kaiFebruary 24, 20234min69580
The plugin better-author-bio/better-author-bio.php has been deactivated due to an error: Plugin file does not exist. The plugin bulletproof-security/bulletproof-security.php has been deactivated due to an error: Plugin file does not exist. The plugin comments-widget-plus/comments-widget-plus.php has been deactivated due to an error: Plugin file does not exist. The plugin cubepoints/cubepoints.php has been deactivated due to an error: Plugin file does not exist. The plugin custom-smilies-se/custom-smilies.php has been […]


သင့်အေးရိပ်January 26, 20239min70550
မြန်မာပြည်သတင်းဒိုင်ယာရီ (Jan 2023) သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jan 16 ။ USနဲ့ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃ ခုရဲ့ ကုမ္ပဏီပေါင်း ၄၅ ခုကျော်ဟာ မြန်မာစစ်ကောင်စီ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ဖို့ပံ့ပိုးကူညီနေကြကြောင်း ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာပြည်ဆိုင်ရာအကြံပေးကောင်စီ(SAC-M)က သတင်းထုတ်ပြန်ပါတယ်။ US ၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ရုရှား၊ ချိုင်းနား၊ အစ္စရေး၊ ယူကရိန်း၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ(ကပစ)ကို အထောက်အကူပြုပစ္စည်းတွေ ရောင်းပေးနေတာလို့ ဆိုပါတယ်။ နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေကို အသုံးပြုပြီး စစ်ကောင်စီတပ် တည်ရှိရာ နေရာတွေကို တွင်ကျယ်စွာတိုက်ခိုက်ချေမှုန်းလာတာကြောင့် […]


kaiJanuary 19, 20231min90910
“အမေရိကားနှာစေးငြား ကမ္ဘာဖျားနာသွား”၂၀၂၃ကို စီးပွားရေး ငြိမ်းချမ်းရေး သဘာဝဘေး ကောင်းသောနှစ်ဖြစ်လာမည်ဟု မှန်းဆဆိုထားအလွန်နည်း၏။ ကုလနှင့် ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်းကြီးများနှင့် နိုင်ငံကြီးများအားလုံးက အကောင်းမမြင်ထား။ကမ္ဘာသူားများ အထူးရုန်းကန်ရမည့်နှစ်ဖြစ်ပါသည်။ ဝေါစရိဂျာနယ်၏ ဇန်နဝါရီစစ်တမ်းအရ စီးပွားရေးပညာရှင် ၆၁%မှာ ၂၀၂၃သည်ကမ္ဘာ့စီးပွားရေးကြပ်တည်းမှုနှစ်ဖြစ်နိုင်ချေရှိသည်ဆို၏။အမေရိကား၏အကြွေးမှာ ခေါင်မိုးစီလင်ထိလျှက် $၃၁.၄ထရီလီယံတို့ရောက်ပါသည်။ ဤသည်မှာ အမေရိကန်တဦးလျှင် အကြွေး$၉၃၈၇၀တင်နေသည့်ပြယုဂ်ရယ်ပါ။ ပြီးခဲ့သည့်၆လတွင်း၌ ငွေဖေါင်းပွမှုကိုဖိချလိုက်နိုင်သည့်သဘောရှိသော်ငြား အိုင်တီ/လက်လီကော်ပိုရေးရှင်းကြီးများ၏ ထောင်/သောင်းချီ အလုပ်ဖြုတ်/ထုတ်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးတွင် တောင်ဖက်အမေရိကနိုင်ငံသားများခိုလှုံလိုသူများပြုံတိုးဝင်လာမှု အိမ်ဖြူတော် သမ္မတများအထိ ဖြစ်လာနေသောရာဇဝတ်မှုများက ကမ္ဘာ့ပထမအမေရိကား၏ ကျန်းမာရေးခြူခြာလာမှုကိုပြသည်။နှစ်ဆန်းထုတ်မနှစ်ကရလဒ်များအဖြစ် ချိုင်းနားစီးပွားရေးတိုးတက်နှုန်း အနှစ်၄၀အတွင်း အနည်းဆုံးနှုန်းထား ၃% ဖြစ်သွားသည်။ ၁၉၆၁ခုနှစ်နောက်ပိုင်းချိုင်းနားပြည်လူဦးရေအကျဖြစ်လာသည်ဆိုလာသလို ပစိဖိတ်သမုဒ္ဒရာ အာရှဂွင်တွင်လည်း မြောက်ကိုရီးယား၏စစ်ရေးရန်လိုမှု။ ဂျပန်၏ စစ်သွေးစစ်မာန်တက်လာမှုတို့အပြင် ထိုင်ဝမ်အရေးအကြောင်းပြု ချိုင်းနားနှင့်ရုရှားပြည်တို့၏ စစ်ရေးလေ့ကျင့်ပြင်ဆင် စစ်ရှိန်တက်နေမှုများကိုလည်း တွေ့ကြရမည်။ကမ္ဘာစစ်ကြီးတို့စတည်ခဲ့ဖူးရာ ဥရောပနယ်သည်လည်း ယူကရိန်း-ရုရှားစစ်ကြီးဖြစ်လျှက် တင်းမာမှုတို့တက်သထက်တက်လာနေပါသည်။ ရှေ့မြင်ရသောတကမ်းတွင် […]


