kaiJune 22, 20232min15890
Some secrets can’t stay buried – the brilliant new Lucas Davenport thriller from the number – one New York Times – bestselling author is filled with his trademark razor-sharp plotting and some of the best characters in suspense fiction Buried Prey is further proof that “John Sanford is at the top of his game.” At […]


kaiJune 20, 20232min18100
ထရမ့်က.. အဲလိုဆိုပါတယ်..။ သမ္မတဘိုင်ဒင်ရဲ့သား.. ဟန်တာဘိုင်ဒင်ရင်ဆိုင်နေရတဲ့.. အမှုတွေအတွက်.. အမေရိကတရားရေးဌာနက.. ပေးလိုက်တဲ့.. အပြစ်အတိမ်အနက်ကို.. နှိုင်းပြောလိုက်တာပါ..။ ထရပ်ဖစ်တစ်ကက်ဆိုတာက.. အင်မတန်အ‌ပေါ့စားပစ်မှုပါ..။ ငွေလျှော်လိုက်ရင်ပြီးပါတယ်..။ အခုလိုဖြစ်လာတဲ့.. ဇတ်လမ်းအစက .. ၂၀၁၈ ထရမ့်သမ္မတဖြစ်နေတုံးကစပါတယ်..။ ဟန်တာဘိုင်ဒင်ကို.. ၅နှစ်လောက်.. တရားရေးဌာနက.. စုံစမ်းစစ်ဆေးပြီးသကာလ.. ဟန်တာဘိုင်ဒင်ကို.. ပစ်မှုထင်ရှားတယ်ဆုံးဖြတ်.. ဟန်တာကလည်း.. အပြစ်ရှိကြောင်းဝန်ခံလိုက်တာပါ..။ အခွန်မဆောင်မှုနဲ့.. မူးယစ်ဆေးစွဲနေတုံး.. သေနတ်ကိုင်မှုတို့အတွက်.. အပြစ်ရှိတာမို့.. အခွန်မဆောင်တာကို.. ဆောင်..။ သေနတ်မကိုင်ရတာကို… မကိုင်ပဲ.. အတိုင်းအတာတခုနေလိုက်ရင်.. ပြီးမယ့်သဘော..။ ထောင်ကျမယ့်ပုံမပေါ်..။ အမှုလိုက်ခဲ့တဲ့.. ယူကရိန်းစွမ်းအင်ဌာနဆီက.. ‌လာဘ်ငွေလက်ခံမှု.. ၊ ချိုင်းနားကုမ္ပဏီဆီက.. စိန်တုံးကြီးရထားမှုတို့.. ဘာဖြစ်သွားသလဲ.. မသိ..။ သမ္မတဘိုင်ဒင်ကတော့.. ရှေးက.. သူ့သားဟန်တာမှာအပြစ်မရှိကြောင်းပြောဖူး..။ အခုလည်း.. ဂုဏ်ယူပါတယ်လို့.. ပြောလိုက်ကြောင်း..။ သူ၂၀၂၀မှာ.. သမ္မတဖြစ်လာပေမယ့်.. ထရမ့်လုပ်သွားတဲ့.. တရားရေးဌာနက.. သူ့သားအမှုလိုက်တာကိုတော့.. […]


