်းပျော်ဖို့ကောင်းတာ..လျှောက်ပတ်ဆော့ရင်းနဲ့သိလာခဲ့ရတယ်။ ပြောမပြတတ်အောင်ပျော်ဖို့ကောင်းတာ။ ရေဆိုလာထားအာဘွားသမား တွေအတွက်ကတော့ ရှယ်ပဲပေါ့(ကိုယ်လေ) ကိုယ်တွေအိမ်ကနေထွက်လာခဲ့ကြတာတော့ မနက်၁ဝခွဲ၊ ဟိုရောက်တော့ ၁၁နာရီကျော်နေပြီ။ ဒီထက်ခပ်စောစောလေး သွားနိုင်ရင်တော့ ပိုကောင်းတယ်။ #ဘယ်မှာရှိတာလဲ ရှုခင်းသာပန်းခြံ၊ ယမုံနာလမ်းမကြီး ဒေါပုံမြို ့နယ်မှာရှိပါတယ်။ #ဝင်ကြေး ခုလိုမိုးတွင်းမှာဆိုတော့ ၂ယောက်သွားရင်၂ယောက်ဖရီးရပါတယ်။ Tue – Fri (20,000ks), Sat – Sun & public holiday (25,000 ks), Monday ကတော့ပိတ်တယ်။ဒီဈေးက ဇူလိုင်လကုန်အထိပဲနော်..နောက်ထပ်လည်းAmazing Saleတွေလာဦးမယ်တဲ့။ #ဘယ်အချိန်သွားလို့ကောင်းလဲ တစ်နှစ်ပတ်လုံးသွားလို့ကောင်းတယ်။ မွန်လေးကတော့မိုးတွင်းပဲကြိုက်လို့မိုးတွင်းပဲသွားလိုက်တာ အသားမဲမှာကြောက်လို့လေ..နေပူရင်။ #အထူးသတိပြုချက် အထဲကိုအပြင်က အစားအစာနဲ့ရေသယ်ဆောင်ခွင့်မပေးပါ။ […]


ko sixJuly 22, 20171min1304
ရေစီးရေလာ မကောင်းတဲ့အခါ လေတိုက်နှုန်း မရေရာတဲ့အခါ တစ်ဖက်စောင်းနင်း ဝိသေသနက ပုတ်ရင်ပေါ် ပကာသနက အကာကျ အပြန်တစ်ခုဟာ သီအိုရီအမျိုးမျိုးကွဲပေမယ့် ပြန်မပြော နားမထောင် အဖြေပဲ ထွက်ပါတယ်။ ကိုစစ်


” ဖြစ်ရပ်မှန်” အဟောင်း တွေကို ပြန် ပြန် နွှေး အတိတ် ကို သမင်လည်ပြန် တွေးရင်းနဲ့ဘဲ ငါတို့ရဲ့ ရှေ့ရေးတွေက တဖြည်းဖြည်း တစ်စ ထက်တစ ဝေဝါး၍ နေလေတော့၏။ ကိုပေါက်(မန္တလေး ) ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၇၁၇


( ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၂ ) ကျနော် မတူပီကျောင်းတက်နေစဉ်ကာလတုန်းက ကစားဖော်အပေါင်းအသင်းအများစုက ကျောင်းဆရာ သားသမီးတွေချည်း။ ကျောင်းအုပ်ဆရာကြီးက ချင်းပြည်မြောက်ပိုင်း တီးတိန်ဖက်က။ မြို ့နယ်ပညာရေးမှူးက ဖလမ်းလူမျိုး။ တီးတိန်နဲ ့ ဖလမ်းဟာ မြေပုံထဲမှာ နယ်မြေခြင်းထိစပ်တဲ ့ မြို ့နယ် နှစ်ခုဖြစ်ပေမယ် ့ စကားမတူပါဘူး။ နောက်ပြီး ဆရာကြီးနဲ ့ ပညာရေးမှူး နှစ်ယောက်စလုံးဟာ ဗမာလို လည်လည်ဝယ်ဝယ်ပြောရတာခက်နေတော ့ သူတို ့ နှစ်ယောက် အချင်းချင်းဆုံရင် အင်္ဂလိပ်လိုပြောတာများပါတယ်။ ကျောင်းအုပ်ကြီးက ဟိုခေတ်တုန်းက ရ တန်းအောင်ဆိုလား။ သိပ်တော ့မမှတ်မိတော ့ဘူး။ ဒါပေမယ် ့ သူတို ့ရဲ ့ အင်္ဂလိပ်စာ အရေးအပြောကတော […]