kaiJanuary 18, 20233min88970
A lot of Professors give talks titled The Last Lecture. Professors are asked to consider their demise and to ruminate on what matters most to them: What wisdom would we impart to the world if we knew it was our last chance? If we had to vanish tomorrow, what would we want as our legacy?ဝမ်းနည်း […]


သင့်အေးရိပ်December 27, 20228min61930
မြန်မာပြည် သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Dec 18 ။ ပဲခူးတိုင်း၊ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကအိမ်သာကျင်း တူးခိုင်းတဲ့အထိ အလုပ်ကြမ်းတွေ စေခိုင်းနေကြောင်း မိသားစုဝင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။ ရန်ကုန်၊ ပန်းဆိုးတန်း – ဒလ မြစ်ကူးသင်္ဘောပေါ်မှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ ၁၇ ဉီးထက်မနည်း ရှိခဲ့ပြီး ဘယ်သူ့လက်ချက်ဆိုတာ ယနေ့ အတည်မပြုနိုင်သေးပါဘူး။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်းနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပြင် တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တို့ စစ်ရေးတင်းမာနေကြောင်းဒေသခံတွေက ပြောပါတယ်။ Dec 17 ။ မြန်မာပြည်အထက်ပိုင်းဒေသတွေနဲ့ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-မန္တလေးကားလမ်းမကြီးပေါ် သွားလာနေတဲ့ […]