kaiMay 24, 20234min41360
ခေတ်သစ်ကြီးတခု၏တံခါးဝသို့ အားလုံးရောက်ကြပါပြီ။ ၁၈ရာစု၌ရေနွေးငွေ့အင်ဂျင်စထွင်ခြင်းမှ စက်မှုတော်လှန်ရေးစခဲ့သည်။ ၁၉ရာစုတွင် လျှပ်စစ်တွေ့ရှိခြင်းမှ လူနေမှုတဆင့်တက်ခဲ့သည်။ ၂၀ရာစု၏ ကွန်ပြူတာနှင့်အင်တာနက်မှလူသားတို့ဘဝ အဆင့်မြင့်ခုန်ခဲ့ပါ၏။ ၂၁ရာစုတွင် AI, VR, Crypto, Blockchain မည်သည်လောမသိ ယှဥ်ပြိုင်လုနေဟန်မှ AIသည်သာ လူသားတို့ကိုနတ်ပြည်အဆင့်ပို့မည် မြင်/ထင်ရပေပြီ။ AI Robot VR ပုံရိပ်ယောင်လောကနှင့် Starlink မြန်နှုန်းမြင့်ဂြိုလ်တုအင်တာနက်တို့ တွဲဖက်လိုက်က လူသားတို့ အရှင်လတ်လတ် နတ်ဘဝရောက်ကုန်ပါလိမ့်မည်။ AIကို ဥာဏ်ရည်တုဟု တိုက်ရိုက်ဘာသာပြန်သော်လည်း မူရင်းဥာဏ်စစ်/မှတ်ဥာဏ်ထက်များစွာသာလွန်လာသဖြင့် နတ်ဉာဏ်ဟုဤသူ ဘာသာပြန်ဖွင့်ဆိုဖူးပါသည်။ လူသားတို့၏လူနေမှုဘဝ အလုံးစုံပြောင်း နတ်ဥာဏ်ဖြင့် နတ်ခေတ်ရောက်ကြမည်။။ “နတ်ဥာဏ်၏ စလုံးရေ စ” AI ကိုဆယ်စုနှစ်ချီလေ့လာဆန်းစစ်တိုးတီထွင်နေကြငြား ပေါက်ကွဲသည့်အလား မြင့်တက်လာသည့်အရှိန်အဟုန်ကို သိမြင်နိုင်သည်မှာ နိုဝင်ဘာ၃၀ ၂၀၂၂စတင်ပြီး၅ရက်အတွင်းအသုံးပြုသူ၁သန်းနှင့် ၆လအတွင်းသုံးစွဲသူသန်း၂၀၀နားရောက်သွားသည့် ChatGPT ခေါ် Chatbot မှဖြစ်၏။ […]


kaiMay 19, 20233min35410
ယခုလမှာ ကိုယ်တိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ ကမ္ဘာကျော် Playwright များရဲ့ Play များကို ဖော်ပြထားတဲ့စာအုပ်လေးများကို ညွှန်းလိုပါတယ်။ မြန်မာလို ပြဇာတ်လို့ခေါ်တဲ့ Play များကို ရွေးချယ်ရတာ အကြောင်းရှိပါတယ်။ ဧပြီ၂၃ရက်နေ့မှာ စာရေးသူရဲ့ညီမငယ် မေမမကျော်မြင့်ဟာ Florida မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ မေကျော်လေးဟာ စာရေးသူတို့မိသားစုမှာ ထူးထူုးခြားခြားအနုပညာကို ဝါသနာပါပါတယ်။ အထူးသဖြင့် ပြဇာတ်လေးတွေ၊ အငြိမ့်လေးတွေ ဝါသနာပါပါတယ်။မေကျော်လေးကို အမှတ်တရအနေနဲ့ သူအထူးနှစ်သက်တဲ့ပြဇာတ်ရေးဆရာကြီးတွေရဲ့စာအုပ်လေးများကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ဖော်ပြလိုသူကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Shakespeare ပါ။ Shakespeare ရဲ့ comedies တွေ၊ tragedies တွေကို အားလုံးရင်းနှီးပြီးသားပါ။ Shakespeare ရဲ့စာအုပ်ဆို အထူးရွေးနေစရာမလိုပါ။ Shakespeare ရဲ့ play တိုင်း မကောင်းဘူးဆိုတာ မရှိပါ။ အားလုံးဝယ်ယူထားသင့်၊ […]


မြန်မာပြည်သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Apr 12 ။ နိုင်ငံတဝန်း လက်နက်ကိုင်ခုခံမှုတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံး စရိတ်ကို မနှစ်ကထက် ကျပ်ဘီလီယံ ၂ထောင်နီးပါး တိုးမြှင့်လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ၂၀၂၃ – ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက်ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၅၆၃၅ ဘီလီယံ သတ်မှတ်ထားပြီး၊ ယခင်ဘဏ္ဍာနှစ်ကတော့ ကာကွယ်ရေး အသုံးစရိတ် ကျပ် ၃၇၀၃ ဘီလီယံ သတ်မှတ်ခဲ့တာပါ။ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၂၄၀ နဲ့ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၃၄၈ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ၂၀၂၁၊ ဖေဖော်ဝါရီ ၁ […]