KyaemonJuly 17, 201717min3350
  ယခင်ဆောင်းပါး # ၅၃ မှအဆက်၊           Yangtzeယန်ဇီနဲ့အခြားအခရာမြစ်ရစင်းကကောသွားတယ်၊ Ciqikouစီကီတို့မြို့မှာအမှိုက်တွေအရမ်း Pollution(ညစ်ညမ်းပိတ်ဆို့)သွားတယ် ဆိုပြီးဦးထွန်းလွင်ကလိုက်ဟောတယ်၊ဒါတွေ ကြာင့်ဧရာဝတီမှာရေကာတာတွေ မလုပ်ဘို့လိုက်ပြောတယ်,     သူကိုးကားတင်ပြတဲ့ဓာက်ပုံနဲ့ဟောချက်တွေကလွဲချောမှားယွင်းနေတာကို အသေးစိတ်ရှင်းလင်းချေပခဲ့ပါတယ်၊   ဦးထွန်းလွင်တင်ပြတဲ့အောက်က အခြားနှစ်ပုံလဲ ယန်ဇီမြစ်နဲ့မ သက်ဆိုင်ကြောင်း    တွေ့ရတယ်၊             အဲဒီပုံတွေကPoyang Lakeပိုယန်ကန်ကြီးနဲ့ Honghu Lake ဟုံဟူရေကန်ကြီးတွေဖြစ်ပြီးယန်ဇီနဲ့မ ဆိုင်ပါ၊ အင်းလေးကန်၊အင်းယားကန်တို့ခြောက်သွေ့တာနဲ့သံလွင်မြစ်၊ဧရာဝတီမြစ်၊လှိုင်မြစ်တွေကောသွားတယ်လို့ပြောရင်မမှန်သလိုပါဘဲ         ဟုံဟူကန်ကြီးHonghu Lakeကယန်ဇီနဲ့တခြားစီပါ၊မြေပုံကြည့်ပါရန်၊         ရေကာတာလုပ်ရင်တာအောက်ဘက်မှာရေစီးနှေးကာ တအားညစ်ပတ်တာ ဆိုပြီးစီကီတို့မြို့ပုံနဲ့သက်သေထူပြန်တယ်၊ဒါလဲမမှန်ပါ၊   အဲဒီမြို့ကချုံကင်းဒေသကြီးမှာရှိပြီး၊ရေကာတာရဲ့အထက်မှာရှိတယ်၊ […]


ကြေးမုံဂျီး ရေရေလည်လည် တင်းနေသည်၊ သူ့အား ငမိုက်သား ကြောင်ကြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟု စော်စော်ကားကား နှိမ့်ချပြောဆို ခဲ့သောကြောင့်ဖြစ်၏။ ကြေးမုံဂျီးကား နှယ်နှယ်ရရမဟုတ် သွားလေသူ သမဒဂျီး ချီးမြှောက်ခဲ့သော မုံးဝန်းမြန်မာဂိုဏ်း၏ တပ်ချုပ်ဖြစ်သည်။ ဟူးကောင်းတောင်ကြားရှိ ကျားမျိုးတုန်းအောင် တရုတ်ပြည်သို့ အိပ်စ်ပို့လုပ်ခဲ့သောကြောင့် ကျားကြီးဟုလဲ အမည်နာမတွင်၏။ ထိုသို့သောသူအား မြန်မာပြည်တွင် လူမျိုး၁၃၅မျိုးသာရှိကြောင်း၊ မုံးဝန်းမြန်မာဆိုသည်မှာ သွားလေသူ ဘပြောင်ဂျီး မဲရအောင် တီထွင်ဖန်တီးခဲ့သည့် လူအုပ်စုတစုသာ ဖြစ်ကြောင်း၊ သောင်းဂဏန်း အနည်းငယ်သာရှိသဖြင့် ၎င်းဂိုဏ်းချုပ်အဆင့်သည် ရက်ကွက်အုပ်ချုပ်ရေးမှုးနှင့်ညီကြောင်း သို့သော် တရုတ်မကြိုက်သည်ကို သိသွားမည်စိုးရွေ့ ဟန်မပျက် ဖောရှောလုပ်နေရကြောင်း ကြောင်ဝံကြီးချုပ် ဦးကြောင်ကြီမှ ပမာမခန့် ပြောခဲ့လေသည်။ ကြေးမုံဂျီးတပည့်များကြား ကလားသိုက် ကျားဝင်ကိုက်သလို ဆူညံပွက်သွားရာ၊ စကပ်လှန်ပြသူ၊ စပ စပ၊ ဖလမ ပြောသူများနှင့် […]