kaiDecember 20, 20221min92040
မျက်မှောက်ခေတ် စူပါပါဝါ ၁နှင့်၂နိုင်ငံတို့ကိုကြည့်သုံးသပ်လျှင် လာမည့်၂၀၂၃သည် ကမ္ဘာ့စီးပွားရေး တိုးကောင်းလာရန်မရှိသလို ယူကရိန်း-ရုရှား၊ ချိုင်းနား-အနောက်နိုင်ငံများ စစ်ရေး/ရန်စောင်မှုတို့မှာလည်း ဆက်၍တင်းမာနေနိုင်သည့်အခြေအနေတွင်ရှိ၏။ထိုင်ဝမ်အရေးတွင် အမေရိကားနှင့်ချိုင်းနားသမ္မတတို့ လူချင်းတွေ့၍ စစ်ရေးထိပ်တိုက်ရှောင်ကျဥ်ကြမည့်ဟန် စကားပြောခဲ့သော်ငြား ထိုနောက်ပိုင်းချိုင်းနားသည် ဇီးရိုး-ကိုဗစ်ပေါ်လစီအကြောင်းပြ သမ္မတရှီ၏အုပ်ချုပ်မှုအာဏာထိခိုက်စေသည့်ဆန္ဒပြမှုများ ရှိလာသည်။ ကိုဗစ်ပေါ်လစီကိုလျှော့ပေးလိုက်သော်လည်း ကိုဗစ်သည်နိုင်ငံလုံးသို့ ပြန့်နှံ့နေခဲ့ပြီးဟန်တူသည်။ ၂၀၂၃တွင် လူသန်းဂဏန်းသေမည်ဟုပင် IHME မှတွက်ချက်ဆိုလာပေရာ ကိုဗစ်မူလနိုင်ငံမှထိုအခြေအနေတွင် ကျန်ကမ္ဘာကားမည်သို့ဖြစ်ကြမည်မသိနိုင်သေး။သေချာသည်မှာ ကမ္ဘာ့စက်ရုံကြီးဖြစ်သော ချိုင်းနားထိလျှင်ကမ္ဘာလုံး၏ ကုန်စည်စီးဆင်းမှုပျက်/ပြတ်မည်ဖြစ်၍ စီးပွားကျဆင်းမှုနှင့်ကြုံကြရမည်။ သန်း၈၀၀၀ကျော်သွားသောကမ္ဘာ့သူသားများ ငွေကြေးဖောင်းပွမှုကိုဆက်၍ခံကြရမည်။ချိုင်းနားပြည်၏စီးပွားရေးသည် ၂၀၃၀နောက်ပိုင်းတွင်မှ အမေရိကားကိုကျော်နိုင်ချေရှိသည်ဆိုကြသလို ၂၀၆၀ထိပင်ရွေ့ကြသည်လည်းရှိနေ၏။ အမေရိကားမှတက်လာခြင်းမဟုတ် ချိုင်းနားမှအတက်နှေး/ကျသွားခြင်းကြောင့်သာဖြစ်၍ ကမ္ဘာ့စီးပွားရေးခြုံငုံလျှင်ကောင်းလာရန်မမြင်။စီးပွားကျလျင် လူသားဟူသည်အုပ်ချုပ်သူအစိုးရကို ကလိမ်းဘလိမ်းလေရာ ထိုအခြေအနေမဖြစ်အောင်ချိုင်းနားသည် လူထုကိုအာရုံပြောင်း ပြည်ပနှင့် စစ်ရေးတင်းမာမှုများပြုရစကောင်းသည်။ သို့ဆိုလျှင် ထိုင်ဝမ်အရေး၊ တောင်ချိုင်းနားပင်လယ်အရေး/နယ်မြေပိုင်ဆိုင်မှု၊ အိန္ဒိယပြည်နှင့်နယ်စပ်အရေး၊ ပါကစ္စတန်ပြည်တွင်းပါတ်သက်မှု၊ အမေရိကားနှင့်ကုန်သွယ်စီးပွားစစ်၊ စက်မှုနိုင်ငံများနှင့် ချစ်ပ်စစ်၊ မြောက်ကိုရီးယားရန်စမှု စသည့်လက်ရှိဖြစ်ပြီးတန်းလန်းများမှ […]


kaiDecember 20, 20221min73520
ယခင်လက အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ ဖြစ်လာမဲ့ ခလေးငယ်လေးများနဲ့ သင့်တော်တဲ့ စာအုပ်လေးများကိုလက်လှမ်းမှီသမျှ ဖော်ပြပေးခဲ့ပါတယ်။ ယခုလမှာတော့ မကြာခင်မှာ မိသားစုရဲ့တာဝန်၊ တိုင်းပြည်ရဲ့တာဝန်တွေကို ပုခုံးပြောင်းပြီးတာဝန်ယူကြရမဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ထိုက်သင့်တဲ့၊ ထိုက်တန်တဲ့ စာအုပ်လေးတွေကို ဖော်ပြလိုပါတယ်။၁၃နှစ်နှင့် ၁၉နှစ်ကြား အင်္ဂလိပ်လိုတော့ Teenagers လို့ ခေါ်တဲ့ လူငယ်လူရွယ် လေးတွေ ဖတ်ရှုရုံမက၊ သေတပန်သက်တဆုံး သိမ်းဆည်းထားသင့်တဲ့ စာအုပ်ရတနာလေးတွေကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ကမ္ဘာကျော် စာရေးဆရာကြီးMark Twain ရဲ့ Tom Sawyer နှင့် Huckleberry Finn ဆိုတဲ့ စာအုပ်လေးနှစ်အုပ်ကို ဝယ်ဖြစ်အောင် ဝယ်ဖတ်ကြဖို့ တိုက်တွန်းပါရစေ။ Teenage တွေကို ဝင်ခါစ ၁၃ နှစ် ၁၄နှစ်အရွယ် လူငယ်များ လူငယ်လေးများအတွက် Tom Sawyer […]