kaiApril 20, 20231min34680
ကမ္ဘာသုံး ဂရီဂိုးရီးယန်းပြက္ခဒိန်မှာ နေမင်းကြီးအားကမ္ဘာကတပါတ်ပတ်သော ၃၆၅ ရက် ၆ နာရီ၁၂ မိနစ် ၃၆ စက္ကန့်ကိုအခြေခံပြက္ခဒိန်ဖြစ်သည်။ မြန်မာတို့၏ပြက္ခဒိန်မှာမူ လမင်းကိုအခြေခံသော ပြက္ခဒိန်ပါ။စကြဝဌာတွင်းရှိ နက္ခတ်တို့အရ ၁၂ရာသီခွင် (မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်) ကို ၃၀ဒီဂရီစီပိုင်းခြားထားသည်။ ရှေးက နေကကမ္ဘာကိုပတ်သည်ယူဆကြ၍ နေမင်းကြီးသည် အဆိုပါ ၁၂ရာသီခွင်များသို့ဝင်ထွက် လှည့်ပါတ်နေသည်ဆို၏။ မြန်မာတို့သည် ထိုသို့ရာသီခွင်အပြောင်းရက်ဖြစ်သော မိန်ရာသီမှ မိဿရာသီပြောင်းသည့် Spring equinox မတ်လ၁၉-၂၁ရက်နေ့ကိုနှစ်ကူးအဖြစ်မယူ၊ တန်ခူးလဆန်း၁ရက်နေ့ဖြင့်လည်းသတ်မှတ်ထားခြင်းမရှိ။ မိဿရာသီသို့နေမင်းကြီးဝင်လာသော(Sun’s entry into Aries) ဧပြီလ၏ အလယ်ပိုင်း(ယခု၂၀၂၃တွင် ဧပြီ၁၄ရက်) နေ့ကိုလည်းတိတိကျကျမယူ၊ အတက်အကြတ်အကျဟု ရက်ပွားယူပါသည်။ဗြဟ္မာဦးခေါင်းကိစ္စ၊ အတက်အကြတ်အကျရက်၊ သိကြားမင်းစီးနင်းသတ္တဝါ […]


kaiApril 19, 20234min12760
Guerrilla Warfare by the revolutionary Che Guevara has become the guidebook for thousands of guerrilla fighters in various countries around the world. Guevara intended it to be a manual on guerrilla Warfare, as inspiration for revolutionary movements in Latin America, Africa and Asia, stressing the need for an underpinning political motivation to guerrilla methods, organization […]


မြန်မာပြည်သတင်းဒိုင်ယာရီ သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Mar 17 ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီ ၁၁ ခုအထိ ရှိလာပြီဖြစ်ကြောင်း စကစ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၁၄၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၄၄၀ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပြီး ဒီစာရင်းဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃၊ မတ် ၁၇ အထိ အေအေပီပီက မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်ကြောင်းပြောပါတယ်။   Mar 16 […]


kaiMarch 20, 20231min87630
“ဥတုရာသီ လူထုကိုမှီ” ကယ်လီဖိုးနီးယားသို့ကောင်းကင်မြစ်ကြီးများစိုက်ဆင်းလာသည်။ ရာသီတွင်းယခုထိ ၁၁စင်းရှိပြီးဖြစ်သော်လည်း မပြီးသေးပေ။ Atmospheric river/ကောင်းကင်မြစ်ဟူသည် ပစိဖိတ်သမုဒ္ဒရာပေါ်တွင်စုဖွဲ့ထားသော မိုးတိမ်တိုက်ကြီးများဂျက်လေစီးကြောင်းလမ်းအတိုင်းလိုက်ပါစီးမျောရင်း မြေပေါ်ရောက်သော်မိုး/ဆီးနှင်းအဖြစ်သွန်းရွာချခြင်းဖြစ်၍ တိမ်တိုက်ကြောကြီးမှတကြိမ်သွန်းချသောပျမ်းမျှရေထုသည် မစ္စီစစ်ပီမြစ် မြစ်ဝရေထု၏၁၅ဆရှိသည်နှင့်နှိုင်းခေါ်ခြင်းပါ။ ကယ်လီဖိုးနီးယားသည်လည်း ၁၀နှစ်ကျော် သွေ့ခြောက်ခြင်းမှလွတ်ကင်းသွားသလို ဆည်မြောင်းချောင်းကန် ရေလှောင်တမံတို့ ရေပြည့်/အချို့ရေလျှံခဲ့ကြသည်။ ရာသီဥတုသမိုင်းအရ နှစ်၁၅၀မှ နှစ်၂၀၀ပျမ်းမျှတွင် ကောင်းကင်မြစ်ကြီးများထိုးစိုက်ဆင်းကာ မဟာရေလွှမ်း/ရေကြီးခြင်းရှိသည်ဆိုပါသည်။ ၁၈၆၁-၆၂ တွင် ၄၃ရက်ကြာမိုးမုန်တိုင်းသည် အလယ်ပိုင်းကယ်လီဖိုးနီးယားကို မိုင်၃၀၀အလျားရှိမြေထဲပင်လယ်ငယ်တခုထိဖြစ်စေခဲ့ဖူးသည်။ ယခုကောင်းကင်မြစ်များသည် ထိုသံသရာအလှည့်မပါသေး။ အဆိုပါကောင်းကင်းမြစ်/မုန်တိုင်းများသည် အမေရိကပြည်တခွင်လွှမ်းခြုံဖြတ်ကျော်ပြီး အန္တလန်တိတ်သမုဒ္ဒရာဖက်ချီသည်ဖြစ်ပါ၏။ သို့ဆိုသော်ကယ်လီဖိုးနီးယားမှသည် အမေရိကပြည်၏အရှေ့ဖက် အရှေ့မြောက်ဖက်တို့၌လည်း မုန်းတိုင်း၊အထူးသဖြင့်မြောက်ဖက်မှ အိဆင်းလာသော အာတိတ်အအေးထုနှင့်ရောသမသော် ဆီးနှင်းမုန်တိုင်းတည်း။ အနှုတ်ဒီဂရီ၃-၄၀ ရောက်သည်အထိခိုက်ခိုက်တုံအေးခဲသွားသော အဆိုပါဒေသ/ပြည်နယ်များသည် သိပ္ပံပညာရှင်များတွက်ချက်ပြနေကြသော ကမ္ဘာပူနွေးသည်ကို ပျက်ရယ်ပြုနေသလိုပါ။ သမ္မတထရမ့်လည်း “Whatever happened to Global Warming?”ဟု၂၀၀၈ကတွိဖူးသည်။ အချို့က […]