စစ်ဖက် – အရပ်ဖက် ဆက်ဆံရေးဆိုတာ အရပ်သားအုပ်ချုပ်ရေးစနစ်တွင် မရှိသင့်ေကြာင်း အပိုင်း၂မှာ ထောက်ခြံပီးပြီ။ စစ်တပ်ကို မုန်းလို့မဟုတ်ဘဲ အရပ်သားစစ်စစ် Civilian ပီပြင်တဲ့ ယဉ်ကျေးလူ့ဘောင် အဖွဲ့အစည်းတခု Civil Society ပီပြင်ပေါ်ပေါက်ရေး ရည်ရွယ်ပါတယ်။ အဲလိုပြောလို့ စစ်တပ်ကို ရိုင်းတယ် ပြောပြန်ပြီ တလွဲ မတွေးစေလိုပါ။ သူ့သဘာဝကိုယ်၌ ကြမ်းတမ်းခက်ထန် မာကျောတဲ့ သဘောရှိတယ်။ အရပ်သား နိုင်ငံရေးသမား၊ ပညာရှင်လို အိညှက်အိညှက် အပျော့မဆွဲဘူး။ ဝေဖန်လေကန် စေ့စပ်ညှိနှိုင်း အဖြေရှာဖို့ ဖွဲ့ထားတာမဟုတ်။ တုံးဆိုတိုက် ကျားဆိုကိုက် အင်အားသုံးနိုင်အောင် အမိန့်ပေးစနစ်နဲ့ တည်ဆောက်တာ၊ လွန်သွားပြန်တော့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်တဲ့ ဖက်ဆစ်တပ် ဘဝရောက်တာပေါ့လေ။ ရှာကြံနှိုင်းရလျင် မိန်းမလိုပဲ မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက်.. […]


မြို  ့ထဲလမ်းမို ့ အရှိန်လျှော ့ပြီးမောင်းတုန်း ရုတ်တရက် .. ရှေ ့နားက ညာဖက်လမ်းသွယ်ကနေ ဆိုင်ကယ်တစ်စီး ကားရှေ ့ကိုဖြတ်ဝင်လာပြီး လမ်းမကြီးတိုင်း ကျနော ့ရှေ ့တူရှူကိုမောင်းသွားတယ်။ ဆိုင်ကယ်ပေါ်မှာက ၁၆/၁ရနှစ်အရွယ် ကောင်လေး ၂ယောက်။ ဒီလမ်း ဒီလိုအထာကို သိထားတာမို ့ ကားကို ကမန်းကတန်း ဘယ်ဖက်တဖက်ယာဉ်ကြောပေါ်ဆွဲလိုက်ရတယ်။ ဒေါသက ရုတ်တရက် ငယ်ထိပ်ပေါ်တက်ပြီး Jamesbond လို Transporter မင်းသားလို လုပ်ထည် ့လိုက်ရကောင်းမလား တွေးမိသေးတယ်။ လုပ်လိုက်မိလို ့ကတော ့ ခုချိန် တောတွင်းပျော်တစ်ယောက် ငပိကြော်အရသာအကြောင်း ကောင်းကောင်းရေးနေတတ်လောက်ပြီ။ အဲလိုကောင်လေး ၂ယောက် အကွေ ့ကအထွက်  အရှိန်မများခင် ကိုယ်က ကိုယ် ့ကားအရှိန်နဲ ့ သူတို […]


ကာချုပ်ကို ဌာနဆိုင်ရာ ညွှန်ချုပ်နဲ့ အရပ်သား ရုံးထုံးစံမှာ အဆင့်တူလို ရန်ကုန်ဝန်ချုပ်ကွီးဖြိုး ပြောတာကို တုံ့ပြန်တဲ့အထဲက အလုပ် သဘာဝခြင်းမတူလို့ ဖွဲ့စည်းပုံခြင်းလည်း မတူနိုင် (ဝါ) စစ်တပ်ဖွဲ့စည်းပုံသည် အရပ်သား ဌာနဆိုင်ရာ ဖွဲ့စည်းပုံထက် ပိုမြင့်သယောင် ပြောဆိုမှုကို ဆွေးနွေးချင်တယ်။ ကနဦးအနေနဲ့ အရပ်ဖက်နဲ့စစ်ဖက် သဘောသဘာဝခြင်း မတူတာ ငြင်းစရာမရှိ။ မတူလို့လဲ စစ်တပ်ကို ဘယ်နိုင်ငံမှာမှ မြို့ထဲအဝင်မခံ၊ စစ်တန်းလျားမှာသာ နေစေတယ်။ မြို့ထဲ ခွင့်ပြုချက်မရဘဲ မဝင်ရ။ စစ်အုပ်ချုပ်ရေးမှာတော့ အဲဒါတွေ အားလုံးပျက်ပဲ။ လက်နက်ကိုင်ခြင်း အတူတူ ရဲနဲ့စစ်တပ်တောင် အရပ်သားနဲ့ ရောထွေးဆက်ဆံ နီးစပ်မှုခွင့်ပြုထားခြင်း ကွဲပြားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယူအက်စ်မြို့ကြီးတခုမှာ အဓိကရုဏ်းနဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် သံချပ်ကာကား အသုံးပြုမယ်လုပ်တာ စစ်တပ်ဆန်လွန်းတယ်၊ မြို့ပြလူမှုအဖွဲ့အစည်းအတွက် မသင့်လျော်လို့ […]