သင့်အေးရိပ်December 3, 20224min41660
မြန်မာပြည်သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Nov 19 ။ စစ်အာဏာသိမ်းကာလ ၁နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂,၅၂၀ နီးပါးသေဆုံးပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၂၇၅ ဉီးခန့် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောပါတယ်။ Nov 18 ။ NLD အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ စာရေးဆရာ ဖေမြင့် ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားရာကနေ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ မီးစတဖက် ရေမှုတ်တဖက် ဗျူဟာကို သုံးနေတာ ဖြစ်လို့နိုင်ငံတကာအနေနဲ့ ဖိအားပေးမှုတွေ မလျှော့လိုက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဖိအားပေးမှုတွေကြောင့် အကျဉ်းသားတွေကို ပြန်လွှတ်ပြနေပေမဲ့ […]


kaiNovember 22, 20221min89160
ကြားလည်ရွေးကောက်ပွဲပြီးပါပြီ။ အပြီးသတ်ရလဒ်၍မထွက်သေးသော်လည်း အောက်လွတ်တော်(ဟောက်စ်)ကို ရီပါ့ဗလစ်ကန်တို့သိမ်းပိုက်အနိုင်ရ၍ အထက်လွှတ်တော်(စိနိတ်)ကို ဒီမိုကရက်တို့ပြန်ရလိုက်သည်ဟု မှန်းသိရသည်။ ပြီးခဲ့သောနှစ်၁၀၀ ထုံးစံအရတွင် သမ္မတပထမ၄နှစ်သက်တမ်း၏ ၂နှစ်ပြည့်ကြားလည်ရွေးကောက်ပွဲကို အတိုက်အခံပါတီမှ ပျမ်းမျှ ဟောက်စ်တွင်၂၆ခုံနှင့်စိနိတ်တွင်၄ခုံအနိုင်ရလေ့ရှိသည်။ချွင်းချက်အဖြစ် သမ္မတရုဇဘဲ့၏ကမ္ဘာ့စီးပွားပျက်ကပ်နှစ်(၁၉၃၄)၊ သမ္မတကလင်တန်၏အင်ပိချ်ကာလဆက်(၁၉၉၈)နှင့် ၉/၁၁ဖြစ်သောသမ္မတဘုရှ်(၂၀၀၂) လက်ထက်သာ သမ္မတ၏ပါတီမှပြန်အနိုင်ရဖူးသည်။သို့ဆိုသော် ယခုရီပါ့ဗလစ်ကန်တို့ ဟောက်စ်၌သာ ၅ခုံမျှအနိုင်ရမှုကို ညွှန်းဆိုခဲ့ကြသော Red Wave အနီလှိုင်းဟုမဆိုနိုင်။ ဒီမိုကရက်တို့ကမူ အပြာတံတိုင်း Blue Wallနှင့် အနီလှိုင်းကိုတားဆီးခဲ့သည်ကြွားဆိုနေပါသည်။၂၀၂၂ကြားလည်တွင် အုပ်ချုပ်ရေးအတွေ့အကြုံလုံးဝမရှိသူအမတ် ၁၂ဦးတက်လာသည်။ အမျိုးသမီးအမတ်သစ် ၂၃ဦးပါလာသော်လည်း ၂၀၁၈နှုန်းကိုမမှီ။ ပထမဆုံးဂျန်ဇီးမျိုးဆက်အသက်၂၅နှစ်တဦးပါလာသည်။အီလက်ရှင်ဒီနိုင်းယာဟုခေါ်သော ရွေးကောက်ပွဲအသိအမှတ်မပြုသူအများစု ပယ်ချခံရသော်လည်း ရှိပြီးအမတ်အများပြန်ရွေးခံရ၍ ရီပါ့ဗလစ်ကန်၂၄ဦးအသစ်ရွေးကောက်ခံရသည်။ဟောက်စ်တွင် ရီပ့ါဗလစ်ကန်တို့အနိုင်ရခုံအရေအတွက်သည် ပိုင်းဖြတ်သော ၂၁၈ခုံ၏ +_၅ ခုံမရှိရကား သက်တမ်း၂နှစ်အတွင်းပြုတ်ပျက်သေထွက်ရလေ့ရှိသည့် ၁၀ခုံဝင်းကျင်(၂၀၂၀ရွေးကောက်ခံအမတ်၁၆ဦးသည် ၂နှစ်သက်တမ်းပြည့်မရှိနိုင်ခဲ့)နှင့်နှိုင်းပါမူ သက်တမ်း၂နှစ်အတွင်း အများစုအဖြစ်မှလျောကျပြောင်းသွားနိုင်ချေလည်းရှိသည်။ “မင်းကြီးတာ”ယူကရိန်းစစ်၊ စတော့ရှယ်ယာစျေးများပြုတ်ကျမှု၊ ဂက်စ်ဆီစျေးမြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနှင့် […]