kaiMarch 18, 20231min89260
မြန်မာခလေးများသည် ဉာဏ်ရည် အထူးကောင်းမွန်ကြပါသည်။ မိဘများက ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ပျိုးထောင်ပေးနိုင်သလောက် အကျိုးရှိမှာ သေချာလှပါသည်။ ဒီလိုနေရာမျိုးမှာ စာအုပ်စာပေထက် ကောင်းသောအရာ မရှိပါ။ ခလေးငယ်များအတွက် စာအုပ်ကောင်းလေးများ ရှာဖွေပေးရန် မိဘတိုင်းမှာ တာဝန်ရှိပါသည်။ ယခုလတွင် 3rd Grade to 6th Grade အရွယ် ခလေးငယ်များနှင့် သင့်တော်မည့် စာအုပ်လေးများကို ဖော်ပြလိုပါသည်။ ဦးစွာပထမ Patricia Maclachlan ၏ Sarah, Plain and Tall ဆိုသည့် စာအုပ်လေးကို ညွှန်းလိုပါသည်။ စာရေးသူ ငယ်ငယ်က ဖတ်ခဲ့ဘူးသည့် စာအုပ်လေးပါ။ မိခင်မဲ့နေသည့် ခလေးနှစ်ယောက်နှင့် Sarah ဆိုသည့် ဂရုဏာရှင်မလေးတယောက်တို့ရဲ့ အကြောင်းကို လှပစွာ သရုပ်ဖော်ထားသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ ရိုးသည်၊ ရှင်းသည်။ […]


သင့်အေးရိပ်February 27, 20238min131730
မြန်မာပြည် သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Feb 16 ။ လိုင်စင်၊ ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကဲတွေက အများဆုံးလျှောက်ထားနေကြကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၃နှစ်ကျခံဖို့ အမိန့်ချခံထားရတဲ့ အဂတိလိုက်စားမှု ၂ခုအတွက် အယူခံတင်သွင်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးတာမဟုတ်ဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့ လှူတာဖြစ်ကြောင်း ဦးမောင်ဝိတ်က ထွက်ဆိုထားပါတယ်။ Feb 15 ။ စစ်အာဏာသိမ်း ၂ နှစ်ကျော်အကြာ စကစ တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ […]


kaiFebruary 24, 20234min69500
The plugin better-author-bio/better-author-bio.php has been deactivated due to an error: Plugin file does not exist. The plugin bulletproof-security/bulletproof-security.php has been deactivated due to an error: Plugin file does not exist. The plugin comments-widget-plus/comments-widget-plus.php has been deactivated due to an error: Plugin file does not exist. The plugin cubepoints/cubepoints.php has been deactivated due to an error: Plugin file does not exist. The plugin custom-smilies-se/custom-smilies.php has been […]