မိန်းကလေးပေမယ့်လို့ ယောက်ျားသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်နေတဲ့ ခေတ်မှာ အိမ်တွင်းပုန်းနေစရာမလိုတော့ပါဘူးနော်။ ကိုယ့်တစ်ကိုယ်စာမက အိမ်ရဲ့တစ်ထောင့်တစ်နေရာကနေပါ ထောက်ပံ့ပေးနေနိုင်တဲ့ ထက်မြက်ထူးခြား မိန်းမသားတွေလည်း ဒုနဲ့ဒေး ရှိလာပါပြီ။ အဲ့ဒါကြောင့် ကိုယ်သာ မိန်းကလေးတစ်ယောက် ဖြစ်နေရင် ဘယ်လိုမျိုးအရာတွေကို တတ်မြောက်ထားသင့်တယ်လို့ သင်ထင်ပါသလဲ။ ပညာရေး ဒီနေ့ခေတ်မှာတော့ ပညာရေးတိုးတက်နေဆဲမို့ စာရေးစာဖတ်ကတော့ လူတိုင်းအတွက် easy going ပါ။ ဒါပေမယ့် ခြွင်းချက်ပေါ့။ တချို့ကျ ဆယ်တန်းအောင်ရုံလောက်ဆို ရပြီ ဆိုပြီး ထင်တတ်ကြပါတယ်။ တချို့ကျတော့လည်း ဒီဘွဲ့လက်မှတ်က ဘာမှသုံးစားရတာလည်း မဟုတ်ပါဘူးကွာ။ အရေးမကြီးပါဘူးဆိုပြီး ပြောကြပါတယ်။ ဟုတ်ကဲ့ ဘွဲ့လက်မှတ်အရေးကြီးလား မကြီးလားဆိုတာကို လစာသိန်းဂဏန်းပေးတဲ့ အလုပ်တစ်ခုမှာ သွားလျှောက်ကြည့်လိုက်ပါ။ ဆိုတော့ ဆယ်တန်းအောင်ရုံထက် ဘွဲ့ရဆိုရင် အလုပ်အကိုင်အခွင့်အလမ်းပိုများသလို တက်လမ်းလည်း ပိုများတယ်ပေါ့။ ဒါကြောင့်မို့ နေ့ကျောင်းတက်သည်ဖြစ်စေ အဝေးသင်တက်သည်ဖြစ်စေ […]